နေနဲ့အတူ ပခုံးချင်းယှဉ်ရပ်ချင်တယ်။
Vol. 29 Ch. 552
ရှဲ့ချောင် ဘယ်သွားလိုက်သလဲဆိုတာ မော့ချူးရှန်းလည်း သိချင်တယ်လေ!
...
ရှဲ့ချောင် လိုက်ကာစအား မဖယ်ပေ။ သူမ မှန်ထဲရှိ မျက်နှာအားကြည့်ပြီး ခပ်ဖွဖွသက်ပြင်းချလိုက်သည်။
"ကျွန်မဆိုင်ကို ဂရုစိုက်ပေးဖို့အတွက် လူလိုလို့ သခင်မလေးရှဲ့ကို ဆိုင်မှာနေခဲ့ခိုင်းထားတယ် အဲဒီကောင်မလေး ကျန်းမာရေးက မကောင်းဘူးဆိုတော့ ဘယ်လိုလုပ် ကျွန်မ သူမကိုပါ လိုက်ပြေးခိုင်းရမှာလဲ"
ရှဲ့ချောင် အကူအညီမဲ့စွာဖြင့်ပြောလိုက်သည်။
ရှဲ့ဖင်းကန်း ပြုံးလိုက်ပြီး
"ကျွန်တော့်ညီမလေး ခန္ဓာကိုယ်က အရမ်းထူးဆန်းတယ် သူမက လွန်ခဲ့တဲ့ ရက်တွေတုန်းက သေတော့မလိုဘဲ ဒါပေမယ့် အခုတလောကျ ပိုပြီးကျန်းမာရေးကောင်းလာတယ် အခုဆို ချောင်းဆိုးတာပါ နည်းသွားပြီ သူမ ဘယ်လို အစွမ်းထက်တဲ့ဆေး သုံးလိုက်လဲ မသိပါဘူး "
ရှဲ့ချောင် ရယ်လိုက်သည်။
အစ်ကိုကြီးက သူမပြသတာပဲ မြင်ရတာဖြစ်ပေမယ့် သူမ ထမ်းဆောင်ထားရသည့် ၀န်ထုပ်၀န်ပိုးများကိုတော့ မသိပေ။
"ရှဲ့သခင်လေး အိမ်ရှေ့စံမင်းသားကိုပဲ သွားပြီး ကာကွယ်ပေးလိုက်ပါ ကျွန်မ ဒီမှာဘယ်သူ့ကိုမှမလိုအပ်ပါဘူး"
ရှဲ့ဖင်းကန်း ထိုစကားကြားတော့ တစ်ဖက်မှာရပ်နေဆဲပင်။ သူ ပြုံးလိုက်ပြီး
"ဆရာမမော့နဲ့ အရှင့်သားက တကယ့်ကို ဆရာတူမောင်နှမတွေပဲနော်၊ပြောတာတောင် တစ်ပုံစံတည်းပဲ"
ရှဲ့ချောင် ခြောက်အက်အက်ရယ်လိုက်သည်။
သူမက ရှဲ့ချောင်ဆိုတာ အိမ်ရှေ့စံမင်းသား သိနေတာလား။
ကာကွယ်ပေးနိုင်တဲ့ လူပေါင်းများစွာထဲမှာမှ သူမအစ်ကိုကို ကာကွယ်ပေးဖို့ စီစဉ်လိုက်တာလား။
သူက သူမကို အီစီကလီလုပ်ဖို့ကြိုးစားနေတာလား။
"ဆရာမမော့ ဗေဒင်ဟောတာက အလွန်တိကျတယ်လို့ ကြားပါတယ် ကျေးဇူးပြုပြီး ကျွန်တော့် ညီမလေးဘယ်တော့လက်ထပ်နိုင်မလဲဆိုတာ ပြောပြပေးလို့ရမလား အခုက လက်ထပ်ဖို့ အချိန်ကောင်းလား"
ရှဲ့ဖင်းကန်း စကားများလာသည်။
သူက ဒီဆရာမမော့ကို မိသားစုလို့တွေးထားသည်။ စားသောက်ပြီး အတူလမ်းလျှောက်ပြီးနောက် သူတို့တွေ ပိုစကားပြောနိုင်လောက်မည်။
ရှဲ့ချောင် ဘာမှမပြောတော့ ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်သည်။
ကြည့်ရတာ သူ့ညီမလေး လက်ထပ်ပွဲက ခက်ခဲပုံရသည်။
ရှဲ့ချောင် မြင်းလှည်းထဲမှာထိုင်နေပြီး သူမမှာ လုပ်စရာမရှိတာကြောင့် သစ်သားစအား ထုတ်ပြီး
သူမကို အရင်ကကူညီပေးထားသော မကောင်းဆိုးဝါး ဝိဉာဉ်အတွက် ပျံသန်းနေသောဓားကို ထွင်းထုလိုက်သည်။
မကောင်းဆိုးဝါးဝိဉာဉ်လည်း မြို့တော်ထဲမှာနေရတာ ပျင်းကောင်းပျင်းနိုင်သည်။ ထို့ကြောင့် သူမနောက် လိုက်လာလေသည်။ တစ်ခါတစ်လေ အနားရောက်လာပြီး တစ်ခါတစ်လေ မြင်းလှည်းအမိုးပေါ်မှာ ထိုင်တတ်သည်။ လမ်းတစ်လျှောက် ရှုခင်းအား ပျော်ရွှင်စွာကြည့်နေပြီး ရှဲ့ချောင်ကို အနားက အခြေအနေတွေအား ပြောပြတတ်သည်။
ဒီခရီးစဉ်တွင် လီမိသားစုက လူများစွာကို မခေါ်ခဲ့ပေ။ အကြီးအကဲလီနှင့် သူ၏မြေး လီချင်းယွီက လွဲ၍ ကျန်တာအားလုံး အစေခံများဖြစ်ကြသည်။ အယောက် ၂၀ခန့်မျှရှိပြီး လုံလောက်ပြီဖြစ်သည်။
ကျောက်ရွှမ်ကျင်းသည် လူအနည်းငယ်သာ ခေါ်လာ၏။ ရှဲ့ဖင်းကန်းအပါအ၀င် လူခြောက်ယောက်သာရှိသည်။
"ဆရာမ ကျွန်တော်တို့အရှေ့မှာ တခြားလူတွေရှိတယ် သူတို့ကိုကြည့်ရတာ နောက်ခံကောင်းကောင်းကနေ လာတယ်ထင်တယ်"
မကောင်းဆိုးဝါးဝိဉာဉ်အသံက ကုလားထိုင်ကတဆင့် အပေါ်စီးကနေ ဆင်းသက်လာသည်။
ဆရာမက သူ့မျက်နှာကိုသဘောမကျချေ။ သူသေတုန်းက အလွန်ရုပ်ဆိုးတာကြောင့် ဝိဉာဉ်ကလည်း ရုပ်ဆိုးတာလို့ သူမကပြောသည်။
သူ လုပ်နိုင်တာလည်း ဘာမှမရှိပေ။ ထိုအချိန်က
မီးပြင်းဖိုပေါက်ကွဲသွားတော့ သူ့ခန္ဒာကိုယ်လည်း အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားတာ သဘာ၀ကျပေသည်။
"ဒါက တရား၀င်လမ်းဆိုတော့ လူတွေ အသွားအလာရှိတာ ပုံမှန်ပါပဲ"
ရှဲ့ချောင်ပြောလိုက်သည်။
အပြင်မှ ရှဲ့ဖင်းကန်းမှာ မျက်မှောင်ကြုတ်လိုက်၏။
ဆရာမမော့ အထဲကနေ ဘာတွေရေရွတ်နေတာလဲ။
"မဟုတ်ဘူး သူတို့ အိမ်ရှေ့စံမင်းသားအကြောင်း
ပြောနေတာ ကျွန်တော်ကြားခဲ့တယ် .. အို ဟုတ်သားပဲ အရှေ့ကနေ ဦးဆောင်နေတဲ့သူက ကြည့်ကောင်းတယ် ဒါပေမယ့် သူက အိမ်ရှေ့စံမင်းသားထက် ပိုပြီးကြောက်စရာကောင်းတယ် သူက နည်းနည်းတော့ငယ်တယ်"
မကောင်းဆိုးဝါးဝိဉာဉ်က ဆို၏။
ထိုသို့ပြောလိုက်တော့ ရှဲ့ချောင် တစ်စုံတစ်ယောက်အား တွေးမိသွားသည်။
ကျောက်ရွှီကျီးတော့မဖြစ်နိုင်ဘူးမလား။
အရင်က မင်းသားကြီးအိမ်တော်တွင် သူမ မကောင်းဆိုးဝါးဝိဉာဉ်၏ ဆန္ဒအား ဖြည့်ဆည်းပေးပြီး ကျောက်ရွှီကျီးအား ရိုက်နှက်ခဲ့သည်။ နောက်တော့ .. မင်းသားကြီးဘက်က ကိုယ်လုပ်တော်က ဆက်ခံသူမင်းသား၏ မြေခွေး
လေးအား ဝှက်ထားခဲ့ကြောင်း မင်းသမီးကြီးက သိသွားသည်။ သားအမိနှစ်ယောက်က ကြီးမားသောရိုက်ခတ်မှုအား ခံစားသွားရလောက်သည်။
ဒီလူက အလွယ်လေး လွတ်လာတာလား။
"သူက အိမ်ရှေ့စံမင်းသားအကြောင်း ဘာပြောလဲ"
"ကျွန်တော့်အထင် သူက အိမ်ရှေ့စံမင်းသားမဖြေရှင်းနိုင်ခင် မီးလောင်လူသတ်မှုကို အရင်ဖြေရှင်းမယ်လို့ပြောတယ် .."
မကောင်းဆိုးဝါးဝိဉာဉ်က ခဏတွေးတောပြီး မြင်းလှည်းခေါင်းမိုးထက်မှီရင်း ပြောလိုက်သည်။
ထိုသို့ပြောလိုက်တော့ ဒီလူက ကျောက်ရွှီကျီးမှန်း ရှဲ့ချောင် သေချာသွားသည်။ ကျောက်ရွှီကျီးကလွဲပြီး ဘယ်သူကမှ အိမ်ရှေ့စံမင်းသားနှင့် ယှဉ်ပြိုင်ရန် ခေါင်းမမာနိုင်ပေ။
သို့ပေမယ့် သူမ ကျောက်ရွှီကျီး၏ တွေးတောပုံအား တကယ်နားမလည်နိုင်ပေ။ သူက ရှင်ဘုရင်၏ ဆွေမျိုးဖြစ်ပေမယ့် အိမ်ရှေ့စံမင်းသားနှင့် ကွဲပြားနေတုန်းပင်။
သူက သူ့ကိုယ်သူ မြင့်မြင့်မားမား တွေးတောပြီး နေနှင့် ပခုံးချင်းယှဉ်ပြီး ရပ်ချင်နေသည်။
•••••