ဗေဒင်ဟောကိန်း။
Vol. 29 Ch. 553
ရှဲ့ချောင် မျက်လုံးခပ်ဖွဖွမှိတ်ထားလိုက်သည်။ သူမက ထိုအကြောင်းကို အိမ်ရှေ့စံမင်းသားအားပြောပြရန် အလျင်မလိုပါချေ။
မလိုအပ်သေး။
တကယ်လို့ ကျောက်ရွှီကျီးမှာ ဒီအမှုကိုဖြေရှင်းရန် စွမ်းရည်ရှိလျှင် သူ့စွမ်းရည်သာ ဖြစ်လိမ့်မည်။ ထို့အပြင် အိမ်ရှေ့စံမင်းသား၏ သဘောထားကြီးခြင်းနှင့်ဆိုလျှင် သူက ပြိုင်ဆိုင်နိုင်မှာတောင်မဟုတ်။ နှစ်ယောက်သားက အဆင့်တူညီကြပြီး သူက ပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုလျှင်တောင် အိမ်ရှေ့စံမင်းသား၏ လက်အောက်ခံတွေက တရားမျှတမှုကို ရှာကြလိမ့်မည်။
တစ်ရက်တာ ခရီးဆက်ပြီးနောက် သူတို့တွေ မြို့ဆင်ခြေဖုံးတွင် ညအား ကုန်ဆုံးစေသည်။
တုန်ယင်နေသော ဝေါယာဉ်ထိုင်ခုံတွင် ကုန်ဆုံးရသောတစ်နေ့တာမှာ ရှဲ့ချောင်၏ စိတ်ဝိဉာဉ် ဆုံးရှုံးစေခဲ့သလိုပင်။ သူမမျက်နှာလည်း တင်းမာနေပြီး မိတ်ကပ်အလွှာဖြင့် သူမသည် ကြောက်စရာကောင်းလှသည်။
"ချင်းယွီ ဆရာမတစ်ခုခုလိုအပ်လားဆိုတာ သွားကြည့်ချေ သူမကိုဂရုစိုက်ပေးလိုက်"
အကြီးအကဲလီက အဝေးကကြည့်နေသည်။ ခဏတွေးတောပြီးနောက် သူ့မြေးအား တွန်းထုတ်လိုက်သည်။
ဆရာမမော့က စွမ်းဆောင်နိုင်စွမ်းရှိသည်။ မင်းသားနင်းပေ့သည် သူ့သားအား ငယ်ရွယ်သော အမွေဆက်ခံသူအဖြစ် ခံယူစေလို
သော်လည်း ကံကြမ္မာ မပါလာတာက နှမြောစရာပင်။
သူ့မြေး၏ ကံကြမ္မာက ဘယ်လိုလဲဆိုတာ သူမသိပါ။
လီချင်းယွီ အနည်းငယ်ရှက်နေပေမယ့် ပြောတဲ့အတိုင်းတော့လုပ်သည်။ သူက လက်ထဲမှာ အသီးတစ်ချို့ကိုင်ပြီး ရှဲ့ချောင်ဆီလျှောက်သွားသည်။
မြင်းလှည်းက သေးလွန်းလှရာ ရှဲ့ချောင် သစ်ပင်အောက်မှာထိုင်နေပြီး လတ်ဆတ်သောလေအား ရှူရှိုက်လိုက်သည်။
လီချင်းယွီ လေးစားစွာဖြင့်
"ဆရာမမော့ အသီးတစ်ချို့အရင်စားထားပါလား
စားဖိုမှူးတွေက စားစရာတွေပြင်နေတာမလို့ မကြာခင် ရလာမှာပါ"
လီချင်းယွီ အနည်းငယ်ရှက်နေသည်။ သူ ခဏတွေးတောပြီးနောက်
"ဆရာမက ဆရာလီရဲ့ တပည့်အကြီးဆုံးလို့ ကျွန်တော့်အဖိုးဆီက ကြားပါတယ် ဒါဆိုအများကြီးသိမှာပေါ့ ဟုတ်တယ်မလား"
"အင်း ဒီလိုပါပဲ"
ရှဲ့ချောင် သစ်တော်သီးအား တစ်ကိုက်ကိုက်ရင်း ဖြေလိုက်သည်။
သစ်သီးက ချိုသည်။
လီချင်ယု အနည်းငယ် ရှုပ်ထွေးနေ၏။ ဒီဆရာမမော့က တိတ်လွန်းသည်။ သူမလို သာမန်လူကြီးတစ်ယောက်က ဒီလိုအငယ်တန်းကိုမြင်တဲ့အခါ အနည်းငယ် ထောက်ပြပေးရမှာမဟုတ်ဘူးလား။
သူ့အဖိုး သူ့ကိုပေးလိုက်တဲ့အလုပ်က အလွန်ပင် ခက်ခဲလှသည်။
"ဆရာမ ဒီကျွန်တော့်အတွက် ဗေဒင်ဟောပေးလို့ရမလား"
လီချင်းယွီ ဒီအတိုင်း သူမကို အရှက်မဲ့စွာဖြင့် ခယပြောဆိုလိုက်သည်။
ထိုအခါမှ ရှဲ့ချောင် သူ့ကိုခေါင်းမော့ကြည့်ပြီး
ခေါင်းညိတ်ပြလိုက်သည်။
"သွား .. ငါ့အတွက် ပေါင်းပင်ငါးဆယ်ယူခဲ့ပေး"
ရှဲ့ချောင် အနီးနားအား ညွှန်ပြလိုက်သည်။ လီချင်းယွီ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း သူမညွှန်ကြားချက်အား လိုက်နာဆဲပင်။ အချိန်တိုအတွင်း သူ ပေါင်းပင်များစွာ ယူလာသည်။
ဒါက သူ့အတွက် ဗေဒင်ဟောရာမှာ အသုံးပြုနိုင်သည်ကို။
"ငါ့ကို ဘယ်နေရာ ကြည့်စေချင်လဲ"
"ဒီခရီးက အောင်မြင်နိုင်မလားဆိုတာ သိချင်ပါတယ်"
လီချင်းယွီ လျင်မြန်စွာပြောလိုက်သည်။
သူနောက်ဆုံးတော့ စိတ်အေးသွားသည်။ ဆရာမလေးက သူ့ကို နည်းနည်းလေးပိုပြီး စကားပြောရန်ပင် မလွယ်ပေ။
ရှဲ့ချောင် ပေါင်းပင်တစ်ခုအားယူပြီး ကျန်ရှိသော ပေါင်းပင်များနှင့် ဟိုလုပ်ဒီလုပ် လုပ်လိုက်သည်။
လီချင်းယွီ သူမဘေးမှာ တည်ကြည်ရိုးသားသော မျက်နှာဖြင့် ထိုင်နေ၏။
အချိန်တော်တော်ကြာပြီးနောက် ရှဲ့ချောင်ပြောလိုက်သည်။
"နိမိတ်ဆိုးတစ်ခုပဲ မင်းတော့သွားပြီ"
သူမ လီချင်းယွီအား သနားစွာဖြင့်ကြည့်လိုက်သည်။
အဲဒါပဲလား။
သူမက ဘာလို့ကြမ်းတမ်းပြီး တိတိကျကျမပြောတာလဲ။
လီချင်းယွီ ရှဲ့ချောင်အားကြည့်နေသော်လည်း ရှဲ့ချောင် ဘာမှမပြောဘဲ မျက်လုံးမှိတ်ထားတာကြောင့် သူ အခက်တွေ့သွားလေသည်။
"ဆရာမ .."
လီချင်းယွီ ပြောစရာစကားမရှိတော့လောက်တဲ့အထိ ဆွံ့အသွားသည်။ သူခေါ်နေတုန်းမှာ တစ်ဖက်ကနေ လူတစ်ယောက်ရောက်လာ၏။ သူကထိုင်ပြီး ငွေစအားထုတ်ပြီး ရှဲ့ချောင်အရှေ့မှာထားလိုက်သည်။
"ဆရာတူအစ်မ ကျွန်တော့် လက်ထပ်ပွဲနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ပေးပါ"
ရှဲ့ချောင် မျက်စိတစ်၀က်ဖွင့်ကြည့်လိုက်သည်။ သူမလက်သေးသေးလေးဖြင့် ငွေစအား ရင်ဘတ်ထဲ ထည့်လိုက်သည်။
ပြီးနောက် ခေါင်းငုံ့ပြီး ပေါင်းပင်တစ်ခုအား ကစားသည်။ ခဏကြာပြီးနောက်
"စိတ်အားထက်သန်သူက ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မယ် ဒါက ကောင်းတဲ့လက္ခဏာပဲ အရှင့်သားရဲ့လက်ထပ်ပွဲက ပြည့်စုံလိမ့်မယ် ကြင်ရာတော်မင်းသမီးက ပျော့ပျောင်းတဲ့နည်းလမ်းတွေကို ကျင့်သုံးပြီး သန်မာတဲ့သူများကို ကျော်လွှားနိုင်မယ် သူမက နူးညံ့သိမ်မွေ့ပြီး လှပတယ် နှစ်ယောက်စလုံး အတူတကွ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာပါ”
ကျောက်ရွှမ်ကျင်း ပြုံးပြီး နောက်ထပ်ငွေစအား ထုတ်လိုက်သည်။
"ရှင်းပြပေးတာအတွက် ကျေးဇူးတင်ပါတယ် ဆရာတူအစ်မ ဒါက အပိုဆုကြေးငွေပါ"
ဒါက ကောင်းမွန်တဲ့လက္ခဏာဆိုတော့ အပိုဆုကြေးကတော့ ပေးသင့်သည်။ ရှဲ့ချောင် တည်ငြိမ်စွာဖြင့်ယူလိုက်၏။
"အရှင့်သား ဒီခရီးအပေါ်ဟောကိန်းသိချင်လား ကျွန်မ ဒီကလေးအတွက်လုပ်ပေးတာတော့ မကောင်းလှဘူး နောက်ရက်တွေမှာ မိုးရွာမလားစိုးရိမ်မိတယ်"
•••••