← Chapters

မကောင်းဆိုးဝါးဝိဉာဉ်တွေ လာနေတယ်။ 

Vol. 29 Ch. 555

မကောင်းဆိုးဝါးဝိဉာဉ်တွေ လာနေတယ်။ 

Vol. 29 Ch. 555

အကြီးအကဲလီမှာ စွမ်းရည်နှင့် ပိုင်းခြားသိမြင်မှုရှိခြင်းကြောင့် အောင်မြင်စွာ အငြိမ်းစားယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အကယ်၍ အိမ်ရှေ့စံမင်းသားက ဆရာမမော့

အား ကြင်ယာတော်မင်းသမီးဖြစ်စေရန် ဆုံးဖြတ်လိုက်လျှင်တောင် သူ့အမြင်က ဘာလို့ အရေးပါနေမှာလဲ။ 

သူက တိုင်းပြည်ကို ဖျက်ဆီးသူမဟုတ်သရွေ့ ပြဿနာကြီးကြီးမားမားရှိမယ်လို့မထင်ပေ။ 

ထို့အပြင် ဇနီးကောင်းနှင့် ‌ကောင်းသောသူအား ရွေးချယ်ခြင်းသည် ကောင်းလှသည်။ တစ်ဖက်လူ၏ အသွင်အပြင်သည် ရှင်ဘုရင်ကို ကပ်ဆိုးမယူလာနိုင်ပေ။ ကောင်းနေတာပင်။

"အိမ်ရှေ့စံမင်းသားက ကောင်းမွန်တဲ့ကံကြမ္မာရှိတဲ့ အမျိုးသားတစ်ယောက်ပဲ သူ မင်းကိုဘာပဲလုပ်ခိုင်းလုပ်ခိုင်း မင်းလုပ်ရမယ် ဆရာမမော့ကို လည်း လေးစားမှုပြရမယ် တခြားကိစ္စတွေ ဂရုမစိုက်နဲ့ လီမိသားစုက အိမ်ရှေ့စံမင်းသား လက်ထပ်ပွဲအတွက် မေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး" 

အကြီးအကဲလီက သူ့မိသားစုအခြေအနေနှင့်ပတ်သက်ပြီး ပြတ်သားသည်။

လီချင်းယွီက ပြန်ပြောသည်။ "အဖိုး မနေ့ညက .. ဆရာမ‌ကကျွန်တော့်ကံအကြောင်းပြောတယ် နိမိတ်ဆိုးရှိတယ်လို့ပြောတယ် .." 

ထိုစကားကြားတော့ လူကြီးလီ တုန်လှုပ်ခြောက်ခြားသွားသည်။ 

"သူမ ဘာပြောသေးလဲ" 

"ဆရာမ‌လေးက နောက်ရက်အနည်းငယ်အတွင်း မိုးအုံ့ပြီး မိုးရွာမယ်လို့လည်းပြောတယ် ဒီမနက်က လေပြင်းတောင်တိုက်နေသေးတယ် ရာသီဥတု

က အဆင်ပြေပါတယ် သူမ ဟောကိန်းထုတ်တဲ့အချိန် တစ်ခုခုမှားသွားတာလားမသိဘူး" 

လီချင်းယွီ အနည်းငယ်ရှုပ်ထွေး‌နေသည်။ ဆရာမက ဝိဉာဉ်များအား ဖမ်းဆီးနိုင်ပေမယ့်  ဗေဒင်ဟောတဲ့အခါ မထူးချွန်တာဖြစ်နိုင်သည်။ 

ထိုသို့တွေးလိုက်တော့ ပိုအဆင်ပြေသွားသည်။ 

သူ စကားပြောနေတုန်း လီချင်းယွီ လေပြည်လေးညှင်း တိုက်ခတ်နေတာကို ခံစားမိပြီး သူ့မျက်နှာထက် မိုးဖွဲလေး ဆိုက်ကပ်လာသလိုပင်။ 

သူ့နှလုံးသားက အေးစက်သွားပြီး တစ်ခုခုမကောင်းတာ ဖြစ်မယ်လို့ ခံစားနေရသည်။ 

တကယ်ပဲ မိုးရွာနေတာလား။ 

"ဆရာမမော့ အဖိုးတို့နဲ့ရှိတယ်ဆိုရင် ကပ်ဘေးကြီးကြီးမားမားဆိုရင် ပြဿနာ မဖြစ်လောက်ဘူး တကယ်လို့ တကယ်ပဲ အသက်နဲ့ရင်းရတဲ့အထိ အခြေအနေဆိုရင် ဆရာမမော့ ကူညီပေးနိုင်မှာပါ" 

အကြီးအကဲလီ သူ့မြေးအတွက် စိတ်မကောင်းဖြစ်မိပေမယ့် ဆရာမမော့၏ လုပ်ရပ်က မှီခိုင်နိုင်တယ်ဆိုတာ သိသည်။ 

လီချင်းယွီမှာ အတင်းပြုံးထားလိုက်ရ၏။ 

ဆရာမမော့က သူမရဲ့ ကိုယ်ပိုင်အငြိုးအတေးအတွက် လက်စားချေနေတယ်လို့ ခံစားနေမိသည်။ ဘယ်သူက သူ့ကို မသိတတ်ပဲ သူမကို

စုန်းမအိုကြီးလို့ ခေါ်ခိုင်းခဲ့လို့လဲ။ 

မိုးဖွဲဖွဲလေး ဆက်ရွာနေသည်။ အနည်းငယ် အေးပေမယ့်လည်း သက်ရောက်မှု များစွာတော့မရှိလှ။ ရှဲ့ချောင် လှည်းထဲ၀င်လိုက်သည်။ လေနှင့်မိုးက သူမကို မထိနိုင်တာကြောင့် အ‌ဆင်‌ပြေလှသည်။ 

သို့ပေမယ့် သူတို့ထွက်ခွာပြီး ခဏအကြာ ရှဲ့ချောင်၏လှည်းထဲက ခေါင်းလောင်းသံ မြည်လာသည်။ 

"ဆရာမ ဆရာမ ဝိဉာဉ်တစ်ကောင် လာနေတယ်"

မြင်းလှည်းထဲက မကောင်းဆိုးဝါးဝိဉာဉ်က စိတ်လှုပ်ရှားပုံရပြီး တစ်စုံတစ်ယောက်က သူသဘောအကျဆုံးအရာကို ယူဖို့လုပ်နေသလိုပင်။ 

ရှဲ့ချောင် ခံစားမိပြီးသားပင်။ 

လာနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်က ဒီအဖွဲ့ထဲမှာ လှည့်လည်နေပုံရသည်။ အစကတော့ အိမ်ရှေ့စံမင်းသားကိုယ်ပေါ်က နဂါးစွမ်းအားကို ရှုရှိုက်မိသော်လည်း သူ့ကို မချဉ်းကပ်နိုင်ပေ။ သို့ပေမယ့် အရှေ့တိုးသွားတော့ အဖွဲ့နောက်တွင် မကောင်းဆိုးဝါးဝိဉာဉ်တစ်ချို့ မြင်းစီးနေတဲ့မြင်ကွင်းပေါ်လာသည်။ 

သူတို့က ရက်စက်စွာဖြင့်ကြည့်နေကြသည်။ 

ကြောက်စရာကောင်းတာကြောင့် ဝိညာဥ်လေးများမှာအမြန်ပင်ပြေးသွားကြတော့သည်။ 

"ငါတို့အတွက် အိမ်ရှေ့စံမင်းသား လောင်ကျွမ်းပေးခဲ့တဲ့ မြင်းတွေက တကယ်ပဲမဆိုးဘူး ကောင်းလိုက်တာ ဒီမကောင်းဆိုးဝါး ဝိဉာဉ်လေးတွေက ငါတို့နဲ့ လုံး၀ယှဉ်နိုင်မှာမဟုတ်ဘူး" 

"ငါတို့ ဒီရက်အနည်းငယ်မှာ ပိုပြီးလိုက်နာရမယ် အဲဒီဆရာမကို မင်း‌တို့တွေ့လား သူမ ဝိဉာဉ်တွေကိုဖမ်းနိုင်တယ် အားလုံးကောင်းနေဖို့ ‌ငါတို့တွေ အရှင်မင်းသားဆီကို မချဉ်းကပ်ရအောင်" 

"ကျစ် ငါအသက်ရှင်နေတုန်းက အရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တာ ငါသေသွားပြီးမှ ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး အိမ်ရှေ့စံမင်းသားက တကယ့်ကိုထက်မြက်တာပဲ ဒါဆို ငါအခု တန်ခိုးကြီးပြီး ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား သေဆုံးသွားတဲ့ စစ်ဗိုလ်ချုပ်ကြီးလို့ သတ်မှတ်လို့ရတယ် မဟုတ်လား”

မကောင်းဆိုးဝါးဝိဉာဉ်အနည်းငယ်က သူတို့ဘာသာ ပြောဆိုနေကြသည်။ အိမ်ရှေ့မင်းသား၏ဘေးက ဝိဉာဉ်အား နှင်ထုတ်ပြီးနောက် ခပ်ခွာခွာနေကာ နောက်မှလိုက်လာကြသည်။ 

သူတို့စီးနေတဲ့မြင်းများကို .. ရှဲ့ချောင် မှတ်မိပါသည်။ 

သူတို့က သူမ၏ ကံကောင်းစေသောပွဲကြည့်စင်က ၀ယ်ထားသော တစ်ခုခုဖြစ်လိမ့်မည်။ အထူးသဖြင့် သေဆုံးသူများအတွက် လောင်ကျွမ်းစေတာဖြစ်သည်။ 

သူမ တစ်လောက ရုတ်တရက်ရောင်းခဲ့ပေမယ့်လည်း အိမ်ရှေ့စံမင်းသား ၀ယ်လိုက်မယ်လို့ သူမမထင်မှတ်ထားခဲ့ပေ။ 

ရှဲ့ချောင် ပြတင်းပေါက်အနောက်ကိုကြည့်တော့ မြင်းစီးလာကြတဲ့ ဝိဉာဉ်များ ထွက်သွားတာကို တွေ့ရသည်။ ထိုအခါမှ သူမပြန်ထိုင်လိုက်သည်။ 

ခဏအကြာ မိုက်မဲသော ဝိဉာဉ်က သူမလှည်းထဲ၀င်လာသည်။ 

ထိုဝိဉာဉ်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက်၃၀လောက်ရှိပြီပင်။ သူမ လှည်းထဲ၀င်လာပြီး မုန့်များအားတွေ့တော့ အနံ့ခံလိုက်သည်။ 

အဆာပြေ မုန့်တွေကနေ အဖြူရောင် အခိုးအငွေ့တွေ တက်လာပြီး အားလုံးကို စားပစ်လိုက်သည်။ 

မကောင်းဆိုးဝါးဝိဉာဉ်များစားထားသော စားစရာက အရသာမရှိတော့ပေ။ 

"ဆာလောင်ပြီး သေသွားတဲ့ မကောင်းဆိုးဝါးဝိဉာဉ်လား" 

ရှဲ့ချောင် မျက်ခုံးပင့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

•••••

All Chapters