လိုက်ဖက်တယ်။
Vol. 29 Ch. 554
မိုးရွာမယ် ..။
လီချင်းယွီ ခေါင်းမော့ပြီး ကောင်းကင်အား ကြည့်လိုက်သည်။ အခု အနည်းငယ်မှောင်နေပေမယ့် အနားမှာ လေလည်းမရှိသလို လေသိပ်သည်းနေတယ်လို့လည်း မခံစားရပါ။ ဒီလိုကောင်းမွန်နေသည့် ရာသီဥတုမှာ ဘယ်လိုလုပ် မိုးရွာနိုင်မှာလဲ။
ဒါ့အပြင် .. အခု သူလည်း ဆရာမကိုပိုက်ဆံပေးသင့်တာလား။
"မလိုပါဘူး ဒီတစ်ခါတော့ အားလုံးကောင်းမယ်လို့ထင်တယ်" ကျောက်ရွှမ်ကျင်း မျက်၀န်းများက ရှဲ့ချောင်ကိုကြည့်ရင်း မှင်သက်သွားသည်။ သူက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောသည်။
"ဆရာတူအစ်မက ကျွန်တော့်ရဲ့ ကံကြမ္မာကောင်းလေးပဲလေ"
လီချင်းယွီ နားကြားမှားတယ်လို့ထင်မိသွားသည်။
အရှင့်သား .. သူဘာကိုဆိုလိုတာလဲ။ ဘာလို့ သူ့အသံက အီစီကလီလုပ်သလိုဖြစ်နေတာလဲဟ။
ကျောက်ရွှမ်ကျင်း တစ်ဖက်လှည့်လိုက်ကာ တည်ငြိမ်နေသော်လည်း အနည်းငယ် ပျင်းရိနေလေသည်။ သူ လီချင်းယွီအား ပြောလိုက်သည်။
"မင်းမှာ ငွေသားမရှိဘူးလား"
"အာ"
လီချင်းယွီ အံ့အားသင့်သွားသည်။
"သေခါနီးလူတွေဆီ ဗေဒင်ဟောတဲ့ပိုက်ဆံကို မကောက်ခံသင့်ဘူးလို့ ကြားဖူးတယ် ဒီကလေးက အခုတောင် သနားစရာကောင်းနေပြီပဲ"
ကျောက်ရွှမ်ကျင်း ပုံစံက အနည်းငယ်စိတ်မ၀င်စားဟန်ဖြင့်။ ရှဲ့ချောင် ပြန်မပြောခင်မှာ လီချင်းယွီ သူဆိုလိုတာကို နားလည်သွားသည်။
ဗေဒင်ဟောတာက ပိုက်ဆံလိုအပ်သည်။
သူ အလျင်စလို အိတ်ထဲက ပိုက်ဆံတစ်ချို့ ထုတ်ယူလိုက်သည်။ အချိန်အကြာကြီး ရှာပြီးနောက် ငွေသား ရှာမတွေ့သေးပေ။
သူက လီမိသားစု၏ တရားဝင်မြေးဖြစ်သည်။ သူအပြင်ထွက်ရင် သူ့အနောက်မှာ တောက်တိုမယ်ရ ကောင်လေးပါသွားသည့်အတွက် သူ့အိတ်ကပ်ထဲမှာ ဘာလို့ ပိုက်ဆံလိုအပ်မှာလဲ။
ခဏရှာဖွေပြီးနောက် သူအံကြိတ်ထားပြီး သူ့ကိုယ်ပေါ်က ကျောက်စိမ်းဆွဲသီးအား ချွတ်လိုက်
သည်။ ပြီးနောက် တုန်ရီစွာဖြင့် ကမ်းပေးလိုက်သည်။
"ကျောက်စိမ်းကိုပြန်ယူထားလိုက် မင်းအဖိုးဆီမှာ ပိုက်ဆံသွားတောင်းချေ"
ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်ပြီး အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။
ဒီရူးမိုက်တဲ့ကလေး .. ဘယ်လိုလုပ် ကျောက်စိမ်းကို ဒီအတိုင်း ပေးလိုက်နိုင်ရတာလဲ။
ကျောက်စိမ်းက ကံကောင်းခြင်းကို သယ်ဆောင်လာပေးတာ သူ မကြားဖူးဘူးလား။ ထို့ကြောင့် ကျောက်စိမ်းကို ချစ်ခင်မြတ်နိုးသင့်ပြီး သူတို့ခန္ဓာကိုယ်အား ကျောက်စိမ်းတုံးလို ဖြူစင်အောင်ထားသင့်သည်။
အိမ်ရှေ့စံမင်းသားက လီချင်းယွီအား အပြစ်ပြောလိုက်သောကြောင့် သူ လျင်မြန်စွာဖြင့် ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ပြီး ထိတ်လန့်စွာဖြင့် ထွက်သွားလေသည်။
"ဒီကလေးကို မကောင်းဆိုးဝါးဝိဉာဉ် ပိုင်ဆိုင်ထားတုန်းက သူက ပိုပြီးတည့်တိုးဆန်တယ် အခု သူ့ကိုကြည့်ပါဦး သူက ယုန်လိုပဲ နူးညံ့နေတယ် ဒီလူက ရှဲ့ဖင်းကန်းဆီက သင်ယူဖို့လိုအပ်သေးတယ် သူ့ကိုကြည့်ရတာ သန်မာလာမယ်လို့ ဆရာတူအစ်မ ထင်လား"
ကျောက်ရွှမ်ကျင်း နားမလည်နိုင်လောက်ဘူးထင်ရပေမယ့် သူပြောခဲ့တဲ့စကားတွေက တော်တော်ကြမ်းတမ်းလှသည်။
လီချင်းယွီကမကြားမိလိုက်ပေ။ သို့ပေမယ့် ရှဲ့ချောင် သဘောတူလိုက်သည်။
လီချင်းယွီက သူမကို အရင်က စုန်းမအိုလို့ခေါ်ခဲ့ပေမယ့် သူ့ပုံစံက တက်ကြွသည့်ပုံပင်။
အခုတော့မတူပေ။ သူ့အပြုအမူက ခိုင်မြဲပြီး စည်းမျဉ်းအတိုင်း ပြုမူသည်။ အခု သူ ဒီကိုရောက်လာတော့လည်း လုံး၀ပျော်စရာမကောင်းပေ။
ရှဲ့ချောင် ဘာမှမပြော။ ကျောက်ရွှမ်ကျင်းက တစ်ယောက်ယောက်ကိုလာခိုင်းပြီး အနီးနားတွင် မီးပုံလုပ်ခိုင်းသည်။
မီးတောက်လောင်နေပြီး တောက်ပသော အလင်းရောင်များ ကခုန်နေသ
ယောင်။
ရှဲ့ချောင် သစ်ပင်အား မှီထိုင်ထားသည်။ သူမ သားမွေးအင်္ကျီကို ၀တ်ထားပြီး သေးငယ်သော ဘောလုံးတစ်လုံးအဖြစ် ကျုံ့သွားသည်။
နွေးထွေးသော မီးပုံအောက်တွင် သူမ ငေးမောနေသည်။ ခဏကြာပြီးနောက် သူမ သမ်းပြီး စောင်းကာ အိပ်ချင်လာသည်။
ကျောက်ရွှမ်ကျင်း သူမဘေးတွင် ထိုင်နေ၏။ သူ့ပုံစံက တက်ကြွနေသယောင်။ သူက အနက်ရောင် ၀တ်စုံ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခရမ်းရောင် ရွှေသရဖူကို တပ်ဆင်ထားသည်။ သူ၏မျက်ခုံးများသည် မှင်ပန်းချီများနှင့်တူပြီး ကြော့ရှင်းလှ၏။ ထိုနေရာ၌ ထိုင်နေရင်း ကျားနှင့် နဂါးကဲ့သို့ တူလှသည်။ သူက ခံ့ခိုင်ပြီး နူးညံ့ကာ ချောမောပေသည်။
အထူးသဖြင့် သူ့အနောက်တွင် မကောင်းဆိုးဝါးဝိဉာဉ်များစွာမရှိခဲ့လျှင် အကြည့်လွှဲဖို့တောင် ခက်ခဲလောက်သည်။
ရှဲ့ချောင် ကြည့်နေရင်း အိပ်ပျော်သွားတော့သည်။
ကျောက်ရွှမ်ကျင်းသည်လည်း ပိုအဆင်ပြေသော အနေအထားသို့ ပြောင်းထိုင်လိုက်လေသည်။
မနက်ခင်းစောစောတွင် လေတိုက်ခတ်လာ၏။
လီချင်းယွီ ဗေဒင်ဟောပေးတဲ့အတွက် ပိုက်ဆံပေးချင်ပေမယ့် မနေ့ညက ညဉ့်နက်သွားတာကြောင့် သူပြန်ရောက်လာချိန် ထိုမြင်ကွင်းအားမြင်ပြီး
နောက် ရှဲ့ချောင်အနား မသွားရဲတော့ပေ။
အိမ်ရှေ့စံမင်းသားက မီးပုံရှေ့ အိပ်ပျော်နေသော ဆရာမမော့အား ကြည့်နေသည်။ အလွန်တိတ်ဆိတ်နေပြီး သူက ဆရာမမော့နှင့် ခြေလှမ်း ၇၊ ၈လှမ်းမျှ ဝေးသော်လည်း အိမ်ရှေ့စံမင်းသားထံမှ အေးစက်သောအကြည့်ကြောင့် ကြောက်ပြီးထွက်ပြေးလာမိတာပင်။
ထူးဆန်းလှသည်။ ဆရာမမော့က ၃၀၊ ၄၀လောက် ရှိနေသော်လည်း အိမ်ရှေ့စံမင်းသားနှင့် လိုက်ဖက်သည်ဟု ထင်မိသည်။
အသက်အရွယ်အရဆိုလျှင် သူမက အိမ်ရှေ့စံမင်းသား အမေအရွယ်လောက်ရှိသည်။
"အဖိုး အိမ်ရှေ့စံမင်းသားက ဆရာမမော့ကို တ
အားခွဲခြားဆက်ဆံနေတယ်လို့ မခံစားမိဘူးလား" လီချင်းယွီ စိုးရိမ်နေသည်။
"ကြင်ရာတော်မင်းသမီးနေရာကလည်း လစ်ဟင်းနေသေးတယ် .."
အကြီးအကဲလီက အရူးတစ်ယောက်မဟုတ်ပေ။ သူလည်း သေချာမြင်ပါသည်။
•••••