← Chapters

ကျွန်မတို့ကိုစားသောက်ဖို့ တစ်ခုခုပေးပါ။ 

Vol. 29 Ch. 556

ကျွန်မတို့ကိုစားသောက်ဖို့ တစ်ခုခုပေးပါ။ 

Vol. 29 Ch. 556

မကောင်းဆိုးဝါး‌ဝိဉာဉ်က ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသည်။ 

သူမ၏ မျက်၀န်းဝိုင်းဝိုင်းက ရှဲ့ချောင်အား သတိထားကြည့်နေသည်။ 

"ကျွန်မကိုပြောနေတာလား" 

"ငါတို့တွေ့ဆုံတာက ကံကြမ္မာပဲ မင်း ဘာလိုချင်လဲ" 

ရှဲ့ချောင် ထိုမကောင်းဆိုးဝါးဝိဉာဉ်အားကြည့်ပြီး ထပ်မေးလိုက်သည်။ သူမ အပြုအမူကလည်း ကောင်းပါသည်။ 

ဒီမကောင်းဆိုးဝါးဝိဉာဉ်က အမျှော်အမြင်ရှိလို့လည်းဖြစ်သည်။ သူမက လှည့်လည်သွားလာနေပေမယ့် သူမကို ကြောက်လန့်အောင် တမင်မလုပ်ပေ။ သူမက အနည်းငယ် ပိန်ပါးပြီး သာမန်လူတစ်ယောက်နှင့် မကွာပေ။ အနည်းဆုံးအနေနှင့် မြင်းလှည်းခေါင်းမိုးပေါ်တွင် ထိုင်နေသည့် ဝိဉာဉ်ထက်တော့ ပိုသာပေသည်။ 

ဝိဉာဉ်က ခဏတိတ်သွားသည်။ ပြီးနောက် သူမ လျှပ်တစ်ပြက် ထွက်ပြေးသွားလေသည်။ 

ရှဲ့ချောင် အံ့အားသင့်သွားတော့၏။ 

သူမက အကြင်နာဆုံးနှင့် အနူးညံ့ဆုံးမေးတာကို .. အဲဒီဆာလောင်နေတဲ့ ဝိဉာဉ်က ဘာလို့ တွန့်ဆုတ်နေရတာလဲ။ 

ရှဲ့ချောင် နှုတ်ခမ်းစေ့ပြီး နှာမှုတ်လိုက်သည်။ 

သူမကို လာချဉ်းကပ်သော ဝိဉာဉ်က အဝေးသို့ပျံပြေးသွားတာပင်။ သတင်းသာပျံ့နှံ့သွားလျှင် သူမ၏တာအိုဆရာမ ဂုဏ်သိက္ခာ ဆုံးရှုံးသွားလိမ့်မည်။ 

သို့ပေမယ့် သူမ ဝိဉာဉ်အား လူပြန်၀င်စားရန် ပြန်ပို့

ပေးဖို့ကို အတင်းလုပ်ယူလို့မရပေ။ မဟုတ်လျှင် သူမ ထို‌မကောင်းဆိုးဝါးဝိဉာဉ်အားဖမ်းဆီးပြီး ဘာလို့ထွက်ပြေးသွားလဲဆိုတာ မေးမိမှာပင်။ 

ရှဲ့ချောင် အနည်းငယ် ဒေါသထွက်သွားသည်။ သို့ပေမယ့် ခဏအကြာ ‌ပတ်၀န်းကျင်တွင် ကြက်သီးထစရာလေတိုက်ခတ်လာ၏။ 

အပြင်မှာ မိုးရွာနေလေပြီ။ ကြက်သီးထစရာ လေတိုက်ခတ်လာတဲ့အခါ မိုးရေစက်တွေက ပိုကြီးလာပုံရသည်။ ပတ်ပတ်လည်တွင် မြက်ပင်များပေါ် မိုးရေများကျဆင်းလာကာ သစ်ရွက်များပေါ် တွဲလောင်းကျနေလေ၏။

ဤမျှကြီးမားသော အုတ်အော်သောင်းနင်းဖြစ်ခြင်းသည် ရှဲ့ချောင်အား ထိတ်လန့်စေခဲ့သည်။ သူမ အပြင်ကိုထပ်ကြည့်တော့ ပိုပြီးတောင် အံ့အားသင့်သွားသည်။ 

အစောက ထွက်ပြေးသွားသော မကောင်းဆိုးဝါးဝိဉာဉ်က ပြန်ရောက်လာတာတွေ့လိုက်ရသည်။ 

သူမ ပြန်လာရုံသာမက သူမအနောက်ကနေ မကောင်းဆိုးဝါးဝိဉာဉ်များ ၂၀ ကနေ ၃၀ခန့်အထိပါလာသည်။ အားလုံးက အမျိုးသမီးများဖြစ်ကြသည်။ 

သူတို့ခြေထောက်များက မြေပြင်ကို မထိနေပေ။ သူတို့ဆံပင်က ဖရိုဖရဲဖြစ်နေ၍ မျက်နှာများသည် အရိုးစုများကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်တွင် ပြည့်နှက်နေသော အမှောင်စွမ်းအင်များက သူတို့ကို ဖုံးအုပ်ထားသည်။ အထဲက မကောင်းဆိုးဝါးဝိဉာဉ်တစ်ချို့က ထူးဆန်းသော အသံများပြုလုပ်နေပြီး ကြက်သီးထစေ၏။ 

ရှဲ့ချောင် ရထားလုံးလက်တန်းကို ဆွဲကိုင်လိုက်ပြီး သူမမျက်နှာက ဖြူဖျော့သွားတော့သည်။ 

ရှဲ့ဖင်းကန်းကတော့ အပြင်မှာ ရပ်ပြီးစောင့်ကြပ်နေသည်။ ရုတ်တရက် ရာသီဥတုဆိုးရွားလာတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန် ဆရာမော့ပြောတာကို သူကြားလိုက်ရသည်။ 

"မြင်းလှည်းကိုရပ်လိုက်" 

ဆရာမမော့အသံက အရေးကြီးလှပြီး တစ်စုံတစ်ခု ဖြစ်သွားသလိုပင်။ 

ရှဲ့ဖင်းကန်း ချက်ချင်း အဖွဲ့အား ရပ်ခိုင်းလိုက်သည်။ 

အဖွဲ့ရပ်လိုက်တာနဲ့ သူတို့ခြေထောက်အောက်က သဲနှင့်ကျောက်များ လွင့်လာသည်။ လူအများစုက ဖုန်မှုန့်များကြောင့် မျက်လုံးမှိတ်ထားကြသည်။ ခုဏက မိုးဖွဲဖွဲလေးရွာနေပေမယ့် အခု မိုးစက်များက လေတိုက်ခတ်မှုကြောင့် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏မျက်နှာအားနာကျင်စေသည်။

ရှဲ့ချောင် ထီးအားကိုင်ပြီး ထွက်လာသည်။ 

သူမကပိန်ပါးပြီး ကြေကွဲလွယ်သလိုပင်။ 

ပိုပြီးထူးဆန်းတာက သူမ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ သူမ ထိုနေရာမှာပဲရပ်နေပြီး တစ်စုံတစ်ရာအား စကားပြောနေသလိုပင်။ 

မှောင်မည်းနေသော ရာသီဥတုနှင့်ပေါင်းစပ်လိုက်လျှင် အားလုံးက မြင်ရသည်မှာ ကြက်သီးထဖွယ်ကောင်းလှသည်။ 

ကျောက်ရွှမ်ကျင်း ရှဲ့ချောင် ကျောပြင်အားကြည့်ပြီး လျှောက်သွားသည်။ 

"ကျွန်မတို့ကိုမြင်နိုင်တယ်ပေါ့ စားစရာတစ်ခုခု ပေးပါလားရှင် .." 

ထိုမကောင်းဆိုးဝါးဝိဉာဉ်များက ဒူးထောက်လိုက်ကြသည်။ ထိုသို့ပြောပြီးနောက် သူတို့က ပြင်းထန်သော ခါးသီးမှုကိုပင် ဖျတ်ခနဲ ထုတ်လွှတ်လိုက်ကြသည်။

ခါးသီးမှုရှိနေပေမယ့် ရန်လိုတတ်သော ဝိဉာဉ်များ မဖြစ်လာကြချေ။ 

"အားလုံး ဆာလောင်ပြီးသေသွားကြတာလား" 

ရှဲ့ချောင် အနည်းငယ် ရှုပ်ထွေးသွားသည်။အရေအတွက် များလှသည်။ ယခုတွင် ဝိဉာဉ်များမှာ ၂၀ကနေ ၃၀အထိရှိကြသည်။ တစ်ချို့ကတော့ သေပြီးနောက် ချက်ချင်း ထွက်သွားနိုင်ပြီး မရှိကြတော့ပေ။ သူမအရှေ့က ဝိဉာဉ်များအား အချိုးဖြင့် တွက်ချက်ကြည့်လျှင် တကယ်ပဲ လူဘယ်လောက်တောင် သေခဲ့ရတာလဲ။ 

ဒီနားတွင် ကြီးမားသည့် ကပ်ဘေးဖြစ်ခဲ့သည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။ 

မနှစ်က ကပ်ဘေးဖြစ်ခဲ့ပေမယ့် နန်းတွင်းတရားရုံးတော်က ဖျန်ဖြေပေးခဲ့သည်။ ဒီကပ်ဘေး၏ သက်ရောက်မှုက မကြီးမားသလို လူသေနှုန်း

လည်း မများလှ။ 

"ဆရာမ ကျွန်မတို့ မစားရတာ အတော်လေးကြာပါပြီ ပုံမှန်ဆိုရင် စားသောက်ဖို့အတွက် တစ်ရက်မှာ တစ်ခါပဲ အပြင်ထွက်လို့ရခဲ့တာ ကျွန်မတို့တွေ တကယ် .. ဗိုက်ဆာနေတာပါ တောင်းပန်ပါတယ် ဆရာမ ကျေးဇူးပြုပြီး ကျွန်မတို့ကို စားစရာတစ်ချို့ပေးပါ" 

"ဆရာမ ကျွန်မတို့ကို စားစရာတစ်ချို့ပေးပါ .." 

အားလုံး အော်ဟစ်ကြလေသည်။ 

"ရှင်တို့အားလုံး ဘယ်ကလာကြတာလဲ" 

ရှဲ့ချောင် မေးလိုက်သည်။ ဒီမကောင်းဆိုးဝါးဝိ

ဉာဉ်များနှင့် ပတ်သက်ပြီး တစ်ခုခုမူမမှန်ပေ။ 

••••

All Chapters