← Chapters

ဖြေရှင်းတယ်။

Vol. 29 Ch. 557

ဖြေရှင်းတယ်။

Vol. 29 Ch. 557

သူမအနားသို့ရောက်သည့်နှင့် ရှဲ့ချောင်စကားများအားကြားပြီး ကျောက်ရွှမ်ကျင်း တစ်ခဏမျှ အံ့အားသင့်မိသွားသည်။ 

ပြီးနောက် သူ တည်ငြိမ်စွာဖြင့် ရှဲ့ချောင်လက်ထဲမှ ထီးအားယူကာကိုင်ထားပေးလိုက်သည်။ 

သူ ရှဲ့ချောင်၏ မျက်နှာထားအားကြည့်လိုက်ချိန် သူမ ဘာတွေမြင်နေရလဲဆိုသည်အား သံသယဖြစ်မိသည်။ 

"အားလုံးက ဆာလောင်ပြီးသေသွားကြရတာမလို့ ရှင်တို့မှာ ဘယ်လောက်ပဲစားစရာရှိရှိ ဗိုက်ပြည့်မှာမဟုတ်ဘူး"

ရှဲ့ချောင် အကူအညီမဲ့နေသည်။ သူမ စပါးကျီကို ယူဆောင်လာပေးမယ်ဆိုရင်တောင် ထို မကောင်းဆိုးဝါးဝိဉာဉ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ 

သူမ ထိုသို့ပြောလိုက်တော့ တစ်ချို့ ဝိဉာဉ်များက ၀မ်းနည်းသွားကြသည်။ စိတ်လွတ်သွားကြသူ တစ်ချို့လည်းရှိကြသည်။ 

သူတို့မျက်နှာများက အနက်ရောင် စွမ်းအင်များနှင့် ပြည့်နှက်နေသည်။ သူတို့က လေထဲသို့ ပျံဝဲပြီး သွေးထွက်သံယို ပါးစပ်များကို ဖွင့်လိုက်ကြသည်။

သူတို့၏ အရိုးခန္ဓာကိုယ်များက ပိုပြီးကြောက်စရာကောင်းလာသည်။ သူတို့၏ ပါးစပ်များကလည်း မျက်နှာကနေ စုတ်ပြဲသွားသလိုပင်။ သွင်ပြင်ပုံစံက ထိတ်လန့်ပြီး ကြောက်စရာကောင်းလှသည်။ 

ရှဲ့ချောင် ဒီလိုမကောင်းဆိုးဝါးဝိဉာဉ်များအား ကြောက်ရွံ့မှုတစ်ချို့ရှိပြီး အထူးသဖြင့် အလွန်ကြောက်ဖို့ကောင်းသူများအားဖြစ်သည်။ သူမ သူတို့ကို များများမြင်လိုက်လျှင် အိပ်မက်ဆိုးပါ မက်လာတတ်သည်။ 

သူမ မျက်နှာဖြူဖျော့လာပြီး အလျင်စလိုဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ‌အဆောင်အား ထုတ်လိုက်သည်။ 

ထိုဆာလောင်သော မကောင်းဆိုးဝါးများက လူတွေကို နာကျင်စေနိုင်သည်။ သူတို့နှင့် ပေါင်းစည်း

မိလျှင် မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အစားကြီးခြင်း၏ လက္ခဏာများ ဖြစ်လာတတ်သည်။ သူတို့သည် အစာငတ်သေသွားကြခြင်း သို့မဟုတ် သေလောက်အောင် စားသောက်ကြပြီး‌ သေသွားနိုင်သောကြောင့်ပင်။ 

ရှဲ့ချောင် သူမ၏ မက်မွန်သီးသစ်သားဓားအားထုတ်ပြီး အဆောင်အနည်းငယ်အား ပစ်လိုက်ပြီး ရေရွတ်လိုက်သည်။ 

"ကျောက်စိမ်းအပျိုစင်ကိုခေါ်နေပါတယ် .. ကံဆိုးခြင်းကို ဖမ်းဆီးလော့ ... နတ်ဆရာများကို ဖယ် တန်ခိုးကြီးသူတွေကို မရှောင်နဲ့ ... နတ်ဆိုးတွေကို အရင်သတ် ပြီးရင် အလင်းကို အမှောင်ထဲတွင် သတ်လိုက်ကာ.. ငါ့အမိန့်ကို နားထောင်လော့" 

များပြားသောအဆောင်များက ထိုရန်လိုတတ်

သော ဝိဉာဉ်များထံသို့ ရိုက်ခတ်သွားကြသည်။ 

တစ်ချက်တည်းဖြင့် ရှဲ့ချောင် ပြင်းထန်သော အော်ဟစ်သံအချို့ကို ကြားလိုက်ရပြီး ဝိညာဉ်များစွာ ပြန်လည်ရိုက်နှက်ခံခဲ့ရသည်။ 

ရှဲ့ချောင် အရင်ဆုံးရောက်လာသော အမျိုးသမီးဝိဉာဉ်ကိုမြင်တော့ မေး‌လိုက်သည်။ 

"အားလုံး ဘယ်ကရောက်လာတာလဲ ဘာလို့ ဆာလောင်ပြီးသေသွားကြတာလဲ" 

အမျိုးသမီးဝိဉာဉ်က နှစ်ခါမျှတုန်ရီနေပြီး အမြန်ပင်ပြောလာသည်။ 

"ဆရာမ ကျွန်မတို့အသက်ကို သက်ညှာပေးပါ ကျွန်မတို့တွေလည်း .. ဘာဖြစ်ခဲ့လဲဆိုတာ မသိပါဘူး .. မြင့်မြတ်သူတစ်ယောက်က သူ့ကိုကူညီပေးဖို့ ကျွန်မတို့ကိုပြောခဲ့ပြီး ဒီကို မျက်လုံးမှိတ်ခံထားပြီး ရောက်လာတာပဲ မှတ်မိပါတယ် "

"ကျွန်မတို့လမ်းလျှောက်လာရင်း ရုတ်တရက် အသံ တစ်ချို့ကြားလိုက်ရတယ် မျက်လုံးဖွင့်ကြည့်တော့ ပတ်၀န်းကျင်က မှောင်မည်းနေပြီး ကျွန်မတို့အနားမှာ ဘာမှမရှိဘူး အဲဒီအတိုင်း ဆာလောင်မွတ်သိပ်ပြီး သေသွားရတာပါ .. ကျွန်မတို့သေသွားပြီးတော့ အားလုံးတစ်နေရာတည်းမှာ ပိတ်မိနေပြီး မထွက်လာနိုင်ပါဘူး ကျွန်မတို့ တစ်ခုခုစားချင်ရင် အပြင်ထွက်လို့ရတယ် ဒါပေမယ့် ညနေရောက်လာရင်တော့ ပြန်ရတယ် .." 

ရှဲ့ချောင် ထိုစကားကြားတော့ မျက်မှောင်ကြုတ်လိုက်မိကာ အနည်းငယ်စိုးရိမ်သွားသည်။ 

ဒီနေ့ ..  

ရှဲ့ချောင် ဟောကိန်းတစ်ချို့ထုတ်ခဲ့သည်။ ဒီနေ့မိုးအုံ့‌နေရာ အမှောင်စွမ်းအင် တိုးတက်လာပြီး ယန်စွမ်းအင်ကတော့ လျှော့ချခံခဲ့ရသည်။ 

သူမခန့်မှန်းတာ မှန်ကန်လျှင် ထိုမကောင်းဆိုးဝါးဝိဉာဉ်များက အမှောင်စွမ်းအင်သင်္ချိုင်းကနေ လာတာပဲဖြစ်ရမည်။ 

သူမ ဒီဝိဉာဉ်များကို အဝေးမပို့နိုင်ပေ။ 

သူတို့က တစ်နေရာတည်းမှာ ပိတ်မိနေကြပြီး သူတို့တွေ ပိတ်မိနေတဲ့နေရာကို ရှာမတွေ့လျှင် ဤနတ်ဆိုးများကို စုဆောင်းရန် လိုအပ်သော စွမ်းအင်သည် သာမန်စွမ်းအင်ပမာဏထက် အဆများစွာ ပိုနေလိမ့်မည်။

သူမခန္ဓာကိုယ်က ထိန်းထားနိုင်မည်မဟုတ်။ 

"ဘယ်မှာလဲဆိုတာ သိလား" 

ရှဲ့ချောင် မေးလိုက်သည်။ 

"ကျွန်မလည်း သေချာမမှတ်မိဘူး အကြိမ်တိုင်း ကျွန်မတို့က ရုတ်တရက်ထွက်လာပြီး ပြန်ကြရတယ် .. အနားမှာ ရေ‌နဲ့ သစ်ပင်တွေရှိတာပဲ မှတ်မိတယ် .." 

ရေနဲ့ သစ်ပင်တွေရှိတယ် ..။ 

ရှဲ့ချောင် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ မင်း

တို့တွေ ယာဉ်တန်းအနောက်ကို ကောင်းကောင်းသွား .. ယာဉ်တန်းထဲမှာ စားစရာတစ်ချို့ရှိတယ် စားဖို့မလုံလောက်ဘူးဆိုပေမယ့် ဗိုက်တော့ဖြည့်နိုင်ပါတယ်"

စားစရာရှိမှန်း သူတို့ကြားတာနဲ့ မကောင်းဆိုးဝါးဝိဉာဉ်များက ချက်ချင်း နာခံသွားပြီး ဆက်တိုက်ခေါင်းညိတ်ပြကြတော့သည်။ 

ရှဲ့ချောင်စကားများမှ ကျောက်ရွှမ်ကျင်းလည်း တစ်စုံတစ်ရာအား ခန့်မှန်းမိပေသည်။

မကောင်းဆိုးဝါး ဝိဉာဉ်များရှိကြပြီး သူတို့‌က ဗိုက်ပြည့်အောင်မစားနိုင်တဲ့အတွက် ဆာလောင်နေကြသော ဝိဉာဉ်များဖြစ်ကြသည်။ ပြီးတော့ အရေအတွက်လည်း များပြားသည်။ 

ထပ်ပြောရလျှင် ရှဲ့ချောင် သူတို့ကိုမဖမ်းနိုင်တာကြောင့် ပြဿနာတော့ရှိသည်။ 

ဒီလူတွေက နာခံလာသော်လည်း ရှဲ့ချောင် ခေါင်းကိုက်နေရ၏။ 

"အရှင့်သားတို့ အရင်သွားရလိမ့်မယ်ထင်တယ် .. ကျွန်မ အဲဒီသင်္ချိုင်းကိုသွားရှာပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်" 

••••

All Chapters