← Chapters

မကောင်းသောအရာများ။ 

Vol. 29 Ch. 558

မကောင်းသောအရာများ။ 

Vol. 29 Ch. 558

သူမမျက်နှာအားတွေ့တော့ ကျောက်ရွှမ်ကျင်း အနည်းငယ်စိုးရိမ်သွားသည်။ 

"ဒီမကောင်းဆိုးဝါးဝိဉာဉ်တွေက ဖြေရှင်းဖို့ ခက်ခဲလို့လား" 

"ဟုတ်ပါတယ် ကြည့်ရတာ သူတို့တွေ သင်္ချိုင်းထဲမှာပိတ်မိပြီး ဆာလောင်ပြီးသေသွားကြတာထင်တယ် ပြီးတော့ အားလုံးက အဲဒီမှာပဲရှိနေပြီး မထွက်လာနိုင်ကြဘူး သူတို့က မကောင်းဆိုးဝါးဝိဉာဉ်တွေဖြစ်လာပြီး ပြန်မ၀င်စားနိုင်တော့ဘူးလေ သင်္ချိုင်းနားမှာ မကောင်းတဲ့ ဖြစ်တည်မှုတွေရှိနေတာပဲဖြစ်ရမယ် အဲဒါက သူတို့ ပြန်ဝင်စားမှာကို တားဆီးနေတာ အခု ကျွန်မ သူတို့ကိုတွေ့ပြီဆိုတော့ ကျွန်မ မကူညီလို့ မကောင်းဘူးလေ .. ကျွန်မသာ သူတို့ကို ဂရုမစိုက်ရင်ပေါ့" 

သူမတွင် ဝိဉာဉ်များအား ဖမ်းဆီးနိုင်ရန် စွမ်းရည်ရှိသည်။ သူမ မြင်ခဲ့တာကို ဘာမှမလုပ်လျှင် သူမ၏ကုသိုလ်ကံကို ထိခိုက်စေလိမ့်မည်။ 

သူမခန္ဓာကိုယ်က သက်သာဖို့အတွက် မလွယ်ကူပေ။ သူမ ထပ်မံ ခံစားသွားရနိုင်သည်။ 

သူမ ကျန်းမာရေးနှင့်သာဆို အဲဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ပေ။ 

"ရတယ် ငါလည်း မင်းနဲ့အတူလိုက်ပြီး အဖော်လုပ်ပေးမယ် ငါတို့တွေ ဒီကို မီးလောင်လူသတ်မှုကိစ္စကြောင့် ရောက်လာတယ်ဆိုပေမယ့် မင်း တခြားအမှုတွေတွေ့ရင် ဒီအတိုင်း ထိုင်နေပြီး ဘာမှမလုပ်လို့မှမရတာ မင်းပြောတဲ့အတိုင်းဆိုရင် တစ်ယောက်ယောက်က တရားဥပဒေကို လျစ်လျူရှုပြီး သူနဲ့အတူ သက်ရှိလူတွေကို မြှုပ်နှံခဲ့တယ် အဲဒါက ပြစ်မှုကြီးတယ်" 

ကျောက်ရွှမ်ကျင်းအကြည့်က နက်ရှိုင်းသော ရေပြင်ကဲ့သို့ဖြစ်နေပြီး သူ၏ ဖြောင့်မတ်သော

ခန္ဓာကိုယ်က ရှဲ့ချောင်ဘေးတွင် ရှိနေသော ထင်းရှူးပင်နှင့် တူနေသည်။ သူမအနားတွင် သူရှိနေလျှင် သူမ၏စိတ်ထဲတွင် လုံခြုံမှု မြင့်တက်လာတတ်သည်။ 

ချင်းယွမ်မင်းဆက်တွင် လူသားဆန်သော စည်းမျဉ်းများရှိသည်။ အရင်မင်းဆက်၏ ရှင်ဘုရင်ဆိုလျှင် သူနဲ့အတူ ကိုယ်‌လုပ်တော်များကိုပါ မြှုပ်နှံစေခဲ့သော်လည်း ချင်းယွမ်မင်းဆက်တွင် လုံး၀အဆုံးသတ်သွားခဲ့သည်။ 

သာမန်လူဖြစ်ဖြစ် မြင့်မြတ်သူဖြစ်ဖြစ် သူတို့က အသုံးအဆောင်ပစ္စည်းများနှင့်သာ မြှုပ်နှံ့နိုင်သည်။ ထိုချမ်းသာပြီး မြင့်မြတ်သော မိသားစုများက တစ်ချို့ အရုပ်များ၊ ကြွေထည်များနှင့် ရွှံ့ပန်းပုရုပ်တုများကိုသာ မြှုပ်နှံကြပြီး သက်ရှိလူများကို ရူးရူးမိုက်မိုက် မြှုပ်နှံရန် မဝံ့ရဲကြပေ။ 

အစေခံများကိုတောင် အတူမြုပ်နှံခွင့်မပြုခဲ့ပေ။ 

သေချာပေါက် ဒါကို ရှင်းရှင်းလင်းလင်း တားမြစ်ထားပေသည်။ သီးသန့်အားဖြင့်တော့ တစ်ချို့မိသားစုများမှာ လူသေများကို လိုက်ပို့ရန်နှင့် သင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ရန် တန်ဖိုးမရှိသော ကျွန်အချို့အား ဝယ်ယူတတ်ကြသည်။ 

သူတို့သာမဖော်ထုတ်လျှင် မည်သူမှ ဂရုစိုက်ကြမည်မဟုတ်ပေ။ 

အစောက ရှဲ့ချောင်အမူအရာက ထူးဆန်းလှသည်။ ထိုအချိန် လီမိသားစု၏ အစေခံများမှာ အသိစိတ်လွတ်သွားသည်အထိ ကြောက်ရွံ့ကုန်ကြသည်။ 

အားလုံးက ရှဲ့ချောင်အား ကြောက်ရွံ့စွာဖြင့်

ကြည့်နေကြသည်။ 

သို့ပေမယ့် သူတို့က ရှဲ့ချောင်အား ကြောက်တာတော့မဟုတ်။ ပတ်ပတ်လည် ပတ်ဝန်းကျင်ကို ကြောက်နေကြတာဖြစ်သည်။ 

အဲဒီဆရာမက တစ်ခုခုလုပ်နေတယ်ဆိုတာ သိသာသည်။ 

ဒီအနားမှာ မကောင်းတဲ့အရာတစ်ခုခုရှိတာပင်ဖြစ်ရပေမည်။ 

အိမ်ရှေ့စံမင်းသားက အကြီးအကဲလီအား အဖွဲ့အတွင်း စားသုံးနိုင်သော အရာများအားလုံးကို လှည်းထဲသို့ ထည့်ရန် အမိန့်ပေးလိုက်သည်။ 

လှည်းက ဆက်လက် အရှေ့သို့ ရွေ့သွားကြသည်။ 

ရှဲ့ချောင် စားစရာလှည်းအား ထပ်မံ မကြည့်နိုင်တော့ပေ။ 

ထိုလှည်းအထဲနှင့်အပြင်တွင် ဆာလောင်နေကြသည့် ဝိဉာဉ်များစွာရှိနေကြသည့်အတွက်ပင်။ ထိုအစားအစာကို အရသာခံနိုင်ရန်အတွက် ဝိညာဉ်များက ပုံပျက်သွားသည်အထိပင် ညှစ်ထားကြ၏။ 

ကြောက်စရာကောင်းလှသည်။ 

လှည်းသမားမျက်နှာမှာ တောင့်ခဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေသည်။ 

ဤလှည်းပေါ်တွင် သေချာပေါက် မကောင်းတဲ့အရာ တစ်ခုခုရှိနေပေသည်။ 

တစ်ခုခုမူမမှန်ပေ။ လှည်း၏ ပြတင်းပေါက်က ခဏခဏ အသံမြည်လာရုံသာမက လေကြောင့် လိုက်ကာများလည်း လွင့်နေတတ်သည်။အတွင်းတွင်လည်း မည်းမှောင်ပြီး ကြောက်စရာကောင်းလှသည်။ ပိုဆိုးသည်က ဆရာမမော့က သူ့အား ၀တ်ထားရန် အဆောင်အထိပါပေးလာခြင်းပင်။ 

ဒါက ဘာအဓိပ္ပါယ်လဲ။ သူ့လှည်းထဲမှာ ထူးဆန်းတာ တစ်ခုခုရှိနေတာဆိုတဲ့ အဓိပ္ပါယ်ပဲမလား။ 

ဒီတစ်ခါ လှည်းနှင့် ခရီးထွက်ခဲ့ကြသူများက ပိုသတ္တိရှိကြပေမယ့် သူတို့က အနည်းငယ်တော့ကြောက်ရွံ့နေကြသေးသည်။ 

ရှဲ့ချောင် ပေါက်ကွဲမှုကြောင့် သေသွားသော မကောင်းဆိုးဝါးဝိဉာဉ်အား ကူညီရန်ပြောလိုက်သည်။ သူ ပတ်၀န်းကျင်အားကြည့်ပြီး အားပြင်းသော မကောင်းသည့်စွမ်းအားနှင့် ရေအရင်းအမြစ်အား‌ တွေ့လိုက်ရသည်။ 

ပေါက်ကွဲမှုကြောင့် သေသွားခဲ့ရသော ဒီမကောင်းဆိုးဝါးဝိဉာဉ်တွင် ဆန္ဒတစ်ခုတည်းသာ ရှိပေမယ့် ပျံသန်းနိုင်သော ဓားနှင့် လန်းသော အ၀တ်အစားများထပ်ရလည်း စိတ်ထဲမထားပါချေ။ ဆရာမမော့ သူ့အား အလုပ်များ ထပ်၍ပေးမည်ကို မစောင့်နိုင်ဖြစ်နေသည်။ 

ညနေရောက်လာတဲ့အခါ ဝိဉာဉ်များက အမှန်ပင် ပျောက်ကွယ်သွားကြသည်။ 

တစ်ယောက်ပြီးတစ်ယောက် သူတို့က သစ်သား

ရုပ်များကဲ့သို့ တစ်နေရာရာထဲသို့သာ ပျံဝဲသွားကြလေသည်။ အလွန်မြန်ဆန်တာကြောင့် ယာဉ်တန်းကတောင် မလိုက်နိုင်သည်အထိပင်။ သို့ပေမယ့် ကံကောင်းစွာဖြင့် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မကောင်းဆိုးဝါးဝိဉာဉ်က သူမတို့အား လမ်းပြပေးခဲ့သည်။ 

ရှဲ့ချောင် ချက်ချင်းပဲ ယာဉ်အား ထိုလမ်းအတိုင်းသွားခိုင်းလိုက်သည်။ 

အကြီးအကဲလီလည်း သူတို့ကိုမတားဘဲ ရှဲ့ချောင်စီစဉ်မှုနောက် လိုက်လာခဲ့သည်။

နှစ်နာရီထက်အကြာ ခရီးနှင်ပြီးနောက် ရှဲ့ချောင် အဝေးကနေ မကောင်းမှုစွမ်းအင် မြှင့်တက်လာသည်အား မြင်နေရတာကြောင့် သူမချက်ချင်း ယာဉ်အားရပ်ခိုင်းလိုက်သည်။ 

ညဘက် ထိုနေရာသို့ တအားအနီးကပ်သွားတာ မသင့်တော်ပေ .. နေ့ဘက်တွင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ သူမကြည့်ရပေဦးမည်။ 

•••••

All Chapters