← Chapters

မမြှင့်တက်လာခင် ဖိနှိပ်။ 

Vol. 29 Ch. 559

မမြှင့်တက်လာခင် ဖိနှိပ်။ 

Vol. 29 Ch. 559

ညဘက်နောက်ကျနေပြီး မိုးရွာနေတုန်းပင်။ ကောင်းကင်ပေါ်တွင် ကြယ်များလည်းရှိမနေ။ 

ရှဲ့ချောင် အကောင်းဆုံးအနားယူရန် ကြိုးစားလိုက်သည်။ 

နောက်တစ်နေ့မနက်တွင် သူမ သင်္ချိုင်းဂူဆီ လျှောက်သွားလိုက်သည်။ 

သူမတစ်ယောက်တည်းပင်။ ခြေလှမ်းအနည်းငယ် လှမ်းသွားပြီးနောက် ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းအပါအ၀င် အစောင့်၆ယောက်နှင့်ရောက်ချလာ၏။ လီချင်းယွီသည်လည်း အနောက်မှ အစေခံနှစ်ယောက်ဖြင့် လမ်းလျှောက်လာသည်။ 

"ဆရာမ .. ကျွန်တော့်အဖိုးက ဆရာမဆီကနေ သင်ယူဖို့ပြောလိုက်ပါတယ် .."

လီချင်းယွီမှာ ငိုချင်သော်လည်း မျက်ရည်တောင်မထွက်နိုင်တော့။ 

သူ အမှန်တကယ်ကို မလာချင်ပေ။ 

သူ မျက်ကန်းတစ်ယောက်မှ မဟုတ်ဘဲ။ 

သိပ်မဝေးလှသည့် မြေနိမ့်ပိုင်းရှိ ဂူသင်္ချိုင်းသည် လူများအား ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

မြူခိုးများနှင့် အုံ့မှိုင်းနေသည့်အတိုင်းပင်။ 

ဆရာမမျက်နှာမှာလည်း လေးနက်နေသောကြောင့် ‌သေချာပေါက် ကောင်းမွန်သော နေရာမဖြစ်နိုင်ပေ။ 

သို့ပေမယ့် သူ့အဖိုးက နောက်ကျရင် သူတို့၏သင်္ချိုင်းအားသွားကြည့်ရန် ဆရာမအကူအညီလိုအပ်တယ်လို့ ပြောလာသည်။ အခု သူက ကြိုတင်ပြီး သူ့ရဲ့စိတ်ရင်းကို ပြသထားလျှင် ဆရာမက ပျော်သွားလိမ့်မည်။ 

"အရှင့်သား တကယ်ပဲ ကျွန်မနဲ့အတူ လိုက်လာ

ချင်တာလား တစ်ခုခုဖြစ်လာခဲ့ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်နော်" 

ရှဲ့ချောင် သူ့ကိုအံ့ဩစွာဖြင့်ကြည့်လိုက်သည်။ 

ထိုသူအနားတိုးလာသည့်အချိန် သင်္ချိုင်းထက်ရှိ တိမ်စိုင်များမှာ အနည်းငယ်ပြောင်းလဲသွားပြီး စွမ်းအင်လှိုင်းနှစ်ခု ထိပ်တိုက်တွေ့နေသလိုပင်။ 

ရှင်ဘုရင်နှင့် အိမ်ရှေ့စံမင်းသားနှစ်ယောက်လုံးတွင် ထူးခြားသည့် စွမ်းအင်ရှိပေသည်။ ထိုအရာကို နဂါးစွမ်းအင်၊ ကောင်းကင်စွမ်းအင် သို့မဟုတ် ဧကရာဇ်စွမ်းအင်လို့ခေါ်ဆိုလို့ရသည်။ 

ကောင်ကင်စွမ်းအင်များစွာရှိသည်။ အများစုက အရောင်ငါးရောင်ဖြစ်ပြီး အစိမ်း၊ အနီ၊ အဖြူ၊ အဝါနှင့် အနက်တို့ပဲဖြစ်ကြသည်။ မနက်နှင့်ညနေ

တွင် သူတို့က နေအား ပံ့ပိုးပေးနေသော သန်မာသော တိမ်စိုင်များအတိုင်းပင်။ တိမ်နှင့် မြူများသည် ပုံစံမတူကြသော်လည်း အံ့သြဖွယ်လေများရှိကြပေသည်။ 

အိမ်ရှေ့စံမင်းသားရာထူးက မတည်မြဲပေမယ့် သူက တိုင်းပြည်၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ အခု သူတို့တွေ ဒီမကောင်းသောဖြစ်တည်မှုအား ကြုံတွေ့လိုက်ရတော့ စွမ်းအင်နှစ်ခုက သေချာပေါက် ရင်ဆိုင်တိုက်ခိုက်ကြလိမ့်မည်။ 

ဒါက ရှဲ့ချောင်အတွက် အကျိုးအမြတ်ရှိပေသည်။ 

"ဆရာတူအစ်မမျက်နှာထားကတော့ ကျွန်တော့်ကိုဆရာတူအစ်မနဲ့အတူခေါ်ထားဖို့ မစောင့်နိုင်တော့ဘူးဆိုပြီး ပြောနေသလိုပဲနော်"

ကျောက်ရွှမ်ကျင်းရယ်လိုက်ကာ "အဓိပ္ပါယ်မရှိတာ မပြောတော့ဘူး ကြည့်ကြတာပေါ့" 

ရှဲ့ချောင် ပြုံးလိုက်သည်။ 

သူမ အရင်တည်းက မမြင်ဖူးတာ ဘာရှိလို့လဲ။ သင်္ချိုင်းက အဲဒီလောက်လည်း ကြောက်စရာ‌မကောင်းနေပေ။ 

ဒါက .. သခင်တစ်ယောက်ရဲ့ အရှိန်အဝါကိုပြဖို့ လူတွေ အများကြီးရှိနေတာကြောင့် မဟုတ်လား။ 

ဒါကို မမြှင့်တက်လာခင် ဖိနှိပ်တယ်လို့ခေါ်သည်။ အခု သူတို့ကြောက်နေကြပြီး သူမက မကောင်းသောဖြစ်တည်မှုအား လွယ်လွယ်လေးဖြေရှင်းလိုက်နိုင်တာကို တွေ့လျှင် သူတို့က သူမကိုကိုးကွယ်ကြလိမ့်မည်။ 

"ကျွန်မအနောက်က‌လိုက်လာခဲ့ တကယ်ပဲ အောက်ကသင်္ချိုင်းက တစ်ခုခုမူမမှန်ဘူး သတိလက်လွတ် နင်းလိုက်မိလို့လည်းမဖြစ်ဘူး မဟုတ်ရင် မကောင်းတဲ့စွမ်းအင်တွေက ညစ်ညမ်းနေရင် ခဏတာ ကံဆိုးခြင်း ကြုံရလိမ့်မယ်" 

သူမပြောနေရင်း ရှဲ့ချောင် ခေါင်းမော့ကာ သူတို့ကိုကြည့်လိုက်သည်။ ပြီးနောက် သူမ နာကျင်နေသော မျက်နှာထားဖြင့် ဝါးခြင်းအားကိုင်ရင် လျှောက်သွားသည်။ သူမ ‌အဆောင်အထပ်လိုက်နှင့် ခေါင်းလောင်းအသေးလေးများအားထုတ်ပြီး တစ်ယောက်ချင်းစီအား ပေးလိုက်သည်။ 

"ဒါတွေကိုသိမ်းထား အဆောင်တွေ ပြဲသွားရင် ခေါင်းလောင်းတီးလိုက် မဟုတ်ရင် တစ်ခုခုဖြစ်လာမှ ကျွန်မစိတ်ဝင်စားနေမှာမဟုတ်ဘူးနော်" 

ကျောက်ရွှမ်ကျင်း ပစ္စည်းများအား တည်ငြိမ်စွာဖြင့် ကိုင်ပြီး "ဆရာမမော့ ပြောတဲ့အတိုင်း .. လုပ်"

လူအုပ်ကြီးက သူရဲဘောကြောင်သူများကဲ့သို့ ပြုမူနေကြသော်လည်း သူတို့က သူ့စကားကိုတော့ လိုက်နာကြသည်။ ပြီးနောက် ရှဲ့ချောင် အမှောင်ထုဆီ လျှောက်သွားလေသည်။ 

"နှစ်ဖက်လုံးမှာစိုက်ထားတဲ့ သစ်ပင်တွေက တစ်ခုခုမှားနေတာလား" 

ကျောက်ရွှမ်ကျင်း သူမအနောက်ကလိုက်လာရင်း အဆင်မပြေမှုအား ခံစားလိုက်ရသည်။ သူတို့မျက်နှာထက် လေအေးများ တိုက်ခတ်နေပြီး ကြောက်ရွံ့လာစေသည်။ 

ရှဲ့ချောင် ခေါင်းညိတ်ပြလိုက်၏။ 

"ရှင်က အရည်အချင်းရှိသားပဲ ကျွန်မတို့တွေ အပေါ်ကနေပဲ လမ်းလျှောက်လာတာ တွေးကြည့် နှစ်ဖက်လုံးက သစ်ပင်တွေက ဘယ်လိုပုံစံလဲ" 

"ဓားဖျားလား" 

ကျောက်ရွှမ်ကျင်း ခဏတွေးတောပြီး ဖြေလိုက်သည်။ ရှဲ့ချောင် ခေါင်းငြိမ့်ပြကာ 

"ဟုတ်တယ် ဓားဖျားက သင်္ချိုင်းကို ညွှန်ပြနေတာ ဒီသင်္ချိုင်းထဲက ဝိဉာဉ်တွေက သူတို့ထွက်ပြေးချင်ရင်တောင် ထွက်မပြေးနိုင်ဘူး သူတို့နဲ့အတူ သက်ရှိလူသားတွေကိုပါ မြှုပ်ထားသေးတာ ဒီ

သင်္ချိုင်းပိုင်ရှင်က သည်းမခံနိုင်မှာကို ကျွန်မစိုးရိမ်တယ်" 

ရှဲ့ချောင် အနည်းငယ်မြင့်သော တောင်ကုန်းအား ညွှန်ပြလိုက်သည်။ 

"တောင်နဲ့ ရေက စီးဆင်းနေတယ် ဒါက သခင်မကိုသတ်တာ အဓိကပဲ ‌သင်္ချိုင်းအလယ်ပိုင်းက အရင်ပျက်စီးသွားတာ ဇနီးတွေအားလုံး အန္တရာယ်ပြုခံရတယ် ဒီသင်္ချိုင်းပိုင်ရှင်က သူ့ဇနီးနဲ့ ကိုယ်လုပ်တော်အားလုံးကို ဆုံးရှုံးလိုက်ရတာကို စိုးရိမ်မိတယ် သူတို့မှာ မျိုးဆက်ရှိရင်တောင် အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ် ဖုန်းရွှေဆရာ ဘယ်လိုလုပ်ခဲ့လဲဆိုတာ ကျွန်မမသိဘူး သူလည်း အကြင်နာကင်းမဲ့လွန်းတယ်" 

••••

All Chapters