← Chapters

မထိတွေ့သင့်ဘူး။ 

Vol. 29 Ch. 560

မထိတွေ့သင့်ဘူး။ 

Vol. 29 Ch. 560

သင်္ချိုင်း၏ ပုံစံနှင့် တည်နေရာက ပိုင်ရှင်၏ ဇနီးနှင့် ကိုယ်လုပ်တော်များအား ပစ်မှတ်ထားထားနေပြီး အထူးသဖြင့် သခင်မကိုပင်။ 

ခဏကြာပြီးနောက် ရှဲ့ချောင် သင်္ချိုင်းဆီကိုလျှောက်သွားပြီး အုတ်ဂူအားတွေ့လိုက်ရသည်။ ပိုင်ရှင်၏ သရုပ်မှန်ဘေးတွင် ပိုင်ရှင်၏ ဘ၀အောင်မြင်မှုများလည်းရှိသည်။ 

သူက တကယ်တော့ အရာရှိတစ်ယောက်ဖြစ်သည်။ 

ပျှမ်းမျှ လွန်ခဲ့သော နှစ်၂၀တွင် သူက ရွှင်းပြည်နယ်၏ ခရိုင်တရားသူကြီးဖြစ်ခဲ့သည်။ 

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် ရွှင်းပြည်နယ်ရဲ့ ခရိုင်မှတ်တမ်းတွေကိုစစ်ဆေးကြည့်ခဲ့တော့ ဒီလူကို ရှာတွေ့ခဲ့တယ် သူက ဖန်းရှီယွမ်ပဲ သူက ယုံကျန်းက ဖန်းမိသားစုမှာ မွေးဖွားခဲ့တယ် သူ့မှာ အင်အားကြီးမားတဲ့ ‌မိသားစုနောက်ခံရှိပြီး ရွှင်းပြည်နယ်ရဲ့ အရာရှိတစ်ယောက်ဖြစ်ခဲ့တယ် သူက အရည်အချင်းရှိပြီး ပုံပန်းသွင်ပြင်လည်းကောင်းလှတယ် သူ့ဇနီးကလည်း မိသားစုကြီးကနေ ဆင်းသက်လာတာပဲ မိသားစုနှစ်ခုကြားက မဟာမိတ်လက်ထပ်ပွဲလို့တောင် ပြောလို့ရတယ် သူ့ကိုယ်လုပ်တော်တွေက .." ရှဲ့ဖင်းကန်း ခဏတွေးတောလိုက်သည်။ "အများကြီးပဲ နာမည်ကြီးတစ်ယောက်ကိုတော့ မှတ်မိတယ် သူမက ယုံကျန်းက ကချေသည်တစ်ယောက်ပဲ သူမက ကီလိုမီတာ ထောင်ချီဝေးတဲ့ အရပ်က သူ့နောက်ကို လိုက်သွားခဲ့တာ .. အဲဒါက မြို့မှာ ဟိုးလေးတကျော်ကျော်ပါပဲ" 

ဒီလူမှာ ဇနီးများစွာ၊ ကိုယ်လုပ်တော်နှင့် ကလေး

များစွာလည်းရှိသည်။ ဇနီးနှင့် ကလေးများအပါအ၀င် လူများစွာ အုတ်ဂူကျောက်တိုင်တွင်ရှိကြသည်။ 

"အစ်ကိုကြီး ဖန်းရှီယွမ်မိသားစုက အခုဘယ်လိုလဲဆိုတာ သိလား" 

ရှဲ့ချောင် ရှဲ့ဖင်းကန်းအားမေးလိုက်သည်။ ရှဲ့ဖင်းကန်း ခဏလောက် အံ့အားသင့်သွားပေမယ့် ခေါင်းခါလိုက်သည်။ 

"ကျွန်တော်ဘယ်လိုသိမှာလဲ မီးလောင်မှုဖြစ်စဉ်တုန်းက ဒီလူက ပထမဆုံး ခရိုင်တရားသူကြီး ဖြစ်ခဲ့တယ်ထင်လို့ အဲဒါနဲ့ ကျွန်တော် တစ်ချက်ကြည့်လိုက်တာပဲ" 

ရှဲ့ချောင် ရှဲ့ဖင်းကန်အား 'အစ်ကိုကြီး'လို့ခေါ်လိုက်

ပေမယ့် သူ မတုံ့ပြန်နိုင်ခင်မှာ တခြားတစ်ခုကို တွေးမိသွားသည်။ 

"ဖန်းရှီယွမ်က ရုတ်တရက်ဖျားနာမှုကြောင့် သေဆုံးသွားခဲ့တာ ဒီလူရဲ့အရည်အချင်းက ကောင်းတယ်။ ပြီးတော့ ခမည်းတော်က တစ်ခါ သူနောင်တရကြောင်း ပြောခဲ့တယ်။ သူ့မိသားစု .. ရွှင်းပြည်နယ်ကို အရင်ကတစ်ခေါက်ရောက်တော့ ဖန်းမိသားစုမရှိတော့တာ ကြာပြီ မိသားစုထဲက အားလုံး တစ်ယောက်ပြီးတစ်ယောက် သေသွားကြတာ။ လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ဖန်းမိသားစုမှာ အိမ်တော်ထိန်းဟောင်းက ခေါ်လာတဲ့ ကိုယ်လုပ်တော်ကနေ ရထားတဲ့ သမီးတစ်ယောက်ရှိတယ်လို့ တစ်ယောက်ယောက်က ပြောနေတာ ကြားလိုက်ရတယ်”

ကျောက်ရွှမ်ကျင်း ထပ်ပြောလိုက်ပြီး ရှဲ့ချောင်အား အပြုံးဖြင့်ပြောလိုက်သည်။ 

ကျောက်ရွှမ်ကျင်း ရှဲ့ချောင်အား ကြည့်လိုက်သည်။ ထိုအခါမှ သူမ အစောက ရှဲ့ဖင်းကန်းအား 'အစ်ကိုကြီး'လို့ခေါ်လိုက်မိတာ တွေးမိပြီး မလုံမလဲဖြစ်သွားတော့သည်။ 

ရှဲ့ဖင်းကန်း သတိမထားမိတာ တွေ့တော့မှ သူမ အံ့ဩသွားတဲ့ အမူအရာဖြင့် တစ်ဖက်ကိုကြည့်လိုက်သည်။ 

ဖန်းရှီယွမ် သေသွားတာ ၁၁၊ ၁၂နှစ်လောက်ရှိပြီဖြစ်သည်။ အဲဒီတုန်းက ကျောက်ရွှမ်ကျင်းက ဘယ်‌အသက်အရွယ်လောက် ရှိပြီလဲ။ သူကဘယ်လိုလုပ် ဒါကိုတောင် မှတ်မိသေးတာလဲ။ 

ကျောက်ရွှမ်ကျင်း သူမကိုပြုံးပြလိုက်သည်။ ရှဲ့ချောင် သူ၏ ဂုဏ်ယူနေသော အကြည့်အား ခံစားမိ၍ ရှဲ့ချောင် အနည်းငယ်ခေါင်းမော့ပြီး "ကျွန်မ

မှတ်ဉာဏ်လည်း မဆိုးပါဘူးနော်" 

သူ့ထက်ဆိုးတာ ဘာမှမရှိဘူးဆိုမှတော့ ၀င့်ကြွားစရာဘာရှိလဲ။

ကျောက်ရွှမ်ကျင်း အကူအညီမဲ့နေသည်။ သူ ဘယ်ညာအားကြည့်ပြီး ခြေဖဝါးအောက်ရှိ မြေပြင်သည် ရွံရှာဖွယ်ရနံ့များဖြင့် စိုစွတ်နေတာကို ခံစားမိသည်။

"ကိုယ်တို့အခု ဘယ်လိုလုပ်ကြမလဲ" 

ရှဲ့ချောင် ခဏတော့ တုံ့ဆိုင်းသွားသည်။ 

"ဒီဖန်းရှီယွမ်က ရန်လိုတတ်တဲ့ဝိဉာဉ်ဖြစ်လာတာပဲ ဖြစ်ရမယ် သူက အထဲမှာပိတ်မိနေပြီး ပြန်မ

ထွက်လာနိုင်တာ တခြား ဆာလောင်ပြီး သေသွားတဲ့ဝိဉာဉ်တွေအားလုံးက အမျိုးသမီးတွေပဲ အမှောင်စွမ်းအင်တွေက အားပြင်းလာနေပြီး ဖန်းရှီယွမ်စိတ်ဝိဉာဉ်ကို တိုးတက်လာစေတယ် ဒါကြောင့် သူက တခြားဝိဉာဉ်တွေထက် ပိုပြီးအားပြင်းလာတာ ..

တကယ်လို့ ကျွန်မ ဝိဉာဉ်တွေကို ပြန်၀င်စားဖို့ ပို့ပေးချင်ရင်တောင် ဖွဲ့စည်းမှုတည်ဆောက်ရမယ် ကျွန်မ သာမန် တည်ဆောက်မှုတော့ လုပ်နိုင်မှာမဟုတ်ပေမယ့် ရှင်တို့အားလုံးက ယောကျာ်းတွေဖြစ်ပြီး သန်မာတဲ့ ယန်စွမ်းအင်တွေရှိကြတော့ နေရာအနည်းငယ်မှာရပ်နေပြီး ကျွန်မအတွက် သူတို့ကို ဖိနှိပ်ထားပေးလို့ရတယ် အဲဒီလိုဆို ကျွန်မ နိုင်နိုင်ခြေများတယ်" 

ရှဲ့ချောင် ရိုးသားစွာဖြင့်ပြောလိုက်သည်။ 

ရှဲ့ချောင် ဘာလို့ပြောရသလဲဆိုလျှင် ထိုလူတွေ

က မဟုတ်တာတစ်ခုခုတွေးပြီး‌ ကြောက်လန့်ကာ ထွက်ပြေးမှာကို စိုးရိမ်လို့ပင်။ 

အိမ်ရှေ့စံမင်းသား၏ လူများကို ကိုင်တွယ်ရတာက လွယ်ကူသည် .. ဒါပေမယ့် လီချင်းယွီက ငယ်လွန်းသေးတာကြောင့် ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ 

"ကောင်းပြီ"

ကျောက်ရွှမ်ကျင်း ခေါင်းညိတ်ပြလိုက်သည်။ 

လီချင်းယွီ တွန့်ဆုတ်နေပေမယ့် အမိန့်အား လိုက်နာစွာဖြင့် ခံယူလိုက်သည်။ 

ရှဲ့ချောင် နေရာအားစစ်ဆေးရန် သံလိုက်အိမ်မြှောင်အား ထုတ်လိုက်သည်။ သူမ လူတွေ

အား စီစဉ်ပေးရန်အလုပ် အနောက်ကနေ အသံများကြားလိုက်ရသည်။ သူမလှည့်ကြည့်တော့ အဖိုးအိုတစ်ယောက် ၁၇၊ ၁၈နှစ်လောက်ပဲရှိတဲ့ ကောင်မလေးတစ်ယောက်နှင့်အတူ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရသည်။ 

ကောင်မလေးက ချက်ချင်းပြေးလာသည်။ 

"ရှင်က ဘယ်သူလဲ ကျွန်မအဖေ အုတ်ဂူရှေ့မှာ ဘာလုပ်နေတာလဲ" 

ကောင်းပြီ ပိုင်ရှင်၏ မျိုးဆက်ရောက်လာခဲ့လေပြီ။ 

ဒီကိစ္စကို ကိုင်တွယ်ရမှာ မလွယ်ကူလောက်ချေ။ 

ဤကောင်မလေးမှာ ကြည့်ကောင်းလှသည်။ ထိုအချိန် သူမ ရန်မူနေပြီး သံလိုက်အိမ်မြှောင်အား ကိုင်ထားသော ရှဲ့ချောင်အားကြည့်နေသည်။ သူမက ရှဲ့ချောင်အား သူမအဖေကို သတ်လိုက်သောသူအား မြင်လိုက်ရသလိုပင်။ 

သူမမှားနေတာကို ရှဲ့ချောင်သိသည်။ 

ကမ္ဘာပေါ်တွင် မထိသင့်သည့်အရာများမှာ တစ်ယောက်ယောက်၏ ဇနီး၊ မိသားစု၊ စည်းစိမ် နှင့် ဘိုးဘွားသင်္ချိုင်းမြေတို့ပင်ဖြစ်သည်။ 

"သခင်မလေးဖန်း ကျွန်မရှင်းပြပါမယ် ကျွန်မက တာအိုကျင့်ကြံသူ ဆရာတစ်ယောက်ပါ ကျွန်မ မကောင်းမှုကို ဖျောက်ဖျက်နိုင်ပါတယ် ရှင့်မိသားစု သင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမမှန်ဘူး ကျွန်မ ထုံးတမ်းစဉ်လာတစ်ခုလုပ်ဖို့ လိုအပ်တယ်" 

ရှဲ့ချောင် ကြင်နာစွာဖြင့်ပြောရန် ကြိုးစားလိုက်သည်။ 

••••

All Chapters