ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော် ၁၃ ယောက်
Vol. 30 Ch. 561
ဖန်းသခင်မလေးသည် ဒေါသထွက်နေဆဲဖြစ်လေသည်။ သူမ ရုတ်ခြည်းပင် ရှေ့သို့တဟုန်ထိုးတက်သွားကာ ရှဲ့ချောင်အား တွန်းထုတ်လိုက်၏။
“ သင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ငါသိတယ်။ အဲ့တာကို စိတ်ပူမနေနဲ့! ထွက်သွားစမ်း!” သူမ အော်ဟစ်လိုက်သည်။
ဤရုတ်တရက်တွန်းလိုက်မှုမှာ ရှဲ့ချောင်အား ဒယိမ်းဒယိုင်ဖြစ်သွားစေခဲ့လေသည်။ ကျောက်ရွှမ်ကျင်းမှ သူမအား အလျင်အမြန် ကိုင်မပေးလိုက်၏။
“ သင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း မင်း
သိတယ်ပေါ့?” ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖန်းသခင်မလေး၏ မျက်နှာမှာ တည်ကြည်လေးနက်နေသော်လည်း ကျောက်ရွှမ်ကျင်းအား မော့ကြည့်လိုက်ချိန်တွင် ကြက်သေသေသွားခဲ့လေသည်။
သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကာ ဒေါသများ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ သူမ စတင်၍ ချီတုံချတုံဖြစ်လာကာ “ တစ်ခုခုမှားနေတယ်၊ လူတိုင်းက တစ်ခုခုမှားနေတယ်လို့ပဲ ပြောနေကြတယ်။ ဒါပေမယ့် လူတွေအများကြီး အဲ့တာကိုလာကြည့်ကြလိမ့်မယ်၊ ဘာမှမဖြစ်သေးခင်ပေါ့။ လူတွေ သေကြလိမ့်မယ်၊ ပြီးတော့ တစ်ယောက်ယောက်သေသွားခဲ့ရင် သူတို့တွေက ကျွန်မကို အပြစ်တင်ကြမှာ…”
ထိုစကားဖြင့်ပင် ရှဲ့ချောင် သဘောပေါက်သွားခဲ့၏။
“ မကောင်းဆိုးဝါးစွမ်းအင်က အရမ်းအားကောင်းနေလို့ဖြစ်ရမယ်။ သာမန်ဖုန်းရွှေဆရာတွေ အဲ့တာကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့ရဲ့ အသက်တွေကိုတောင်မှ ဆုံးရှုံးသွားနိုင်တယ်” ရှဲ့ချောင် ကျောက်ရွှမ်ကျင်းအား ပြောလိုက်သည်။
လူအိုကြီးသည်လည်း လျှောက်လာခဲ့ကာ ဖန်းသခင်မလေးအား ဘေးသို့ဆွဲလိုက်၏။ ထို့နောက် ကျောက်ရွှမ်ကျင်းအား ပြောလိုက်လေသည်။ “ မင်းရဲ့ ထူးခြားတဲ့နောက်ခံကို ကြည့်ရသလောက်တော့ ငါထင်တာ…မင်း ကျင့်စဥ်ကို ပုံဖော်မလို့လား? ဒီနေရာက မင်းနဲ့မဆိုင်ဘူး။ မေ့လိုက်တော့…”
“ ဒီနေရာက မကောင်းဆိုးဝါးစွမ်းအင်က အရမ်းအားကောင်းနေတယ်။ ကျွန်တော် အဲ့တာကို မကြိုက်ဘူး” ကျောက်ရွှမ်ကျင်း သာမန်ကာလျှံကာပြောလိုက်၏။
ရှဲ့ချောင်သည်လည်း အကူအညီမဲ့နေလေသည်။ နောက်ဆုံးတွင်တော့ သူမသည် တစ်ပါးသူ၏ အရေးကိစ္စထဲ ဝင်စွက်ဖက်နေမိခြင်းပင်။
တစ်ခဏမျှ စဥ်းစားပြီးနောက် သူမ ဤလူ့အားပြောလိုက်၏။ “ ဒီနေရာရဲ့ ဖုန်းရွှေဖွဲ့စည်းတည်ဆောက်ထားပုံက သေချာပေါက်ကို ဇနီးတွေနဲ့ ကလေးတွေကို ထိခိုက်စေလိမ့်မယ်။ တကယ်လို့ ကျွန်မ အဲ့တာကို ဒီအတိုင်းထားထားလိုက်ရင် မကောင်းဆိုးဝါးစွမ်းအင်က ပိုပိုပြီး အားကောင်းလာလိမ့်မယ်၊ ပြီးတော့ အနာဂတ်မှာ သက်ရောက်မှုက ပိုပြီးတော့တောင် ကြီးမားလာမှာ”
အညိုးအတေးဝိညာဥ်များ၏ နာကြည်းမှုသည် အချိန်ကာလရှည်ကြာစွာ အချုပ်ခံထားရသည့်အလျောက် ပို၍သန်မာအားကောင်းလာတတ်လေသည်။ ထို့အပြင် အညိုးအတေးကြီးဝိညာဥ်ဖြစ်လာတော့မည့် အခြားသောဝိညာဥ်များစွာလည်း ရှိနေသေး၏။
နာကြည်းမှုစွမ်းအင်များ စုစည်းသွားချိန်၌ မလွဲဧကန်ပင် ကြီးမားသည့်အန္တရာယ် ဖြစ်စေပေလိမ့်မည်။
လူအိုကြီး သက်ပြင်းချလိုက်သည်။ “ ငါက သခင်ကြီးရဲ့ အိမ်တော်ထိန်းပါ။ သူ ဆုံးပါးသွားပြီးတဲ့နောက် သခင်မနဲ့ တခြားကိုယ်လုပ်တော်တွေလည်း ကံခေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဖန်းမိသားစုတစ်ခုလုံးမှာ သခင်မလေးတစ်ယောက်ပဲ ကျန်တော့တာ။ သခင်မလေးကို သူမရဲ့ဘဝတစ်လျှောက်လုံး ငါ ကာကွယ်ပေးလာခဲ့တာ။
သခင်မ ထွက်သွားခဲ့တဲ့အချိန်မှာ အိမ်တော်က တစ်ယောက်ယောက်က ဒီသင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိခဲ့တယ်။ ဒါပေမယ့်လည်း ဖုန်းရွှေဆရာက ဟိုးအရင်ကတည်းက ပျောက်သွားပြီးတော့ ငါတို့ရှာတွေ့ခဲ့တဲ့ ဆရာတွေကလည်း အရည်အချင်းမလုံလောက်ခဲ့ဘူး။ သူတို့ထဲက အနည်းငယ်က ကံခေမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ အဲ့ဒီအချိန်ကတည်းက ဘယ်သူကမှ မလာချင်ကြတော့ဘူး။ တာအိုဆရာမ၊ မင်း…ယုံကြည်ချက်ရှိလား? မရှိဘူးဆိုရင် စောစောစီးစီး ထွက်သွားတာက မင်းအတွက် ပိုကောင်းလိမ့်မယ်။ မင်းက ဖန်းမိသားစုက မဟုတ်ဘူး။ ဒီနေရာမှာ အချိန်အကြာကြီးနေတာ မင်းအတွက် မကောင်းဘူး”
“ အဲဒီဖုန်းရွှေဆရာက မိသားစုကို လျှို့ဝှက်ကြံစည်ခဲ့တာလို့ ဆိုလိုတာလား?” ရှဲ့ချောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ သက်ရှိလူတွေနဲ့ မြှုပ်နှံခံဖို့ မင်းရဲ့သခင်မကို ဖုန်းရွှေဆရာက ပြောခဲ့တာလား?” ကျောက်ရွှမ်ကျင်း အေးစက်စက်မျက်နှာဖြင့် မေးလိုက်၏။
သက်ရှိလူများနှင့် မြှုပ်နှံခြင်းဟူသည့် အကြောင်းအား ထုတ်ဖော်ပြောလိုက်သည့်အချိန်တွင် အိမ်တော်ထိန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။
ဖန်းသခင်မလေးသည်လည်း ထိတ်လန့်သွားခဲ့၏။ “ သက်ရှိလူတွေနဲ့ မြှုပ်နှံခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?!”
ရှဲ့ဖင်းကန်း သူ၏ဓားပြားကြီးအား မြှောက်လိုက်ကာ အိမ်တော်ထိန်း၏ လည်ပင်းထက်သို့ တင်လိုက်၏။ “ ငါ့ကို အမှန်အတိုင်းပြောစမ်း! ဒီလူတွေကို မင်း ဘယ်နေရာကနေ ရလာခဲ့တာလဲ? စုစုပေါင်း ဘယ်နှယောက်ရှိလဲ?!”
ရှဲ့ချောင် သူ့အား မတားခဲ့ပေ။
အိမ်တော်ထိန်းသည် ဖန်းမိသားစုနှင့် အလွန်ရှည်ကြာစွာ နေထိုင်ခဲ့သောကြောင့် ဤအရေးကိစ္စထဲတွင် ပါဝင်နေခဲ့မည်ပင်ဖြစ်သည်။
သူ့အား ချက်ချင်းသတ်လိုက်မည်ဆိုလျှင်ပင် နောင်တရစရာမရှိပေ။
အိမ်တော်ထိန်းသည် ရှဲ့ဖင်းကန်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကာ ချက်ချင်းပင် မြေပေါ်သို့ ဒူးထောက်ချလိုက်လေသည်။ “ အဲ့တာက ကျွန်တော်နဲ့ မဆိုင်ပါဘူး! အဲဒီကိစ္စကို လုပ်ခဲ့တာ သခင်မပါ!”
“ကျွန်-ကျွန်တော့်ရဲ့သခင်က ပရောပရည်လုပ်တတ်ပြီးတော့…သူ့မှာ မရေမတွက်နိုင်လောက်တဲ့ လူယုံတော်တွေအများကြီးရှိပါတယ်။ သူက သခင်မကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က လက်ထပ်ခဲ့ပြီးတော့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်လုပ်တော်တွေကို နှစ်တိုင်းတင်မြှောက်ခဲ့တာပါ။ သူ ထွက်-ထွက်သွားတဲ့အချိန်မှာ သူ့မှာ ဇနီးတစ်ယောက်နဲ့ ကိုယ်လုပ်တော် ၁၃ ယောက် ရှိခဲ့ပါတယ်…”
ဖန်းရှီယွမ်သည် အမျိုးသမီးများအား နှစ်သက်မြတ်နိုးသော်လည်း တဏှာရာဂလည်း ပြင်းထန်ပေသည်။
မြို့ရှိ နာမည်ကျော်ကြားသည့် အမျိုးသမီးများအားလုံးမှာ သူ၏သားကောင် ဖြစ်လာခဲ့ကြလေသည်။
သူသည် ၎င်းတို့အား ဖိအားမပေးခဲ့သလို အရှက်လည်း မခွဲခဲ့ပေ။ သူသည် အမျိုးသမီးများအားလုံးကို သူ၏ကိုယ်လုပ်တော်အဖြစ် လိုလိုချင်ချင် ဖြစ်လာကြစေရန် သူ၏ကိုယ်ပိုင်ပါရမီနှင့် ပုံပန်းသွင်ပြင်အပေါ်ကိုသာ မှီခိုခဲ့လေသည်။
ကိုယ်လုပ်တော် ၁၃ ယောက်ထဲတွင် ကုန်သည်များ၏ သမီးလှကညာလေးများ၊ ပင်ကိုယ်စွမ်းရည်ရှိသော ထင်ရှားသည့် ဒေသခံအမျိုးသမီးများနှင့် ကီလိုမီတာထောင်ပေါင်းများစွာအဝေးမှ သူ့ထံလိုက်လာသည့် ကချေသည်များ ရှိကြပေသည်…
သူသည် မိန်းမများအား ထိန်းသိမ်းကြပ်မတ်သည့်နေရာတွင် အလွန်တော်လေ၏။ ဤမိန်းမအမျိုးအစားအားလုံးသည် သူ၏အိမ်တော်၌ အမှန်တကယ် ပျော်မွေ့နေကြလေသည်။
•••••