နွားထီးအိုတစ်ကောင်ထက်ပင် လုံ့လဝီရိယရှိသေးသည်
Vol. 30 Ch. 562
ကိုယ်လုပ်တော် ၁၃ ယောက် ယူပြီးနောက်တွင်လည်း ဖန်းရှီယွမ်သည် သူ၏အနီးတစ်ဝိုက်မှ မိန်းမများအား ဆွဲဆောင်နေခြင်းကို မရပ်တန့်ခဲ့ပေ။
တစ်နှစ်တွင် ကုန်သည်တစ်ယောက်သည် ရွှင်းပြည်နယ်၌ အခြေချရန် သူ၏ဇနီးသည်အား ခေါ်ဆောင်လာခဲ့လေ၏။ ထိုသူ၏ဇနီးဖြစ်သူသည် လှပတင့်တယ်ကာ တွေ့ရန်ခက်ခဲသည့် ထူးခြားသူတစ်ယောက်ဖြစ်လေသည်။
ကုန်သည်သည် ချမ်းသာကြွယ်ဝသည့်မိသားစုမှလာသူဖြစ်၏။ ဇနီးမောင်နှံတို့သည် ထိုအချိန်က ရာဇဝတ်တရားသူကြီးဖြစ်သူ ဖန်းရှီယွမ်အားတွေ့ရန် အခွင့်အရေးရှိခဲ့လေသည်။
ဖန်းရှီယွမ်သည် ကုန်သည်၏ဇနီးအား မြင်မြင်ချင်းပင် ချစ်ခင်စုံမက်သွားလေ၏။
ထိုအချိန်မှစ၍ သူသည် သူမအား အမှတ်မထင်တွေ့ဆုံကာ အကြိမ်ပေါင်းများစွာ သွေးဆောင်ဖြားယောင်းခဲ့လေသည်။ အဆုံးတွင် သူတို့သည် တစ်ညတာအား အတူတကွဖြတ်သန်းခဲ့ကြလေ၏။
ကုန်သည်သည် အမျိုးသမီးအား တစ်စုံတစ်ယောက်ထံမှ ကယ်တင်ထားခြင်းဖြစ်၏။ သူမ၏ ယောက်ျားအား သစ္စာဖောက်ခဲ့ပြီးနောက်တွင် သူမသည် ပြင်းပြင်းထန်ထန်
အပြစ်ရှိစိတ်ခံစားရကာ အိပ်မပျော်၊ စားမဝင်တော့ပဲ သူမကိုယ်သူမ သတ်သေသွားခဲ့လေသည်။
ထိုအမျိုးသမီး သေဆုံးပြီးနောက်မကြာမီတွင် ဖန်းရှီယွမ် နေမကောင်းဖြစ်လေတော့၏။
ရွှင်းပြည်နယ်သို့ ဖုန်းရွှေဆရာတစ်ယောက် ရောက်လာခဲ့လေသည်။ ထိုဆရာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ သူ၏ ဂမ္ဘီရဉာဏ်များမှာ အလွန်အမင်း မှန်ကန်တိကျပေသည်။ သခင်မသည် သူ့အား အပြည့်အဝယုံကြည်ခဲ့ကာ ဖန်းရှီယွမ်ကို မြှုပ်နှံရန်အတွက် ဖုန်းရွှေရတနာမြေအား ရှာပေးရန် ပြောခဲ့လေ၏။
ဖုန်းရွှေဆရာမှ သူမ အနာဂတ်တွင် ချမ်းသာကာ ဩဇာရှိချင်ပါက ဧကရာဇ်ထံမှ သင်ယူကာ သူမ၏ယောက်ျားအား အခြားတစ်စုံတစ်ယောက်
နှင့်အတူ မြှုပ်နှံရန် ပြောလိုက်လေသည်။
သခင်မသည် ရက်စက်လေကာ သူ့အား သဘောတူခဲ့လေ၏။
ရွှင်းပြည်နယ်သည် မြို့တော်နှင့် မဝေးချေ။ နှစ်စဥ်နှစ်တိုင်း လွတ်မြောက်လာသူများနှင့် ဖြတ်သန်းသွားလာကြသူများစွာ ရှိပေသည်။
သူသည် မိသားစုမရှိ၊ မိတ်ဆွေနတ္ထိဖြစ်သည့် အမျိုးသမီးအချို့အား ရှာတွေ့ခဲ့လေသည်။ ညသန်းခေါင်ယံတွင် သူသည် ၎င်းတို့အား တိတ်တဆိတ် သင်္ချိုင်းအုတ်ဂူထဲသို့ ရွှေ့ကာ ချိတ်ပိတ်ခဲ့လေ၏။
“ မြေမြှုပ်တဲ့ အခမ်းအနားပြီးသွားတဲ့နောက် ဖုန်းရွှေဆရာက ပျောက်ကွယ်သွားခဲ့တယ်။
နောက်ပိုင်းမှာ မိသားစုထဲက အမျိုးသမီးအနည်းငယ်က တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုတွေ တွေ့ကြုံခဲ့ကြရတယ်။ သင်္ချိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတာရှိရမယ်လို့ သူတို့ ထင်ခဲ့ကြတာ။ သူတို့ တစ်ယောက်ယောက်ကို သွားကြည့်ခိုင်းခဲ့ပြီးတော့ သင်္ချိုင်းက တော်တော်လေးကို ဆိုးရွားနေတာကို ရှာတွေ့ခဲ့ကြတယ်။ အဲ့ဒီအကြောင်းကို သူတို့ ချက်ချင်းစစ်ဆေးကြည့်ခဲ့ကြပြီးတော့ ယွဲ့မျိုးရိုးနဲ့ ကုန်သည်က သခင်ကြီးကို သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေ ပေးခဲ့ရတာကို သိခဲ့ကြရတယ်။ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ သခင်ကြီး ရှိနေခဲ့တာ…”
လူအိုကြီးအား ကြည့်ရသည်မှာ သနားစဖွယ်ပင်။
“ ကျွန်တော်တို့ အမှန်တရားကို ရှာတွေ့တဲ့အချိန်မှာ အဲဒီကုန်သည်က မလွတ်မြောက်သေးဘူးရယ်။ မိသားစုဝင်တစ်ယောက်မှ မကျန်တော့တဲ့
အထိ ဖန်းမိသားစု ပြိုလဲတာကို မြင်ချင်တယ်လို့ သူ ပြောသွားခဲ့တာ…ဟူး၊ အခုတော့ မိသားစုထဲမှာ သခင်မလေးပဲ ကျန်ပါတော့တယ်” လူအိုကြီးမှ ပြောလိုက်၏။
ထိုကိစ္စအားလည်း ၎င်းတို့ သတင်းပို့ရမည်ဖြစ်သော်လည်း အတော်လေးထူးဆန်းနေသောကြောင့် ထိုကုန်သည်အား စီရင်ချက်ချရန်မှာ ခက်ခဲနေခဲ့လေသည်။
ထို့အပြင် ၎င်းတို့မှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းအကြောင်းအား လူထုထံ ပြောမပြနိုင်ပေ။
သည်းခံရုံမျှသာ တတ်နိုင်ပေသည်။
လူအိုကြီး၏ စကားများအား ကြားပြီးနောက်တွင် ဖန်းမိသားစုဝင်များအတွက် မည်သည့်စာနာသနား
မှုကိုမှ ရှဲ့ချောင် မခံစားရချေ။
ဖန်းမိသားစုသည် ၎င်းတို့ဆုံးရှုံးခဲ့ရသလောက်လူများအား ဆုံးရှုံးရပေလိမ့်မည်။
ဖန်းမိသားစုမှ ဇနီးသည်နှင့် ကိုယ်လုပ်တော်များသည် အပြစ်ကင်းပုံပေါ်သော်လည်း အမှန်တွင်မူ…ကိစ္စရပ်အကြောင်းအား သိကြပေသည်။
“ ဖန်းမိသားစုဝင်ဘယ်နှယောက်လောက် ဒီကိစ္စအကြောင်းကို သိကြလဲ?” သူ၏ ဓားပြားကြီးကို ကိုင်ထားရင်း ရှဲ့ဖင်းကန်း မေးလိုက်၏။
လူအိုကြီး၏ လည်ပင်းထက်တွင် သွေးစတစ်စ ပေါ်ထွက်လာခဲ့လေသည်။ နာကျင်မှုအား ခံစားမိပြီးနောက် သူ အလျင်အမြန် ပြောလိုက်၏။ “ သခင်မနဲ့ ကိုယ်လုပ်တော် ၁၃ ယောက်…သူတို့
တွေ အကုန်လုံး သိကြပါတယ်။ သခင်ကြီးကို သူတို့ အရမ်းချစ်ကြတာမလို့ သူ့ကို မတားခဲ့ကြတာပါ…”
သခင်မနှင့် ကိုယ်လုပ်တော်များအပြင် မိသားစုထဲမှ ပို၍အသက်ကြီးသည့် ကလေးများသည်လည်း ထိုအကြောင်းအား သိကြသည်ဖြစ်၏။
“ ဒါပေမယ့် သခင်မလေးက အဲဒီအကြောင်းကို မသိခဲ့ပါဘူး! သူ-သူမက သခင်မကော၊ ကိုယ်လုပ်တော် ၁၃ ယောက်ကကော မွေးထားတာ မဟုတ်ပါဘူး။ သူမကို အစေခံတစ်ယောက်က မွေးဖွားခဲ့တာပါ။ အဲ-အဲတာကြောင့် သူမက မျက်နှာသာအပေးမခံခဲ့ရပါဘူး။ အဲ့ဒီအချိန်တုန်းက အပြင်လူတွေကလည်း သူမ တည်ရှိနေမှန်း မသိခဲ့ကြပါဘူး…” လူအိုကြီးမှ ထပ်မံပြောလိုက်၏။
“ မျက်နှာသာပေးမခံခဲ့ရတာကို ရှင် ဝမ်းသာသင့်
တယ်။ မဟုတ်ရင် အခုအချိန်မှာ သေသွားတဲ့လူတစ်ယောက် ထပ်ရှိနေလောက်မှာ” ရှဲ့ချောင် သက်ပြင်းချလိုက်သည်။
သေဆုံးသွားခဲ့သည့် လူများမှာ ၃၃ ယောက်ဖြစ်၏။
၎င်းတို့ထဲတွင် ဇနီးသည်၊ ကိုယ်လုပ်တော်များနှင့် ဖန်းမိသားစု၏ ကလေးများ ပါဝင်လေသည်။
ထိုသည်မှာ အတော်လေးကြီးမားသည့် ကိန်းဂဏန်းတစ်ခုပင်။
ဖန်းရှီယွမ် သေဆုံးသွားခဲ့ချိန်၌ သူသည် အတော်လေးငယ်ရွယ်နေဆဲပင်ဖြစ်၏။
သူသည် သေချာပေါက်ပင် ကိုမျိုးအောင်ပင်။ ကိုယ်လုပ်တော်အချို့မှာ သုံးနှစ်အတွင်း ကလေးနှစ်ယောက် မွေးဖွားခဲ့ရသည်တဲ့လား? နွားထီးအိုတစ်ကောင်သည်ပင် သူ့လောက် လုံ့လဝီရီယရှိမည်မဟုတ်ပေ!
ထိုအချိန်တွင် ဖန်းသခင်မလေး၌ ဒေါသအရိပ်အငွေ့များ ထပ်မရှိနေတော့ချေ။ “ ဒီ-ဒီသင်္ချိုင်းပတ်ပတ်လည်က မကောင်းဆိုးဝါးစွမ်းအင်တွေကို ရှင် ပြောင်းလဲပေးနိုင်လား?”
“ အင်း၊ ဒါပေမယ့်…မင်းက ဘယ်လိုပဲဖြစ်ဖြစ် ဖန်းမိသားစုကနေ ဆင်းသက်လာတဲ့ မျိုးဆက်တစ်ယောက်ပဲ။ ဒီမကောင်းဆိုးဝါးစွမ်းအင်က မင်းကို တိုက်ရိုက်ပစ်မှတ်မထားရင်တောင်မှ လွှမ်းမိုးသက်ရောက်မှုတစ်ချို့တော့ ရှိနေဦးမှာပဲ” ရှဲ့ချောင် ပြောလိုက်၏။
ဤဖန်းသခင်မလေး၏ ကံကောင်းခြင်းမှာ အရမ်းတော့မကြီးမားနိုင်ချေ။
ခေါင်းညိတ်ရင်း ဖန်းသခင်မလေး၏ မျက်လုံးများမှာ နီရဲနေလေသည်။ “ ကျွန်မ သိတယ်၊ ကျွန်မက အမြဲတမ်း…တကယ့်ကို ကံမကောင်းခဲ့တာ”
ယခုတွင် ဖန်းမိသားစု၏ စီးပွားရေးမှာ ပျက်သုဥ်းသွားလေပြီဖြစ်ကာ သူမထံ၌ သူမ၏မွေးရပ်မြေ ယုံကျန်းနှင့် အဆက်အသွယ် မရှိတော့ပေ။ သူမသည် သူမအား ထောက်ခံအားပေးသည့် အိမ်တော်ထိန်းအိုကြီးပေါ်တွင်သာ မှီခိုနေရသည့် မိဘမဲ့တစ်ယောက်ပင်။ သူမသည် ၁၇ သို့ ၁၈ နှစ်ဖြစ်ကာ မည်သူမျှ သူမအား ဂရုမစိုက်ကြသေးချေ။
•••••