← Chapters

သေသူအတွက် ငြိမ်းချမ်းမှု၊ ရှင်သူအတွက် ကံကြမ္မာကောင်း

Vol. 30 Ch. 563

သေသူအတွက် ငြိမ်းချမ်းမှု၊ ရှင်သူအတွက် ကံကြမ္မာကောင်း

Vol. 30 Ch. 563

ယခုအချိန်တွင် ဖန်းမိသားစုဝင်အားလုံးမှာ သေဆုံးသွားခဲ့ကြပြီဖြစ်ကာ မည်သူက အပြစ်ကင်းသည်နှင့် မည်သူက သေသင့်သည်ဆိုသည်အား တဝဲလည်လည်တွေးနေရန်မှာ အသုံးမဝင်ချေ။

“ မင်းက သခင်မလေးဖန်းဆိုမှတော့၊ ဒါဆိုရင်…ငါတို့ မကောင်းဆိုးဝါးဝိညာဥ်တွေကို ရှင်းထုတ်ပြီးသွားတဲ့အခါကျ သင်္ချိုင်းကို ဖော်ထုတ်လိုက်ပြီးတော့ နောက်ထပ်မြေမြှုပ်သင်္ဂြိုဟ်ဖို့အတွက် သက်ရှိအာဇာနည်တွေရဲ့ အရိုးတွေကို တူးထုတ်ကြမှာ။ အဲ့တာနဲ့ပတ်သက်ပြီး မင်း သဘောတူလား?” ရှဲ့ချောင် မေးလိုက်၏။

ဖန်းသခင်မလေး တစ်ခဏမျှ ကြက်သေသေသွား

ကာ “ နောက်ထပ် မြေမြှုပ်သင်္ဂြိုဟ်ဖို့? ကျွန်-ကျွန်မတို့ ဒီအတိုင်း မကောင်းဆိုးဝါးဝိညာဥ်တွေကို ရှင်းထုတ်လိုက်လို့ မရဘူးလား?”

ရှဲ့ချောင် သူမအား ခပ်ယဲ့ယဲ့ကြည့်လိုက်ကာ သူမ၏ အကြည့်မှာ တည်ငြိမ်၍ အေးဆေးနေလေသည်။ သူမ ပြောလိုက်၏။ “ တကယ်လို့ တစ်စုံတစ်ယောက်ကို မင်းရဲ့အဖေနဲ့အတူ မြှုပ်နှံခံစေချင်တယ်ဆိုရင် အဲ့ဒီဇနီးသည်နဲ့ ကိုယ်လုပ်တော် ၁၃ ယောက်ကိုသာ နေရာပြောင်းလိုက်။ ဒီသင်္ချိုင်းအုတ်ဂူထဲက အမျိုးသမီးတွေက မင်းအဖေနဲ့ ပက်သက်ဆက်စပ်မနေဘူး၊ ဒီတော့ မင်း ဟိုးအရင်ကတည်းက သူတို့ကို လွှတ်ပေးခဲ့သင့်တာ”

သက်ရှိလူတစ်ယောက် အခြားလူများနှင့် မြုပ်နှံခံရခြင်းမှာ ထုံးစံအတိုင်း သင်္ချိုင်းပိုင်ရှင်၏ ဩဇာတိက္ကမကို ပြသရန်ဖြစ်သည်။

အကယ်၍ ဖုန်းရွှေသာ ကောင်းနေခဲ့ပြီး တစ်စုံတစ်ယောက်၏ အထောက်အထားနှင့် ကံကြမ္မာအား ဖိနှိပ်ချုပ်ထိန်းထားနိုင်ခဲ့ပါက ဖြစ်နိုင်သည်မှာ ၎င်းတို့မှ…သူတို့၏ မျိုးဆက်များထံသို့ ကံကြမ္မာကောင်းများ ယူဆောင်လာပေးနိုင်လောက်သည်ပင်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သောအရာမျိုးမှာ နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်၏ ကံကြမ္မာအား ထိခိုက်နစ်နာစေပေသည်။ ဤနေရာတွင် တစ်စုံတစ်ယောက်သည် ကံကြမ္မာကင်းမဲ့သွားပါက မည်သည့်နေရာတွင် ပုံစံတူအရာအား ပြန်တုံ့ပြန်ရန် သိရှိတော့မည်မဟုတ်ချေ။

“ ဖန်းမိသားစုက သက်ရှိလူတွေ မြှုပ်နှံခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပြီး ဥပဒေကို မထီမဲ့မြင်ပြုခဲ့တယ်။ သူတို့တွေ ပြင်းပြင်းထန်ထန် ခံစားရသင့်တယ်။ ကြိုးကိုင်

ခြယ်လှယ်တဲ့သူက သေပြီဆိုတာကို ကြည့်ခြင်းအားဖြင့် ခံရသူတွေရဲ့ သင်္ချိုင်းအုတ်ဂူတွေကို ကိုယ်တိုင်ကိုယ်ကျရွှေ့ပြောင်းခဲ့တဲ့ မင်းမိဘတွေရဲ့ ကိုယ်စား အပြစ်ကြွေးပြန်ဆပ်ဖို့ မင်း အပြစ်ပေးခံရသင့်တယ်” ကျောက်ရွှမ်ကျင်းမှ အမျိုးသမီးငယ်လေးအား မည်ကဲ့သို့ သနားညှာတာရမည်ကို မသိပဲ အေးစက်စွာ ပြောလိုက်၏။

ဖန်းသခင်မလေး၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။

“ မင်းက ဘယ်သူလဲ…?” ထိုသည်အား ကြားသော် လူအိုကြီးမှာ အနည်းငယ်ထိတ်လန့်နေခဲ့လေသည်။

“ ငါက ရာဇဝတ်မှုဌာနခွဲရဲ့ အရာရှိတစ်ယောက်ပဲ” ကျောက်ရွှမ်ကျင်း အရှက်မဲ့စွာ ပြောလိုက်၏။

သခင်ဖြစ်သူနှင့် အစေခံမှာ မခုခံရဲတော့ချေ။

ရာဇဝတ်မှုဌာနခွဲသည် ကမ္ဘာပေါ်မှ ပြင်းထန်သည့်ပြစ်မှုများအား တာဝန်ယူရသည်ဖြစ်၏။ ထိုသည်မှာ ပုံမှန်အုပ်ချုပ်ရေးရုံးတော်ထက်ပင် ပို၍အင်အားကြီးပေသည်။

ကျောက်ရွှမ်ကျင်းသည် ဖန်းသခင်မလေးအား ပစ်မှတ်မထားချင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ သူမသည် ငယ်ရွယ်ကာ ထိုအချိန်က မည်သည့်အရာကိုမျှ သိရှိဦးမည်မဟုတ်ချေ။ သို့သော်လည်း ဤပုဂ္ဂိုလ်၏ သဘောထားသည် မှန်ကန်မနေပေ။ သူမ၏ဖခင်နှင့်အတူ သက်ရှိလူများ မြှုပ်နှံခံရသည်ကို သူမ သိစဥ်ကတည်းက လူများအား ချက်ချင်း အပြင်သို့ရွှေ့‌ပြောင်းပေးရန် သူမ ပြောခဲ့သင့်သည်။ သို့သော် သူမသည် တုံ့ဆိုင်းနေဆဲပင်။

သူမသည်လည်း ရက်စက်သောလူတစ်ယောက်ပင်။

ဖန်းသခင်မလေးသည် အတော်အတန်စိတ်ထိခိုက်ပုံ ပေါက်နေလေ၏။ “ ကျွန်မက နည်းနည်းလောက် ကြောက်နေခဲ့ရုံပါ…”

ဤနှစ်များတွင် ထိုတာအိုဆရာများမှ ဤသင်္ချိုင်းထဲ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုရှိနေသည်ဟု ပြောခဲ့ဖူးကြလေသည်။ မကောင်းဆိုးဝါးဝိညာဥ်များအား ရှင်းထုတ်ပစ်ရန်မှာ အဆင်ပြေသည်ဟု သူမ တွေးခဲ့သော်လည်း ဤသင်္ချိုင်းကိုတော့…သူမ မရွှေ့နိုင်ချေ။

မည်သို့ပင်ဖြစ်စေ ယခုတော့ သူမ လုပ်ရပေမည်။

“ ဒီသင်္ချိုင်းက ရွှေ့ကို ရွှေ့ရမှာ။ ဒီနေရာက အမှောင်စွမ်းအင်နဲ့ စိုထိုင်းမှုက အရမ်းလေးလံနေတယ်။ မြေအောက်က ခေါင်းတလားတွေက အရင်ကတည်းက ဖျက်ဆီးခံခဲ့ရပြီးလောက်ပြီ။ အရိုးတွေကို ဒီနေရာထက်စာရင် မြေပုံလေးတစ်ခုအဖြစ်ပြောင်းပြီး ရွှေ့လိုက်တာကောင်းမယ်” ဤမိန်းကလေးမှာ ငယ်ရွယ်ကြောင်း ရှဲ့ချောင်မြင်သောကြောင့် နောက်ထပ်စကားလုံးအနည်းငယ်အား ပြောရန် သူမ စိတ်ထဲမထားပါချေ။ 

မှားယွင်းသည်ဟု ခံစားနေရရင်း ဖန်းသခင်မလေး ခေါင်းညိတ်လိုက်၏။

သူမထံတွင် ငွေစအများကြီး မရှိပေ။ အကယ်၍ သူမ သင်္ချိုင်းအား မည်သည့်နေရာကိုဖြစ်ဖြစ် ရွှေ့ပြောင်းနိုင်ခဲ့မည်ဆိုလျှင် အဆင်ပြေလိမ့်မည်ပင်။

သင်္ချိုင်းပိုင်ရှင်၏ မျိုးဆက်မှ သဘောတူလိုက်ပြီဖြစ်လေရာ ရှဲ့ချောင် စတင်၍ ပြင်ဆင်လေတော့သည်။

တည်နေရာအား စစ်ဆေးပြီးနောက်တွင် ရှဲ့ချောင် ကျောက်တုံးအချို့အား ထုတ်ယူလိုက်၏။

ကျောက်တုံးများ၏ အရောင်များမှာ အလုံးစုံတူညီမနေကြချေ။ ၎င်းတို့မှာ မတူညီသည့်နေရာများမှ တွင်းထွက်ပစ္စည်းများဖြစ်သည်။ အရှေ့မြောက်မှ ကျောက်တုံးပြာ၊ အရှေ့တောင်မှ ကျောက်တုံးနီ၊ အနောက်တောင်၊ အနောက်မြောက်နှင့် ဗဟိုဒေသမှ ကျောက်တုံးဖြူ၊ ကျောက်တုံးနက်နှင့် ကျောက်တုံးဝါတို့ပင်။

ဤကျောက်တုံးငါးခုသည် ကမ္ဘာမြေ၏ ဒြပ်စင်ငါးခုဖြစ်၏။ ၎င်းတို့သည် မကောင်းဆိုးဝါးနတ်ဆိုးများအား သတ်နိုင်ကာ သေသူများထံ ငြိမ်းချမ်းမှု ဆောင်ယူပေးပြီး ရှင်သူများထံ

ကံကြမ္မာကောင်းများ ယူဆောင်လာပေးလေသည်။

ထိုအခြင်းအရာပြီးသွားသည့်နောက် ယန်စွမ်းအင်ပြည့်ဝသည့် ယောက်ျားများအား ယင်အနေအထားတွင် မတ်တပ်ရပ်ရန် ရှဲ့ချောင် တောင်းဆိုလိုက်၏။

သင်္ချိုင်းအား သူမ ကြည့်လိုက်ကာ အဆောင်တစ်ခုအား ကိုင်ထားလိုက်ပြီး ဂါထာမန္တရားတစ်ပုဒ်ကို သူမ တတွတ်တွတ်ရွတ်ဆိုလိုက်သည်။

“ နတ်ဘုရားတွေဆီက ကောင်းချီးပေးခံထားရတဲ့ နေရာရှစ်ခုက ကြယ်ငါးလုံး။ သက်ရှည်ကြယ်တွေက ဘယ်ဘက်၊ ပြီးတော့ အဖြူရောင်ကြယ်တွေက ညာဘက်။ သူတို့တွေ အဆင်သင့်ဖြစ်ပြီ၊ ကာကွယ်စောင့်ရှောက်သူကြယ်တွေက သူတို့ကို ဘယ်လိုဒုက္ခမှမရောက်အောင် ရှောင်ဖို့ ကာကွယ်

ပေးလိမ့်မယ်! ငါ့ရဲ့အမိန့်ကို ကြားကြလော့!”

သင်္ချိုင်းဘေးမှ အဖြူရောင်အလံဟောင်းသည် ရုတ်တရက်ပင် လေတိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစဖြစ်သွားလေသည်။

သင်္ချိုင်း၏အထက်၌ လေဆင်နှာမောင်းအသေးစားလေးတစ်ခု ပေါ်လာခဲ့ကာ ရှဲ့ချောင်အား အဝေးသို့ တိုက်ခတ်ပစ်တော့မည့်အတိုင်းပင်။

ဖန်းသခင်မလေး၏ မျက်နှာအမူအရာမှာ ဆိုးရွားနေခဲ့လေသည်။

အရင်ကလာခဲ့ဖူးသည့် ထိုတာအိုဆရာများသည်လည်း ဂါထာမန္တရားများ ရွတ်ဆိုခဲ့ကြ၏။

ရွတ်ဆိုပြီးနောက် သူတို့၏ အနီးတစ်ဝိုက်မှ လေနှင့် ကျောက်တုံးများမှာ တကယ့်ကို လွင့်ထွက်ကုန်ကြသော်လည်း ဤတာအိုဆရာများ လဲကျခြင်း သို့မဟုတ် သွေးအန်ခြင်းမဖြစ်မီအထိ မကြာမြင့်ချေ။ ၎င်းတို့မှာ ဆိုးဝါးသည့် အကျိုးဆက်များအားလည်း အမြဲတမ်း ခံစားကြရပေသည်!

ဒီတာအိုဆရာမလည်း အရင်ကလူတွေနဲ့ တူတူပဲဖြစ်လောက်မှာတော့၊ မဟုတ်ဘူးမလား?!

••••

All Chapters