← Chapters

အရမ်းရုပ်ဆိုးတယ်

Vol. 30 Ch. 564

အရမ်းရုပ်ဆိုးတယ်

Vol. 30 Ch. 564

ဖန်းသခင်မလေးသည် အနောက်၌ပုန်းနေကာ မည်သည်ကိုမျှ မပြောခဲ့ချေ။

အခြားသူများ ဤမြင်ကွင်းအား မြင်ချိန်တွင် ၎င်းတို့၏ အမူအရာများမှာ စိုးရိမ်လာကြလေ

တော့သည်။ အထူးသဖြင့် သူ၏ခြေထောက်များ ချက်ချင်းအားနည်းလာသည်ဟု ခံစားလိုက်ရသည့် လီချင်းယွီပင်။

သို့သော်လည်း အမှန်တကယ်တွင် ၎င်းတို့မြင်ရသည့်အရာမှာ ရှဲ့ချောင် မြင်ရသည်နှင့် ကွဲပြားလေသည်။

သူတို့ လေ၊ ကျောက်တုံးများနှင့် သစ်ရွက်ကြွေများအား မြင်ခဲ့ကြရသည်…

ထိုအချိန်တွင် ရှဲ့ချောင်သည်တော့…

သင်္ချိုင်းထဲမှ တွားသွားထွက်လာသည့် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်အား မြင်လိုက်ရလေ၏…

မကောင်းဆိုးဝါးဝိညာဥ်၏ ဆံပင်မှာ ဖရိုဖရဲဖြစ်နေကာ ၎င်း၏မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့နှုတ်ခမ်းများ၏ အရောင်ကိုသာ ရှဲ့ချောင် မြင်နိုင်လေသည်…သူ၏ခန္ဓာကိုယ်မှာ

ကိုင်းနေကာ စူးရှ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသံတစ်ခုအား သားရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့ ထအော်နေလေသည်။ ရှဲ့ချောင် မတတ်နိုင်ပဲ ခုခံမှုအနည်းငယ်အား ခံစားလိုက်ရ၏။

ဖစ်ရှ်… သူ၏ခန္ဓာကိုယ်မှာ မြေပြင်ထက်သို့ အလုံးစုံပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

သူ၏ပတ်ပတ်လည်မှ ဒြပ်စင်ကျောက်တုံးငါးခုသည် ငါးရောင်ခြယ်ရောင်ခြည်တန်းတစ်ခုအဖြစ် စုစည်းသွားပြီး အငြိုးအတေးကြီးဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်၌ ရောင်ပြန်ဟပ်နေပုံပေါ်ကာ တရှဲရှဲမြည်သံတစ်ခုအား ပြုလုပ်နေလေသည်။

၎င်း၏လည်ပင်းမှာ အနည်းငယ် လိမ်ကောက်သွားလေသည်။

ရှဲ့ချောင် အလွန်ထိတ်လန့်နေသည်မှာ သူမ၏ လက်များပင် တုန်နေလေ၏။

အဲ့တာက ဖန်းရှီယွမ်ပဲ…

အဲ့-အဲတာက…ဖန်းရှီယွမ်?! အဲ့ဒီ အရည်အချင်းရှိပြီးတော့ အရမ်းချောတဲ့ တိုင်းပြည်ရာဇဝတ် တရားသူကြီးလေ?!

ထိုသည်မှာ အလွန်ရုပ်ဆိုးလွန်းလှသဖြင့် ရှဲ့ချောင် မတတ်နိုင်ပဲ ပစ်ပေါက်ချင်လာ၏!

သေချာတာပေါ့၊ ရှဲ့ချောင် ဒီလူက…အငြိုးအတေးကြီးဝိညာဥ်ဆိုတာကို သိကတည်းက သူ့ဝိညာဥ်ရဲ့ ပုံသဏ္ဍာန်က သူအသက်ရှင်နေတုန်းကနဲ့ နည်းနည်းလေးကွဲပြားနေတာ။ ဥပမာအားဖြင့်…သူ့မျက်နှာပေါ်က မည်းနက်နေမှုတွေ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်က စိုစွတ်ပြီး စေးကပ်နေတဲ့ အနံ့ဆိုးတွေ…သူ့ရဲ့ပုံပန်းသွင်ပြင်က ဒီစိမ့်မြေကြောင့် ထိခိုက်ထားတာပဲဖြစ်ရမည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည် ကြည့်ကောင်းခဲ့သောလူတစ်ဦးဟု မည်သူမျှ မပြောနိုင်ကြချေ။

သူမ၏ စိတ်ဝိညာဥ်သည်ပင် သူ့အား စက်ဆုပ်ရွံရှာနေသည်ကိုသာ သူမ ခံစားရ၏။

ဖန်းရှီယွမ်သည် ဖျားနာမှုကြောင့် သေဆုံးခဲ့ရခြင်း ကျိန်းသေပေါက်မဟုတ်ဟု ရှဲ့ချောင် တွေးလိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်က အစိမ်းရောင်နဲ့ အမည်းရောင်စွမ်းအင်တွေကိုကော၊ သူ့ရဲ့ ခရမ်းရင့်ရောင်နှုတ်ခမ်းတွေကိုကော ကြည့်လိုက်ပါဦး။ သူ သေချာပေါက်ကို အဆိပ်ခတ်အသတ်ခံထားရတာပဲ!

ထိုသည်မှာ သူ သေအံ့ဆဲဆဲအချိန်လောက်တွင်ဖြစ်ကာ မည်သူမျှ သတိမပြုမိခဲ့ကြပေ!

ဘယ်သူလုပ်ခဲ့တာလဲ?

ခန့်မှန်းနေရန်ပင် မလိုပါချေ။ ၎င်းမှာ ကျိန်းသေပေါက်ပင် မျိုးရိုးအမည်ယွဲ့နှင့် ထိုကုန်သည်

ဖြစ်၏!

ဇနီးသည် အခိုးခံလိုက်ရသည့် ထိုကုန်သည်အား ရှဲ့ချောင် စာနာသော်လည်း အပြစ်မရှိသူများအား ပါဝင်ပက်သက်စေကာ အမျိုးသမီးများစွာအား သင်္ချိုင်းထဲ၌ အစာရေစာငတ်ပြတ်၍ သေဆုံးစေခဲ့သည်ကို မုန်းတီး၏။

ထိုအခိုက်အတန့်တွင် မကျေမချမ်းမှုနှင့် အခိုးအငွေ့များအား မှုတ်ထုတ်နေသော ဤအော်ဂလီဆန်ဖွယ်ဝိညာဥ်အား ကြည့်နေရင်း သူမ ငိုချင်လာသော်လည်း မျက်ရည်မထွက်ချေ။

သူမ တကယ် ဤအလုပ်ကို လုပ်ရခြင်းအား မကြိုက်ပါချေ!

ရှဲ့ချောင်၏ မျက်နှာထက်တွင် သုန်မှုန်သည့်အသွင်တစ်ခု ရှိနေလေသည်။ မိတ်ကပ်အား ဖြတ်၍ပင် တစ်စုံတစ်ယောက်မှ သူမ၏ လေးနက်မှုအား မြင်နိုင်ပေသည်။

သို့သော်လည်း အခြားသူများ၏ မျက်လုံးထဲတွင်တော့ ဆရာမမော့သည် သူ့အား ရွံရှာစက်ဆုပ်နေခြင်းမဟုတ်ပဲ ကြောက်ရွံ့နေခြင်းပင်။

ဒီသင်္ချိုင်းထဲက အရာတွေက တော်တော့်ကို စွမ်းအားကြီးတာပဲ ဖြစ်ရမယ်!

ရှဲ့ချောင်မှာ သူမ၏မျက်လုံးများ နစ်နာခံစားရမည်ကို ပူပန်နေ၏။ ထိုအခိုက်အတန့်တွင် ပို၍အစွမ်းထက်သည့် အဆောင်အနည်းငယ်အား သူမ ချက်ချင်းထုတ်ယူလိုက်သည်။ ထိုမျှသာမကပဲ ဝါးခြင်းတောင်းထဲမှ ပစ္စည်းများမှာ အမှန်တကယ် ထုတ်ယူခံလိုက်ရကာ သူမ၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဍာန် နေရာချထားလိုက်၏။

ထိုက်ဆွေ့အရိုး၊ အဆီအနှစ် ဆယ့်နှစ်မျိုး၊ မစင်ကြယ်မှုများအား ဖယ်ရှားရန် ခုနစ်မျိုး၊ ရှစ်မျိုးခန့်ရှိသော ဟင်းခတ်အမွှေးအကြိုင်များ၊ အနီဖျော့ဖျော့ကျောက်တုံး၊ တွင်းထွက်ခရစ်စတယ်နှင့် ခွေးသွေး…

အသုံးပြု၍ရနိုင်မည့် အရာအားလုံးအား သူမ ထုတ်ယူလိုက်၏။

သူမအားကြည့်ရသည်မှာ ကြီးမားသည့်ရန်သူတစ်ဦးအား ရင်ဆိုင်နေရသကဲ့သို့ပင်။

“ မင်းရဲ့အနံ့က…အရမ်းမွှေးတာပဲ…” မကောင်းဆိုးဝါးဝိညာဥ်၏ အသံသည် ရှဲ့ချောင်ဆီသို့ တစ်လှမ်းချင်း တွားသွားလာသည်နှင့်အမျှ အက်ကွဲနေလေသည်။

“ အနားကို မလာခဲ့နဲ့!” သူက အရမ်းညစ်ပတ်လွန်းတယ်!

ရှဲ့ချောင် အလျင်အမြန်အော်လိုက်၏။ ထို့နောက် အနီဖျော့ဖျော့ကျောက်စုတ်တံအား ခွေးသွေးဖြင့် ရောမွှေလိုက်ကာ ဘုတ်ခနဲမြည်သံနှင့်အတူ ပစ်ထုတ်လိုက်ပြီး ၎င်း၏မျက်ခုံးများအလယ်သို့ ထိမှန်သွားလေသည်!

အငြိုးအတေးကြီးဝိညာဥ်၏ မျက်ခုံးများအလယ်မှ အခိုးအငွေ့များ ပေါ်ထွက်လာခဲ့လေ၏။

ထိုသည်မှာ မီးတောက်လောင်သည့် အသံနှင့်တူကာ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်နေလေသည်။

ထိုအချိန်တွင် အငြိုးအတေးကြီးဝိညာဥ်၏ ခန္ဓာကိုယ်မှ အစိမ်းရောင်ဖျော်ရည်ကဲ့သို့ ပြည်များ စီးယိုကျနေဆဲပင်ဖြစ်၏။ ၎င်းသည် နည်းနည်းချင်း ရှဲ့ချောင်၏ခြေထောက်ထံသို့ ပျံ့နှံ့လာလေသည်။

ထိုအရာမှာ နီးကပ်သည်ထက် နီးကပ်လာနေခဲ့၏။

ရှဲ့ချောင် ထခုန်မိတော့မလို့ပင်။

ဒီလိုမျိုး ရွံစရာအငြိုးအတေးကြီးဝိညာဥ်မျိုးကို သူမ မုန်းတယ်!

ရှဲ့ချောင် မိုးနှင့်နှင်းအဆောင်အား သူမ ထုတ်နိုင်သည်နှင့်အမျှအမြန် ထုတ်ယူလိုက်၏။ သူမ ယင်ယန်စက်ကွင်းရှစ်ခုအား လက်ညှိုးထိုးကာ အလျင်အမြန်ပင် စတင်၍ရွတ်ဆိုလေတော့သည်။ “ အရှေ့အရပ်က ဘုန်းတော်ကြီးကို မျက်နှာမူပြီးတော့ ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့တယ်။ ငါးမျိုးသော သီးနှံတွေက မျိုးအောင်ကြပြီး မြက်ပင်နဲ့သစ်ပင်တွေက ဖွံ့ဖြိုးဝေဆာကြတယ်…အေးစိမ့်တဲ့လေက ပင်လယ်ကိုခဲစေပြီး…ကျောက်စိမ်းပန်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ ငါ့ရဲ့အမိန့်ကို ကြားနာကြကုန်လော့!”

သူမ စတင်ရွတ်ဆိုလိုက်သည်နှင့် သူမ၏ခြေထောက်အောက်မှ အစိမ်းရောင်ပြည်များသည် ခဲသွားလေ၏။

ရှဲ့ချောင် တစ်ခဏမျှ တုန်ယင်နေခဲ့ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာရခြင်း၏ သက်ပြင်းတစ်ခုအား တိတ်တဆိတ် ချလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သာမန်လူများသည် ဤသည်

အား မမြင်နိုင်ကြပေ…၎င်းတို့သည် ပတ်ဝန်းကျင်က နောက်တစ်ဖန် ပို၍အေးသွားပုံပေါက်သည်ကိုသာ ခံစားလိုက်ကြရ၏။

••••

All Chapters