ထိပ်တန်းအဆင့်တော်ဝင်သွေး
Vol. 30 Ch. 565
၎င်းတို့မှာ အရမ်းအလုပ်ရှုပ်နေပုံပေါ်သည့် ရှဲ့ချောင်အား ကြည့်နေခဲ့ကြသော်လည်း သူမ မည်သည်ကိုမြင်ရသနည်းဆိုသည်ကို မသိကြပေ။
ထိုအချိန်တွင် ၎င်းတို့၏တစ်ဖက်မှ အငြိုးအတေးကြီးဝိညာဥ်သည် ရှဲ့ချောင်၏ လုပ်ဆောင်ချက်များကိုမြင်ကာ သရော်ပြုံးပြုံးလိုက်၏။ “ မင်းမှာ အရည်အချင်းနည်းနည်းရှိတာပဲ…”
ဒီတာအိုဆရာရဲ့ ရနံ့က တကယ့်ကိုထူးဆန်းတယ်။ သူမက အရမ်းငယ်ရွယ်ပြီးတော့ မွှေးတယ်။ သူမရဲ့မျက်နှာက အတုပဲဖြစ်ရမယ်။ သူမရဲ့ ပုံပန်းသဏ္ဍာန်က တကယ့်ကိုကောင်းပြီးတော့
သူမရဲ့ အသွင်အပြင်ကလည်း လှလောက်မှာပဲ…
“ လာပြီး ငါနဲ့အတူလိုက်လာခဲ့။ ငါ သေချာပေါက် မင်းကို အများဆုံး ချစ်မြတ်နိုးပေးပါ့မယ်…” အငြိုးအတေးကြီးဝိညာဥ်သည် သူ၏ ခရမ်းရောင်နှုတ်ခမ်းများအား ဖွင့်ဟလိုက်ကာ ပြောလာခဲ့၏။
“ သောက်ကျိုးနည်းတဲ့မှ ဖယ်စမ်း!” ရှဲ့ချောင် မတတ်နိုင်ပဲ ဆဲလိုက်မိလေသည်။
ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားလေသည်။
ရှဲ့ဖင်းကန်းမှာ မျက်လုံးပြူးသွားလေ၏။
လီချင်းယွီ ခက်ခဲစွာ တံတွေးမျိုချလိုက်သည်။
အငြိုးအတေးကြီးဝိညာဥ်၏ အသံမှာ သူမ၏နားထဲတွင် ပဲ့တင်ထပ်နေကာ အနည်းငယ် ညှို့ယူနေလေသည်။ ရှဲ့ချောင် ချက်ချင်းပင် နှလုံးသားသန့်စင်သည့်ဂါထာအား ရွတ်ဆိုလိုက်၏။
ထို့နောက် ဒင်္ဂါးဓားရှည်တစ်ချောင်းနှင့် စန်းချင်တာအိုခေါင်းလောင်းအား ထုတ်ယူလိုက်သည်။ သူမပါးစပ်မှ မှုတ်လိုက်သည့် လေတစ်ချက်ဖြင့် အဆောင်သည် လေထဲ၌ လောင်ကျွမ်းသွားခဲ့၏။
သူမ စွမ်းအားအရှိဆုံးအဆောင်များအား ထုတ်ယူလိုက်ကာ ထိုးနှက်လိုက်သည်။
လွန်ခဲ့သောတစ်ခဏမျှက အငြိုးအတေးကြီးဝိညာဥ်သည် ပရောပရည်ပြုမူနေဆဲဖြစ်သော်လည်း နောက်တစ်ခဏမျှတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မလိုမုန်းထားဖြစ်နေကာ အော်ဟစ်ရင်း မြည်တမ်းနေခဲ့လေသည်!
“ အရှင့်သား၊ လေအသံက နည်းနည်းထူးဆန်းတယ်လို့…အရှင့်သား မထင်ဘူးလား?” ထိုအခြင်းအရာမှာ အတော်လေးထူးဆန်းကြောင်းအား ရှဲ့ဖင်းကန်း ရှာတွေ့နေဆဲပင်။
ဤကဲ့သို့သောမြင်ကွင်းမျိုးအား သူ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ!
“ ဆရာမမော့ ကြားရတာက လေရဲ့အသံ မဟုတ်လောက်ဘူး” ကျောက်ရွှမ်ကျင်း၏ မျက်ဝန်းများမှာ အတော်လေးနက်ရှိုင်းနေခဲ့ကာ ၎င်းမျက်ဝန်းများထဲတွင် နှလုံးသားနာကျင်မှုအနည်းငယ်လည်း ရှိနေခဲ့လေသည်။
ရှဲ့ချောင်သည် ငယ်ရွယ်သည့်အချိန်ကတည်းက ဆရာသခင်တစ်ယောက်ဖြစ်လာသည်ပင်။ အခြားတာအိုဆရာများ မလုပ်နိုင်သည့်အရာများအား လုပ်နေခြင်းမှာ အံ့ချီးဖွယ်ဖြစ်သည်ဟု ထင်ရသော်လည်း ဆင်းရဲဒုက္ခများအား အခြားသူများက မည်ကဲ့သို့သိနိုင်ပါအံ့နည်း?
မကောင်းဆိုးဝါးဝိညာဥ်များအား မြင်နိုင်သည်မှာ ဆိုးရွားလှသည့်အရာတစ်ခုပင်။
ယခင်က သူ ယွီရွှီဘုရားကျောင်းသို့ သွားခဲ့စဥ်က သူ၏မျက်ခွံများထက်၌ နွားမျက်ရည်များအား တင်ခဲ့ဖူးလေသည်။ သူသည်လည်း မကောင်းဆိုးဝါးဝိညာဥ်များအား တစ်ကြိမ်
တစ်ခါ မြင်နိုင်ခဲ့၏။ သူ အမှန်တကယ်ပင်…၎င်းတို့အား ထပ်မမြင်ချင်တော့ပါချေ။
အချို့သော မကောင်းဆိုးဝါးဝိညာဥ်များသည် သက်ရှိလူများနှင့် ဆင်တူကြသော်လည်း ၎င်းတို့အများစုသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ပုံစံများရှိကြကာ ကိုင်တွယ်ပြုပြင်ရခက်သည့် ပင်ကိုစရိုက်များ ရှိကြလေ၏။ ၎င်းတို့သည် သဲလွန်စတစ်ခုမရှိပဲ လာရောက်ကာ သွားတတ်ကြပြီး သူ၏မျက်လုံးများရှေ့၌ ရုတ်တရက် ပေါ်လာတတ်ကြလေသည်။ ဖော်ထုတ်ပြသသည့်အရာမှာ ၎င်းတို့၏မျက်နှာဖြစ်လိမ့်မည်မဟုတ်ပဲ အတွင်းကလီစာအင်္ဂါများလည်း ဖြစ်နိုင်ပေသည်။
ဘယ်သူက ဒီလိုမြင်ကွင်းမျိုး နေ့တိုင်းမြင်ရတာကို သည်းခံနိုင်မှာတဲ့လဲ?
“ ကျစ်၊ ဆရာမ၊ ခင်ဗျားက တကယ့်ကို အထင်ကြီးစရာပဲ။ ကျွန်တော့်ရဲ့ အကြီးဆုံးညီမလည်း ဝိညာဥ်တွေကို မြင်နိုင်တယ်ဗျ၊ ဒါပေမယ့် သူ(မ)က ဘာကိုမှ မသိဘူး။ သူ(မ)က ဝိညာဥ်တွေ
ကို အရမ်းကြောက်လို့ ငိုခဲ့တာ” ရှဲ့ဖင်းကန်း အထင်သေးမှုဖြင့် ပြောလိုက်၏။
သို့သော်လည်း သူ စကားပြောပြီးချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရုတ်တရက်ခံစားလိုက်ရလေသည်။
သူ့ခေါင်းအား လှည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားမှ သူ့အား အတိတ်နိမိတ်မကောင်းစွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“ ဆရာမရဲ့အလုပ်ကို မနှောင့်နှေးမိစေဖို့ ကျွန်တော် အများကြီးမပြောတော့ပါဘူး” ရှဲ့ဖင်းကန်းသည် မည်သည့်အချိန်၌ ပါးစပ်ပိတ်ရမည်ကို သိပေသည်။
ယွီရွှီဘုရားကျောင်း၌ တာအိုဆရာပြောခဲ့သည်များအား ကျောက်ရွှမ်ကျင်း စဥ်းစားခဲ့၏။
သူသည် တော်ဝင်မိသားစုဝင်ဖြစ်ကာ သူ့ထံတွင် နဂါးမျိုးဆက်သွေးရှိ၏။ ပုံမှန်စွမ်းအင်တစ်ရှိုက်
သည်ပင် နဂါးသွေးမျိုးဆက်အား ပေးစွမ်းနိုင်ပေသည်။ ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးဝိညာဥ်များသည် ဤနဂါးစွမ်းအင်အား ကြိုက်လည်းကြိုက်ကြသလို ကြောက်လည်းကြောက်ကြလေသည်။
ကြိုက်နှစ်သက်ခြင်းဟူသည်မှာ အကယ်၍ ၎င်းတို့သည် နဂါးစွမ်းအင်အနည်းငယ်အား စုပ်ယူနိုင်ပါက ၎င်းတို့၏ နောင်ဘဝ ပြန်လည်မွေးဖွားခြင်းကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ သားစဥ်မြေးဆက်များ၏ ကံကြမ္မာအား ပြောင်းလဲနိုင်လောက်မည်ဖြစ်သောကြောင့်ပင်။
၎င်းတို့ကြောက်ရွံ့ရခြင်း၏ အကြောင်းအရင်းမှာ နဂါးစွမ်းအင်သည် အလွန်ပေါကြွယ်ဝနေကာ သူ့အား ၎င်းတို့ ကျိန်းသေပေါက် ဝင်မပူးနိုင်ခြင်းကြောင့်ဖြစ်သည်။
သူ၏ဖခင်တွင် လုံလောက်သော နဂါးစွမ်းအင်ရှိသောကြောင့် သူ(ဖခင်)သည် သေချာပေါက်ပင် ဤမကောင်းဆိုးဝါးကောင်များကြောင့် ညစ်ညမ်း
သွားမည်မဟုတ်ချေ။
သူ့အတွက်မူ သူ၏ကိုယ်ပိုင်စွမ်းအင်မှာ ချို့တဲ့နေခြင်းကြောင့် သူသည် ခြွင်းချက်တစ်ခုဖြစ်နေခဲ့လေသည်။ တစ်နည်းအားဖြင့်ပြောရလျှင် မကောင်းဆိုးဝါးဝိညာဥ်များသည် သူ့အနား၌ ရစ်ဝဲ၍တော့ မနေရဲကြပေ…
ထိုအချိန်က တာအိုဆရာသည် အကယ်၍ သူ အန္တရာယ်ကျရောက်ခဲ့ပါက သူ၏လတ်ဆတ်သောသွေးအား အသုံးပြု၍ ကြိုးစားကြည့်နိုင်သည်ဟု ပြောခဲ့၏။ ဤသွေးမျိုးဆက်ထဲတွင်ပါဝင်သည့်စွမ်းအင်သည် အခြားသွေးများထက်တော့ သေချာပေါက် ပို၍သန့်စင်လေသည်။
သူ ယခင်က ဤအရာအား တစ်ကြိမ်ကြိုးစားခဲ့ဖူးသော်လည်း အသုံးမဝင်ခဲ့ချေ။ ယခုတွင်…
ကျောက်ရွှမ်ကျင်း ရှဲ့ချောင်၏ စိုးရိမ်ကြောင့်ကြကာ မထီမဲ့မြင်ပြုသည့်ပုံစံအား ကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ၏ ဓားမြှောင်အား ဆွဲထုတ်
လိုက်ကာ သူ့လက်ကို လှီးလိုက်သည်။
ရှဲ့ချောင် ရုတ်တရက် သူမခေါင်းအား လှည့်လိုက်၏။
ထိပ်တန်းအဆင့်တော်ဝင်သွေးပဲ! အဲ့တာက ခွေးနက်သွေးထက် အများကြီးပိုကောင်းတယ်!
ရှဲ့ချောင်၏ မျက်ဝန်းများ တောက်ပသွားခဲ့၏။
ကြွေပုလင်းတစ်ခုအားယူရန် သူမ လျင်မြန်စွာထိုင်ချလိုက်ပြီး ပစ်ပေးလိုက်သည်။ “ ဘာကိုမှ မဖြုန်းတီးမိစေနဲ့…”
•••••