← Chapters

တောင့်ခံထား!

Vol. 30 Ch. 566

တောင့်ခံထား!

Vol. 30 Ch. 566

ထိုသည်အား ပြောပြီးနောက် ရှဲ့ချောင် တစ်ခဏမျှ ဆွံ့အသွားခဲ့သည်။ ထို့နောက် သူမ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ကာ ချက်ချင်းပင် သူမ၏

ခက်ခဲနက်နဲသည့် ပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွား၏။

သူမကိုယ်သူမ စိတ်ထိန်းလိုက်ကာ ဖြေးညင်းစွာ ပြောလိုက်၏။ “ အဲ့တာကို မဖြုန်းတီးပစ်နဲ့။ ရှင့်သွေးက အဖိုးတန်တယ်။ ဒီမကောင်းဆိုးဝါးဝိညာဥ်ကို တိုက်ခိုက်ဖို့အတွက် သုံးရမှာက ဖြုန်းတီးမှုတစ်ခုပဲ။ ဖ-ဖယ်ထားလိုက်။ မြန်မြန် ဖ-ဖယ်ထားလိုက်လို့…”

အသက်တစ်ရှိုက်အတွင်းတွင် သူမ မွန်းကြပ်ကာ သေလုနီးနီးပင်။

သူမ၏ စကားအား အဆုံးသတ်နေခဲ့ချိန်၌ သူမ အံကြိတ်ထားပြီးဖြစ်၏။

သူမရဲ့ ဆိုးဝါးတဲ့ကျန်းမာရေးနဲ့ဆိုရင် သူမ စိတ်မရှည်ဖြစ်လို့ ဒါမှမဟုတ် ဒေါသထွက်လို့ မရဘူး။

သူမ၏အသက်ရှုခြင်းအား ရှဲ့ချောင် အရှိန်လျှော့ချရန် ကြိုးစားလိုက်၏။

ထို့နောက် သူမ ကျောက်ရွှမ်ကျင်း၏ ဦးတည်ရာထံသို့ ပြုံးပြလိုက်သည်။

ကျောက်ရွှမ်ကျင်း၏လက်မှာ ကြွေပုလင်းအား တုန်ယင်စွာ ကိုင်ထားလျက်ဖြစ်သည်။ သူ၏စိတ်မှာ ရှဲ့ချောင် ယခုလေးတင်ပြောခဲ့သည်နှင့် လုံးလုံးလျားလျား သိမ်းပိုက်ခံထားရ၏။

သူမသည် ရှဲ့ချောင်ပင်၊ တကယ့်ရှဲ့ချောင်အစစ်ဖြစ်၏။

ပညာရှင် မော့ချူးရှန်း၊ လောကကြီးရဲ့ အသိမ်မွေ့အညင်သာဆုံးနဲ့ ချစ်စရာအကောင်းဆုံး ဆရာတူအစ်မ? တကယ်ကို…

သူမသည် ရှဲ့နျိုရှန်း၏ သမီးဖြစ်ပြီး ရှဲ့ဖင်းကန်း၏ တူညီသောမိခင်မှ ညီမဖြစ်နေသည်။ ထိုအခြင်းအရာမှ ကြည့်ရလျှင် ဤအထောက်အထားသည် မှန်ကန်အတိကျဆုံးတစ်ခုဖြစ်သည်ပင်။

ကျောက်ရွှမ်ကျင်း ခပ်ဖျော့ဖျော့ အသက်တစ်ရှိုက်အား ရှုထုတ်လိုက်ကာ သွေးများစီးကျနေသည်ကို ကြည့်ရင်း ကြွေပုလင်းအား သူ၏ဒဏ်ရာထံ ချိန်ရွယ်ထားလိုက်၏။

ရှဲ့ချောင်က…တကယ့်ကို…

မအောင့်အည်းနိုင်တာက ချစ်ဖို့ကောင်းတယ်။

ရှဲ့ချောင်၏ အဆောင်အပုံလိုက်မှာ လုံလုံလောက်လောက် အသုံးဝင်ခဲ့လေသည်။ ထိုအချိန်တွင် မကောင်းဆိုးဝါးဝိညာဥ်သည် အော်ဟစ်မြည်တမ်းနေပြီးဖြစ်ပေသည်။

ရှဲ့ချောင် ကျောက်ရွှမ်ကျင်းရှိနေခဲ့သည့်နေရာသို့ အမြန်သွားလိုက်ကာ မြေကြီးပေါ်မှ သွေးများကို ဝမ်းပန်းတနည်းမျက်နှာထားဖြင့် ကြည့်လိုက်၏။ ထို့နောက် မြေပြင်ထက်မှ သူမ၏ မက်မွန်သားဓားရှည်အား ပြင်းထန်စွာ ပွတ်တိုက်လိုက်ပြီး အနည်းငယ်စွန်းထင်းစေလိုက်သည်။ ထို့နောက်မှ

သာ သူမ စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

ထို့နောက် နောက်ထပ်မန္တန်တစ်ခုအား သူမရွတ်ဆိုလိုက်ကာ မက်မွန်သစ်သားဓားဖြင့် တိုက်ရိုက်ပင် ရိုက်ချလိုက်သည်။

အငြိုးအတေးကြီးဝိညာဥ်မှာ ကွယ်ပျောက်လုနီးပါးပင်။

ရှဲ့ချောင်သည် အလွန်အမင်းအားနည်းလှသောကြောင့် အငြိုးအတေးကြီးဝိညာဥ်အား အလျင်အမြန် သိမ်းလိုက်၏။

သူမ အငြိုးတေးကြီးဝိညာဥ်ကို ပြာတွေအဖြစ် တိုက်ရိုက်တီးထည့်လိုက်နိုင်ပေမယ့်လည်း သူမရဲ့တာဝန်က ဝိညာဥ်တွေကို ပြန်လည်ဝင်စားခြင်းဆီ ပို့ဆောင်ဖို့ ဖမ်းရတာပင်။ အထူးတလည်အခြေအနေအချို့မရှိသရွေ့ ထိုဝိညာဥ်များအား ပျောက်ကွယ်သွားစေရန် သူမ တိုက်ရိုက်လုပ်နိုင်ပေသည်။

ဤအငြိုးအတေးကြီးဝိညာဥ်အတွက် အကျိုးရလဒ်ကမူ…

သူမ ၎င်းအား သန့်စင်ရန် စိတ်အနှောင့်အယှက်မဖြစ်သ၍ အတင်းအကြပ် အဝေးသို့ပို့နိုင်လေသည်။

ငရဲသို့ရောက်သွားချိန်တွင် အငြိုးအတေးကြီးဝိညာဥ်သည် အပြစ်ကင်းသည့်ဝိညာဥ်များစွာအား မကောင်းဆိုးဝါးစွမ်းအင်ဖြင့် စွန်းထင်းစေနိုင်ဆဲဖြစ်ပေသည်…သူ၏ နောင်ဘဝတွင် ပြန်လည်ဝင်စားပါက ဇနီးများနှင့် ကိုယ်လုပ်တော်များစွာရှိရန်မှာ မဖြစ်နိုင်တော့ဟု ရှဲ့ချောင် ခန့်မှန်းလိုက်၏။

ဤအငြိုးအတေးကြီးဝိညာဥ်အား ဖယ်ထုတ်ပြီးလျှင်ပြီးချင်းပင် သင်္ချိုင်းထဲမှ အခြားဝိညာဥ်များမှာ ၎င်းတို့၏ကန့်သတ်ချက်များ ပျောက်ဆုံးသွားပုံပေါ်ကာ ချက်ချင်း ပေါ်လာခဲ့ကြလေသည်။

ရှဲ့ချောင် အလွန် အလုပ်များနေခဲ့၏။

တစ်ကောင်ပြီးတစ်ကောင်အား သူမ အထဲသို့ သယ်ဆောင်ခဲ့ရပေသည်။

ဤမကောင်းဆိုးဝါးဝိညာဥ်များသည် အငြိုးအတေးကြီးဝိညာဥ်များအဖြစ် ဝေဒနာခံစားခဲ့ရသည်အား စိတ်ကုန်နေခဲ့ကြလောက်ပြီဖြစ်သည်။ ၎င်းတို့မှာ နေ့စဥ်နေ့တိုင်း ဆာလောင်ကာ ဘယ်သောအခါမှ စားသောက်ရန် မလုံလောက်ခဲ့ချေ။ ထိုသည်မှာ အလွန်ပင်ပန်းကာ ချက်ချင်း ပြန်လည်ဝင်စားရန် သူတို့ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ဝိညာဥ်တစ်ကောင်သည်ပင် ရှဲ့ချောင်အား ငြင်းဆန်ခြင်းမရှိချေ။

ရှဲ့ချောင်၏ သုံးစွဲခြင်းမှာ တိုးမြင့်နေခဲ့၏။ သူမ တတွတ်တွတ်ရွတ်ဆိုနေစဥ်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မတတ်သာပဲ ချွေးအေးများ ဖုံးလွှမ်းသွားလေသည်။

မကောင်းဆိုးဝါးဝိညာဥ်တွေ အရမ်းများလွန်းတယ်။

ဒါက အရမ်းပင်ပန်းတယ်။

တောင့်ခံထား၊ တောင့်ခံထား။

နောက်ဆုံးသော မကောင်းဆိုးဝါးဝိညာဥ် သူမ၏အိတ်ထဲတွင် ဖမ်းဆီးခံလိုက်ရသည်ကို မြင်ပြီးနောက် စိတ်သက်သာရာရမှု သက်ပြင်းတစ်ရှိုက်အား ရှဲ့ချောင် ပင့်သက်ရှိုက်လိုက်သည်။ “ ကောင်းပြီ၊ အခု လုပ်ဖို့လိုတော့တာက သင်္ချိုင်းကို တူးဖို့ပဲ…”

ဘုတ်။

ရှဲ့ချောင် လဲကျသွား၏။

ရှဲ့ဖင်းကန်း ထိတ်လန့်သွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ဘေးမှ အိမ်ရှေ့စံမင်းသားသည် အမြန်ထွက်သွားပြီးပြီပင်ဖြစ်၏။ သူမ လဲကျသွားချိန်တွင် သူသည် သူမအား ခါးမှ ပင့်မလိုက်လေသည်!

ရှဲ့ဖင်းကန်း ဇဝေဇဝါဖြစ်နေ၏။ ဘာလို့ ဒီဆရာမရဲ့ ခန္ဓာကိုယ်က သူ့ညီမအကြီးဆုံးရဲ့ ခန္ဓာကိုယ်နဲ့ တူနေရတာလဲ? သူ(မ)လည်း အဲ့လိုမျိုး မေ့လဲတတ်တယ်လေ?

အလွန် သနားစရာပင်!

“ ကျို့ဝေ့ကျုံး၊ လူနည်းနည်းလောက်ခေါ်ပြီး သင်္ချိုင်းကိုတူးလိုက်။ အာဇာနည်တွေရဲ့ အရိုးတွေကို သန့်ရှင်းပြီးတော့ ဆရာမမော့ နိုးလာတာကိုစောင့်။ သင်္ချိုင်းရဲ့ ပိုင်ရှင်အနေနဲ့…နေကို ဦးတည်တဲ့ တစ်နေရာရာမှာသာ သူ့ကို မြှုပ်လိုက်” ကျောက်ရွှမ်ကျင်း ညွှန်ကြားလိုက်၏။

ညွှန်ကြားပြီးနောက် သူ ရှဲ့ချောင်အား ချီကာ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်လာခဲ့သည်။

မကြာမီတွင် သူ သူမအား ရထားလုံးအတွင်းသို့ ပြန်ပို့လိုက်၏။ ရထားလုံးမှာ လုံလုံလောက်

လောက်ကြီးမားကာ အနည်းငယ်လှောင်သော်လည်း မိုးရွာနေသည်ဖြစ်သောကြောင့် သူမ အပြင်ဘက်တွင် လှဲမနေနိုင်ပေ။

ရှဲ့ချောင်၏ မိတ်ကပ်မှာ အနည်းငယ် ကွာနေလေသည်။

သူမသည် နှစ်ခြိုက်စွာအိပ်ပျော်နေလေပြီး မိုးခြိမ်းသံသည်ပင် သူမအား မနှိုးနိုင်ချေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖျော့တော့ကာ အားနည်းနေသည်မှာ သူမ သေဆုံးနေသကဲ့သို့ပင်ဖြစ်နေသည်။

•••••

All Chapters