← Chapters

  ခြောက်ပြစ်ကင်းသဲလဲစင်

Vol. 30 Ch. 567

  ခြောက်ပြစ်ကင်းသဲလဲစင်

Vol. 30 Ch. 567

ရှဲ့ချောင်ထံ၌ အသက်ရှုခြင်းပြဿနာရှိလေသည်။ ကျောက်ရွှမ်ကျင်းသည် လွန်ခဲ့သောအချိန်

များကပင် ထိုသည်အား သတိပြုမိခဲ့၏။

သူမသည် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ အမြဲတမ်း အသက်အောင့်ထားပေလိမ့်မည်။ သူမ စတင်ခဲ့သည်အား သူမ အပြီးသတ်ရမည်ဖြစ်၏။ အချိန်တိုင်းပင် သူမ လက်မလျှော့မီအထိ သူမ၏ စွမ်းရည်နှင့် စွမ်းအင်အားလုံးကို ကုန်ခန်းစေလိမ့်မည်ဖြစ်သည်။

သူမသည် ခေါင်းမာသော်လည်း အလွန်ကြင်နာတတ်သောကြောင့် လူများမှာ သူမအား စိတ်မဆိုးနိုင်ကြပေ။

ကျောက်ရွှမ်ကျင်း သူမ၏နဖူးထက်သို့ သူ၏လက်ဖဝါးအား တင်လိုက်၏။

သူမ၌ အဖျားမရှိပေ။ ဒီအတိုင်း ပင်ပန်းနွမ်းနယ်ရုံသာ ဖြစ်နိုင်ပေသည်။

သမားတော်သည် သူမနှင့်အတူ ရှိနေသော်လည်း

ရှဲ့ချောင်အား ဆေးမတိုက်ရဲချေ။ အဆုံးတွင်မူ သူမ၏ ကျန်းမာရေးမှာ ချို့တဲ့နေကာ သူမသည် အခြားဆေးဝါးများအား အသုံးပြုခဲ့ပြီးဖြစ်လေ၏။ အကယ်၍ ဆေး၏ အကျိုးဆက်များသည်သာ မတည့်ကြပါက သူမ ပြဿနာကြီးတက်ပေလိမ့်မည်ပင်။

ထို့အပြင် သူမ၏ အထောက်အထားအား သိုဝှက်ရန် နေ့စဥ်နေ့တိုင်း သူမ အလွန်ခက်ခဲစွာ ကြိုးစားနေခဲ့ရပေ၏။ ယခုအချိန်တွင် သူမ၏မိတ်ကပ်သည် အလွန်ဆိုးရွားနေ‌လေပြီး သူမ ဖော်ထုတ်ခံလိုက်ရမှန်း သိသွားသည့်အခါတွင် စိတ်ဆိုးပေလိမ့်မည်။

ကျောက်ရွှမ်ကျင်း တစ်ခဏမျှတွေးလိုက်ကာ ရထားလုံးအတွင်းပတ်ပတ်လည်အား ကြည့်လိုက်၏။

“ ဆရာမမော့ရဲ့ ဝါးခြင်းတောင်း ဘယ်မှာလဲ?” ကျောက်ရွှမ်ကျင်း မေးလိုက်လေသည်။

မကြာမီတွင် ဝါးခြင်းတောင်း ရောက်ရှိလာခဲ့၏။

အတွင်းရှိ ပစ္စည်းများမှာ အလွန်မလေးလံပဲ ဝါးခြင်းတောင်းအား ကောင်းစွာရက်လုပ်ထားလေသည်။ ၎င်းမှာ ပေါ့ပါးကာ ကြာရှည်အသုံးခံ၏။ အတွင်းရှိ ပစ္စည်းများမှာ ရှုပ်ပွနေကာ အရာရာတိုင်းရှိသော်လည်း ၎င်းတို့ထဲမှ အများစုသည် အဆောင်များ၊ အနီဖျော့ရောင်ကျောက်၊ ပုလင်းများနှင့် ခရားအချို့တို့ဖြစ်လေသည်။

သူ ၎င်းတို့အား ကြုံရာကျပန်းထိလိုက်ခြင်း မဟုတ်သော်လည်း မိတ်ကပ်အတွက် ပစ္စည်းများအား ရှာတွေ့သွားခဲ့သည်။

တစ်ခဏမျှတွေးလိုက်ပြီးနောက် သူ ရှဲ့ချောင်၏ မျက်နှာအား သန့်ရှင်းပေးကာ မော့ချူးရှန်း၏ ရုပ်ဖျက်ခြင်းကို သူမ၏ မျက်နှာထက်တွင် တစ်ချက်ချင်း ရေးဆွဲပေးလိုက်၏။

ထိုသည်မှာ အတော်လေးခက်ခဲသည်ပင်။

ကျောက်ရွှမ်ကျင်း ချွေးပျံနေလေပြီ။

နှစ်နာရီမျှ ရေးဆွဲပြီးနောက် ထိုသည်မှာ ပြီးပြည့်စုံသည်ဟု သူ တွေးလိုက်၏။

…

ရှဲ့ချောင် မေ့လဲသွားချိန်တွင် ရွှင်းပြည်နယ်၏ လမ်းမထက်မှ သူတောင်းစားတစ်ယောက်သည် ရုတ်တရက် ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်လေသည်။

သူသည် နှစ်ပေါင်းများစွာကြာ လမ်းမများထက်၌ လှည့်လည်သွားလာနေခဲ့ကာ သူ မကြာခဏအရောက်ဆုံးနေရာမှာ ဖန်းမိသားစု၏ အိမ်အိုကြီးပင်ဖြစ်သည်။ ယခုအချိန်တွင် အိမ်အိုကြီးမှာ အစားထိုးခံလိုက်ရပြီဖြစ်ကာ ထိုနေရာတွင် ဖန်းမိသားစုဝင်တစ်ဦးတည်းသာ ကျန်ရှိလေတော့သည်…

သူ၏အမည်မှာ ယွဲ့ကျုံရှင်းဖြစ်ကာ သူ၏ဇနီး

သည်မှာ လျိုချောင်နူ ဖြစ်သည်။

အစီအရင်ဖွဲ့စည်းခြင်းအား အသက်သွင်းခဲ့ချိန်တွင် တစ်စုံတစ်ယောက်သည်တော့ အကျိုးဆက်များကို တာဝန်ယူရမည်ဖြစ်၏။ သူ အကျိုးဆက်များအား တာဝန်ယူရပေမည်။

ယခုအချိန်တွင် ဖွဲ့စည်းခြင်းအား ဖျက်ဆီးပြီးဖြစ်ကာ ထိုအခြင်းအရာသည် သဘာဝကျစွာပင် သူ့အပေါ်၌ ရလဒ်ပြောင်းပြန်သက်ရောက်မည်ဖြစ်လေသည်။

သူ အပြစ်ကင်းသူတွေကို ငြိစွန်းစေခဲ့မိမှန်း သိပါတယ်၊ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ ဘယ်သူကများ သူ ဖန်းရှီယွမ်ဆီကနေ ရိုးရိုးအအငြိစွန်းခဲ့ရတာကို မှတ်မိလို့လဲ?!

သူ၏ဇနီးသည် အစကနဦးက အစေခံတစ်ယောက်သာဖြစ်ခဲ့ပြီး သူသည်သာ သူမအား ပြန်ရွေးခဲ့သူဖြစ်သည်။ သူသည်သာ သူ့ဇနီးအား သူမ၏ ဇာတိမြို့မှ အဝေးသို့ ခေါ်ဆောင်ပေးခဲ့သူ

ပင်။ ကနဦးက သူတို့သည် သဟဇာတကျကျ လိုက်ဖက်ညီစွာဖြင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြ၏။ ဖန်းရှီယွမ်သာ သူတို့ကို မခွဲခဲ့လျှင် ယခုအချိန်၌ သူတို့ထံ၌ ကလေးတစ်ယောက်ရှိလိမ့်မည်ပင်…

မည်သို့ပင်ဖြစ်စေ ထိုသည်မှာ လုံလောက်၏။

သူ့မှာ ကိုယ်လုပ်တော်တွေ အများကြီး မရှိဘူးလား? သူ့ဇနီးနဲ့ ကိုယ်လုပ်တော်တွေကို ငရဲသွားရအောင် သူ လုပ်ခဲ့တယ်။

ယွဲ့ကျုံရှင်းမှာ ပါးစပ်အပြည့် သွေးတစ်လုပ်အန်ပြီးနောက် သူ၏ မျက်ဝန်းများအား ထာဝရပိတ်လိုက်လေတော့သည်။

'ကောင်းတဲ့ကံက ကင်းမဲ့နေတယ်၊ သူ့ရဲ့နောက်ဘဝက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ဘယ်သူက သိနိုင်လိမ့်မလဲ? ဖြစ်နိုင်တာက သူ ဝေဒနာခံစားရပြီးတော့ သူ့အပြစ်ကြွေးတွေကို ပြန်ဆပ်ရလောက်ပါတယ်လေ?'

…

ရှဲ့ချောင်သည် အိပ်မောကျနေခဲ့ပြီး အိမ်ရှေ့စံ၏ လူများမှာ သင်္ချိုင်းအား တူးဖော်ခဲ့ကြသည်။

အထဲမှ အရိုးများအားလုံးမှာ သင့်တင့်လျောက်ပတ်လေသည်။ ၎င်းတို့သည် ဆင့်ပုံထားကာ ပြိုကျနေခြင်းမျိုးမရှိသော်လည်း သီးခြားခွဲထုတ်၍ ရနိုင်သေးလေ၏။ ၎င်းတို့မှာ တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခံရကာ ပွတ်တိုက်သန့်ရှင်းခံရလေသည်။

ဖန်းရှီယွမ်အတွက်မူ သူသည် သာမန်ကာလျှံကာ အမြှုပ်ခံရကာ အလွန်အမင်းရိုးစင်းလှသည့် မော်ကွန်းတိုင်တစ်ခုအား သစ်သားဖြင့် ထောင်မတ်ပေးထားလေသည်။

အကြီးအကဲလီသည် သေဆုံးသွားခဲ့သည့် လူအရေအတွက်အား ကြည့်လိုက်ကာ ထိတ်လန့်သွားခဲ့၏။

သူသည် ရှဲ့ချောင် နိုးလာရန်ကိုသာ စိတ်ရှည်ရှည်ဖြင့်သာ စောင့်ဆိုင်းနိုင်ကာ ထိုမှသာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းအတွက် သူ စီစဥ်နိုင်မည်ဖြစ်သည်။

တပ်အစောင့်အရှောက်ပါသော ယာဥ်တန်းသည် ရွှင်းတိုင်းပြည်သို့ အရင်သွားကာ ယာယီအသုဘအိမ်၌ အရိုးများအား သိုလှောင်ထားလေသည်။

ရှဲ့ချောင် တစ်နေ့နှင့်တစ်ည အိပ်ခဲ့၏။ သူမ နိုးလာသည့်အခါ မူးဝေနေလေသည်။ ကံကောင်းထောက်မစွာပင် သူမ လုံးဝဥဿုံ စိတ်လွတ်နေခြင်းမရှိပဲ သူမမျက်နှာအား အမြန် ထိကြည့်လိုက်၏။

သူမ၏ မိတ်ကပ်သည် ရေစိုခံသော်လည်း မိုးရေထဲတွင် အချိန်အကြာကြီး စိမ်နေ၍မရပေ!

ဖြစ်နိုင်တာက…သူ(မ) ဖော်ထုတ်ခံလိုက်ရပြီလား?!

သို့သော်လည်း သူမမျက်နှာအား ထိလိုက်ချိန်တွင် ထူးဆန်းနေလေ၏။ သူမ၏ မိတ်ကပ်မှာ အဆင်ပြေကာ စွန်းထင်းပေကျံနေခြင်း လုံးဝမရှိချေ!

သူမ စစ်ဆေးရန် မှန်အား ကောက်ကိုင်လိုက်ကာ သူမ၏ ထိပ်တန်းမိတ်ကပ်အရည်အချင်းကြောင့် ရှဲ့ချောင် အံ့ဩသွားခဲ့သည်။

ကြည့်ပါဦး၊ ခြောက်ပစ်ကင်းသဲလဲစင်ပဲ!

••••

All Chapters