← Chapters

ကျေးဇူးတင်လက်ဆောင်

Vol. 30 Ch. 568

ကျေးဇူးတင်လက်ဆောင်

Vol. 30 Ch. 568

ရှဲ့ချောင် စိတ်သက်သာရာရမှုသက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ ပတ်ပတ်လည်သို့ ကြည့်လိုက်ကာ တည်းခိုခန်းသို့ ရောက်ရှိနေပြီးဖြစ်မှန်း သိရှိရလိုက်သည်။

သူ(မ) အိပ်ရတာ အရမ်းသက်သောင့်သက်သာတယ်လို့ခံစားရတာ မထူးဆန်းတော့ပါဘူး။

ဆေးကြောပြီးနောက် ရှဲ့ချောင် အောက်ထပ်သို့ ဆင်းလိုက်သည်။

“ကျောက်သခင်လေး၊ အရိုးတွေ ဘယ်မှာလဲ?” သူတို့သည် မြို့တော်၌ မဟုတ်သဖြင့် ရှဲ့ချောင်၏ အခေါ်အဝေါ်မှာ ပြောင်းလဲသွားလေသည်။

သူမမျက်နှာထက်သို့ ကျောက်ရွှမ်ကျင်း၏ အကြည့်များ တစ်ခဏမျှ ကျရောက်သွားခဲ့သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ ပြောလိုက်လေ၏။ “ အသုဘအိမ်မှာ။ သူတို့ကို တစ်ယောက်ယောက် စောင့်ကြည့်ပေးနေတယ်”

ရှဲ့ချောင်၏ စရိုက်အရ အရာအားလုံးကို သူမဘာသာလုပ်ရလိမ့်မည်အား သူ စိုးရိမ်နေခဲ့၏။

အရိုးများအား တူးထုတ်ပြီးဖြစ်လေရာ ၎င်းတို့အား မြှုပ်နှံရန် ဖုန်းရွှေကောင်းသည့် တစ်နေရာ

အား သူမ ရှာရပေလိမ့်မည်ပင်။

လုံလုံလောက်လောက် သေချာစွာပင် ရှဲ့ချောင် ခေါင်းညိမ့်လေ၏။ “ ကျွန်မ ပစ္စည်းတစ်ချို့ဝယ်ပြီး လူတစ်ချို့ကို ငှားလိုက်မယ်။ အသုဘကြီးမဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ အခေါင်းတွေရှိသင့်တာပေါ့”

ရှဲ့ချောင်မှာ သူမ၏ ဖောက်သည်များအတွက် အလွန်အမင်းတာဝန်ရှိလေသည်။

ဤဆာလောင်နေသောဝိညာဥ်များတွင် ပေးစရာငွေစမရှိသော်လည်း ၎င်းတို့သည် ကောင်းသောကံများကိုတော့ ပေးနိုင်ပေလိမ့်မည်။

မြောက်မြားစွာသော အလောင်းများနှင့်ဆိုလျှင် ၎င်းတို့အား အသုဘအိမ်၌ ယာယီထားခဲ့ရန်မှာ အမှန်တကယ် အသင့်တော်ဆုံးပင်ဖြစ်သည်။

ရွှင်းပြည်နယ်သည် အကြီးအကဲလီ၏ ဇာတိမြေဖြစ်၏။ ပြန်ရောက်သည်နှင့် အကြီးအကဲလီသည်

ကိစ္စများအား ရှင်းပြရန် မိသားစုထံသို့ ပြန်သွားခဲ့ကာ လီချင်းယွီနှင့် လူတစ်စုအား ရှဲ့ချောင် အမိန့်ပေးခိုင်းစေရန် ထားခဲ့လိုက်လေသည်။

လီချင်းယွီ ရှဲ့ချောင်အား လေးစားစွာ ကြည့်လိုက်သည်။

သူမ သူ့အား လူများကို အခေါင်းများဝယ်ရန်အတွက် စီစဥ်ပေးရန် တောင်းဆိုလိုက်၏။ သူသည် မည်သည့်စောဒကမှ မတက်ပဲ သဘောတူလိုက်လေသည်။

“ ဆရာမမော့၊ သခင်မလေးဖန်းက မြို့ထဲအထိ ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ပြီးတော့ ဆရာမကို ကျေးဇူးတင်ချင်တယ်လို့ ပြောပါတယ်” လီချင်းယွီ ကျိုးနွံစွာ ပြောလိုက်၏။

“ အိုး” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူမ၏ အဝတ်အစားများအား သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ကာ စားပွဲအရှေ့၌

ထိုင်လိုက်သည်။

ဖန်းသခင်မလေးသည် အလွန်လျင်မြန်စွာ ရောက်လာခဲ့လေသည်။ သူမ ရှဲ့ချောင်အား မြင်လိုက်သောအခါ ချက်ချင်း ရှေ့တိုးသွားလိုက်လေ၏။ ကျေးဇူးတင်ခြင်းများ ပြည့်နှက်နေသည့်မျက်နှာဖြင့် သူမ ပြောလိုက်လေသည်။ “ ဆရာမမော့၊ ကျွန်မ အဖေရဲ့သင်္ချိုင်းနဲ့ပတ်သက်ပြီး တကယ့်ကို ဒုက္ခပေးမိပါပြီ။ စောစောက ဆရာမက အသုံးမကျတဲ့လူတစ်စုလိုမျိုး တခြားဆရာတွေနဲ့တူတူပဲလို့ ထင်လိုက်မိလို့ပါ။ အဲ့တာကြောင့် ဆရာမကို ကျွန်မ အများကြီးစော်ကားမိခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်မတင်ပါနဲ့နော်”

ရှဲ့ချောင် ခေါင်းညိတ်လိုက်ပြီးနောက် အလေးအနက်ပြောလိုက်၏။ “ တခြားဆရာတွေကလည်း ကြင်နာတတ်တဲ့နှလုံးသားနဲ့ လူတွေပါ။ “အသုံးမကျတဲ့လူတွေ”ဆိုတဲ့အသုံးအနှုန်းက အရမ်းများသွားပြီ”

သင်္ချိုင်းနှင့်ပတ်သက်၍ တစ်ခုခုမှားနေကြောင်း

မြင်နိုင်ခဲ့သည့် အခြားတာအိုဆရာအများစုမှာ စွမ်းရည်အစစ်အမှန်များ ရှိကြသည်ပင်။

ဖန်းမိသားစုသည် ပြိုလဲသွားပြီဖြစ်၏။ ၎င်းတို့ထံတွင် ငွေကော၊ အင်အားပါ မရှိတော့ပေ။ ဖန်းမိသားစုအတွက် ပြဿနာအား ဖြေရှင်းပေးရန် သူတို့ ဆန္ဒရှိခဲ့ကြသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သင်္ချိုင်းသည် အနာဂတ်တွင် ပြဿနာကြီးတစ်ခုဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြသောကြောင့်သာဖြစ်ပေသည်!

သူတို့အားလုံးက ပညာရှင်တွေပဲလေ။ မြင့်မြတ်ခြင်းနဲ့ နိမ့်ကျခြင်းကို သူတို့က ဘယ်လိုလုပ် ခွဲခြားကြမှာလဲ?

ဖန်းသခင်မလေးမှာ တစ်ခဏမျှ ဆွံ့အသွားခဲ့ကာ သူမ၏မျက်နှာမှာ အနည်းငယ်နီသွားခဲ့သည်။ “ ကျွန်မ တောင်းပန်ပါတယ် ဆရာမမော့။ တကယ်တော့ ကျွန်မ သူတို့ရဲ့နာမည်တွေကို စွန်းထင်းစေဖို့ မရည်ရွယ်ပါဘူး။ သူတို့ကြောင့်သာ ဒီနှစ်တွေအကုန်လုံးမှာ ကျွန်မ နောက်ကျောဓားနဲ့ထိုးခံခဲ့ရ

တာ…ဆရာမကိုပဲ ကျေးဇူးတင်ရမှာပါပဲ…”

ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။ “ မင်း ငါ့ကို ကျေးဇူးတင်ဖို့လာခဲ့တာမဟုတ်ဘူးလား?”

သူမ ခပ်မတ်မတ်ထိုင်လိုက်ကာ ကျေးဇူးတင်လက်ဆောင်အား လက်ခံရန် အသင့်ဖြစ်နေပုံပေါ်လေသည်။

ထိုနေရာ၌ မည်သည့်လက်ဆောင်မျှ မရှိသော်လည်း ကိစ္စမရှိပေ။ ချီးကျူးမှုအချို့အား ကြားရသည်ကို သူမ နှစ်သက်၏။

သို့သော်လည်း…သူမ ဤကဲ့သို့သော ချီးကျူးမှုသည် အခြားတစ်စုံတစ်ယောက်၏ ဒုက္ခဝေဒနာအား အခြေတည်သည့် မြှောက်လုံးပင့်လုံးများဆိုလျှင်တော့ တကယ်မကြိုက်ပါချေ။ 

ဖန်းသခင်မလေး၏ မျက်နှာမှာ နီမြန်းသွားခဲ့လေသည်။ “ ကျေးဇူးတင်ပါတယ် ဆရာမမော့။ ကျွန်မရဲ့ မိသားစုက ဆင်းရဲပါတယ်၊ အဲ့တာ

ကြောင့် ဆရာမကို ကျေးဇူးတင်ဖို့ ကျွန်မ ပေးနိုင်တာ ဘာမှမရှိပါဘူး…”

“ ကောင်းပြီလေ၊ အဆင်ပြေပါတယ်” ရှဲ့ချောင်သည် အတိအကျ စိတ်ပျက်သွားခြင်း မဟုတ်ပေ။ ထိုအခြင်းအရာအား သူမ ခန့်မှန်းခဲ့ပြီးဖြစ်သည်။

ဤမိန်းကလေးမှာ စကားအပြောချိုသူဟု သူမ ထင်ခဲ့ခြင်းသာဖြစ်လေသည်။

“ ဆရာမ၊ ဆရာမက ဝိညာဥ်တွေကို ဖ-ဖမ်းနိုင်တယ်ဆိုတော့ ကျွန်မရဲ့ ကံကြမ္မာကို ပြောပြနိုင်မလားဟင်? ကျွန်မရဲ့ ကံကောင်းမှုက မကောင်းဘူး။ ကျွန်မ ဘာကိုပဲလုပ်ပါစေ အဆင်မပြေဘူးရယ်…” ဖန်းသခင်မလေးမှ ထပ်ပြောလိုက်လေသည်။

သူမသည် မငယ်ရွယ်တော့ချေ။ တကယ်လို့ သူမရဲ့ ကံတရားက မပြောင်းလဲဘူးဆိုရင် သူမရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး အပျိုကြီးဖြစ်သွားရမယ်

ဆိုရင် ဘယ်လိုလုပ်မလဲ?

“ ကြိုတင်ပြဠာန်းပြီးသား ကံတရားက လုံးဝပုံသေပဲ၊ ဒါပေမယ့် သိုမှီးကျင့်ယူရမယ့် ကံတရားက မင်းရဲ့လက်ထဲမှာ ရှိသေးတယ်။ ငါ အဲ့တာကို မပြောင်းလဲနိုင်ဘူး။ ကံတရားအတွက်ကတော့…မင်း အပေါ်မှာ မူတည်တယ်” ရှဲ့ချောင် ခေါင်းယမ်းလိုက်၏။

ဘယ်သူကများ ဒီလိုမရေရာတဲ့အရာကို အရမ်းလွယ်လွယ်လေး ဘယ်လိုလုပ်ပြောင်းလဲနိုင်မှာတဲ့လဲ?

တကယ်လို့ သူ(မ) အဲ့တာကို ပြောင်းလဲနိုင်ခဲ့ရင်တောင် သူ(မ) ပေးဆပ်ရမယ့်တန်ဖိုးက သာမန်လူတွေ တတ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဆိုးယုတ်တဲ့တည်ဆောက်ပုံလိုပဲ သူ(မ)လိုချင်တဲ့ ရလဒ်ကို ရဖို့အတွက် တန်ဖိုးကို သူ(မ) ပေးချေရလိမ့်မယ်!

•••••

All Chapters