အကုန်လုံး ကျွန်မအမှားတွေပါ
Vol. 30 Ch. 569
ဖန်းသခင်မလေးသည် အနည်းငယ် မလိုလားပုံဖြင့် သူမ၏ နှုတ်ခမ်းအား ကိုက်လိုက်၏။
“ ဆရာမမော့၊ အခု ကျွန်မမှာ ဘာငွေစမှ မရှိဘူးရယ်။ တကယ်လို့ အနာဂတ်ကျ ကျွန်မမှာ ငွေစရှိလာရင် ကျွန်မ သေချာပေါက် အစားပြန်ပေးပါ့မယ်” ဖန်းသခင်မလေးမှ တောက်လောင်နေသောအကြည့်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
ထိုသည်အား ရှဲ့ချောင်ကြားသော် ပြုံးလိုက်၏။ “ ငါက မင်းရဲ့ ငွေကိုလည်း မလိုအပ်ဘူး။ ဒါကို ဒီလိုလုပ်ကြရအောင် ဖန်းသခင်မလေး၊ မင်းကိုယ်မင်း ဘယ်လိုလူမျိုးလို့ ထင်လဲ?”
ဖန်းသခင်မလေးသည် သူမ၏ဘဝအတွင်းမှ ကံဆိုးမှုသည် ထိုသင်္ချိုင်းကြောင့်ဖြစ်ရမည်ဟု ခံစားနေရခြင်း ဖြစ်မည်ပင်။
ထိုသင်္ချိုင်းသည် တစိတ်တပိုင်း နေရာယူထားလေ၏။
မည်သို့ပင်ဖြစ်စေ သူမ၏ ပင်ကိုယ်စရိုက်မှာ ပို၍အရေးပါသောနေရာမှ ပါဝင်လေသည်။
သူမ၏ မျက်လုံးများအား ဥပမာတစ်ခုအနေနှင့် ယူကြပါအံ့။
မျက်လုံးများသည် ကောင်းကင်မှ နေနှင့်လကဲ့သို့ပင်။ ၎င်းတို့မှာ တောက်ပကာ လှပရမည်ဖြစ်၏။ ၎င်းတို့သည် အဖြူနှင့်အနက်ဖြစ်ကာ စူးရှတောက်ပစွာ လင်းလက်နေခဲ့ကြလေသည်။ မျက်လုံးများမှာ တည့်မတ်နေရမည်ဖြစ်သည်။ ၎င်းတို့သည် အပေါ်တက်နေခြင်း၊ အောက်ကျနေခြင်း၊ စွေစောင်းနေခြင်းမျိုး မဟုတ်ပဲ ဖြောင့်တန်းစွာ ကြည့်သင့်ပေသည်။ ဤသည်မှာ လူတစ်ယောက်အား ငြိမ်းချမ်းစေကာ သူမ၏ ဘဝအား ချောမွေ့စေလေသည်။
ဖန်းသခင်မလေးတွင်လည်း လှပသောမျက်လုံးများရှိ၏။
သို့သော်လည်း သူမ၏ အကြည့်မှာ မသေချာမရေရာပေ။ တက်ကြွမှုအပြည့်နှင့်ဖြစ်သော်ငြား သူမ၏ အကြည့်မှာ လျင်ကာ စူးရှလေသည်။
တခြားလူတွေနဲ့ သူ(မ) အပြန်အလှန်တုံ့ပြန်တဲ့အချိန်မှာ ဒီလိုအကြည့်မျိုးကိုဆက်သုံးပြီး စိုက်ကြည့်နေပြီး သူတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေတတ်တဲ့ သူ(မ)ကို ဘယ်လိုလုပ် သဘောကျကြမှာလဲ?
ထိုကဲ့သို့ပင် သူမသည် မထင်ပေါ်မကျော်ကြားပါက သူမ၏ ကံကောင်းမှုသည်လည်း သဘာဝကျကျပင် ဆိုးဝါးနေလိမ့်မည်ဖြစ်သည်။
ယခုအချိန်တွင် ဖန်းရှီယွမ်၏ သင်္ချိုင်းမှာ ရွှေ့ပြောင်းခံလိုက်ရပြီဖြစ်ကာ အချိန်တခဏမျှ သူမ ကံကောင်းနေနိုင်လိမ့်မည်ပင်။ သို့သော်လည်း သူမ၏ ချို့ယွင်းချက်အရ
သူမ၏ကံ မည်မျှပင် ကောင်းနေပါစေ ထိုအရာအား ဖမ်းဆုပ်ကာကိုင်မထားနိုင်မည်ကို သူမသည် ကြောက်ရွံ့နေခဲ့သည်ဖြစ်၏။
အဆုံးတွင်မူ အရာအားလုံးသည် သူမ၏အမှားများသာဖြစ်သည်ပင်။
ဖန်းသခင်မလေးသည် သူမ၏ပါးစပ်အား ဖွင့်ဟလိုက်ကာ အတွေးတစ်စုံတစ်ရာရှိနေပုံ ပေါ်လေသည်။ သူမအား ကြည့်ရသည်မှာ အနည်းငယ်ရှက်နေပုံပေါ်လေကာ “ ကျွန်မက တကယ့်ကို ကောင်းတဲ့လူတစ်ယောက် မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မ ဆိုးရွားတဲ့ဘယ်အရာကိုမှ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျွန်မ ဘာလို့များ အရမ်းကံမကောင်းဖြစ်နေရတာလဲ? တခြားလူတွေအကုန်လုံးက အဆင်ပြေကြတာကို…”
ရှဲ့ချောင် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး “ တကယ်လို့ မင်း ဒီနေရာကို ငါ့ကို ကျေးဇူးတင်ဖို့အတွက်ပဲ ရောက်နေတာဆိုရင် အခု မင်းပြန်နိုင်ပြီ။ ငါမင်းရဲ့ ကြင်နာမှုကို လက်ခံရရှိခဲ့ပါတယ်”
ဖန်းသခင်မလေး အနည်းငယ်ဆန့်ကျင်လိုက်သည်။ သူမ တစ်ခဏမျှတွေးကာ ပြောလိုက်၏။ “ ဆရာမမော့၊ ကျွန်မ ဆရာမနောက်ကို လိုက်လို့ရမလား? ဆရာမဆီက သင်ယူရတာနဲ့ ဆရာမအတွက် လက်တိုလက်တောင်းလုပ်ပေးရတာ ဝမ်းသာစရာဖြစ်လိမ့်မှာပါ။ ဆရာမ အဆင်ပြေမလားဟင်?”
ရှဲ့ချောင် သူမအား အံ့အားသင့်စွာ ကြည့်လိုက်၏။
‘အဆင်ပြေမလားတဲ့?
‘သေချာပေါက်ကို မပြေဘူးပေါ့’
ရွှေယွဲ့တာအိုဘုရားကျောင်း၌ တပည့်တစ်ဦးတည်းသာ ရှိလေသည်။ ဘုရားကျောင်းမှ ဆရာတူမောင်လေးများမှာ လောကီလောကမှ လူများဖြစ်ရုံမျှသာဖြစ်သည်။ ၎င်းတို့မှာ ဂိုဏ်းတပည့်များဟု ယူဆ၍မရနိုင်ချေ!
အနာဂတ်၌ သူမ တပည့်များ ခေါ်ယူချင်လျှင်ပင် သူမ ၎င်းတို့အား ကြုံရာကျပန်းရွေးချယ်လိုက်၍ မရပေ။ ထပ်ပေါင်းပြောရလျှင် သူမ ၎င်းတို့အား သူမ၏ ကိုယ်ပိုင်စွမ်းရည်များအား ရိုးရိုးရှင်းရှင်း မသင်ကြားပေးနိုင်ချေ။
အခြားသူများအား မပြောပဲ ဖန်းရှီယွမ်၏ သင်္ချိုင်းအား ဥပမာတစ်ခုအဖြစ် ယူကြည့်ပါအံ့။ ထိုဖုန်းရွှေဆရာမှာ အကြံသမားဖြစ်ကာ ရက်စက်သည့်လူတစ်ယောက် ဖြစ်ရမည်ပင်။ ထိုသို့သော စွမ်းရည်များဖြင့် လူပေါင်းမည်မျှအား သူ ထိခိုက်စေခဲ့သနည်းဆိုသည်ကို မည်သူက သိပါမည်နည်း?
ထို့ကြောင့် တပည့်တစ်ယောက်အား ရွေးချယ်ရာတွင် အညတရအလုပ်သင်တစ်ယောက်သာဖြစ်သည်ဆိုလျှင်ပင် ပထမဆုံးလိုအပ်ချက်မှာ သူသည် ကြင်နာကာ ကိုယ်ကျင့်တရားများ ရှိရမည်ပင်။
လီချင်းယွီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဖန်းသခင်မလေးသည် အရမ်းရိုင်းပျမည်
ဟု သူ မထင်ထားခဲ့ပါချေ။
သူ့အဘိုးသည် ရှဲ့ချောင်အား သူ့ဆရာအဖြစ် အသိအမှတ်ပြုစေချင်နေလေသည်!
သို့သော်လည်း ထိုသည်အား သူ မပြောနိုင်မီတွင် ဤသခင်မလေးသည် ရုတ်တရက်ထွက်လာကာ လက်ဦးသွားလေ၏။
ဖန်းသခင်မလေးမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်ကာ သူမ၏ မျက်လုံးများမှာ သံသယဝင်နေလေသည်။ သူမသည် ကြုံရာကျပန်း တစ်စုံတစ်ယောက်အား ဆက်လက်ဝေ့ဝဲကြည့်နေခဲ့လေ၏။
“ မင်း ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုစေချင်တာလား ဒါမှမဟုတ် တခြားတစ်ခုခု လိုချင်တာလား?” ရှဲ့ချောင် တည့်တိုးပြောလိုက်သည်။
“ငါ မင်းရဲ့ ကံကောင်းမှုကို ပြောင်းလဲမှာမဟုတ်ဘူး၊ မင်းကို ငါ့ရဲ့တပည့်အဖြစ် ခေါ်တာပဲဖြစ်ဖြစ် မင်းအတွက် ထိမ်းမြားလက်ထပ်မှုတစ်ခုအထိ စီစ
ဥ်တာမျိုးဖြစ်ဖြစ်ပေါ့။ ဒါက လုံလုံလောက်လောက် ရှင်းရဲ့လား?”
ထိုသည်အား ကြားလိုက်ရချိန်၌ ဖန်းသခင်မလေး၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့လေသည်။ သူမ ချက်ချင်းပင် ခေါင်းထောင်ကာ ကျောက်ရွှမ်ကျင်း၏ ဦးတည်ရာသို့ ကြည့်လိုက်၏။
ထိုအချိန်တွင် ကျောက်ရွှမ်ကျင်းသည် လက်ဖက်ရည်သောက်နေခဲ့လေသည်။
သူသည် သတိပြုမိပုံ မပေါ်ချေ။
ဖန်းသခင်မလေးမှာ အရှက်ရခြင်းအား ခံစားလိုက်ရကာ သူမ၏ မျက်နှာအားကာလျက် ချက်ချင်း ထွက်ပြေးသွားလေသည်။
ရှဲ့ချောင်မှာ တည်ငြိမ်အေးဆေးစွာ ထိုင်နေဆဲဖြစ်၏။ လီချင်းယွီ အနည်းငယ် အံ့ဩသွားခဲ့သည်။ သူ၏ အကြည့်မှာ ဖန်းသခင်မလေး ထွက်သွားရာသို့ အကြိမ်အနည်းငယ်ရွေ့သွားကာ
မတတ်နိုင်ပဲ တံတွေးမျိုချလိုက်၏။
တပည့်တစ်ယောက်ဖြစ်လာခြင်းအား မတွေးရန်မှာ ပိုကောင်းလိမ့်မည်ဟု သူ တွေးလိုက်သည်။
ပထမဦးဆုံးအနေနှင့် မကောင်းဆိုးဝါးဝိညာဥ်များအားဖမ်းသည့် ဤစွမ်းရည်မှာ သူ့အတွက် မသင့်တော်ချေ။ ဒုတိယအနေနှင့် ဆရာမမော့သည် သူ့အကြောင်းအား သိပ်မတွေးလောက်ပေ။
“ ပရောပရည်လုပ်နေခဲ့တာက မင်းပဲ ဖြစ်ရမယ်” ကျောက်ရွှမ်ကျင်းသည် စကားပြောရန် လက်ဦးမှုယူလိုက်ကာ လီချင်းယွီအား မခိုးမခန့်ပြောလိုက်သည်။
လီချင်းယွီ အံ့ဩတကြီး သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်၏။ “ ကျွန်တော်က? သိသိသာသာကို သူ(မ)ပဲကို…”
အရှင့်သားကို ကြည့်ကြပါဦး!
သူ၏စကား လမ်းတစ်ဝက်ရောက်ပြီးနောက် လီချင်းယွီ သူ၏စကားလုံးများအား မြိုချလိုက်သည်။
“ ဟုတ်ပါတယ်၊ အဲ့တာ ကျွန်တော်ပါ။ အစောပိုင်းက ဖန်းသခင်မလေးကို ကျွန်တော်တွေ့တော့ မတတ်နိုင်ပဲ ပြုံးပြလိုက်တယ်။ သူ(မ)က အဲ့တာကို ကျွန်တော့်မှာ သူ(မ)အတွက် ခံစားချက်တွေ ရှိနေတယ်လို့ ထင်သွားတဲ့ပုံပဲ၊ ဒီတော့…ဆရာမမော့ ဒါတွေအကုန်လုံး ကျွန်တော့်အပြစ်ပါပဲ” လီချင်းယွီ တစ်ယောက် ထိခိုက်နစ်နာသည်ဟု ခံစားလိုက်ရ၏။
••••