အဲဒီမှောင်မည်းမည်းအရာက ဘာလဲ။
Vol. 30 Ch. 571
မီးရှို့လူသတ်မှုက လွန်ခဲ့သော ၁၅နှစ်က ဖြစ်ခဲ့ပုံရပြီး လီမိသားစု၏ သားစဉ်မြေးဆက် ကျဆင်းမှုသည်ကား လွန်ခဲ့သော အနှစ် ၂၀ကတည်းက စတင်ခဲ့သည်။
ဒီဘုရားကျောင်းကိုလည်း လွန်ခဲ့သောနှစ်၂၀က တည်ဆောက်ခဲ့ခြင်းပင်။
အနီးနားတွင် ရွာ၊ မြို့များလည်းမရှိသလို တရား၀င်လမ်းများ၊ လူသွားလမ်းများလည်းမရှိ။ ဒီနေရာမှာ ဘုရားကျောင်းရှိတာက အမှန်ပင်
ထူးဆန်းလှသော်လည်း ကြီးကြီးမားမားမဟုတ်ပေ။ တည်နေရာမှာ .. ။
ရှဲ့ချောင် စစ်ဆေးရန် သံလိုက်အိမ်မြှောင်ကို အသုံးပြုလိုက်သည်။
တည်နေရာလည်း မမှန်ပေ။ ဒီအတိုင်း အုတ်ဂူနှင့် တစ်ဖက်တစ်လမ်းဖြစ်နေသည်။ အလွန်တိုက်ဆိုင်လှသည်။
ရှဲ့ချောင် ခြေထောက်ပင့်ကာ လမ်းလျှောက်သွားလိုက်သည်။
အကြီးအကဲလီမှာ ရန်လိုနေပြီး သူ့မြေးနှင့်အတူ ရှေ့တိုးကာ အထူးသဖြင့် ဆရာဟောင်းနှင့်။ သူက သူ့သားကိုသတ်သွားသော လူသတ်သမား
အား ရှာတွေ့သွားသလိုပင်။ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။
ဘုရားကျောင်းက အဝေးတွင်မဟုတ်။
ရှဲ့ချောင် ရောက်သွားတော့ ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ဖင်းကန်းတို့ ရှိနေတာကို တွေ့လိုက်ရသည်။
ဘုရားကျောင်းက အလွန်သေးငယ်လှသည်။ အတွင်းဘက်တွင် နံ့သာပလ္လင်တစ်ခုရှိပြီး အတွင်းခန်းတစ်ခုရှိသည်။ အခန်းအတွင်းဘက်က အနည်းငယ်မှောင်နေပြီး အထဲမှာ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဘုရားဆင်းတုတော်များ ထားရှိထားသည်။
ဘုရားကျောင်းထဲတွင် ပင့်ကူအိမ်များစွာရှိပြီး ဖုန်မှုန့်ကလည်း ထူထပ်လှသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ နဂိုအရောင်ကို မြင်ရဖို့ဆိုတာ မဖြစ်နိုင်လု
နီးနီးပင်။
ဒီနေရာက အလွန်ထူးဆန်းပြီး ဖြတ်သွားဖြတ်လာ ပညာသင်များပင် ဒီကိုမလာရဲကြပေ ..။
"အရှင့်သား ပညာသင်က ဘာလို့ဒီမှာလာပြီးနေတာလဲ အနားမှာ တရား၀င်လမ်း၊ လူသွားလမ်းတွေလည်း မရှိဘူးမလား"
ရှဲ့ချောင် မေးလိုက်သည်။
"ဟုတ်တယ် နှစ်တိုင်း နွေဦးနဲ့ဆောင်းဦးမှာ ကျင်းပတဲ့ နန်းတွင်းစာမေးပွဲအချိန်အတွင်း စာမေးပွဲဖြေဖို့အတွက် မြို့တော်ကိုလာကြတဲ့သူတွေ အများကြီးရှိတယ် တစ်ချို့ ပညာရှင်တွေက လမ်းတွေကိုမမှတ်မိဘဲ မတော်တဆ ဒီလိုနေရာထဲကို လျှောက်လာမိတာတွေရှိတယ် ဒီဘုရား
ကျောင်းထဲမှာနေတာက ချုံတောထဲမှာနေတာထက် ပိုကောင်းတယ် အနည်းဆုံးတော့ သူတို့ကို လေ၊ မိုးကနေ ကာကွယ်ပေးနိုင်တယ်လေ"
ကျောက်ရွှမ်ကျင်း ခဏတွေးတောပြီး ပြောလိုက်သည်။
ခရိုင်လက်ထောက်ဟောင်းက တစ်ခုခုပြောချင်နေပေမယ့် တုံ့ဆိုင်းနေပုံရသည်။
ထိုအရာကို ကျောက်ရွှမ်ကျင်း သတိထားမိသွားသည်။
"ခင်ဗျား တစ်ခုခုပြောစရာရှိတာလား လွတ်လွတ်လပ်လပ် ပြောလို့ရတယ်"
ခရိုင်လက်ထောက်ဟောင်းက စကားမပြောခင်မှာ ခဏ တုံ့ဆိုင်းသွားသည်။
"ဒီအမှုမဖြစ်ခင်မှာ .. လမ်းတွေထဲ လှည့်လည်သွားလာနေတဲ့ သောက်စားမူးယစ်တဲ့ လောင်းကစားသမား တစ်ယောက်ရှိဖူးတယ် သူက မတော်တဆ ဒီနေရာကိုဖြတ်မိပြီး ဘုရားကျောင်းမှာ မိုးကြိုးပစ်ခံထိပြီး သေဆုံးခဲ့ဖူးတယ် ရွာသားတွေ အချိန်အကြာကြီး ရှာပြီးမှ ဒီလူ့အလောင်းကိုတွေ့ခဲ့တာ .. ပြီးတော့ ဒီဘုရားကျောင်းကို ဘုရားရှင်က ကာကွယ်ထားတယ်ဆိုတဲ့ သတင်းတွေလည်းရှိတယ် ကြမ်းတမ်းတဲ့သူတွေ ဒီကိုရောက်လာရင် သေချာပေါက် ကောင်းကင်ဘုံကနေ အပြစ်ပေးတာခံရတယ်တဲ့ အဲဒီအချိန်တုန်းက တကယ်ပဲဝေးတော့ အထဲမှာ ဘုရားကျောင်းစောင့်လည်း မရှိခဲ့ဘူး ဒီဘုရားကျောင်းက အမြဲညစ်ပတ်နေပြီး ရှုပ်ပွနေတာ ပြီးတော့ ဘယ်သူမှမလာကြတော့ဘူး ..
ဘုရားကျောင်းက လူမရှိတော့ပေမယ့် နာမည်ကြီးတုန်းပဲ ပညာသင်အများစုက ခရီးဝေးကိုတောင် ဂရုမစိုက်ဘဲ စိတ်ရင်းနဲ့ ဘုရားကျောင်းမှာ ကောင်းချီးတွေကို လာယူကြတယ် ..."
ခရိုင်လက်ထောင်ဟောင်းက ပြောသည်။
အားလုံး သူပြောချင်တာကို နားလည်ကြသည်။
ဒီဘုရားကျောင်းထဲမှာ ပညာသင်တစ်ချို့သေသွားရတဲ့ အကြောင်းအရင်းနှင့် တခြား ပညာသင်တစ်
ယောက် မြင်ခဲ့တာအရ ဒီမှာ ဘုရားရှင်ကိုယ်တိုင် သူ့ဝိဉာဉ် ပြသတယ်လို့ ယုံကြည်ကြသည်။
သူတို့ လာနေတဲ့အခါ ဆုတောင်းမှုလည်းပြုကြသည်။
သို့သော် ဘုရားကျောင်းက ဝေးလံလှတာကြောင့် ဒီမှာလာပြီး ဆုတောင်းသူများ ရှားလှသည်။ တကယ်လို့ စကားထွက်သွားလျှင် ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။ အများအမြင်မှာတော့ သူတို့က ဖြတ်လျှောက်ကြတယ်လို့သာ ပြောကြလိမ့်မည်။
လီချင်းယွီနှင့် ရှဲ့ဖင်းကန်းတို့လည်း ဒီနေရာအား သေချာရှာဖွေပြီးပြီဖြစ်သည်။
"ကျွန်တော် ဒီလို ပြိုကျနေတဲ့ဘုရားကျောင်းကို
အရင်က မြင်ဖူးတယ် ဘာမှထူးထူးခြားခြားမရှိပါဘူး"
ရှဲ့ဖင်းကန်း ဖုန်မှုန့်အနံ့ရတော့ ရွံမုန်းစွာဖြင့် နှာခေါင်းအား ဖုံးအုပ်ထားလိုက်သည်။
"ကျွန်တော်လည်း မှားယွင်းတာဘာမှမတွေ့ဘူး"
လီချင်းယွီ ခေါင်းခါလိုက်သည်။
ရှဲ့ချောင် ပတ်၀န်းကျင်အားကြည့်ပြီး ဘုရားကျောင်းအပြင်ဘက် ထွက်သွားလိုက်သည်။
သူမ နတ်ဆိုးဝိဉာဉ်များနှင့် တိုက်ခိုက်ရာတွင် အတွေ့အကြုံတစ်ချို့ရှိသည်။ သူမ တခြားလူနေရာကနေ ကိစ္စအား သေချာကြည့်မိသည်။ တကယ်လို့ သူမက မကောင်းသူဖြစ်ပြီး လီမိသားစုအား ပစ်မှတ်ထားချင်တယ်ဆိုရင်တော့ သူမ ..။
ရှဲ့ချောင် လက်နှစ်ဖက်နှင့် ကမ္ဗည်းထိပ်အား ညွှန်
လိုက်ရာ မကောင်းသောအရာအချို့ကို မြင်လိုက်ရသည်။
"အစ်ကို .." ရှဲ့ချောင် သတိလက်လွတ်ဖြင့် ရှဲ့ဖင်းကန်းအား ခေါ်မိတော့မလို့ပင်။ သူမ ပါးစပ်ဟလိုက်တော့မှ သူမသရုပ်မှန်အကြောင်း သတိရသွားသည်။
ပြီးနောက် သူမပြန်ပြောလိုက်သည်။ "သခင်လေး ကျေးဇူးပြုပြီး အရှေ့သွားပြီးကြည့်ပေးပါလား အဲဒီ မှောင်မည်းနေတဲ့အရာက ဘာလဲလို့"
••••