ဘုရားကျောင်း၏ အရှေ့ သို့မဟုတ် အနောက်
Vol. 30 Ch. 570
ရှဲ့ချောင် လီချင်းယွီ၏ မိမိကိုယ်ကို နစ်နာစေသော ဝန်ခံချက်အား နားထောင်ပြီးနောက် ဤယောကျ်ားသည် အရမ်းသူရဲဘောကြောင်သည်
ဟု တွေးလိုက်၏။
“ ရှင် ကျောက်ရွှီကျီးဆီကနေ သင်ယူသင့်တယ်။ အဲ့ဒီလူက ရှင့်ထက်အများကြီးပိုပြီး အလားအလာကောင်းတယ်။ သူက ဘယ်တုန်းကမှ အိမ်ရှေ့စံမင်းသားကို မကြောက်ခဲ့ဘူး” ရှဲ့ချောင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ကျောက်ရွှီကျီး?
လီချင်းယွီ သူ့အား သိသည်။ ထို့အပြင် မင်းသားနင်ပေ့ မြို့တော်သို့ လာခဲ့သည့် နောက်ဆုံးအကြိမ်တွင် သူနှင့် ကျောက်ရွှီကျီးသည် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြ၏။
သူသည် ဤနှစ်နှစ်အတွင်း အပြင်ထွက်ခဲလှသောကြောင့် သူတို့ကြားမှ ဆက်ဆံရေးတိမ်းစောင်းသွားခဲ့ရုံသာ ဖြစ်လေသည်။
ဒါပေမယ့်လည်း ကျောက်ရွှီကျီးနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ? ဆရာမမော့ ဘာကိုဆိုလိုတာ
လဲ?
လီချင်းယွီမှာ အကြံအိုက်သွားပုံ ပေါ်လေသည်။ ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းအား ရွှင်းပြည်နယ်၏ အုပ်ချုပ်ရေးရုံးသို့ တရားဝင်အလုပ်အချို့လုပ်ရန် ခေါ်လာခဲ့လေ၏။
ရှဲ့ချောင်လိုအပ်သည့် ပစ္စည်းများနှင့် ခေါင်းတလားများအား ဝယ်ရန်မှာ လီမိသားစုအတွက် အချိန်သိပ်မကြာလိုက်ပေ။
မြေမြှုပ်သင်္ဂြိုဟ်ရန် တည်နေရာမှာ အရမ်းဝေးကွာရန် မလိုအပ်ချေ။
ရှဲ့ချောင် ရွေးချယ်ခဲ့သည့် ဖုန်းရွှေရတနာမြေမှာ လီမိသားစု၏ ဘိုးဘေးပိုင်သင်္ချိုင်းနှင့် အရမ်းမဝေးပေ။ အနီးတဝိုက်၌ သင်္ချိုင်းအုတ်ဂူမြောက်မြားစွာ ရှိလေသည်။ ယေဘုယျအားဖြင့် ထိုသည်မှာ နေရာကောင်းတစ်ခုပင်။
ထိုနေရာ၌ တောင်များနှင့် မြက်များအား ရိတ်ခြင်း
ကဲ့သို့သော အုတ်ဂူအသစ်များဆောက်လုပ်ရန် ရိုးရာဓလေ့အချို့ ရှိလေသည်။ သို့သော်လည်း ဤနစ်နာသူများ၏ အခြေအနေမှာ အတော်လေးထူးခြားပေသည်။ ဆွေမျိုးများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရာအားလုံးမှာ ရှင်းလင်းလွယ်ကူလေသည်။
ဤလူများအား မြှုပ်နှံပြီးသွားသည့်အခါ လီမိသားစု၏ သင်္ချိုင်းထံသို့ အကြီးအကဲလီ၏ နောက်မှ ရှဲ့ချောင် လိုက်လာခဲ့သည်။
လီမိသားစုသည် အမှန်ပင် မိသားစုကြီးတစ်ခုဖြစ်၏။ ဘိုးဘွားပိုင်သင်္ချိုင်း၏ တည်နေရာမှာလည်း အမှန်ပင် ကြီးကျယ်ခမ်းနားလေသည်။ အနီးအနားတွင် မည်သည့်တောင်မှ မရှိသော်လည်း တစ်စုံတစ်ယောက်သည် မြေပုံမှကြည့်ပါက ထိုအရာသည် တကယ့်ကို တောင်များနှင့် မြစ်များ ဝန်းရံနေသည့် မြေပြင်အနေအထားတွင် ဖြစ်ပေသည်။
ဤထူးကဲသည့်သင်္ချိုင်းသည် ပုံမှန်အားဖြင့်
တောင်များနှင့်မြစ်များ ကန့်လန့်ဖြတ်နေကာ ယင်နှင့်ယန် အတူတကွပေါင်းစပ်နေလေသည်။
အကောင်းဆုံးတစ်ခုတွင် ရေအရင်းအမြစ်တစ်ခုရှိ၏။
လီမိသားစု၏ သင်္ချိုင်းနှင့် မဝေးသည့်နေရာတွင် စမ်းချောင်းတစ်ခု ရှိလေသည်။ တောင်သည် သင်္ချိုင်းအတွက် အရေးပါသော်လည်း ရေသည် သင်္ချိုင်း၏ ကံကြမ္မာအား အဆုံးအဖြတ်ပေးနိုင်လေသည်။
ဤနေရာသည် ရေအား စုစည်းထားကာ လေအား အဝေးသို့ ပိတ်ဆို့ထားလေသည်။ ထိုသည်မှာ နေရာကောင်းတစ်ခုပင်။
ရှဲ့ချောင် ရေအရင်းအမြစ်ဆီသို့ တစ်ချက်လောက်ကြည့်ရန် သွားခဲ့၏။
ရေစီးဆင်းချိန်၌ သန့်ရှင်း၍ တိတ်ဆိတ်ပေသည်။ ထိုနေရာ၌ မည်သည့်ပြဿနာမှ မရှိချေ။
ရေအရင်းအမြစ်မှာ အရမ်းမများသလို အရမ်းလည်းမနည်းပေ။ ၎င်းနေရာ၌ မည်သည့်ဆီချေးနံ့မှ မရှိကာ ရွှံ့လည်း မများသလို အရမ်းချော်နေခြင်းမျိုးပင် မရှိချေ။
“ ဆရာမ?” အကြီးအကဲလီသည် ရှဲ့ချောင်၏ အနောက်မှ လိုက်ပါလာခဲ့သည်။ သူ့အား ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံပင်။
မြေကြီးအား တူးကြည့်ရန် ရှဲ့ချောင် ခေါင်းငုံ့လိုက်၏။ မြေကြီး၏ အရည်အသွေးမှာ မဆိုးရွားပဲ ကျောက်တုံးနှင့် ရွှံ့များ မရှိချေ။ ဤနေရာအတွက် ကောင်းသည့် သင်္ချိုင်းအတွင်းမှ လူတိုင်း၏ မွေးနေ့နှင့် သေနေ့များအားလည်း သူမ ရထား၏။
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။
“ ဒီသင်္ချိုင်းနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမယ့် အထဲက အခေါင်းတွေနဲ့ ပုံစံမမှန်
တာလည်း ဖြစ်နိုင်တယ်” ရှဲ့ချောင်မှာ အနည်းငယ်ဝိရောဓိဖြစ်နေပုံ ပေါ်လေသည်။ “ ကျွန်မ နောက်တစ်ခေါက် ကြည့်ပါရစေ”
ရှဲ့ချောင် စကားပြောနေရင်း ပတ်ပတ်လည်သို့ ကြည့်လိုက်ကာ မြင့်မားသည့်နေရာသို့ လျှောက်သွားလိုက်၏။
အဝေးမှ ရှဲ့ချောင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိသွားခဲ့သည်။
သူမ အကြီးအကဲလီအား ခေါ်လိုက်ကာ အဝေးမှ အနက်ရောင်သဏ္ဍာန်သေးတစ်ခုအား ညွှန်ပြလိုက်၏။ “ အဲ့ဒီနေရာက ဘာများလဲ?”
“ အဲ့တာက ဘုရားကျောင်းပျက်ပါ” အကြီးအကဲလီ ပြောလိုက်၏။ တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ ထပ်ပြောလိုက်သည်။ “ အဲ့တာက မီးရှို့လူသတ်မှုဖြစ်ခဲ့တဲ့ ဘုရားကျောင်းဖြစ်မယ်ထင်တယ်”
ရှဲချောင် စိတ်သက်သာရာရမှုသက်ပြင်းတစ်ချက် ချလိုက်၏။ “ သင်္ချိုင်းတစ်ခုကို ဘုရားကျောင်းရဲ့ ရှေ့ ဒါမှမဟုတ် အနောက်မှာ တည်ဆောက်တာက မသင့်တော်ဘူး။ သေချာပေါက် ကျွန်မတို့တွေ သူတို့ကို ကြီးကြယ်ခမ်းနားတဲ့ပုံစံနဲ့ မြှုပ်လို့မရဘူး။ ဒါက မူလအတိုင်းဆိုရင် ဖုန်းရွှေကောင်းပေမယ့် အဲဒီဘုရားကျောင်းနဲ့ဆိုရင်တော့ အကုန်လုံး မှားယွင်းသွားပြီ”
ထိုသည်မှာ သူတို့ အလောင်းများအား မြှုပ်နှံ၍မရခြင်းမဟုတ်သော်လည်း သူမ ဖုန်းရွှေအား သီးသန့်စီ ကြည့်ရပေမည်။ သူမ၏ သုံးနေကျနည်းလမ်းများအား သုံး၍မရနိုင်ပေ။
“ ဒီဘုရားကျောင်းက ဆောက်ထားတာ နှစ် ၂၀ ကျော်ပြီ၊ ဟုတ်တယ်မလား?” ရှဲချောင် ထပ်မေးလိုက်၏။
အကြီးအကဲလီသည် ဒေသခံအရေးကိစ္စများနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည့် လက်ထောက်အရာရှိအိုတစ်ယောက်အား ချက်ချင်း ခေါ်လိုက်သည်။ “
အဲဒီဘုရားကျောင်းဆောက်ထားတာ ဘယ်လောက်ကြာပြီလဲ?”
သူ၏ မိသားစုသင်္ချိုင်းဆောက်ခဲ့သည့်အချိန်အား သူ မှတ်မိသော်လည်း ထိုနေရာ၌ ဘုရားကျောင်းတစ်ခုပင် မရှိခဲ့ချေ။
“ အဲ့တာက တကယ့်ကို ဆောက်ထားတာ နှစ် ၂၀ ကျော်ပါပြီ၊ ဟုတ်ပါတယ်?” လက်ထောက်အိုကြီးမှ လေးစားစွာပြောလိုက်၏။
ထိုသည်အား အကြီးအကဲလီကြားသော် သူ၏ သူငယ်အိမ်များမှာ အနည်းငယ် တင်းကျပ်သွားကာ “ ဆရာမ ဒီကိစ္စမှာ ကျွန်တော့်မိသားစု သင်္ချိုင်းရဲ့ ပြဿနာက…”
“ ဒီဘုရားကျောင်းက သေချာပေါက်ကို သက်ရောက်မှုတစ်ခုရှိတယ်၊ ဒါပေမယ့် သက်ရောက်မှုက မကြီးမားသင့်ဘူး၊ ဒီတော့…စစ်ဆေးကြည့်ဖို့ လိုအပ်တဲ့ တစ်စုံတစ်ခုရှိနေဦးမယ်လို့ ကျွန်မ ယူဆတယ်” ရှဲ့ချောင် ထပ်ပြော
လိုက်၏။
••••