တူညီသောခြင်းတောင်း။
Vol. 30 Ch. 572
ရှဲ့ဖင်းကန်း ရှေ့တိုးသွားသည်။ သူကအရပ်ရှည်တာကြောင့် သူ့အပေါ်ကပစ္စည်းအား လွယ်ကူစွာ
ဖြင့် ထိတွေ့နိုင်သည်။
"ဖြည်းဖြည်းလုပ်ပါ ကျွန်မအတွက် နည်းနည်းလေး ထက်တယ်လို့ထင်တယ် လက်မပြတ်မိစေနဲ့"
ရှဲ့ချောင် ထပ်ပြောလိုက်သည်။
ရှဲ့ဖင်းကန်း တစ်ဖက်လှည့်ပြီး သူမကို ထူးဆန်းစွာဖြင့်ကြည့်လိုက်သည်။
ဒီဆရာမလေးက နည်းနည်းလေးနူးညံ့နေတာမဟုတ်ဘူးလား။
"ကျွန်တော်က ရွှံ့နဲ့လုပ်ထားတာမဟုတ်ပါဘူး ဘယ်လိုလုပ် ကျွန်တော့်လက်က လွယ်လွယ်နဲ့
ပြတ်မှာလဲ"
ဒီဆရာမလေးက နူးညံ့ပေမယ့် သူမက သူ့ကို အထင်သေးစွာကြည့်နေလိုပင်။
သူက ယောကျာ်းတစ်ယောက်ဖြစ်သည်။ သူက နူးညံ့နေလို့လား။
သူက လေတိုက်ရင် လွင့်သွားနိုင်တဲ့ သူ့ညီမလေးလိုမဟုတ်ပါ။
ရှဲ့ချောင် နှုတ်ခမ်းအားစေ့ထားလိုက်သည်။
လီချင်းယွီ နှလုံးခုန်မြန်နေသည်။ သူ အိမ်ရှေ့စံမင်းသားအား ကြည့်လိုက်သည်။
ကျစ် ဒီမှာပါ၀င်တဲ့ခံစားချက်တွေက ရှုပ်ထွေးလှသည်။ အိမ်ရှေ့စံမင်းသားက ဆရာမမော့အပေါ် အလွန်ကြင်နာနူးညံ့လှသည်။ သို့ပေမယ့် ဆရာမမော့က ရှဲ့ဖင်းကန်းအား မတူညီစွာဖြင့် ဆက်ဆံနေတယ်လို့ ထင်ရသည်။ ထိုအကြည့်အား ကြည့်လျှင် သူမ အလွန်စိုးရိမ်နေတာတွေ့ရသည်။
အရှင့်သား မမြင်လိုက်တာ နှမြောစရာပဲ မဟုတ်ရင် သူ သ၀န်နေမှာပဲ ဟုတ်တယ်မလား။
ရှဲ့ဖင်းကန်း ထိုအရာအားထိတွေ့ပြီး နှစ်ကြိမ်ကိုင်လိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ကာ "သံနဲ့ပြုလုပ်ထားတဲ့ ထက်မြက်တဲ့လက်နက်တစ်ခုပဲ သံချေးတစ်ချို့လည်း ရှိနေတယ်"
ရှဲ့ဖင်းကန်း လက်အားဖုန်ခါလိုက်သည်။ သံချေးများစွာ ကပ်ညှိနေ၏။
"ထက်မြက်တဲ့လက်နက်သုံးခု .. ရိုးရှင်းတယ်ထင်ရပေမယ့် လက်တွေ့မှာတော့ ဒီဘုရားကျောင်းနဲ့ ပေါင်းလိုက်ရင် အဲဒီက သင်္ချိုင်းနဲ့ မျက်နှာချင်းဆိုင်နေတော့ မကောင်းတဲ့ ဓါးသုံးချောင်းနဲ့တူတယ် ပြီးတော့ ဒီဘုရားကျောင်းကိုတည်ဆောက်ထားတာ နှစ်၂၀ကျော်တာတောင် သံချေးတစ်လွှာပဲရှိတယ် ချွန်ထက်တဲ့လက်နက်တစ်ခုလုံး ကြေမွသွားခြင်းလည်းမရှိဘူး ဒီအရာက မကောင်းမှုကိရိယာတစ်ခုခုပဲ ဒါကို ရှေးအလောင်းတွေထဲ မြှုပ်ထားလို့ မကောင်းမှုစွမ်းအင် ရှိနေတာပဲဖြစ်ရမယ်"
ရှဲ့ချောင် ပြောလိုက်သည်။
ဘုရားရှေ့မှာ လှူထားသော တရားဓမ္မ တူရိယာတွေအတိုင်းပင်။
သက်ရောက်မှု တစ်ခုလုံးက ပြောင်းပြန်ပင်။
ရှဲ့ချောင် ပြောလိုက်တော့ အကြီးအကဲလီက ချက်ချင်း ကြက်သီးထသွားသည်။
သူက ဒီလိုမျိုး ပြဿနာကြီးကြီးမားမားဖြစ်စေခဲ့ပြီး သူ့သားတစ်၀က်လောက် သေသွားစေတဲ့အထိ အရင်က ဘယ်သူ့ကိုမှ စိတ်ကွက်စေမိခဲ့လဲလို့ ဆက်တိုက် တွေးတောနေမိသည်။
ရှဲ့ချောင် အဆောင်တစ်ခုထုတ်ပြီး ရှဲ့ဖင်းကန်းအား ပေးလိုက်၏။
"ကျေးဇူးပါ ရှဲ့သခင်လေး ကျေးဇူးပြုပြီး ဒါကိုဖြဲစုတ်ပေးပါ ပြီးရင် ကျွန်မ ပြန်ယူသွားပြီး ကံဆိုးမှုကို ဖြေရှင်းပေးမယ် မဟုတ်ရင် ကျွန်မ ဘယ်နေရာမှာပဲ ထားထား ကောင်းမှာမဟုတ်ဘူး"
သူမရဲ့စွမ်းအင်က အားနည်းတာကြောင့် တစ်ယောက်တည်းမလုပ်နိုင်ပေ။
ရှဲ့ဖင်းကန်းကတော့ တည့်တိုးသမားပင်။ သူ ချက်ချင်း အပေါ်က အလင်းတန်းအား တိုက်ရိုက်ဖယ်ရှားလိုက်သည်။
ရှဲ့ချောင် အပုပ်နံ့အားရလိုက်သည်။
သူမနှာခေါင်းအား ပွတ်သပ်လိုက်သော်လည်း မှားယွင်းနေသည်အား သူမ မတွေ့ရပေ။ ထပ်ပြောရမယ်ဆိုလျှင် သူမ ဒီဘုရားကျောင်းထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်များအား မတွေ့ပေ.. ။
ဒါဆို ဒီအနံ့က ဘယ်ကလာတာလဲ။
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်မကို ခွေးတစ်ကောင်လောက် ရှာပေးလို့ရမလား ခွေးနက်ဆို အကောင်းဆုံးပဲ"
သူမနှာခေါင်းက သာမန်လူတွေထက် နည်းနည်းလေးပဲ ပိုပြီးဆတ်ဆတ်ထိမခံတာဖြစ်သည်။ သို့ပေမယ့် ခွေးလောက်တော့မဟုတ်ပါ။
ကျောက်ရွှမ်ကျင်းချက်ချင်း ကျို့ဝေ့ကျုံးအား မြင်းယူပြီး သွားရှာခိုင်းလိုက်သည်။
အနီးနားတွင် ရွာမရှိသော်လည်း မြင်းစီးသွားလျှင်တော့ လူတွေမြင်ရဖို့ မကြာလိုက်။ ထို့ကြောင့် နာရီဝက်အတွင်း ကျို့ဝေ့ကျုံး ခွေးတစ်ကောင်နှင့်
အတူ ပြန်ရောက်လာသည် .. ထိုခွေးက လေး၊ ငါးလလောက်ရှိပြီဖြစ်သည်။
"ကျွန်တော် တခြားခွေးနက်ကိုရှာမတွေ့ခဲ့ဘူး ဒီတစ်ကောင်ပဲတွေ့ခဲ့တယ် နည်းနည်းသေးပေမယ့် ဆရာမမော့က သွေးယူဖို့အတွက် သုံးမှာဆိုတော့ ကွဲပြားမှုရှိမှာမဟုတ်ဘူးလို့ တွေးမိလို့ပါ"
ကျို့ဝေ့ကျုံး ရှက်မိသည်။
ရှဲ့ချောင် နှာမှုတ်လိုက်၏။
ခွေးက ချစ်စရာကောင်းတာကို .. သူမ သွေးခမ်းအောင် ယူမယ်လို့ ဘယ်သူပြောလို့လဲ။
သူမက ဒီအတိုင်း ခွေးနက်များအား သဘောကျ
လို့ဖြစ်သည်။ ဒုစရိုက်ကို ပယ်ရှားရန်သာ။
ရှဲ့ချောင် ခွေးကို မြင်းပေါ်ကချီလိုက်သည်။ ကျို့ဝေ့ကျုံးက အမြန်မောင်းနှင်လာတာကြောင့် ခွေးက အနည်းငယ်ရှုပ်ထွေးနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ ဖြစ်နိုင်သည်။
သနားစရာပင်။
ရှဲ့ချောင် ခွေးအားချပေးပြီး သူမ၏ ဝါးခြင်းတောင်းထဲက ခေါက်ဆွဲတစ်ဖဲ့အား ထုတ်ယူလိုက်သည်။
"ဆရာမမော့ရဲ့ ဝါးခြင်းတောင်းထဲမှာ ဘာလို့အားလုံးရှိနေတာလဲ .."
ကျို့ဝေ့ကျုံး ဝါးခြင်းတောင်းအားကြည့်ပြီး ရုတ်တရက် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ပြီးတော့ .. အမတအရှင်ရှဲ့မှာလည်း ဒီလိုမျိုး တူညီတဲ့ခြင်းတောင်း ရှိသလိုပဲ .."
•••••