← Chapters

ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်။ 

Vol. 30 Ch. 573

ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်။ 

Vol. 30 Ch. 573

တစ်ခါတစ်လေ သူ ဆရာမမော့နှင့် အမတအရှင်ရှဲ့တို့ကို မခွဲခြားနိုင်မှန်း ကျို့ဝေ့ကျုံး နားလည်မိသည်။ 

လူနှစ်ယောက်၏ အပြုအမူတွေက အလွန်ဆင်တူလှသည်။ 

သို့ပေမယ့် နှစ်ယောက်လုံးက တာအိုကျင့်ကြံခြင်းအား လေ့လာခဲ့ကြပြီး တာအိုကျင့်ကြံသူ ဘုရားကျောင်းတစ်ခုတည်းကဖြစ်တာကြောင့် သူတို့ ဆင်တူနေတာ ဖြစ်နိုင်သည်။ 

"သခင်မလေးရှဲ့ရဲ့ ခြင်းတောင်းက ကျွန်မ ပေးခဲ့တာ ပြဿနာရှိလို့လား" မော့ချူးရှန်း တည်ငြိမ်စွာပင် ခပ်ဖွဖွပြောလိုက်သည်။

"ခြင်းတောင်းထဲက ပစ္စည်းတွေလည်း တော်တော်များများတူတယ် .. သူတို့ကို မနက်တိုင်း ပြောင်း‌ပေးရတယ်" 

အဆောင်၊ ဟင်းရိုင်းနှင့် တခြားလိုအပ်တာမျိုးစုံရှိရပြီး လက်ဝါးကပ်တိုင်နှင့် ကာကွယ်ပေးနိုင်သော ဆေးအထိပါရှိသည်။ 

ပြောင်းလဲပေးရမည့် ပစ္စည်းများက တစ်ချို့ အ‌ထွေထွေများနှင့် လေးလံသော ပစ္စည်းတစ်ချို့ဖြစ်သည်။ 

‌ဟောကိန်းထုတ်ရန် မနက်တိုင်းအိပ်ရာထပြီးနောက် ဘယ်လိုပစ္စည်းတွေ ယူသွားရမလဲဆိုတာ သိနိုင်သည်။ 

ထို့အပြင် သူမ၏ ဝါးခြင်းတောင်းသည် လေးလံတယ်လို့ထင်ရပေမယ့် ပစ္စည်းများက နူးညံ့ပြီးပေါ့ပါးသည်။ ပြီးနောက် အောက်ခြေ‌တွင် တိုက်မိခြင်းအားခံနိုင်သော ပျော့ပျောင်းသော ပျဉ်ချပ်လေးတစ်ခုရှိသည်။ သူမ မသယ်နိုင်လျှင် ကြမ်းပြင်ထက် ဆွဲသွားနိုင်သော်လည်း ကြောက်စရာကောင်းနိုင်သည်။ 

ကျို့ဝေ့ကျုံး အပြောခံရပြီးနောက် ချက်ချင်း

ပါးစပ်ပိတ်လိုက်သည်။ 

ဆရာမလေးမော့၏ စိတ်အခြေအနေက အမတအရှင်ရှဲ့ထက် ပိုဆိုးသည်။ 

ရှဲ့ချောင် ခွေးနက်လေး၏ ခေါင်းအားထိတွေ့လိုက်သည်။ ထိုအခါ တုန်လှုပ်နေသော ခွေးလေးမှာ ငြိမ်သွားပြီး နာခံစွာဖြင့်စားလိုက်သည်။ 

"အခု မင်းဗိုက်ပြည့်ပြီဆိုတော့ ငါ့အတွက် တစ်ခုရှာပေး .."

ရှဲ့ချောင် ရေရွတ်လိုက်သည်။ 

ရှဲ့ဖင်းကန်း မျက်လုံးများကတော့ မယုံကြည်နိုင်ဟန်ဖြင့်။ 

ဒီဆရာမလေးက နည်းလမ်းတိုင်းတွင် တော်လှသည်။ သူမက ကြောက်စရာကောင်းသော ထူးဆန်းသောစကားများလည်းပြောသည်။ 

ဒီခွေးက တိရစ္ဆာန်‌တစ်ကောင်ဖြစ်သည်။ သူက လူစကားနားလည်နိုင်လို့လား။ 

ဤမြင်ကွင်းမှာ တိတ်ဆိတ်ပြီး သဟဇာတဖြစ်နေသည်။ 

အားလုံးက လိုက်နာစွာဖြင့် နေရာတစ်နေရာအား ရှာတွေ့သွားပြီး ထိုင်စောင့်နေလိုက်သည်။ 

ထိုအချိန်တွင် ရှဲ့ဖင်းကန်း ထိုသံလက်နက်သုံးခုအား ဖယ်လိုက်သည်။ 

ရှဲ့ချောင် ပစ္စည်းများအား ခွေးနက်နှာခေါင်းရှေ့တွင် ထားပေးပြီး "သွားပြီး ဆင်တူတဲ့ အနံ့ကိုရှာလာခဲ့ပေး .." 

ခွေးနက်က ရှဲ့ချောင်လက်ထဲကနေ သူ့ကိုယ်သူ ပွတ်သပ်ပြီး အနံ့ခံကြည့်သည်။ 

လီချင်းယွီနှင့် တခြားသူများ အံ့အားသင့်သွားကြသည်။ 

"ဆရာမမော့ .. ဘာလို့ ဒီခွေးက နာခံရတာလဲ ဒီကိုလာတုန်းကတောင် ဒီ‌တိရစ္ဆာန်က ကျွန်တော့်ကိုတောင် ကိုက်လိုက်သေးတယ်" 

ကျို့ဝေ့ကျုံးက ရှဲ့ချောင်အားပြရန် သူ့လက်အား

ဆန့်တန်းလိုက်သည်။ သူ့လက်ပေါ်တွင် သွားရာများရှိပေမယ့် သွေးမရှိဘဲ ဒဏ်ရာတစ်ချို့သာရှိနေသည်။ 

"ဆရာမ ကျွန်တော့်ကို ဒီစွမ်းရည် သင်ပေးလို့ရမလား ဒီလက်အောက်ငယ်သားက သန်မာတဲ့ ခွေးဝံပုလွေနှစ်ကောင် ပျိုးထောင်ချင်ပါတယ် အနာဂတ်မှာ ကျွန်တော်တို့ အပြစ်သားတွေဖမ်းမိရင် သူတို့ကိုပါ ကျွန်တော်တို့နဲ့အတူ ယူသွားလို့ရအောင်ပါ ဒါက ခမ်းနားပြီး အသုံး၀င်ပါလိမ့်မယ်" 

ရှဲ့ဖင်းကန်းက ရုတ်တရက်လေးစားမှုရှိသွားပြီး သူ့ကိုယ်သူ မ၀င့်ကြွားတော့ဘဲပြောလာသည်။ 

"ဒါက အရည်အချင်းပဲ" 

ထိုအချိန် အားလုံးက ဘုရားသခင်အား တွေ့လိုက်

ရတဲ့အတိုင်းပင်။ ဒီဆရာမမော့၏ ခေါင်းသည် နေရောင်အောက်တွင် တောက်ပနေသည်။ 

ဘုရားသခင်ပင်။ 

ထိုအချိန်တွင် အားလုံးက ဗိုက်ဖြည့်ထားပြီးတာကြောင့် ‌ခွေးကိုပဲကြည့်နေကြသည်။ ခွေးနက်က ပတ်ပတ်လည်း အနံ့ခံပြီး နောက်ဆုံးတော့ ‌ရပ်သွားသည်။ 

"ဝုတ် ဝုတ်" 

အောက်ခြေက အုတ်ခဲကို အပြာရောင်ကျောက်ခဲဖြင့်ပြုလုပ်ထားပြီး ပွတ်တိုက်ထားတာ‌ကြောင့် အလွန်ချောမွေ့နေသည်။ 

"တူးလိုက်" 

ရှဲ့ဖင်းကန်း အံကြိတ်ပြီး လူတွေကို ပစ္စည်းအားယူခိုင်းပြီး အလုပ်စလုပ်ကြသည်။ 

သူ အုတ်ကိုဖွင့်ပြီး မြေဆီလွှာကို အနည်းငယ် သန့်စင်လိုက်တော့ သစ်သားသေတ္တာကို တွေ့လိုက်ရသည်။

သူတို့ထုတ်ပြီး ကြည့်လိုက်ကြသည်။ 

ဖွင့်ကြည့်တဲ့အခါ သူတို့တွေ နောက်ထပ် သံလက်နက်အား တွေ့လိုက်ရပြီး အရိုးသေးသေးလေးအစုံလိုက်ကို တွေ့လိုက်ရသည်။ 

လူအုပ်ကြီးမှာ တိတ်ဆိတ်သွားလေ၏။ ပိုပြီး

တွန့်ဆုတ်နေသူများက ဒီပတ်၀န်းကျင်အား အေးစက်ပြီး ကြက်သီးထစရာကောင်းတယ်လို့ ခံစားနေရသည်။ 

"ဒါက မွေးခါနီး ကလေးတစ်ယောက်ရဲ့ အရိုးတွေပဲ" ရှဲ့ချောင်ကြည့်လိုက်ပြီး သူမမျက်၀န်းထဲ သနားခြင်းအရိပ်အယောင်ဖြင့် သူမ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ "အကြီးအကဲလီ အခု ရှင့်ရန်သူက ဘယ်သူလဲဆိုတာ စဉ်းစားဖို့အချိန်ကျပြီ သူက ရှင့်ကို သားစဉ်မြေးဆက်တွေမရှိစေချင်တာအပြင် မကောင်းတဲ့ ဓားသုံးလက်လည်းရှိတယ် ကလေးအရိုးတွေနဲ့ ‌ဗုဒ္ဓရုပ်ပွားတော်တွေအထိ .." 

"ဗုဒ္ဓရုပ်ပွားတော်တွေက ဘာဖြစ်နေလို့လဲ .."

လီချင်းယွီ ချက်ချင်းမေးလိုက်သည်။

သူက စိတ်စောနေမှန်း ခံစားမိတဲ့အခါ ခေါင်းငုံ့လိုက်သည်။ 

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ပြပေးပါ ဆရာမ" 

"ဒီ‌ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ အမူအရာက မမှန်ဘူး" 

‌ကျောက်ရွှမ်ကျင်းပြောလိုက်သည်။ "ဘုရားလောင်းတွေနဲ့ ဗုဒ္ဓအများစုက ကြင်နာပြီး နူးညံ့ပုံရတယ် သူတို့က လူတွေကို စိတ်တည်ငြိမ်စေပြီး အေးချမ်းစေတယ် ဒါပေမယ့် ဒီဗုဒ္ဓရုပ်ပွားတော်တွေရဲ့အကြည့်က စူးရှနေတယ် .." 

••••

All Chapters