အသုံး၀င်တုန်းပဲ။
Vol. 30 Ch. 574
ဗုဒ္ဓရုပ်ပွားတော်ပုံများပေါ်တွင် ဖုန်မှုန့်များစွာရှိပြီး တစ်ယောက်ယောက်က သေချာမကြည့်လျှင် သူတို့မျက်နှာအမူအရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေတာကို ပြောနိုင်မှာမဟုတ်ပေ။
အခု အိမ်ရှေ့စံမင်းသားပြောလိုက်တော့ အားလုံးက အာရုံစိုက်ပြီးကြည့်လိုက်ကြသည်။
တကယ်ပဲ .. အထဲမှာ သက်သောင့်သက်သာ မရှိတာကို ခံစားမိသည်။
သူတို့တွေအား ကြောက်စရာကောင်းသူတစ်ယောက်က ကြည့်နေသလိုပင် .. ကြက်သီးထသွားကြသည်။
"အရှင့်သား ပြောသလိုပဲ" ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ "ကျွန်မအခု .. ဒါတွေအားလုံးကို ဖန်တီးခဲ့တဲ့ ဖုန်းရွှေဆရာက ဖန်းရှီယွမ်အုတ်ဂူကို အကွက်ချစီစဉ်ခဲ့သူနဲ့ တစ်ယောက်တည်းဖြစ်မယ်လို့သံသယဖြစ်မိတယ် ဒါပေမယ့် ဖုန်းရွှေဆရာအများစုက သူတို့ကိုယ်သူတို့ ပြဿနာဖြစ်မှာကိုကြောက်လို့ လွယ်လွယ်နဲ့ မကောင်းမှုကို ကြံစည်မှာ မဟုတ်ဘူး ဒီတော့ သူတို့ကို လာဘ်ထိုးထားတဲ့ နောက်ကွယ်ကလူတစ်ယောက်တော့ ရှိတယ် ဒီခြယ်လှယ်သူက ဒီကိစ္စကို ပြီးမြောက်အောင် ငွေကြေးပေးထားတာပဲ"
"ဆရာမမော့ ပြောသလိုဆို ဖုန်းရွှေဆရာက ဒီလူအပေါ် ကံဆိုးအောင်လုပ်မယ်ဆို အဲဒီလူက ထွက်မပြေးနိုင်တော့ဘူးပေါ့"
အကြီးအကဲလီက စိုးရိမ်စွာဖြင့်မေးလိုက်သည်။
"အဲဒီလောက်ထိတော့ မဖြစ်နိုင်ဘူး ကံကြမ္မာက လုံလောက်ပြီလားဆိုတဲ့အပေါ် မူတည်သေးတယ် ဥပမာပြောရမယ်ဆိုရင် ရှင့်မိသားစု .. ရှင် နန်းဆရာဖြစ်တုန်းက ကောင်းမှုများစွာ လုပ်ကောင်းလုပ်ခဲ့နိုင်တယ် ရှင်က တည့်မတ်နေရင်တော့ မကောင်းမှုစွမ်အင်ကရှင့်ကို ကျူးကျော်၀င်ရောက်ဖို့ခက်ခဲလိမ့်မယ် ရှင့်ရဲ့ သားစဉ်မြေးမြစ်တစ်ချို့ အန္တရာယ်ပြုခံရပေမယ့် သူတို့အခြေခံက မပြိုလဲသွားဘူး ဖန်းမိသားစုကိုပဲကြည့် သူတို့အခု ဘယ်မှာလဲ"
ထိုစကားတွေက လီမိသားစုအား နှစ်သိမ့်ရာမရောက်ပေ။
သူတို့မျိုးဆက်က မပြိုလဲသွားတာကို ၀မ်းသာပေမယ့် သူတို့တကယ် မပျော်နိုင်ပေ။
ကြောက်စရာကောင်းလွန်းလှသည်။
"ပြီးတော့ သင်္ချိုင်းရဲ့ မတော်တဆမှုနဲ့ ဖန်းရှီယွမ်ရဲ့ သင်္ချိုင်း တည်ဆောက်မှုက လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ ဖြစ်ပျက်ခဲ့တယ် တကယ်လို့ ဖုန်းရွှေဆရာက ကံကို ခံနိုင်ရည်ရှိဖို့အတွက် တစ်ယောက်ယောက်ကိုရှာတွေ့ပြီး ဒီလိုမကောင်းမှုဖွဲ့စည်းပုံကို တည်ဆောက်ဖို့အတွက် စွမ်းအင်အများကြီး လိုအပ်တယ် အဲဒါကြောင့် သူက မကြာခဏတော့ မလုပ်နိုင်လောက်ဘူး မဟုတ်ရင် တစ်ယောက်ယောက်က တာ၀န်ကို ခံနိုင်ရည်ရှိရင်တောင်မှ သူ့ကိုယ်ပိုင်ကံကြမ္မာကို အများကြီး သက်ရောက်မှုရှိသွားလိမ့်မယ်"
ရှဲ့ချောင် ပြောလိုက်သည်။
ထိုကဲ့သို့ အမတလူမျိုးက ခံစားရဖို့ ချည်နှောင်ထားပြီး သူတို့ဘ၀ထဲတွင် ကံဆိုးမှုများသာ ရှိပေသည်။
အကြီးအကဲလီ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူ ဒေါသထွက်နေတာလား ၀မ်းနည်းနေတာလားမသိပါ။
ရှဲ့ချောင် အရိုးများရှိနေသည့် သစ်သားသေတ္တာအား သူမ၏ ဝါးခြင်းတောင်းထဲ ထည့်ထားလိုက်သည်။ ထိုအပေါ်တွင် အဆောင်တစ်ခုကပ်ထားသည်။
ကောင်းကင်ကိုကြည့်ပြီး ရှဲ့ချောင်ပြောလိုက်သည်။
"မှောင်နေပြီ ဒီမှာဆက်နေတာမကောင်းဘူး"
"ဆရာမ ညဘက်မှာ မကောင်းတဲ့အရာတစ်ခုခုရှိနေမယ်လို့ ပြောနေတာလား ဒါဆို .. မီးလောင်လူသတ်မှုနောက်ကွယ်မှာ မကောင်းဆိုးဝါးဝိဉာဉ်တွေရှိနေတာ ဖြစ်နိုင်လား"
ရှဲ့ဖင်းကန်း လျင်မြန်စွာပြောလိုက်သည်။
ရှဲ့ချောင် ခေါင်းခါပြသည်။
"မကောင်းဆိုးဝါးဝိဉာဉ်တွေရှိရင်တောင် ကြိုးကိုင်ခြယ်လှယ်သူကတော့ သက်ရှိလူသားပဲဖြစ်ရမယ် မကောင်းဆိုးဝါးဝိဉာဉ်တွေ လူသတ်ရင် သူတို့တွေ နာမကျန်းဖြစ်တာ မတော်တဆမှုတွေကြောင့် ရုတ်တရက် သေသွားနိုင်တာမျိုးပဲဖြစ်နိုင်တယ် ကိုယ့်ကိုယ်ကိုယ်သတ်သေတာကို ကျူးလွန်
တဲ့ဖြစ်နိုင်ချေက နည်းတယ်
ကျွန်မပြောနိုင်တာကတော့ ဒီနေရာမှာ အားပြင်းတဲ့ မကောင်းမှုစွမ်းအင်ရှိတယ် တကယ်လို့ အငြိုးအတေးနဲ့ ဝင်လာတဲ့သူဆိုရင် လူသတ်မှုကျူးလွန်ဖို့အတွက် အမှောင်စွမ်းအင်ကို အသုံးပြုဖို့ လွယ်မှာမဟုတ်ဘူး မီးလောင်လူသတ်မှုကတော့ .. ဒီကိစ္စက ရှင်းပြဖို့ မခက်ခဲဘူး ဒီဗုဒ္ဓရုပ်ပွားတော်တွေကို အရိုးမှုန့်တွေနဲ့ ရောထားတယ် သူတို့တွေ အလင်းဖြာထွက်နိုင်တာ ပုံမှန်ပဲ"
ရှဲ့ချောင် ပြောလိုက်သည်။
သူမ လေသံက မပြောင်းလဲပေမယ့် သူမပြောတဲ့စကားတစ်ခွန်းတိုင်းက ကျန်လူများကို မထိန်းနိုင်အောင် နှလုံးတုန်သွားစေတဲ့အထိ။
ထပ်ပြီး ဗုဒ္ဓရုပ်ပွားတော်အားကြည့်တော့ သူတို့တွေ ကြက်သီးထလာသည်။
အိမ်ရှေ့စံမင်းသားကတော့ အဆင်ပြေနေသေးသည်။ သူက အရင်က မကောင်းဆိုးဝါးဝိဉာဉ်များနှင့် ပြစ်မှုကြီးများအား မြင်ဖူးသည်။
ရှဲ့ဖင်းကန်းကတော့ ကြောက်ရွံမှုမရှိတာကြောင့် တုံ့ပြန်မှု များများစားစားမရှိပေ။
တခြားလူတွေကတော့ မတူပေ။
သူတို့မျက်၀န်းထဲတွင် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုများရှိနေသည်။
"ဆရာမမော့ မကောင်းဆိုးဝါးဝိဉာဉ်တွေ ထွက်လာမှာကိုစောင့်ပြီး မဖျက်ဆီးဘူးလား"
ရှဲ့ဖင်းကန်း ရှုပ်ထွေးနေသည်။
"အဲဒါက ရှင်ပြောဖို့အတွက် လွယ်ကူတယ်လေ"
ရှဲ့ချောင် စိတ်လေစွာဖြင့် သူ့ကိုကြည့်လိုက်သည်။
"ဒီမှာ .. အဲဒီမှာ ဗုဒ္ဓရုပ်ပွားတော် ၁၈ရုပ်တောင်ရှိတယ် မကောင်းတဲ့ ဖွဲ့စည်းမှုနဲ့ မွေးကင်းစ ဝိဉာဉ်အထိ .. ရှင်ဘာသိလို့လဲ ရှင်က ဒီအတိုင်း တစ်ဖက်မှာရပ်နေရုံပဲလေ .. ရှင်မှမကူညီနိုင်တာပဲ .."
ရှဲ့ချောင် အထင်အမြင်သေးစွာဖြင့်ပြောလိုက်
သည်။
ထိုအချိန် ရှဲ့ချောင် အိမ်ရှေ့စံမင်းသားအား ကြည့်ပြီး ၀မ်းသာသွားသည်။
"သေချာပေါက် အရှင့်သားကတော့ မတူဘူးပေါ့ နဂါးသွေးက ကံဆိုးမှုကို ပယ်ဖျက်နိုင်တယ်
သူက အသုံး၀င်သေးတယ်"
ကျောက်ရွှမ်ကျင်း နှုတ်ခမ်းတို့ကွေးညွတ်သွားပြီး အနည်းငယ် ဂုဏ်ယူသွားသည်။
"ကျွန်မတစ်ခါ မေ့လဲဖူးတော့ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိဘူး နောက်နှစ်ရက်ထဲမှာ ကျွန်မ နေ့ဘက်ပြန်လာပြီး မကောင်းမှုစွမ်းအင်ကို နည်းနည်းစီ အားနည်းအောင် လုပ်လိုက်မယ် ကျွန်မ အပြည့်အ၀ပြင်ဆင်ပြီးသွားရင် ဒီကိုလာပြီး
မကောင်းမှုတွေကို ရှင်းလင်းပစ်မယ်"
ရှဲ့ချောင် မျက်နှာတည်တည်ဖြင့်ပြောပြီး ခေါင်းမော့ကာ သူမရင်ဘတ်ကနေ လေမှုတ်ထုတ်လိုက်သည်။ ဘယ်သူကမှ သူမအထဲက ကြောက်ရွံ့မှုအား မမြင်လိုက်ပေ။
•••••