← Chapters

သူမက ကလေးဆန်တယ်။ 

Vol. 30 Ch. 575

သူမက ကလေးဆန်တယ်။ 

Vol. 30 Ch. 575

ဒီတစ်ခါ ရှဲ့ချောင်တကယ်ပဲ ကြောက်ပါသည်။ 

ဖန်းရှီယွမ် ဝိဉာဉ်ကဲ့သို့ ဒီနေရာက မကောင်းဆိုးဝါးဝိဉာဉ်များကလည်း ဆိုးရွားနိုင်သည်။ 

သူတို့မှာ ကြောက်စရာကောင်းသော သွင်ပြင်နှင့် အရှိန်အဝါရှိနိုင်လောက်သည်။ တခြားလူတွေက သူမနဲ့မတူဘဲ သူမအပေါ် ခုန်တက်လာတဲ့ မကောင်းမှုများ၏ သွင်ပြင်များအား မမြင်နိုင်ပါ။ 

ဖန်းရှီယွမ် ချန်ထားခဲ့တဲ့ စိတ်ဒဏ်ရာက သူမဆီမှာ ရစ်ဝဲနေပြီး ထို့ကြောင့် ဖြည်ဖြည်းချင်း လုပ်တာပဲကောင်းသည်။ 

ရှဲ့ချောင် သူမကျောထက် ခြင်းတောင်းအားသယ်ပြီး ထွက်သွားရန်ပြင်လိုက်သည်။ အကြီးအကဲလီ၏ မျက်နှာလည်း တည်ကြည်နေပြီး သူ့လူတွေနှင့် ထွက်သွားဖို့လုပ်သည်။ 

သို့သော် လီချင်းယွီ ဘုရားကျောင်း‌၏ ၀င်ပေါက်ကို ရောက်သောအခါ တံခါးထိပ်က ရုတ်တရက် ပြိုကျပြီး ဟောင်းနွမ်းနေသော သစ်သားက သူ့ခေါင်းထိပ်ဆီသို့ ဦးတည်သွားသည်။ 

အသံကြားသည်နှင့် ရှဲ့ဖင်းကန်း လျင်မြန်စွာ တုံ့ပြန်ပြီး ကပ်ဘေးအား ရှောင်ရှားရန် လီချင်းယွီအား အဝေးသို့ ကန်ထုတ်ပစ်လိုက်တော့သည်။ 

ရှဲ့ချောင်လှည့်ကြည့်လိုက်ကာ "မင်းက ကံဆိုးမှုကို ကြုံတွေ့နေရတယ်ဆိုပေမယ့် အနားမှာ ကျေးဇူးရှင်ရှိနေတာမလို့ မကြောက်နဲ့" 

လီချင်းယွီ လက်မခံနိုင်ပေ။ 

ရှဲ့ဖင်းကန်း သူ၏ ကျောအောက်ပိုင်းအား ကန်လိုက်ရာ ယခု သူ့ခါးတစ်ခုလုံး ထုံထိုင်းသွားသလို ခံစားနေရသည်။ အလွန်နာကျင်လွန်းသည်လေ။ 

"ဆရာမ ကျွန်တော်တို့ ဒီကပ်ဘေးကို ဖယ်ရှားလို့ရ

နိုင်မလား"

လူကြီးလီက သူ့မြေးအားအလွန်ချစ်ပေသည်။ ရှဲ့ချောင် ခေါင်းခါလိုက်သည်။ 

"ဒါ သူ့ရဲ့ကံဆိုးမှုပဲ ထိတ်လန့်စရာတစ်ချို့ကနေ ခံစားရတာက ဘာမှမဟုတ်ဘူး" 

လီမိသားစု၏ သင်္ချိုင်းနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်။ မကောင်းသောလက်နက်သုံးလက်နှင့် မွေးကင်းစကလေး၏အရိုးများကို ယူဆောင်သွားလျှင်တောင် ဘုရားကျောင်းက ရှိနေသေးသည်။ ကံကြမ္မာ၏ ထိပ်တိုက်ရင်ဆိုင်မှု ရှိနေသေးသည်။ လီမိသားစု၀င်တစ်ယောက်အနေနှင့် လီချင်းယွီက အကြီးအကဲလီကဲ့သို့ မှန်ကန်သူမဟုတ်ဘဲ  မကောင်းမှုမှန်သမျှကို ခံနိုင်ရည်မရှိသော ခန္ဓာကိုယ်ဖြစ်တာကြောင့် အနည်းငယ် ခံစားရတာက ပုံမှန်ပင်။ 

အကြီးအကဲလီ သက်ပြင်းချလိုက်သည်။ 

လီချင်းယွီ အသက်ရှင်မယ်ဆိုရင်ပဲ အဆင်ပြေပါပြီလေ။ 

လီချင်းယွီ ၀မ်းနည်းစွာဖြင့် မတ်တပ်ရပ်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ခွေးနက်၏ မစင်နှင့် ဖုံအုပ်ခံထားရသည်အား တွေ့လိုက်ရသည်။ 

သူ့တွင် သာလွန်သော မိသားစုနောက်ခံရှိသည်။ သူက ငယ်ရွယ်တဲ့အတွက် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖုန်တစ်စက်တောင်မရှိပေ။ ဘယ်လိုလုပ် ဒီလိုအရာကို ထိတွေ့ဖူးမှာလဲ။ 

ချက်ချင်းပင် သူ အန်တော့သည်။ 

ရှဲ့ချောင် ရယ်လိုက်၏။ 

ဘာပဲဖြစ်ဖြစ် သူက ယောကျာ်းတစ်ယောက်သာ။ 

ဘယ်လိုလုပ် သည်းခံနိုင်စွမ်း နည်းရတာလဲ။ သူ ပိုပြီးခံစားရလျှင် အနာဂတ်တွင် သူ့အတွက် အကျိုးအမြတ်တောင် ဖြစ်နိုင်သည်။ 

ရှဲ့ဖင်းကန်း အထင်အမြင်သေးစွာဖြင့် နှာမှုတ်လိုက်သည်။ 

"မင်းက အန်နေတယ်ဟုတ်လား ကလေး မင်းကို ဂျုံနဲ့လုပ်ထားတာပဲဖြစ်ရမယ် ဟုတ်တယ်မလား အရင်ကဆို လူရိုင်းတွေ မြို့ရိုးကို ဝိုင်းထားတုန်းက ငါကိုယ်တိုင် မစင်တွေကိုကောက်ပြီး မြို့ရိုး

ပေါ်မှာ သုတ်လိမ်းခဲ့တာတောင် ငါပုံမှန်အတိုင်း စားသောက်နေတာပဲမလား ငါလုပ်ဖို့လိုအပ်တာက လက်ဆေးဖို့ပဲလေ မဟုတ်ဘူးလား" 

အစက လူရိုင်းများ မြို့တော်ကို တိုက်ခိုက်တုန်းက သူတို့‌တွေ ဝေဟင်လှေခါးကိုသုံးပြီး မြှားပစ်ကြသည်။ ထို့အပြင် မြို့တော်ထဲမှာပဲ အသုံးပြုနိုင်သော ပစ္စည်းအနည်းငယ်လည်းရှိသည်။ 

သူတို့တွေ မစင်ကိုတောင် အလွတ်မပေးခဲ့ကြပေ။ မစင်များအား နံရံထက်သုတ်လိမ်းထားရာ နံစော်လှသည်။ ရန်သူ၏တိုက်ခိုက်ရန် ခက်ခဲမှုကိုလည်း တိုးမြှင့်စေခဲ့သည်။

"မစင်တွေက လယ်ကွင်းတွေအတွက် မြေဩဇာဖြစ်စေတယ် သခင်လေးလီ အခုက နွေဦးမို့ စိုက်ပျိုးဖို့အတွက် အချိန်ကောင်းပဲ မင်း ရွာကိုသွားကြည့်ရင် မြေဆွေးပုံကြီးကို သေချာပေါက်

မြင်ရလိမ့်မယ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေက အဲဒီအရာတွေပေါ်မှာ ကြီးထွားလာတာလေ အဲဒါဘာဖြစ်နေလို့လဲ မင်းစားရမှာပဲမလား" 

ရှဲ့ချောင် အပြုံးဖြင့်ပြောလိုက်သည်။ 

ကျောက်ရွှမ်ကျင်း မောင်နှမနှစ်ယောက်ဝိုင်း၍ အနိုင်ကျင့်နေသည်အား ကြည့်ကာ နှုတ်ခမ်းပါးများ ကွေးညွတ်သွားလေသည်။ 

ရှဲ့ဖင်းကန်းက ကြီးမားပြီး ရိုးသားသော ကျောက်တုံးလိုလူဖြစ်သည်။ သူပြောလိုက်လျှင်တောင် စိတ်ထဲမရှိပေ။ 

ရှဲ့ချောင်ကတော့ မတူပေ။ 

သူမက အလွန် လိမ္မာပါးနပ်လှသည်။ 

သူမက လူတွေကို စနောက်တဲ့နေရာမှာ တော်သည်။ 

လီချင်းယွီ ပို၍ပင် အော့အန်မိတော့သည်။ အကြီးအကဲလီက သူ့မြေးအတွက် စိတ်မကောင်းဖြစ်မိပေမယ့် ထိုလူငယ်များ သူ့မြေးအား အရူးလုပ်နေတာကို စိတ်မဆိုးမိပေ။ 

ထို့အပြင် တကယ်လို့ ရှဲ့ဖင်းကန်းက လီချင်းယွီကို မကန်လိုက်လျှင် သူ့မြေး၏ခေါင်းကို သေချာပေါက် ထိသွားလောက်သည်။ 

လီချင်းယွီ အော့အန်ပြီးနောက် ယာဉ်တန်းနောက်ကို လိုက်ခဲ့ရသေးသည်။ 

ခဏလမ်းလျှောက်ပြီးနောက် သူ လယ်ကွင်းအား တွေ့လိုက်ရသည်။ ရှဲ့ချောင် သူ့ဆီပြေးသွားပြီး မစင်များအား ညွှန်ပြကာ သူ့ကိုကြင်နာစွာဖြင့် ပြုံးပြလိုက်သေးသည်။ 

"အရှင့်သား ဆရာမမော့ကိုကြည့်ပါဦး သူမက ကလေးဆန်လိုက်တာ" 

ရှဲ့ဖင်းကန်း အိမ်ရှေ့စံမင်းသားအား ရယ်ရင်း လှည့်ကြည့်လိုက်သည်။ 

••••

All Chapters