← Chapters

ပြန်ဆုတ်တယ်။ 

Vol. 30 Ch. 576

ပြန်ဆုတ်တယ်။ 

Vol. 30 Ch. 576

ဆရာမမော့က တခြား တာအိုကျင့်ကြံသူ ဆရာများနှင့် မတူဘူးလို့ တွေးမိသည်။ 

ကမ္ဘာပေါ်က တာအိုကျင့်ကြံသူ ဆရာအများစုက တိတ်ဆိတ်ပြီး သီးသန့်နေကာ ဒါမှမဟုတ် အမတအရှင်ကဲ့သို့ မြင့်မား ကြီးကျယ်ကြသည်။ 

ဆရာမမော့ အလုပ်လုပ်နေချိန်တွင် သူမက တကယ် ခက်ခဲနက်နဲပြီး ထိုအရာက လူတွေ သူမဆီချဉ်းကပ်လာမှာကို ကြောက်ရွံ့စေသည်။ သို့ပေမယ့် ပုံမှန်ရက်များတွင် သူမက အလွန်ထူးဆန်းလှသည်။ 

အိမ်ရှေ့စံမင်းသားက စကားအများကြီးမပြောပေ။ ထိုအချိန် သူက တစ်ဖက်လှည့်ပြီး ရှဲ့ချောင်အားကြည့်သည်။ 

လီချင်းယွီက ရှဲ့ချောင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေတာမြင်တော့ နားမလည်နိုင်စွာပင်

ကျေနပ်မှုတစ်ခုအား ခံစားလိုက်ရသည်။ 

ဒီကလေးက ကြောက်နေရုံကလွဲ ဘာမှမလုပ်နိုင်ပေ။ 

အဲဒီလို ပုံစံမျိုးနဲ့ တပည့်ဖြစ်ချင်နေသေးတယ် .. အိပ်မက်ထဲမှာပဲရမယ်!

...

အိမ်ပြန်လာသောလမ်းတွင် သူ အသိဟောင်းတစ်ယောက်အား တွေ့လိုက်ရသည်။ 

ကျောက်ရွှီကျီး အိမ်ရှေ့စံမင်းသားအားတွေ့လိုက်ရသည်။ သူက မြင်းပေါ်ကခုန်ဆင်းပြီး အိမ်ရှေ့စံမင်းသားလှည်းအရှေ့သို့ လျှောက်သွားသည်။ 

သူ့ပုံစံက လေးစားမှုရှိပေမယ့် သူ့မျက်နှာထက်တွင် စက်ဆုပ်ဖွယ်ကောင်းသော အပြုံးရှိနေသည်။

"အရှင်မင်းသားက အမှုဖြေရှင်းဖို့ ရွှင်းပြည်နယ်ကိုရောက်လာတယ်လို့ ကြားပါတယ် တစ်ခုခုများ ရှာတွေ့ပြီလား သိချင်ပါတယ်" 

ကျောက်ရွှမ်ကျင်း ကျောက်ရွှီကျီးအား စိတ်မ၀င်စားစွာဖြင့်ကြည့်လိုက်သည်။ 

"အရှင့်သား ရှာမတွေ့တာဖြစ်နိုင်ပါတယ် ဒီအမှုကဖြစ်ခဲ့တာကြာပြီ ပြီးတော့ အန္တရာယ်ပြုခံရတဲ့ ပညာသင်ရဲ့ အလောင်းကလည်း မြှုပ်နှံထားတာ ကြာခဲ့ပြီလေ အရှင့်သားက .. လူဖျင်းမှမဟုတ်ဘဲ" 

ကျောက်ရွှီကျီး အပြုံးဖြင့်ပြောလိုက်သည်။ 

"ကျို့ဝေ့ကျုံး" 

ကျောက်ရွှမ်ကျင်း အေးစက်သောမျက်နှာထားဖြင့် ခေါ်လိုက်သည်။ 

နန်းတွင်းသက်တော်စောင့် ကျို့က သူ့ဘေးမှာရှိနေပြီး လျင်မြန်စွာတုံ့ပြန်လိုက်သည်။ 

"သူ့ကိုသင်ခန်းစာပေးလိုက်" ကျောက်ရွှမ်ကျင်း တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

"စကားဘယ်လိုပြောရမလဲဆိုတာမသိရင် သူ့လျှာကိုဖြတ်ထုတ်လိုက် နောက်မှ ငါ မင်းသားကြီးနင်

ပေ့ကို ရှင်းပြပေးလိုက်မယ် သူ သေချာပေါက် နားလည်မှာပါ" 

သူပြောလိုက်တာနဲ့ ကျို့ဝေကျုံး သူ့ကိုချက်ချင်း ရိုက်နှက်ချင်လာသည်။ 

ကျောက်ရွှီကျီးက အရူးတစ်ယောက်မဟုတ်ပေ။ သူ၏ တင်းကြပ်ခံထားရသော သရုပ်မှန်ကြောင့် ရိုးသားစွာဖြင့်ပြောသည်။ 

"အရှင့်သား ကျွန်တော်က အခု ကြီးကြပ်ရေးဌာနက ကြီးကြပ်ရေးမှူး တစ်ယောက်ပါ ရွှင်းပြည်နယ်ထဲက ထိတ်လန့်စရာ မီးလောင်လူသတ်မှုကိစ္စကြားလို့ စုံစမ်းစစ်‌ဆေးဖို့ ရောက်လာတာပါ" 

ကျောက်ရွှမ်ကျင်း ပြုံးလိုက်သည်။ 

"ကြီးကြပ်ရေးဌာနက နှိပ်စက်ခန်းက အမြဲလစ်ဟင်းနေတာ မင်းက လုံ့လဝီရိယရှိပြီး ဒါက ကောင်းတဲ့ကိစ္စဆိုတာ သိတယ်မလား" 

ကျောက်ရွှမ်ကျင်း သူ့မျက်နှာထက် ဘာခံစားချက်အမူအရာမှမပြပေ။ သူ့အသံက စိတ်မ၀င်စားစွာဖြင့် ပြောလိုက်သည်။ 

"မင်း ဒီအလုပ်ရတယ်ဆိုတော့ အလုပ်ကောင်းကောင်းလုပ်" 

တရားရေး ဝန်ကြီးဌာန၊ မှုခင်းနှင့် ကြီးကြပ်ရေး ဦးစီးဌာနတွင် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အခန်းများနှင့် အမှုများကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်။

တရားရေး၀န်ကြီးဌာနက အမှုများစွာအတွက် တာ၀န်ရှိပြီး ရပ်ကွက် အုပ်ချုပ်ရေးရုံးနှင့် တိုက်ရိုက် ဆက်သွယ်မှုရှိသည်။ မှုခင်းဌာနမှ အမှုအများစုမှာ မဖြေရှင်းရသေးသော အမှုများဖြစ်ကြပြီး အထွေထွေကိစ္စများ နည်းပါးလှသည်။ ကြီးကြပ်ရေးဌာနကတော့ ..။ 

အဲဒီမှာ နှိပ်စက်ခန်းများရှိသော်လည်း သူတို့၏ အဓိကတာ၀န်သည် ရာချီသော အရာရှိများကို ကြီးကြပ်ရမှာဖြစ်ပြီး ပိုရှုပ်ထွေးသည်။ 

တရားရေ ၀န်ကြီးဌာနှင့် မှုခင်းဌာနတို့ တည်ရှိသောကြောင့် ကြီးကြပ်ရေးဌာနကို အမှုကြီးကြီးမားမား မပေးတော့။ ထို့ကြောင့် နှိပ်စက်ခန်းသည် လစ်ဟင်းနေသည်။ 

ဌာနသုံးခုလုံး ကြိုးစားရန် အမှုမရှိသရွေ့ လုံး၀မ

လိုအပ်ပေ။ 

နှိပ်စက်ခန်းအလွတ်ရှိတာလည်း ကောင်းကျိုးရှိသည်။ တစ်စုံတစ်ယောက်က ပူးပေါင်းချင်လျှင် သူတို့ဘာသာ စုံစမ်းစစ်ဆေးရန် အမှုတစ်ချို့အား ရှာဖွေနိုင်သည်။ သူတို့မှာ အချိန်များစွာရှိသည်။ 

ဥပမာအရ ကျောက်ရွှီကျီးက ရွှင်းပြည်နယ်ဆီလာခဲ့တာက အပျော်ပါ၀င်တာဖြစ်သည်။ 

သူကတကယ်ပဲ မီးလောင်လူသတ်မှုအား ဖြေရှင်းနိုင်လျှင် ကြီးကြပ်ရေးဌာန၏ နှိပ်စက်ခန်းအား ဂုဏ်ယူအောင် လုပ်နိုင်လိမ့်မည်။ သူ၏ အရည်အချင်းအတွက် သေချာပေါက် ချီးကျူးခံရလိမ့်မည်။ 

ထိုအချိန် ကျောက်ရွှီကျီးက ခေါင်းငုံ့ထားပြီး

ရိုးသားသော ပုံစံဖြင့်။ 

"ဒီအချိန်ကြီးမှာ ဘုရားကျောင်းကိုသွားမလို့လား"

ကျောက်ရွှမ်ကျင်း ထပ်မေးလိုက်သည်။

"ဟုတ်ပါတယ်" ကျောက်ရွှီကျီး ခေါင်းညိတ်ပြသည်။ 

"မသင့်တော်ဘူး မင်းထွက်သွားသင့်တယ်"

ကျောက်ရွှမ်ကျင်း တိုက်ရိုက်ပြောလိုက်သည်။ "တကယ်လို့ အမှုကို စစ်ဆေးချင်ရင် နေ့ခင်းဘက်မှာ ပြောကြမယ်"

ကျောက်ရွှီကျီး အံကြိတ်ထားပြီး "အရှင်မင်းသား ဒီအမှုက ညဘက်မှာဖြစ်ခဲ့တာပါ ကျွန်တော်တို့

တွေ ညဘက်သွားမယ်ဆိုရင် နေ့ခင်းမှာ မတွေ့နိုင်တဲ့ သဲလွန်စတစ်ချို့ကို မြင်နိုင်တတ်ပါတယ်" 

ကျောက်ရွှီကျီးတွင် လူအများကြီးပါသည်။ ကြီးကြပ်ရေးဌာနက ပြောင်းရွှေ့လာသူများအပြင် မင်းသားနင်ပေ့၏ အိမ်တော်က လူများလည်း ရှိသည်။ 

"ပြန်ဆုတ်"

ကျောက်ရွှမ်ကျင်း အသံက အေးစက်နေပြီး လူတွေကို သူ့ကိုငြင်းဆန်ရန် မဖြစ်နိုင်အောင် လုပ်နေသည်။ 

ကျောက်ရွှီကျီး ဆတ်ခနဲ ကိုက်ပစ်လိုက်ချင်သည်အထိ အလွန်ဒေါသထွက်နေပြီပင်။

အိမ်ရှေ့စံမင်းသားက သူ့ဘာသာ ဘာမှမရှာနိုင်တာကို သူ့လက်ထဲရောက်အောင် စီစဉ်နေသေးသည်။ 

•••••

All Chapters