စုံစမ်းမေးမြန်းခြင်း။
Vol. 30 Ch. 577
ကျောက်ရွှီကျီး ပြန်မဆုတ်ချင်ပါ။ သူက အိမ်ရှေ့စံမင်းသားထက် တစ်ရက်စောရောက်လာတာဖြစ်သည်။ နေ့ခင်းဘက်မှာ ဘုရားကျောင်းအား စစ်ဆေးပြီးပြီဖြစ်ပေမယ့် သံသယဖြစ်စရာ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ညဘက်ပြန်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူက လမ်းတစ်၀က်တောင် ရောက်နေပြီကို အိမ်ရှေ့စံမင်းသားက သူ့ကိုပြန်ဆုတ်ခိုင်းနေတာလား။
သူတကယ် ပြန်ဆုတ်ချင်တယ်ဆိုရင် သူ့ဂုဏ်သိက္ခာ မဆုံးရှုံးသွားဘူးလား။
သို့ပေမယ့် အပြင်ပန်းတွင်တော့ အိမ်ရှေ့စံမင်းသား စကားအား ဆန့်ကျင်လျှင် ဆိုးရွားလိမ့်မည်။
"ဟုတ်ကဲ့ နောက်ကျနေပြီဆိုတော့ ကျွန်တော် ဒီမှာပဲ
အနားယူပြီး မနက်ကိုပဲ စောင့်လိုက်ပါမယ်"
ကျောက်ရွှီကျီး ဆင်ခြေပေးလိုက်သည်။ သူ့
အကြည့်ထဲတွင် ဂနာမငြိမ်ဖြစ်နေတာကို ကျောက်ရွှမ်ကျင်း မြင်နိုင်သည်။
သို့ပေမယ့် သူ့မှာခြေထောက်ရှိနေသည်မို့ ကျောက်ရွှီကျီး၏ ပင်ကိုယ်စရိုက်နှင့်ဆိုရင်တောင် သူ့ကို တားနိုင်မည်မဟုတ်ပေ။
သို့ပေမယ့် မင်းသားနင်ပေ့က နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့တာကို မြင်ရတော့ ကျောက်ရွှမ်ကျင်း ထပ်ပြောလိုက်သည်။
"ဆရာမမော့ စုံစမ်းစစ်ဆေးဖို့သွားပြီးပြီ အဲဒီမှာ မကောင်းဆိုးဝါး ဝိဉာဉ်တွေရှိတယ် အဲဒါက ညဘက်မှာ အုတ်အော်သောင်းနင်းဖြစ်လိမ့်မယ် တကယ်လို့ မင်းမသေချင်ရင် လိုက်နာတာကောင်းလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ကျောက်ရွှီကျီး လျစ်လျူရှုနေဆဲဖြစ်ပေမယ့် တခြားဘယ်သူ့ကိုမှ အပြစ်မတင်နိုင်။
ဆရာမမော့ ဒီမှာရှိနေတာကို သူကြားတော့ စိတ်လှုပ်ရှားလာသည်။
"ဆရာမမော့ .. လည်းဒီမှာရှိတာလား"
ကျောက်ရွှီကျီးမေးပြီး လိုက်ကြည့်လိုက်သည်။
ထိုဆရာမက လှည်းတစ်ခုထဲမှာ ရှိနေလိမ့်မည်။
ရယ်စရာပင် .. သူနှင့်ရန်ငြိုးရှိသော လူများအားလုံး ဒီနေရာမှာရှိနေသည်။
အိမ်ရှေ့စံမင်းသား၊ ရှဲ့ဖင်းကန်းနှင့် ဟန်များသော တာအိုကျင့်ကြံသူ ဆရာမအထိ။
ကျောက်ရွှီကျီး သူတို့ကိုကြည့်နေရင်း လေနည်းနည်းရအောင် လိုက်ကာစအားဆွဲလိုက်တဲ့ လီချင်းယွီအား တွေ့သွားသည်။ သူ ခဏတွေးတောပြီးပြောလိုက်သည်။
"အရှင့်သား ကျွန်တော် ချင်းယွီနဲ့မတွေ့တာ ကြာပြီဆိုတော့ စကားပြောချင်ပါတယ်"
"ကောင်းပြီ"
ကျောက်ရွှမ်ကျင်း သူ့ကိုမတားပါ။
ကျောက်ရွှီကျီးက လီချင်းယွီနဲ့စကားပြောပြီး အမှုအကြောင်းနှင့် သူ့ဆီက အချက်အလက်များ ယူချင်လို့ပင်။
ကျောက်ရွှီကျီးက ကျောက်ရွှမ်ကျင်းရဲ့ ရှားပါးသော ကြင်နာမှုအား အကျင့်မရှိပေ။ အိမ်ရှေ့စံမင်းသားက သူ့အတွက် ထောင်ချောက်ဆင်ထားတာလားလို့တောင် သံသယဖြစ်မိသည်။
သူ သံသယဖြစ်နေပေမယ့် လီချင်းယွီအနား သွားတုန်းပင်ဖြစ်သည်။
ထိုအချိန် လီချင်းယွီမျက်နှာထားမှာ ဆိုးရွားလှသည်။
ကျောက်ရွှီကျီးအား တွေ့တော့ သူက ရိုသေစွာဖြင့် ပြုံးပြပြီး ကြင်နာမှုအား ပြလာသည်။
"အစ်ကိုရွှီကျီး ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
အရင်ကဆို လီချင်းယွီက ကျောက်ရွှီကျီးအား တော်ဝင်မင်းသားငယ်လို့ ခေါ်လေ့ရှိသည်။
နောက်တော့ ဆက်ခံသူ မွေးဖွားလာတော့ သူမခေါ်နိုင်တော့ပေ။
"ငါ ဒီကို မီးလောင်လူသတ်မှုကြောင့်ရောက်လာတာ အခု ကြီးကြပ်ရေးဌာနမှာ အလုပ်လုပ်နေတယ်" ကျောက်ရွှီကျီး နွေးထွေးစွာဖြင့် ပြောလိုက်သည်။ "မင်းက ဘုရားကျောင်းကနေ ပြန်လာတာလား ဘယ်လိုလဲ သဲလွန်စရှာတွေ့လား မင်းနဲ့ငါက
ဒီအမှုအတွက် အလုပ်ကြိုးစားနေတာပဲ တကယ်ခက်ခဲတယ် .."
"ကျွန်တော် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး ဒီအတိုင်းကြောက်နေခဲ့တာ" လီချင်းယွီ အတင်းပြုံးထားသည်။
"ကျွန်တော်တို့တွေ ဘုရားကျောင်းထဲမှာ မကောင်းတဲ့အရာတစ်ချို့ကို ရှာတွေ့ခဲ့တယ် အရိုး၊ သံလက်နက်တွေနဲ့ အများကြီးပဲ အထဲမှာ လေတိုက်တာကအစ ကြောက်စရာကောင်းတယ်"
"အဲဒီဘုရားကျောင်းက စွန့်ပစ်ခံထားရတာလေ အချိန်အကြာကြီး စွန့်ပစ်ခံထားရတော့ လူတွေ ကြက်သီးထတာဖြစ်နိုင်ပါတယ်" ကျောက်ရွှီကျီး ပြုံးလိုက်ပြီး "အရိုးတွေက .. ငါလည်း ရောက်ခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး"
"ကြမ်းပြင်အောက်မှာ ဖွက်ထားတာ ကလေးရဲ့အရိုးတွေ သေးသေးလေးတော့မဟုတ်ဘူး ဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိတယ် အဲဒါတွေကို အရိုးမုန့်နဲ့ ရောထားလို့ အလင်းရောင်ဖြာထွက်တာဆိုပြီး ဆရာမကပြောတယ်" လီချင်းယွီ သက်ပြင်းချလိုက်သည်။
"အင်း .. မင်းက အကြီးအကဲလီနဲ့အတူလာတာလား ဆရာက ဒီနှစ်တွေထဲ သီးသန့်နေနေခဲ့တာလေ ဒီတစ်ခါ ဘာလို့ .."
အိမ်ရှေ့စံမင်းသားက နန်းတော်ထဲ၌ ချည်နှောင်ထားခြင်းအား မကြိုက်ဘူးလို့ထင်ခဲ့တာဖြစ်သည်။
ဒါမှမဟုတ် စတုတ္ထမင်းသားက ပိုပြီးအောင်မြင်လာနေတော့ သူလည်း တိုက်ခိုက်ချင်တာလား။
လီချင်းယွီ တိုက်ရိုက်တော့မပြောနိုင်ပေ။ ဘိုးဘွားဘီဘင် သင်္ချိုင်းနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ပြောပြရအောင်လည်း ခမ်းနားကြီးကျယ်တာမျိုးမဟုတ်။
"ချင်မင်ပွဲတော်ရောက်တော့မယ် ကျွန်တော့်အဖိုးက ဘိုးဘွားအုတ်ဂူတွေဆီ မသွားရတာကြာပြီဆိုပြီး ဘိုးဘွားဘီဘင်တွေကို အရိုအသေပေးဖို့အတွက် ကျွန်တော့်ကိုပါ ခေါ်လာတာ အဲဒီလိုနဲ့ အိမ်ရှေ့စံမင်းသားနဲ့ပါ ဆုံမိတာ"
လီချင်းယွီ ရှင်းပြလိုက်သည်။
•••••