← Chapters

အေးစက်သော ဖယောင်းတိုင်။ 

Vol. 30 Ch. 580

အေးစက်သော ဖယောင်းတိုင်။ 

Vol. 30 Ch. 580

ကျောက်ရွှီကျီး အဆောင်အား စိတ်ထဲမထားပေ။ 

နောက်ဆုံးတော့ သူ ပျက်စီးနေသော ဘုရားကျောင်းတံခါးအားတွေ့တော့ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ 

"ငါ့ကို မလာစေချင်တာ မဆန်းပါဘူး ဒီတော့ ဘုရားကျောင်းက ဒီလိုပုံစံ ဖြစ်သွားတာပဲ ဒါ

ဘယ်လို စုံစမ်းစစ်ဆေးတာလဲ ဘုရားကျောင်းကို ဖျက်ဆီးဖို့ ရောက်လာသလိုပဲ" 

တံခါးနားမှာ ကျောက်စရစ်ခဲများစွာရှိပြီး ပတ်ပတ်လည်မှာ ပျက်စီးနေသော ဘုရားကျောင်းနံရံများရှိသည်။ 

ကျောက်ရွှီကျီး အပျက်အစီးတွေအပေါ်ကနေ လျှောက်သွားသည်။ 

တခြားလူတွေက မြင်းအားချည်နှောင်ထားပြီး ရေအိတ်များနှင့် ရိက္ခာခြောက်များဖြင့် လျှောက်လာခဲ့သည်။ 

သူတို့ အထဲ၀င်လိုက်နှင့် သူတို့ခန္ဓာကိုယ်များမှာ အနည်းငယ်အေးစက်လာသည်။ 

သို့ပေမယ့် အများကြီးမတွေးဖြစ်ခဲ့ကြပေ။ 

ဤပျက်စီးနေသည့် ဘုရားကျောင်းမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။ လူများ သက်သောင့်သက်သာမရှိသည်မှာ ပုံမှန်သာ။ 

အားလုံး အထဲ၀င်သွားကြသည်။ အထဲမှာ မှောင်နေပြီပင်။ မီးထွန်းလိုက်ရာ ဘုရားကျောင်းက ပိုလင်းသွားသည်။ သူတို့တွေ ပတ်၀န်းကျင်အား ရှာကြည့်တော့လည်း ထူးခြားတာ မတွေ့ရပေ။ 

"အကြီးဆုံးသခင်လေး ဒီနေရာက တစ်ယောက်ယောက်ဖွက်ထားနိုင်တဲ့နေရာနဲ့ မတူဘူး ကျွန်တော်တို့ပဲ မှားတာလား" 

တစ်ယောက်က မေးသည်။ 

ကျောက်ရွှီကျီးလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ 

"လိုက်ကြည့်ကြမယ် လျှို့ဝှက်လမ်းတစ်ခုခုရှိနိုင်တယ် .." 

လူအုပ်ကြီးက အကူအညီမဲ့နေတုန်း ဗုဒ္ဓရုပ်ပွားတော်နားတွင် ဝိုင်းဖွဲ့လိုက်ကြသည်။ 

ရုတ်တရက် လေတိုက်လာ၏။ 

တစ်ချိန်တည်းမှာပင် အားလုံးလက်ထဲရှိ မီးများမှာလည်း ငြိမ်းသွားတော့သည်။ 

"အို လေက တကယ်မကောင်းတာပဲ" 

တစ်စုံတစ်ယောက်က ရေရွတ်ပြီး မီးအား ပြန်ထွန်းလိုက်သည်။ သို့ပေမယ့် အကြောင်းတစ်ချို့ကြောင့် မီးထွန်းလို့မရခဲ့ချေ။ ရေစိုသွားသလိုပင်။

ပတ်၀န်းကျင်မှာလည်း မှောင်မည်းနေ၏။ 

ရုတ်တရက်ဆိုသလိုပင် ‌ဗုဒ္ဓရုပ်ပွားတော်ထဲမှ စိမ်းပြာရောင် အလင်းရောင်ခပ်ဖျော့ဖျော့ လင်းလာသည်။ 

ထိုအရာမှာ အပေါ်အောက် ခုန်ပေါက်နေသယောင်ယောင်။  

"ဒါက .. မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ မီးတောက်ပဲ .." 

တစ်စုံတစ်ယောက်က ကြောက်လန့်တကြားဖြင့် သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

အသံနှင့်အတူ လေပြင်းတိုက်ခတ်လာခြင်းကြောင့် အတွင်းပိုင်းမှ တံခါးပိတ်သွားလေသည်။ အားလုံး စိုးရိမ်သွားကြ၏။ 

"အကြီးဆုံးသခင်လေး .." 

"ဘာတွေကြောက်နေတာလဲ .." ကျောက်ရွှီကျီးကတော့ တည်ငြိမ်နေဆဲပင်။

"ဗုဒ္ဓရုပ်ပွားတော်ထဲမှာ အရိုးမှုန့်တွေရှိနေတာ အဲဒီ

ကနေ မီးတောက်ထွက်လာတာ ဘာမှမဟုတ်ဘူး မီးတွေကို ထပ်လင်းအောင်လုပ်နိုင်လားကြည့်" 

ယောကျာ်းတစ်စုက အဲဒါကိုကြောက်တယ်တဲ့လား။ 

သူတို့က တကယ် အသုံးမကျတာပင်။ 

ကျောက်ရွှီကျီး ရက်အနည်းငယ်ကြာပြီး သူ့အဖေ ဒေါသမထွက်တော့ချိန်ကျ သစ္စာရှိပြီး အရည်အချင်းရှိသော အစောင့်တချို့ကို လေ့ကျင့်ပေးဖို့ ပိုက်ဆံပိုပေးမည်ဟု တွေးထားလိုက်သည်။ 

သူ၏ စိတ်တည်ငြိမ်မှုကြောင့် အစောင့်များမှာ အနည်းငယ်အဆင်ပြေသွားကြသည်။ 

သို့ပေမယ့် မီးကိုတော့ မထွန်းနိုင်ကြသေးပေ။ သူတို့အားလုံး ရူးရူးမိုက်မိုက် မလှုပ်ရှားရဲဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ကြသည်။ 

သို့သော် သူတို့ထိုင်ပြီးနောက် ခဏအကြာ ဆူညံသံအား ကြားလိုက်ရသည်။ 

ဘယ်ကလာလဲဆိုသည်အား သူတို့မသိပေ။ 

"ဒီအတိုင်း လေတိုက်တာ" 

ကျောက်ရွှီကျီးပြောလိုက်သည်။ 

အမှန်ပင် အပြင်က လေတိုက်နှုန်းမှာ အလွန်ပြင်းလှသည်။ ထပ်ပြီး မိုးရွာလာနိုင်သည်။ အခန်းထဲတွင် အဟလေးဖြစ်နေလျှင် တိုးဝင်လာသည့်

လေသံမှာ ထူးဆန်းသော အသံဖြစ်သွားနိုင်သည်။ 

အားလုံး စားသောက်လိုက်ကြသည်။ အစားအစာများမှာ ဖယောင်း အရသာအတိုင်းပင်။ 

သူတို့ထဲမှ တစ်ယောက်က သူ့ခေါင်းထက်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ကြည့်လိုက်မိသည်။ 

သူ အံ့အားသင့်သွားပြီးနောက် သူ့အကြည့်မှာ အနည်းငယ် ငေးမောသွားလေသည်။ 

ရုတ်တရက် သူ့ဓားအား ကောက်ကိုင်ပြီး သူ့ကိုယ်ပိုင်လက်အား ထိုးချလိုက်လေ၏။ 

"မင်း ဘာလုပ်တာလဲဟ" 

အားလုံးမှာ လန့်သွားကြတော့သည်။ 

ထိုလူက တောင့်တောင့်ကြီးပင် ထရပ်လာ၏။ သူတစ်ခဏမျှ ငေးမောနေပြီးနောက် သူ့လက်ထဲရှိ ဓားမှာလွတ်ကျသွားကာ။ 

"ငါ .. ငါမသိဘူး ဒီမှာ တစ်ခုခုလှဲလျောင်းနေတာကို တွေ့လိုက်သလိုပဲ .."

သူ့စကားမဆုံးခင်မှာပင် အေးစက်နေသည့် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ပတ်ဝန်းကျင်တွင် လွင့်မျောနေသည့် မကောင်းဆိုးဝါးဝိဉာဉ်၏မီးတောက်မှာ ပို၍ပင် ပျော်ရွှင်စွာ ကပြလာတော့သည်။ 

အားလုံး အလွန်ကြောက်လန့်သွားကြ၏။ 

သူတို့ ဓားများအားကောက်ကိုင်ရင်း မီးအား ဖြတ်ပစ်လိုက်ကြသည်။ 

ကျောက်ရွှီကျီးလည်း ထိတ်လန့်သွားရ၏။ 

ထိုအချိန် တစ်စုံတစ်ရာ တွားသွားနေသလို သူ့လည်ပင်း၏ နောက်ကျောတွင် ကြက်သီးထလာတာကို ခံစားမိလိုက်သည်။ 

••••

All Chapters