← Chapters

ဘာလို့ တစ်ခုခုဖြစ်နိုင်မှာလဲ။ 

Vol. 30 Ch. 578

ဘာလို့ တစ်ခုခုဖြစ်နိုင်မှာလဲ။ 

Vol. 30 Ch. 578

ကျောက်ရွှီကျီး အတွေးထဲနစ်မြောသွားသည်။ 

လီမိသားစုမှာ တစ်ခုခုဖြစ်နေလို့ ဆရာမမော့ကို အကူအညီတောင်းတာလို့ သူတွေးမိသည်။ ဒါ့အပြင် ဆရာမမော့နှင့် အိမ်ရှေ့စံမင်းသားက အထူးဆက်ဆံရေးရှိကြသည်။ သူတို့ အ‌ဆက်အသွယ်ရှိတဲ့အတွက် .. ဆုံကြတာလို့တော့ မထင်မိပေ။ 

"အစက ငါ့ညီငယ်ရဲ့ကျန်းမာရေးမကောင်းတော့ နတ်ဆိုးကို ဖယ်ထုတ်ဖို့အတွက် ဆရာမမော့ကိုခေါ်ခဲ့တယ် ငါ့အဖေက ဆရာမမော့ကို အရမ်းချီးကျူးခဲ့တာ ဒါပေမယ့် သူမစိတ်ကထူးဆန်းတယ် ငါနဲ့အဆင်မပြေဘူးလေ" ကျောက်ရွှီကျီး သက်ပြင်းချလိုက်သည်။ "အိမ်ရှေ့စံမင်းသားကြောင့်လားလို့ တွေးမိတယ်" 

"ကျွန်တော်တို့ကို ဆရာမမော့နဲ့ မိတ်ဆက်ပေးတာ အစ်ကို့အဖေလေ" 

လီချင်းယွီ တိတ်တဆိတ်တွေးရင်း မေးလိုက်သည်။ 

"အရှင့်သားက ဘာဖြစ်လို့လဲ" 

"ဟင်း ရှင်းပြဖို့ကခက်ခဲတယ် ငါတို့က တူညီလုနီးနီးဖြစ်နေတော့ သူက ငါ့ကိုသဘောမကျဘူးလေ သူက အခုလေးတင် ငါ့ကိုစွပ်စွဲလိုက်သေးတယ် .. ငါ့အဖေက မင်းသားနင်ပေ့ဆိုပေမယ့် ဒီကမ္ဘာပေါ်မှာ မင်းသားတွေက အများကြီးပဲ ငါ့လိုနိမ့်ကျတဲ့သူက မြင့်မြတ်တဲ့ရာထူးမရှိတော့ အရှင့်သားရှေ့မှာ အရိုက်ခံနိုင်ပြီး အော်ခံရနိုင်တယ်လေ"

လီချင်းယွီ ထိုစကားများအားကြားတော့ အလွန်ကြောက်သွားပြီး ကြက်သီးထလာသည်။ 

"အစ်ကို အဓိပ္ပါယ်မရှိတာတွေ ပြောလို့မရဘူး အရှင့်သား ဒီမှာရှိနေသေးတယ် သူသာကြားသွားရင် .." 

လီချင်းယွီ ကျောက်ရွှီကျီးပါးစပ်အား ပိတ်နိုင်မယ်လို့ မျှော်လင့်သည်။ 

"သေချာပေါက် ငါမင်းကိုယုံလို့လေ" 

လီချင်းယွီပါးစပ်က ချက်ချင်း ပိတ်သွားသည်။ 

သူ့ကိုယုံတယ် .. 

သူက သတင်းမပေးနိုင်တာကို ယုံကြည်တယ်။ 

သို့သော်လည်း ကျောက်ရွှီကျီး စကားများက မသင့်တော်ပေ။ 

"အရှင့်သားက ကြင်နာပြီး ရက်ရောသူပဲ ဒီကိုလာတုန်းက သူစိတ်ဆိုးဒေါသထွက်တာမရှိဘူး ဘာလို့ ဒီလိုကိစ္စသေးသေးလေးကို သူ ဂရုစိုက်မှာလဲ" 

လီချင်းယွီ သူ့ကိုမြန်မြန်နှစ်သိမ့်ပေးလိုက်သည်။ 

ထိုသို့ပြောပြီးနောက် သူ ‌ကျောက်ရွှီကျီးအား ကြည့်လိုက်သည်။ သူနဲ့ ကျောက်ရွှီကျီးက ငယ်ငယ်တုန်းက မကြာခဏအတူကစားကြသည်။ သူတို့ ကြီးလာပြီးနောက် အချင်းချင်း တွေ့ဖို့နည်း

သွားကြသည်။ 

အထူးသဖြင့် လွန်ခဲ့သော၂နှစ်က သူက ခေါင်းမာ‌လာပြီး ပြင်းထန်သော ဒေါသရှိသည်။ သူ အပြင်ထွက်ရတာ မကြိုက်တာကြောင့် အချိန်အကြာကြီး ကျောက်ရွှီကျီးနှင့် အဆက်အသွယ်မရှိခဲ့ပေ။ 

အခု ထိုသူ့ကိုဂရုတစိုက်ကြည့်မိသည် ..။ 

သူငယ်ငယ်တုန်းက ကျောက်ရွှီကျီး၏ မျက်နှာထားနှင့် မျက်လုံးများသည် တကယ်ပဲ အိမ်ရှေ့စံမင်းသားနှင့် အလွန်ဆင်တူလှသည်။ 

အခု ကြီးပြင်းလာတော့ သူတို့ ဘယ်လောက်တူလဲဆိုတာ ပြောပြဖို့ မဖြစ်နိုင်လုနီးနီးပင်။ သူတို့မျက်လုံးပုံစံသာ ဆင်ကြတော့သည်။ သူတို့မှာ ဗာ

ဒံပုံသဏ္ဍာန် မျက်လုံးရှိပြီး ကြည့်ကောင်းကြသည်။ 

သို့သော် သူတို့မျက်၀န်းထဲကအကြည့်များက ‌ကွဲပြားနေပြီး သူတို့မှာ မတူညီသော အမူအရာများရှိကြသည်။ 

ထို့အပြင် ကျောက်ရွှီကျီးက ပိုမိန်းမဆန်ပြီး နူးညံ့တာကို လက်ခံရမည်။ သူက အိမ်ရှေ့စံမင်းသားလို မဟုတ်ပေ။ သူက အေးစက်ပြီး ကွဲပြားပေမယ့် သူ့အရှိန်အဝါကတော့ သာလွန်လှသည်။ 

တစ်စုံတစ်ယောက်သာ အနီးကပ်မကြည့်လျှင် တူညီမှုများအား မပြောနိုင်သလောက်ပင်။ 

လီချင်းယွီက ကျောက်ရွှီကျီးနဲ့အတူ ကြီးပြင်းလာခဲ့တာပင်။ သူ ငယ်ငယ်တုန်းက ကျောက်ရွှီကျီး

အဆင့်အတန်းက မြင့်မြတ်တာကို သူသိသည်။ လူတွေက သူ့ကို အိမ်ရှေ့စံမင်းသားလိုမျိုး ‌ခေါ်ဝေါ်ကြသည်။ 

ထို့ကြောင့် ကျောက်ရွှီကျီးတွင် အိမ်ရှေ့စံမင်းသားဆီကနေ သင်ယူထားသော လုပ်ရိုးလုပ်စဉ်များစွာရှိသည်။ 

ကျောက်ရွှီကျီးက အိမ်ရှေ့စံမင်းသား၏ ဂုဏ်အား ခိုးယူခဲ့တာလို့ ပြောနိုင်သည်။ 

အတိတ်မှာတုန်းက သူ ကျောက်ရွှီကျီးဘက်ကနေ ရပ်တည်ပေးခဲ့သည်။ 

အခုတော့ ကိစ္စက မတူညီတော့ပေ။ ဆရာမမော့က အိမ်ရှေ့စံမင်းသား၏ ဆရာတူအစ်မဖြစ်ပြီး သူတို့က တူညီသောဂိုဏ်းမှဖြစ်သည်။ တစ်ဖက်

တွင် အိမ်ရှေ့စံမင်းသားက ဖန်းမိသားစု သင်္ချိုင်းတွင် သူတို့နှင့်အတူ များစွာဖြတ်ကျော်ခဲ့ရသည်။ 

အိမ်ရှေ့စံမင်းသားက အရင်ထက်ပိုကောင်းလာတာကြောင့် သူ လေးစားမိပေသည်။ 

လီချင်းယွီက အိမ်ရှေ့စံမင်းသားဘက်မှ စကားပြောပေးသည်အား ကျောက်ရွှီကျီးက ပျော်ပုံမရပေ။ 

သို့သော်လည်း သူတိုက်ရိုက်တော့မပြောဘဲ။ 

"ငါညဘက် ဘုရားကျောင်းကိုသွားကြည့်မလို့ စီစဉ်ထားတာ ဒါပေမယ့် အခု မလုပ်နိုင်ဘူး အရှင့်သားက ဝင်စွက်ဖက်ပြီး ငါ့လူတွေနဲ့ ပြန်ဆုတ်ခိုင်းတယ် နေ့ပိုင်းမှာပဲ စကားပြောကြမယ်တဲ့" 

လီချင်းယွီ တစ်ခဏ ပါးစပ်ဟလိုက်ပြီး သူ့နှုတ်ခမ်းက အနည်းငယ်ခြောက်သွေ့နေသည်။ 

"အရှင့်သားက အစ်ကိုကောင်းဖို့အတွက် လုပ်ပေးနေတာပါ အထဲမှာ မကောင်းတာတစ်ခုခုရှိတယ်လို့ ဆရာမက ပြောတယ် .."

"ငါနဲ့အတူ လူအများကြီးပါလာတယ် ဘုရားကျောင်းက မကြီးပါဘူး ဒီတော့ ဘာဖြစ်နိုင်မှာမလို့လဲ" 

ကျောက်ရွှီကျီး ခေါင်းခါလိုက်သည်။ 

ရှဲ့ချောင် သူ့ညီအတွက် ရိုးရာဓလေ့ထုံးတမ်းလုပ်ခဲ့တဲ့အချိန် သူရှိမနေပေ။ အိမ်တော်ထိန်းနှင့် တခြားသူများက ထိုအကြောင်းပြောကြပေမယ့်

တကယ့်လက်တွေ့တော့ သူ မမြင်ခဲ့ဘူးမလား။ 

"အစ်ကို လူအများကြီးခေါ်လာတာ မှန်ပါတယ် .. အဲဒါကြောင့်ပဲ အရှင့်သားက အစ်ကို့ကို မစွန့်စားစေချင်တာ မဟုတ်ဘူးလား" 

••••

All Chapters