← Chapters

လူတွေရဲ့စိတ်ကိုဖတ်ခြင်း။ 

Vol. 30 Ch. 579

လူတွေရဲ့စိတ်ကိုဖတ်ခြင်း။ 

Vol. 30 Ch. 579

ကျောက်ရွှီကျီးက ကျိုးကြောင်းမဆီလျော်ဘူးလို့ လီချင်းယွီ တွေးမိသည်။ 

အိမ်ရှေ့စံမင်းသားက သူ့ကိုတားဆီးတာတောင် သူ့ကို အကြောင်းအရင်းပြောခဲ့တာပဲမလား။ 

မယုံကြည်တာထက် ယုံကြည်တာပိုကောင်း

သည်။ တကယ်ပဲ တစ်ခုခုဖြစ်သွားရင် မင်းသားနင်ပေ့၏ အကြီးဆုံးသားအနေဖြင့် လူပေါင်းများစွာက သူ့ကိုကာကွယ်ရမှာဖြစ်သည်။ သူအဆင်ပြေရင်တောင်မှ တခြားလူတွေကို ဘယ်လိုလုပ်မလဲ။ 

သူ သူတို့ကို ပေးခံစားနေမယ်ဆိုရင် သူတို့တွေ သနားစရာမကောင်း‌ဘူးလား။ 

လီချင်းယွီ ဆရာမလေးမော့အနောက်လိုက်ပြီး အရိုးအစုံ ၃၀ ကျော် မြှုပ်နှံပြီးနောက် လူ့အသက်အား ပိုပြီးတန်ဖိုးထားလာသည်။ သူတို့လို အထက်တန်းအလွှာမှမဟုတ်ဘဲ သာမန်လူဖြစ်သည့် တခြားလူများ၏ဘ၀အား အထင်မသေးသင့်ပေ။ 

ကျောက်ရွှီကျီး မျက်မှောင်ကြုတ်လိုက်သည်။ 

"နှစ်နှစ်ရှိသွားပြီ လီချင်းယွီ မင်းအများကြီးပြောင်းလဲသွားတယ်" 

လီချင်းယွီ မျက်လုံးပြူးကျယ်သွားသည်။ 

သူ .. သူ ပြောင်းလဲသွားတာလား။ 

"အစ်ကိုရွှီကျီး ကျွန်တော်တို့ရဲ့ အတိတ်က‌သူငယ်ချင်းဆက်ဆံရေးကြောင့်ဖြစ်ဖြစ် အစ်ကို အဲဒီနေရာကို မသွားဖို့အတွက် သတိပေးချင်တယ် အဲဒီမှာ တအားထူးဆန်းလွန်းတယ် .."

လီချင်းယွီ ယဉ်ကျေးဆဲပင်။ 

"ကောင်းပြီ" 

ကျောက်ရွှီကျီး ပြုံးလိုက်သည်။ သူ လီချင်းယွီစကားအား ကြားလား မကြားလားဆိုတာတော့ ဘယ်သူမှမသိပေ။ 

သူ လီချင်းယွီထံမှ ‌အဖိုတန်သည့်သတင်း ဘာမှမသိရသောကြောင့် ကျောက်ရွှီကျီး ထွက်သွားတော့သည်။ 

အိမ်ရှေ့စံမင်းသား၏ ယာဉ်တန်းများလည်း ထွက်ခွာသည်။ 

သူတို့မထွက်သွားခင်တွင် ကျောက်ရွှီကျီး သူတို့ဒီည ဒီမှာအနားယူမယ့်ပုံစံဖြင့် သူ့လူတွေအား ပြောလိုက်သည်။ 

သို့သော် အိမ်ရှေ့စံမင်းသား၏ ယာဉ်တန်းများ

ထွက်ခွာသွားပြီး မမြင်ရတော့မှ ကျောက်ရွှီကျီး မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ 

"အားလုံးပဲ မြင်းပေါ်တက်ကြ ဘုရားကျောင်းကို သွားကြမယ်" 

"ပထမသခင်လေး အိမ်ရှေ့စံမင်းသားရဲ့လူတွေက အဲဒီနေရာက မကောင်းဘူးလို့ ကျွန်တော်တို့ကို ပြောပြတယ် သူတို့က ကျွန်တော်တို့ကို ညဘက် အဲဒီကို မသွားစေချင်ကြဘူး .."

သူ့အောက်ကလူတွေက ချက်ချင်းပြောသည်။ 

သူတို့က တစ်ယောက်ချင်းစီကို အဆောင်ပေးလိုက်ရုံသာမက ကိုင်သွားဖို့လည်းပြောသည်။ သူတို့ အိမ်ရှေ့စံမင်းသား၏ အမိန့်ကိုနာခံရမည်။ သူတို့အတွက် ထူးဆန်းပေမယ့် နာခံစွာဖြင့်

သိမ်းထားတုန်းပင်။ 

သို့ပေမယ့် အကြီးဆုံးသခင်လေးက ဒီလောက်ထိ ဇွဲကောင်းမယ်လို့ မထင်ထားပေ။ 

"ငါတို့တွေ နေ့ခင်းတုန်းက မရှာခဲ့တာလည်းမဟုတ်ဘူး လုံး၀သဲလွန်စမရှိဘူးလေ ဘုရားကျောင်းထဲမှာ သူခိုးနေတယ်လို့ထင်တယ် ပညာသင်ဖြတ်သွားတော့ သူက တိတ်တဆိတ်ပေါ်လာပြီး ပိုက်ဆံလုဖို့အတွက် သတ်လိုက်တာပဲဖြစ်မယ်"

ကျောက်ရွှီကျီးထပ်ပြောသည်။ 

တခြားလူများမှာ တစ်ခဏမျှ တိတ်သွားကြသည်။ 

ဒီမှာ တစ်ညတာ နေပြီးမှ သူခိုးကို တွေ့တာက ဘယ်လိုတိုက်ဆိုင်နိုင်မှာလဲ။ 

အကြီးဆုံးသခင်လေးက ခေါင်းမာလွန်းသည်။ 

သူတို့အားလုံးက ယောကျာ်းတွေဖြစ်တာကြောင့် မကြောက်ပါ။ 

အကြီးဆုံးသခင်လေးက ပြောတယ်ဆိုတော့ သူတို့တွေပြင်ဆင်ကြပြီး မြင်းပေါ်တက်ကာ ထွက်ခွာလိုက်ကြသည်။ 

ကျောက်ရွှီကျီးအနားတွင် သူ၏ လူယုံတော်များရှိသည်။ 

"အကြီးဆုံးသခင်လေး သူတို့က ကျွန်တော်တို့လူတွေရောဟုတ်ရဲ့လား သူတို့က အိမ်ရှေ့စံမင်းသား စကားကိုကြောက်ပြီး မလှုပ်ရဲကြဘူး .. သူတို့က သခင်လေးအပေါ် သစ္စာမစောင့်သိကြဘူး တကယ်လို့ အန္တရာယ်ကျရောက်လာရင် သူတို့တွေ သခင်လေးကိုပစ်ပြီး ထွက်ပြေးသွားမှာကို စိုးရိမ်မိပါတယ်" 

အစောင့်ကပြောသည်။ 

"ငါသိတယ် သူတို့က ငါ့အဖေရဲ့အမိန့်အတိုင်း ငါ့ကိုဂရုစိုက်ပေးဖို့ လိုက်လာကြတာ" 

ကျောက်ရွှီကျီး အေးစက်စွာဖြင့်ပြောလိုက်သည်။ 

မတိုင်ခင်က မင်းသမီးကြီးသည် ဆရာမမော့၏ လှုံ့ဆော်မှုကြောင့် သူ့အမေအား ဘုရားကျောင်း

တွင်သာ နေထိုင်ရန် ပို့ဆောင်လိုက်ကြသည်။ 

သူ တောင်းပန်ခဲ့ပေမယ့် သူ့အဖေက သူ့အမေကို ခွင့်မလွှတ်ခဲ့ပေ။ 

ဒီလိုနေရာရဖို့အတွက် အခွင့်အရေးတစ်ခုသာ ရှာမတွေ့နိုင်ခဲ့လျှင် အခု  နတ်ပြည်သို့ သွားရလောက်သည်။

သူ့အဖေက သူ့ကို မြင်နိုင်အောင် တစ်ခုခုလုပ်ရမည်။ 

သူ အာဏာရလာ‌နိုင်အောင် ဧကရာဇ်က သူ့ကို အုပ်ချုပ်သူမင်းသား လုပ်ပေးစေချင်သည်။ သူ မင်းသား၄၊ မင်းသား၅တို့နှင့်အတူ ပါ၀င်နိုင်လျှင်ကောင်းမည်။ အတိုချုပ်ပြောရရင် အိမ်ရှေ့စံမင်းသား ချောမွေ့စွာဖြင့် ထီးနန်းစံနန်းခွင့်မပေး

နိုင်ပေ။ 

"အခုပဲ အိမ်ရှေ့စံမင်းသားအဖွဲ့ထဲက တစ်ယောက်က သူတို့ကို တစ်ခုခုပေးလိုက်တယ် ကြည့်ရတာ အဝါရောင်စာရွက်တစ်ချို့ပဲ ဘာလဲဆိုတာတော့မသိဘူး .. ကျွန်တော် မေးဖို့ အခွင့်အရေးမရလိုက်ဘူး" 

အစောင့်က ထပ်ပြောသည်။ 

"မေးစရာမလိုဘူး အဲဒါ အဆောင်တစ်ချို့ပဲ အဲဒီဆရာမမော့က အမြဲဟန်ဆောင်နေတာ အဖေတောင်မှ သူမကိုယုံတယ်" 

ကျောက်ရွှီကျီးပြောလိုက်သည်။ 

ထိုဆရာမမော့တွင် သေချာပေါက် စွမ်းရည်တစ်ချို့ရှိပေမယ့် သူမက လူတွေ၏စိတ်ကို ဖတ်တဲ့နေရာမှာတော့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။ 

••••

All Chapters