← Chapters

အခု သူမဘယ်လောက်ထိ အရေးကြိးလဲဆိုတာ သူသိသည်။ 

Vol. 31 Ch. 581

အခု သူမဘယ်လောက်ထိ အရေးကြိးလဲဆိုတာ သူသိသည်။ 

Vol. 31 Ch. 581

သူ့ခြေထောက်အောက်တွင် တရှဲရှဲမြည်သံကြားနေရပြီး ထူးထူးခြားခြား ဆူပူသံတစ်ခု ကြားလိုက်ရသည်။ 

ဘယ်နေရာကမှန်းမသိ မြွေအကောင်သေးသေးများစွာက တွားသွားကာဖြင့်ထွက်လာပြီး သူတို့ထံချဉ်းကပ်လာသည်။ 

ကျောက်ရွှီကျီး သူ့လည်ပင်းအနောက်ကနေ နာကျင်မှုအား ခံစားလိုက်ရသည်။ ချက်ချင်း ကိုင်တွယ်ပြီး မြွေအား ဆွဲထုတ်လိုက်သည်။ 

ထိတ်လန့်သွားပြီး သူ လွင့်ပစ်ကာ ဗုဒ္ဓရုပ်ပွားတော်ပေါ်တွင် ရိုက်ပစ်လိုက်သည်။ 

"သွားကြရအောင် သွားကြရအောင်"

အားလုံး အော်ဟစ်ကြသည်။ 

သို့ပေမယ့် တံခါးကတင်းကျပ်စွာပိတ်ထားပြီး သူတို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဖွင့်မရဘဲဖြစ်နေသည်။ 

သူတို့ထဲကတစ်ယောက်က အိမ်ရှေ့စံမင်းသား၏လူတွေ ပေးခဲ့တဲ့ အဆောင်များအား သတိရသွားပြီး ပြောသည်။ 

"အဆောင်တွေကိုထုတ်ပြီး ကပ်ထားကြမယ်" 

သူ ထိုသို့ပြောလိုက်တော့ အားလုံးတုံ့ပြန်ကြပြီး တုန်ရီစွာဖြင့် ထုတ်လိုက်ကြသည်။ သူတို့တွေ တံခါးအားဖိပြီး အပေါ်ကနေ ကပ်ထားလိုက်သည်။ 

ပြီးနောက် ခပ်ဖွဖွတွန်းလိုက်တော့ တံခါး၊ ပြတင်းပေါက်များ အားလုံးပွင့်သွားသည်။ 

အားလုံးက ပိုကြောက်ရွံ့သွားပြီး အလျင်စလိုဖြင့် ကျောက်ရွှီကျီးအား ဆွဲကာပြေးကြတော့သည်။ 

သူတို့ ပြန်တောင်မလှည့်ရဲကြပေ။ သူတို့အားလုံး ပျက်စီးနေသော ဘုရားကျောင်းတံခါးက ထွက်လာပြီးနောက် မြင်းပေါ်တက်ကာ ထွက်ပြေးလာကြလေသည်။ ၁၅မိနစ်ခန့်မျှ ပြေးလာပြီးတော့မှ သူတို့ ရပ်သွားကြသည်။ 

သူတို့ ထိတ်လန့်နေတုန်းပင်။ 

"အကြီးဆုံးသခင်လေး" 

သူတို့‌ရပ်ပြီးနောက် အားလုံးက ကျောက်ရွှီကျီးနှင့် သူ့အနောက်က အစောင့်အားကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာမှာ အနည်းငယ် ‌ခရမ်းရောင်ပြောင်းနေပြီး ကြောက်စရာကောင်းလှသည်။ 

ကျောက်ရွှီကျီး နာကျင်နေပြီး သူ့လည်ပင်အား ဖမ်းဆုပ်ထားကာ အားနည်းနေပုံရသည်။ 

"ငါ့ကိုမြွေကိုက်ထားတယ် .." 

အားလုံး ထိုစကားကြားတော့ အလွန်ကြောက်ရွံ့သွားကြသည်။ 

ကံကောင်းစွာဖြင့် သူတို့အပြင်ထွက်လျှင် မတော်တဆဖြစ်တတ်တာ သဘာ၀ကျတာမလို့ သူတို့တွေ အဆိပ်ဖြေဆေးတစ်ချို့ယူလာထားတာကြောင့် လျင်မြန်စွာဖြင့် နှစ်‌ယောက်လုံးအား ဆေးကျွေးလိုက်သည်။ 

ဆေး၏ထိရောက်မှုက သာမန်သာဖြစ်ပြီး အလွန်ထိရောက်မှုတော့မရှိလှ။ 

သူတို့ ရွှင်းပြည်နယ်သို့ သွားဖို့သာ တတ်နိုင်တော့သည်။ 

အားလုံးသည် ခုဏကဖြစ်သွားသော မြင်ကွင်းအား ပြန်တွေးမိကြကာ အလွန်ကြောက်စရာ

ကောင်းသည်ဟု တွေးမိလိုက်ကြသည်။ 

သူတို့ ဘာမှမမြင်ခဲ့ပေ။ မကောင်းဆိုးဝါးဝိဉာဉ်၏ မီးတောက်များထက် မြွေသေးသေးလေးတွေပဲရှိသည်။ သို့ပေမယ့် အကြောင်းအရင်းတစ်ချို့ကြောင့် ထိုဘုရားကျောင်းထဲတွင် သူတို့တွေတုန်လှုပ်ကုန်ကြကာ သူတို့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်သလို ဖြစ်သွားတာကို ခံစားမိသည်။ 

သူတို့တွေ .. အပိုင်စီးခံလိုက်ရသလိုပင်။ 

ထို့အပြင် .. 

သူတို့ကိုယ်ပေါ်တွင် အဆောင်များရှိကြသည်။ အကြီးဆုံးသခင်လေးနှင့် သူ့လူယုံတော်တွင်သာ မရှိတာဖြစ်သည်။ 

မရှိသည့် ထိုနှစ်ယောက်သာ မြွေကိုက်ခံခဲ့ရသည်။ 

မဟုတ်မှလွဲရော .. တိုက်ဆိုင်တာဖြစ်နိုင်ပါ့မလား။ 

အဲဒါကလွဲပြီး တံခါးက အစကပုံမှန်ပင်။ ဘာလို့ ပိတ်သွားပြီး ပြန်မဖွင့်နိုင်တော့တာလဲ။ အဆောင်ကပ်လိုက်တာနဲ့ ချက်ချင်း တံခါးပွင့်သွားတာကရော ..။ 

အားလုံး စိတ်မကောင်းဖြစ်နေကြသည်။ သူတို့တွေ ရွှင်းပြည်နယ်ဆီသို့ ရောက်သွားသည်နှင့် ချက်ချင်း ကျောက်ရွှီကျီးအား သမားတော်ထံ ပို့ပေးသည်။ 

နောက်တစ်ရက်မနက်တွင် ရှဲ့ချောင် ထို

အကြောင်းကြားလိုက်ရသည်။ 

သူမ ထေ့ငေါ့စွာဖြင့်ပြုံးလိုက်သည်။ 

သာမန်လူတွေ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မမြင်ရတာက သူတို့ရဲ့ကံကြမ္မာပင်ဖြစ်သည်။ သူတို့တွေ မြွေကိုက်ခံရတာလား။ 

မကောင်းဆိုးဝါးဝိဉာဉ်များကြောင့် အနားက မြွေ၊ ပိုးကောင်၊ ကြွက်နှင့် ပုရွက်ဆိတ်များအား သတိပေးလိုက်သလိုဖြစ်နိုင်သည်။ 

ကျောက်ရွှီကျီး ခန္ဓာကိုယ်ပေါ်က အဆိပ်က ဖယ်ဖျောက်ဖို့က ခက်ခဲနိုင်မှန်း ရှဲ့ချောင် သေချာသည်။ 

ထိုမကောင်းမှုအား ပယ်ဖျောက်ရန် တကယ့်

ဘုန်းကြီး ဒါမှမဟုတ် တာအိုကျင့်ကြံသူ ဘုရားကျောင်းဆီ သွားရမည်။ 

သူ‌ကံကောင်းသည်။ သူ၏ လက်အောက်ငယ်သားများက လျင်မြန်စွာတုံ့ပြန်ပြီး သူတို့နဲ့အတူ ခေါ်လာရန် သိသွားလို့ပင်။ မဟုတ်လျှင် သူ ကောင်းကင်ပေါ် ပျံသန်းနိုင်တယ်ဆိုရင်တောင် ထိုနေရာမှာ သေသွားနိုင်သည်။ စုံစမ်းစစ်ဆေးသောအရာရှိ မနက်ပိုင်း လာရောက်ပြီးနောက် ကျောက်ရွှီကျီး မြွေဆိပ်အား ကြုံတွေ့ခဲ့ရပြီး အသတ်ခံလိုက်ရတယ်လို့ ကောက်ချက်ချနိုင်သည်။ 

"ဆရာမလေး .. အဲဒီနေရာက တကယ်မကောင်းတာလား ကျောက်ရွှီကျီး အဲဒီမှာ ကြာကြာမနေခဲ့တာတောင် သူ့ဆီမှာ ဖြစ်ပျက်သွားတယ်" 

ရှဲ့ဖင်းကန်း ထိတ်လန့်သွားသည်။ 

"ရှင် ကြောက်နေလို့လား" ရှဲ့‌ချောင် ပြုံးဖြဲဖြဲဖြင့် မေးလိုက်သည်။ 

သူမက အခု ဘယ်လောက်ထိအရေးပါလဲဆိုတာ သူသိပြီလား။ 

"ကျွန်တော် မြင်နိုင်တဲ့အရာတွေကို လုံး၀မကြောက်ဘူး ဒါပေမယ့် အမှောင်ထဲမှာ ဖုံးကွယ်နေတဲ့ အရာတွေကိုကျ ... သူတို့ဘယ်အချိန်တိုက်ခိုက်မှာလဲဆိုတာ ဘယ်သူမှမသိဘူး အဲဒါက စိတ်ရှုပ်ဖို့ကောင်းတယ်" ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်သည်။ 

"အဲဒီလောက်ကြီးလည်း အလေးအနက်မဖြစ်ပါနဲ့ ရှင့်ခန္ဓာကိုယ်ထဲမှာ ယန်စွမ်းအင်တွေအများကြီးပဲ ပြီးတော့ ရှင်က အိမ်ရှေ့စံမင်းသားနဲ့ အတူရှိနေတာပဲ။ ကျောက်ရွှီကျီး အနားကလူတွေထက်

လည်း ပိုသန်မာတယ်လေ"

ရှဲ့ချောင် ခဏတွေးတောပြီး ထပ်ပြောသည်။ "ဥပမာပြောရမယ်ဆိုရင် ပညာသင် အမှုဖြစ်ရပ်ကို ပထမဆုံးအကြိမ် မြင်ခဲ့တာ သူ့ကိုကာကွယ်ပေးနေတဲ့ ကြယ်တွေရှိလို့ မသေဝာာပဲဖြစ်ရမယ် သူ့မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ် ယန်စွမ်းအင်နဲ့ ပေါင်းစည်းလိုက်တော့ ကံကောင်းခြင်းတွေ ပေါင်းစည်းထားတယ် သူ နည်းနည်းလေးကြောက်သွားနိုင်ပေမယ့် ပြဿနာအကြီးကြီးတော့ မဟုတ်ဘူး သူက အခု အရာရှိတစ်ယောက်ဖြစ်နေရမယ် ဟုတ်တယ်မလား"

••••

All Chapters