← Chapters

သဲလွန်စများ။ 

Vol. 31 Ch. 582

သဲလွန်စများ။ 

Vol. 31 Ch. 582

ရှဲ့ချောင် အိမ်ရှေ့စံမင်းသားအားကြည့်ပြီး ‌ထပ်မေးလိုက်သည်။ 

ကျောက်ရွှမ်ကျင်း ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။

"သူက အခု ယွမ်ကျိုးရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးပဲ" 

"ဒီတော့ မကောင်းဆိုးဝါး၀ိဉာဉ်တွေရဲ့ လွှမ်းမိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားတယ် တစ်ချို့လူတွေက ကြမ်းတမ်းတဲ့ပုံစံနဲ့ မွေးဖွားလာတယ် သူတို့က တစ်ညနေရင်တောင် ဒီမကောင်းဆိုးဝါးဝိဉာဉ်က သူ့ကိုဘာမှမလုပ်နိုင်ဘူး ကျောက်ရွှီကျီးရဲ့ လက်အောက်ငယ်သားတစ်ယောက် သူ့လက်ကို ဖြတ်လိုက်တယ်လို့ ပြောတယ်မလား အဲဒီလူပုံစံက အားနည်းပြီး သူ့စိတ်က မတည်မငြိမ်ဖြစ်နေလို့ သူက ထိတ်လန့်မှုနဲ့ အမှောင်စွမ်းအင်ကြောင့် သက်ရောက်မှုရှိသွားပြီး သူ့လက်ကို ဖြတ်လိုက်တာ"

ရှဲ့ချောင် ပြောပြလိုက်သည်။ 

ဒါက ပိုကောင်းသော ရှင်းပြမှုပင်။ 

ဘာပဲဖြစ်ဖြစ် သူတို့တွေ မကောင်းဆိုးဝါးဝိဉာဉ်အား မမြင်နိုင်ကြပါ။ 

ရှဲ့ချောင် ခန့်မှန်းတာ မှန်တယ်ဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်က ထိုလူ၏လက်အားကိုင်ပြီး ဓားနဲ့ဖြတ်စေတာပဲဖြစ်ရမည်။ 

လီချင်းယွီနှင့် တခြားသူများ ထိုအကြောင်းကြားလိုက်တော့ ဘုရားကျောင်းမှာ မနေခဲ့မိတာကို ၀မ်းသာသွားသည်။ 

ရှဲ့ဖင်းကန်းက စိတ်ထဲမထားပေ။ ဒီနှစ်တွေထဲ သူ ထူးဆန်းတာ တစ်ခုခုမြင်ဖူးခြင်းလည်းမရှိပါ။ ထို့ကြောင့် .. သူက ကြမ်းတမ်းသောပုံစံနှင့် လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ 

ထိုအချိန် ကျောက်ရွှီကျီးကတော့ အိပ်ရာထက် လှဲလျောင်းနေသည်။ 

သူ့လည်ပင်းအနောက်ဘက်က မြွေပေါက်ရာက သိသာနေပြီး အရောင်က တကယ်ကြောက်စရာကောင်းလှသည်။ 

သူက ဖြေဆေးသောက်ထားပြီး ဒဏ်ရာအားဖြတ်ရန် အကြိမ်အနည်းငယ် သွေးစုပ်ယူပြီးပြီဖြစ်သည်။ သူအခု အဆင်ပြေနေပေမယ့် မတ်တပ်ရပ်ရန် ခွန်အားမရှိပေ။ 

သူ့မှာ ဒီလိုမျိုး မကောင်းသောစတင်ခြင်း ရှိလိမ့်မယ်လို့ မထင်မှတ်ထားခဲ့။ 

အိမ်ရှေ့စံမင်းသားကတော့ သေချာပေါက် သူ့ကိုရယ်နေလောက်သည်။ 

"အကြီးဆုံးသခင်လေး ကျွန်တော်တို့တွေ ဒီအမှုကို ဆက်ပြီး စစ်ဆေးဦးမှာလား"

သူ့လက်အောက်ငယ်သား တစ်ယောက်က မေးသည်။ 

သူနဲ့အတူလာခဲ့သူများက ကြောက်လန့်နေဆဲပင်။ သူတို့တွေ ဘုရားကျောင်းထဲမှာ ဘာမှမမြင်ခဲ့ရပေမယ့် လေထုက တကယ်ကြောက်စရာကောင်းသည်။ သူတို့တွေ အဲဒီကို ဘယ်လိုလုပ် ထပ်သွားရဲမှာလဲ။ 

သူတို့ မတွေးပင်မတွေးရဲကြတော့။ 

ကျောက်ရွှီကျီးမျက်နှာထားမှာ ဆိုးနေလေပြီ။ 

"ဘယ်ကိုသွားရမှာလဲ ငါအခု ဘယ်သွားနိုင်သေးလို့လဲ"

ဘုရားကျောင်းထဲမှာ အဆိပ်ရှိမြွေတွေလွှတ်ပေးလိုက်တာ အိမ်ရှေ့စံမင်းသားပဲလို့ သူ သံသယဖြစ်မိသည်။ 

အိမ်ရှေ့စံမင်းသားက တကယ်ပဲရက်စက်သည်။ သူ ဒီအမှုကို စစ်ဆေးမှာသိတာကြောင့် တမင်တားဆီးလိုက်တာဖြစ်နိုင်သည်။ တကယ်တော့ သူ့အသက်ဆုံးရှုံးသွားအောင် အိမ်ရှေ့စံမင်းသားက

မြွေအများကြီး လွှတ်ပေးတာပဲဖြစ်ရမည်။ 

ကံ‌မကောင်းစွာဖြင့် သူ့မှာသက်သေမရှိပေ။ 

"ဒါဆို .. ကျွန်တော်တို့ပြန်ကြမှာလား" လက်အောက်ငယ်သားက ငိုချင်ပေမယ့် သူ့မှာ မျက်ရည်မရှိတော့။ သူ လျင်မြန်စွာ ဂရုတစိုက်ဖြင့် ထပ်မေးလိုက်ပြီး ဒီလူကို မပျော်မရွှင်ဖြစ်နေမှာကို စိုးရိမ်နေသည်။ 

ကျောက်ရွှီကျီး နေမကောင်းသလို ခံစားနေရပြီး နန်းမြို့တော်ဆီပြန်ကာ နန်းတွင်းသမားတော်ဆီ သွားပြချင်သည်။ 

သို့သော် သူ လက်မခံချင်သေး။ 

အိမ်ရှေ့စံမင်းသား၊ ရှဲ့ဖင်းကန်းနှင့် တခြားသူတွေလည်း ဒီမှာရှိနေသည်။ သူထွက်သွားလိုက်လျှင် ဒီလိုအခြေအနေတွင် ထွက်ပြေးခဲ့သလို ဖြစ်သွားလိမ့်မည်။ သူ တကယ်ဂုဏ်သိက္ခာအား ဆုံးရှုံးသွားနိုင်သည်။ 

"နောက်နည်းနည်းထပ်စောင့်ရအောင်"

ကျောက်ရွှီကျီး ခိုင်မာစွာပြောလိုက်သည်။ 

သူ့လက်အောက်ငယ်သားက အကူအညီမဲ့နေပြီး သဘောတူရုံသာတတ်နိုင်သည်။ 

ဒါက အဆုံးသတ်မဟုတ်ပေ။ ကျောက်ရွှီကျီး ခဏတွေးတောပြီး အိမ်ရှေ့စံမင်းသား နေထိုင်နေတဲ့ တည်းခိုခန်းဆီ တစ်ယောက်ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ အခန်းအနည်းငယ်အား

စာရင်းပေးပြီး သူတို့ကို ထိုနေရာသို့ ပြောင်းပေးလိုက်မည်။ 

သူက တော်၀င်မိသားစုက သားတစ်ယောက်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက သူ့ကို ဘယ်လောက်ပဲ သဘောမကျပါစေ သူ့ကို နှင်ထုတ်နိုင်မှာတော့ မဟုတ်။ မဟုတ်လျှင် စကားက မြို့တော်သို့ ရောက်သွားတဲ့အခါ တော်၀င်မိသားစုက အရင်ဆုံး အပြစ်ပြောကြလိမ့်မည်။ 

သူ အမှုကို မဖြေရှင်းနိုင်ဘူးဆိုရင်တောင် အိမ်ရှေ့စံမင်းသားလည်း ဖြေရှင်းနိုင်မှာမဟုတ်ပေ။ 

...

ထိုအချိန် အိမ်ရှေ့စံမင်းသားအခန်းထဲတွင် ဖန်းမိသားစု၏ အိမ်တော်ထိန်းဟောင်းက သူ့ကိုအရင်

လာတွေ့လေသည်။ 

"အရှင့်သားက ဒီကို မီးလောင်လူသတ်မှုအကြောင်း စစ်ဆေးဖို့ရောက်လာတာကို ကြားပါတယ် ဒီနှ်ိမ့်ချသူက .. ကိစ္စတစ်ချို့သိပါတယ် အကူအညီပေးနိုင်မလားဆိုတာတော့ မသိပါဘူး" 

အဖိုးအိုက လေးစားစွာဖြင့်ပြောသည်။ 

သူက ကြီးမားသော ပစ်ချက်လို့တောင်ပြောနိုင်သည်။ 

ဘိုးဘေးတို့အား ယဇ်ပူဇော်ရန် အိမ်ပြန်ခဲ့သော 

အကြီးအကဲလီတောင်မှ ဒီလူအပေါ် လေးစားမှုရှိသည်။ သူ၏ ဂုဏ်ပုဒ်က လိုက်မမှီနိုင်တာပဲဖြစ်ရမည်။ 

ကျောက်ရွှမ်ကျင်း ထိုင်လိုက်ပြီး အဖိုးအိုအားကြည့်သည်။ 

"ဘာလို့ ဒီမင်းသားကို ဒီနေ့မှပြောရတာလဲ" 

သူ ဒီကိုလာပြီး အမှုစုံစမ်းစစ်ဆေးမှာက လျှို့ဝှက်ချက်မဟုတ်ပေ။ အဖိုးအိုက ဖန်းမိသားစု သင်္ချိုင်းတွင် ရှိနေတုန်း ထိုအကြောင်းကြားခဲ့တာဖြစ်သည်။ 

သူ တကယ်ကူညီချင်လျှင် အခုအထိ စောင့်စရာမလိုပေ။ 

"ဒီနှိမ့်ချသူမှာ တောင်းဆိုချင်တာရှိပါတယ်" အဖိုး

အိုက တုန်လှုပ်သောအမူအရာဖြင့် ကြမ်း‌ပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ "ကျွန်တော်မျိုးက အိုနေပြီး ကလေးလည်းမရှိပါဘူး ကျွန်တော့်အနားမှာ သခင်မလေးပဲရှိတာပါ သူမက သခင်ဖြစ်ပြီး ငယ်ပါသေးတယ် ဒီနှစ်နှစ်ထဲ ကျွန်တော် နေမကောင်းခဲ့ပါဘူး ပြီးတော့ ဘယ်တော့ သူမကို ထားခဲ့ရမလဲဆိုတာလည်း မသိပါဘူး .." 

•••••

All Chapters