ကဗျာ။
Vol. 31 Ch. 583
အိမ်တော်ထိန်းဟောင်းအသံက အနည်းငယ် တုန်ရီနေပြီး ငိုနေသလိုပင်။
"ကျွန်တော်မသေခင်မှာ သခင်မငယ်လေးရဲ့ကျန်ရှိတဲ့ဘဝကို ဖြေရှင်းပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ် .." အဖိုးအိုက ပြောသည်။
ကျောက်ရွှမ်ကျင်း သူ့ကို အပြုံး ခပ်ဖျော့ဖျော့ဖြင့် ကြည့်လိုက်သည်။
"အကြောင်းသိပြီး မတင်ပြသူတွေက အပြစ်ရှိတယ်"
အဖိုးအိုက ထိတ်လန့်သွားပြီး "အပြစ်ရှိသူကကျွန်တော်ပါ သခင်မလေးက ဘာမှမသိပါဘူး .."
သူ ဆိုလိုချင်တာက ပြတ်သားသည်။ မတင်ပြတာက ပြစ်မှုဆိုတာကို သူသိရင်တောင်မှ သခင်မလေးဖန်းနှင့် ဘာမှမဆိုင်ပါဟု။
သူ့အရှေ့က မြင့်မြတ်သူက ဒီတောင်းဆိုချက်အား လက်မခံလျှင် ဆိုလိုတာက သူသိပြီး မတင်ပြခဲ့တာဖြစ်သည်။ သူ လက်ခံသည်။ သူ
သေခါနီးဆဲဆဲဖြစ်သော်လည်း ဤမီးလောင်လူသတ်မှုအား ထာဝရမြှုပ်နှံထားနိုင်သည်။
ကျောက်ရွှမ်ကျင်း လှောင်ရယ်လိုက်သည်။
"မှုခင်းစီစစ်ရေးဌာနမှာ နှိပ်စက်တာကို ခင်ဗျားမမြင်ဖူးမှာ စိုးရိမ်မိတယ်" ကျောက်ရွှမ်ကျင်း မျက်နှာက အေးစက်နေပြီး သူ့မှာစာနာသနားခြင်း မရှိသလိုပင်။ "ခင်ဗျားရဲ့ သခင်မလေးက ဘာမှမသိဘူးလို့ ပြောခဲ့တယ် အဲဒါကို ဒီမင်းသားက ယုံပေးရမှာလား သူမ မသိဘူးဆိုရင် သူမကို မှုခင်းစီစစ်ရေးဌာနဆီခေါ်သွားပြီး သေချာစစ်မေးမယ်"
ထိုစကားကြားတော့ အဖိုးအိုတုန်လှုပ်သွားသည်။
"အရှင့်သား သနားညှာတာပေးဖို့ တောင်းဆိုပါတယ် ကျွန်တော့်ရဲ့ သခင်မလေးက စိတ်ဓာတ်
ပျော့ညံ့သူပါ အဲဒီနေ့က သူမ အရှင်မင်းသားကိုတွေ့တော့ သဘောကျနှစ်သက်သွားခဲ့တာပါ သူမက အရှင့်သားနားမှာ နေချင်ခဲ့ရုံလေးပါ အရှင့်သားအတွက်က .. ဘာမှမဆုံးရှုံးပါဘူး .."
တကယ်လို့ ကျောက်ရွှမ်ကျင်းက သာမန်အရာရှိတစ်ယောက်ဆိုလျှင် သူက သခင်မလေးအား သူမဘ၀မှာ ခံစားရဖို့အတွက် သဘောတူမှာမဟုတ်ပေ။
သို့ပေမယ့် သူ တခြားသူတွေစကားပြောနေရင်း ဖိုသူ့ကို 'အရှင့်သား'လို့ခေါ်နေတာ မတော်တဆကြားခဲ့ရသည်။
တစ်ယောက်ယောက်က 'အရှင့်သား'လို့ ခေါ်လျှင် သူ၏ သရုပ်မှန်ကို ခန့်မှန်းစရာတောင်မလိုပါ ..။
ဒီလူက အိမ်ရှေ့စံမင်းသားပဲ ဖြစ်နိုင်သည်။
သူက အိမ်ရှေ့စံမင်းသားဆိုလျှင် သူမက သူ၏ ကိုယ်လုပ်တော်ဖြစ်ရင်တောင် အနာဂတ်တွင် သူမ ရာထူးက သာလွန်သွားနိုင်သည်။
"ကျို့ဝေ့ကျုံး သွားပြီး မိန်းကလေးဖန်းကို ဖမ်းဆီးလာခဲ့"
အဖိုးအိုမှာ နောင်တရခြင်းမရှိတာကြောင့် သူ ချက်ချင်း စီစဉ်မှုများ ပြုလုပ်လိုက်သည်။
"ခဏ .. သခင်မလေးက မသိပါဘူး ကျွန်တော်ပြောပြပါမယ် ကျွန်တော်ပြောပါမယ်"
အဖိုးအို ခါးသီးမှုအား ခံစားရသည်။
သူ အစက ဒီမြင့်မြတ်သူအနားမှာ သူ့ သခင်ဟောင်းလိုမျိုး အမျိုးသမီးများစွာ ရှိနေမယ်လို့ တွေးထားတာဖြစ်သည်။ တကယ်လို့ သူ တခြားကိုယ်လုပ်တော် ရဖို့အတွက် အခွင့်အရေးရှိရင် မငြင်းနိုင်လောက်ဘူးလို့ ထင်ခဲ့တာပင်။
သူ၏ သခင်မလေးကလည်း ရုပ်မဆိုးပါ။ သူမက မလှပပေမယ့် အလွန်ဆွဲဆောင်မှုရှိသည်။
ဘယ်သူက တွေးမိမှာလဲ ..
အဖိုးအိုက မြေပြင်ပေါ်တွင် ဝပ်ပြီး "အရင်က မီးလောင်လူသတ်မှုဖြစ်တုန်းက ဆရာ ရှိပါသေးတယ် သူ အမှုကို ကိုင်တွယ်နေချိန်မှာ ကျွန်တော် သူ့အနားမှာ စောင့်ပေးခဲ့တာပါ အဲဒါကြောင့် တခြားသူတွေမသိတဲ့ တစ်ချို့အကြောင်းအရာ
တွေကို သိပါတယ် .."
မြင့်မြတ်သူက သူ့ကိုဖမ်းဆီးဖို့မလုပ်တာကိုတွေ့မှ အဖိုးအို စိတ်အေးသွားသည်။
ပြီးနောက် သူ ဆက်ပြောသည်။ "အရင်က ကြိုးပေးခံရသူက နျဲ့မျိုးရိုးပါ သူ့ကို နျဲ့ဖေလို့ခေါ်ကြပါတယ် သူက တိုင်းတပါးကပါ သူက နှိမ့်ချတဲ့မိသားစုက ကျောင်းသားတစ်ယောက်ဖြစ်ပြီး အရည်အချင်း တစ်ချို့ရှိပေမယ့်လည်း တခြားပညာသင်တွေနဲ့ ယှဉ်ရင် သူက ... သာမန်ပါပဲ
အဲဒီအချိန်တုန်းက ကျွန်တော့်သခင်က အချိန်အကြာကြီး စုံစမ်းစစ်ဆေးခဲ့ပေမယ့် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူ အဲဒီ နျဲ့ဖေက ဘယ်သူနဲ့မှ မသင့်မြတ်တာလည်းမရှိဘူး ပြီးတော့ သူက ရွှင်းပြည်နယ်မှာ အခြေချတာ မကြာသေးပါဘူး သူ့မှာတကယ်ပဲ ရန်သူတွေ မရှိသင့်ဘူး ..
ဒီအမှုက ချောင်ထိုးခြင်းခံလိုက်ရတယ် ကျွန်တော့်သခင်က အမြဲတမ်း ကဗျာနဲ့ သီချင်းတွေကို နှစ်သက်တယ် ရုတ်တရက် တစ်ရက်မှာ သခင်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကဗျာတစ်ပုဒ်ကို ရှာတွေ့ခဲ့တယ် ..
သခင်က ကဗျာကိုကြားတော့ တစ်ခုခုမှားနေတာကို ခံစားမိတယ် သူ ချက်ချင်း အမှုတွဲကိုကြည့်ပြီး 'ငါသိပြီ' လို့အော်လိုက်တယ် .. အဲဒီအချိန်က သခင် အမှုဖြစ်စေမှုကို ရှာတွေ့ခဲ့တယ်လို့ ထင်ခဲ့ပေမယ့် အကြောင်းတစ်ချို့ကြောင့် သူ အမှုမပိတ်နိုင်ခဲ့ဘူး"
အိမ်တော်ထိန်းဟောင်းက သူ၏ နှိမ့်ချသောစကားများ ပြောပြီးနောက် သူ့ခေါင်းက ကြမ်းပြင်နှင့် ထိမတတ်ပင်။
"ကဗျာကို မှတ်မိသေးလား" ကျောက်ရွှမ်ကျင်း မေးလိုက်သည်။
"ဒီအဖိုးအိုက လွန်ခဲ့တဲ့ရက်တွေတည်းက သေချာတွေးတောကြည့်ခဲ့ပေမယ့် သေချာမမှတ်မိနိုင်ခဲ့ပါဘူး တစ်ချို့ လက်ကျန်အမှုန့် .. အမွှေးနံ့သာ နဲ့ လဝိညာဉ်ပဲ မှတ်မိပါတယ် . . တစ်ပုဒ်လုံးကိုတော့ မမှတ်မိပါဘူး"
ကျောက်ရွှမ်ကျင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီကဗျာက ဖန်းရှီယွမ်အား အံ့အားသင့်အောင် လုပ်နိုင်မှတော့ သေချာပေါက် နာမည်ကြီးတာမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ အပြင်လူအနည်းငယ်သာ သိကြလိမ့်မည်။
ကျောက်ရွှမ်ကျင်း ချက်ချင်း ကျို့ဝေကျုံးအား အဓိကစာအုပ်တွေအားလုံး စစ်ဆေးခိုင်းလိုက်သည်။
အထူးသဖြင့် နျဲ့ဖေကွယ်လွန်သည့်နှစ်မှ ကဗျာစုစည်းမှုအား ဂရုတစိုက်ကြည့်ရှုရမည်။
•••••