ရင်းနှီးခြင်း။
Vol. 31 Ch. 584
နှစ်တိုင်း ကဗျာစာပေစုစည်းမှု အရေအတွက်များ များပြားတာကြောင့် သူတို့တွေ မကြီးမားသောအစုအပုံကြီးအား တွေ့ကြသည်။
ရှဲ့ဖင်းကန်းနှင့် ကျို့ဝေကျုံးနှစ်ယောက်တည်း
စာအုပ်များ ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
ကျောက်ရွှမ်ကျင်း စာအုပ်များအား တိုက်ရိုက်မလှန်ဘဲ ကဗျာစုစည်းမှုထဲက ရေးသားသူများ နာမည်အား အရင်ဆုံးကြည့်လိုက်သည်။ နှစ်နာရီအတွင်း ထိုရာချီလှသော စာအုပ်ထဲတွင် နျဲ့ဖေရေးသားခဲ့သော ကဗျာတစ်ပုဒ်ရှာတွေ့ခဲ့သည်။
ပြီးနောက် သူ ကဗျာအား ကြည့်လိုက်သည် ..။
"နာရီအနည်းငယ်ကြာရင် အေးစက်တဲ့ကြယ် ချောင်းငယ်မှာ လာတွေ့ပါ ငါမင်း ရနံ့ကို ချက်ချင်းနမ်းမယ် ကျောက်စိမ်းက အေးစက်နေပြီး တိမ်စိုင်တွေက ရှက်နေတယ် ဆန္ဒရှိတဲ့အကိုင်းအခက်အပေါ်မှာ လ က ဝိဉာဉ်အဖြစ်ပြောင်းလဲတယ် အကြွင်းအကျန်ရနံ့ထဲ ငါ့အိပ်မက်ထဲမှာ နက်နက်ရှိုင်းရှိုင်းရှိနေမယ် မင်းအချစ်တွေက ငါ့နှလုံးသားထဲမှာ ရှင်သန်နေလိမ့်မယ်"
ဒီကဗျာ ..
ဒါက ကောင်းတယ်လို့ မသတ်မှတ်ဘဲ အမျိုးသမီးတစ်ယောက်အကြောင်း ပြောနေတယ်လို့ ထင်ရသည်။
ကဗျာအဆုံးတွင် ရေးသားထားသော ရက်စွဲရှိသည်။ သူ ရွှင်းပြည်နယ်ရောက်ပြီး ဒုတိယညတွင် ပြီးသွားတာဖြစ်သည်။
ပြီးနောက် နျဲ့ဖေက ဘုရားကျောင်းက ဆန်းကြယ်တဲ့အကြောင်း ကြားသွားပြီး အပြင်မှာပဲ နေခဲ့သည်။
ဒါက တကယ်ပဲ အနည်းငယ်ထူးဆန်းနေသည်။
စာမေးပွဲဖြေဖို့အတွက် မြို့တော်ကို ရောက်လာခဲ့တဲ့ လူတစ်ယောက်က ရုတ်တရက် ဒီလို မရေရာသော အရာတစ်ခုကို ရေးခဲ့တာလဲ။
ရွှင်းပြည်နယ်တွင် သူ၏ အချစ်ရှိပြီး .. သူက ထိုအမျိုးသမီးနှင့် အတူ အိပ်ခဲ့သေးသည်။
နျဲ့ဖေ သေဆုံးပြီးနောက် အစိုးရက သူနှင့် အဆက်အသွယ်ရှိသူမှန်သမျှအား စစ်မေးခဲ့သည်။ သို့ပေမယ့် အမှုတွဲပေါ်တွင် သူနှင့် အဆက်အဆံရှိသော အမျိုးသမီးတစ်ယောက်မှ မပါပေ။
"အရှင့်သား တစ်ခုခုရှာတွေ့လား"
ရှဲ့ချောင် အပျော်၀င်ပါရန် ရောက်လာတာ
ဖြစ်သည်။
အရှင့်သားက လူတစ်စုကို စေလွှတ်ပြီး စာအုပ်များစွာအား ရှာခိုင်းတယ်လို့ ရှဲ့ဖင်းကန်းကပြောသည်။ ကံမကောင်းစွာဖြင့် သူတို့က ကဗျာအကြောင်း နားမလည်တာကြောင့် ကူညီပေးနိုင်တာ ဘာမှမရှိပေ။ အိမ်ရှေ့စံမင်းသား တစ်ယောက်တည်း ခံစားနေရတာကြည့်ပြီး သူတို့တကယ် အဆင်မပြေပါချေ။
သူမအတွက်က ..
သူမက အိမ်ရှေ့စံမင်းသား၏ ဆရာတူအစ်မဖြစ်သည်။
သူမက အိမ်ရှေ့စံမင်းသားထက် ကဗျာအကြောင်း ပိုသိနိုင်တာကြောင့် သူမကို လာကြည့်
ရန် ဖိတ်ခေါ်လိုက်တာဖြစ်သည်။
ကျောက်ရွှမ်ကျင်း ကဗျာအား ရှဲ့ချောင်ကို ပြလိုက်သည်။
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။ "နျဲ့ဖေ မသေခင်မှာ .. သူက .. ရင်းရင်းနှီးနှီးနေဖို့အတွက် .. အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တာလား"
ထိုစာကြောင်းကိုကြည့်လျှင် တိမ်စိုင်တွေက ရှက်နေပြီး လက ဝိဉာဉ်အဖြစ် ပြောင်းသွားတယ် .. လက ထိုအမျိုးသမီးကို ရည်ညွှန်းနေတာ ဟုတ်တယ်မလား။
တကယ်လို့ တိုက်ရိုက် ဘာသာပြန်လျှင် ဖြစ်နိုင်တာက ..။
ထိုအမျိုးသမီးက ခံစားချက် ကောင်းလွန်းတာကြောင့် သူမ ဝိဉာဉ်က သူမခန္ဓာကိုယ်ကနေ ထွက်သွားတာပင် ..။
ရနံ့ကလည်း သင်းပျံ့သောရနံ့ဖြစ်သွားပြီး သူက မျက်စိတ်တစ်မှိတ်အတွင်း အိပ်မက်ထဲ ရောက်သွားတယ် ..။
ဒါက ရင်းနှီးပြီးနောက် မြင်ကွင်းဖြစ်နိုင်မလား။
သူက သာမန်ရက်တစ်ရက်မှာ ဒီလိုကဗျာ မရေးနိုင်တာ မဟုတ်ပေမယ့် ပညာသင်အများစုက ကဗျာရေးသားချိန် သူတို့ခံစားချက်အား အာရုံစိုက်ကြသည်။
သူက အကြာကြီး ခရီးနှင်ခဲ့ရသည်။ သူ မကြုံတွေ့
ခဲ့လျှင် ဘယ်လိုလုပ် ဒီလိုခံစားချက်များ ရှိနိုင်မှာလဲ။
ရှဲ့ချောင် စကားပြောနေချိန် မထိန်းချုပ်ဘဲ သူမမျက်၀န်းများက တစ်စုံတစ်ရာအား မသိမသာ အယုံသွင်းနေသည်။ ကျောက်ရွှမ်ကျင်း ခဏ အံ့အားသင့်သွားပြီးနောက် သူ့အကြည့်က အနည်းငယ် ရွေ့သွားပြီး အနည်းငယ် သက်သောင့်သက်သာ မရှိသလိုခံစားရသည်။
"ဒီအမျိုးသမီးကို ရှာဖို့က မလွယ်နိုင်ဘူး .." ရှဲ့ချောင် သက်ပြင်းချလိုက်သည်။ သူမ ခဏတွေးတောပြီး ပြောသည်။ "ဒီအမှုမှာ နစ်နာသူ ၃ယောက်ရှိတယ် အကုန်လုံးက ပညာသင်တွေပဲမလား"
ကျောက်ရွှမ်ကျင်း ထောက်ခံကြောင်း သူမအားကြည့်လိုက်သည်။
ပြီးနောက် ကျန်သော ပညာသင်နှစ်ယောက်က တစ်ခုခုချန်ခဲ့လားဆိုတာ နှစ်ယောက်သား အတူရှာဖွေကြသည်။
ကံမကောင်းစွာပင် ပတ်ရှာသော်လည်း သူတို့ ဘာမှမတွေ့ခဲ့ရပေ။
"ဖန်းရှီယွမ်က လူသတ်သမားကို သူ့ကဗျာကြည့်ပြီး ဝေဖန်နိုင်တယ်ဆိုတော့ ဒီကဗျာထဲ သရုပ်ဖော်ထားတဲ့ လူတွေကို နားလည်မှု တစ်စုံတစ်ရာ ရှိမှာကို စိုးရွံ့မိတယ်"
ကျောက်ရွှမ်ကျင်း ခဏတွေးတောပြီး ရှဲ့ချောင်အားပြောလိုက်သည်။
ရှဲ့ချောင် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
မှန်သည်။
ကံမကောင်းစွာဖြင့် ဖန်းရှီယွမ်က သေဆုံးတာ ကြာပြီဖြစ်ပြီး ဖန်းမိသားစုထဲတွင် သခင်တစ်ယောက်နှင့် အစေခံသာ ကျန်ခဲ့သည်။
"အဖိုးအိုကို ဒီကိုခေါ်ခဲ့" ကျောက်ရွှမ်ကျင်း ထပ်ပြီးအမိန့်ပေးလိုက်သည်။
ခဏအကြာ အဖိုးအိုရောက်လာသည်။
ဒီလူ၏ ခန္ဓာကိုယ်က ကုန်းနေပြီး မျက်နှာပေါ်တွင်
အရေးကြောင်းများစွာဖြင့်။ အစေခံတစ်ယောက်အနေနှင့် ဒီလူက သစ္စာရှိလှသည်။ မိသားစုထဲက လူတွေအားလုံး သေသွားတာတောင် သူမ သခင်မလေးဖန်းအား စောင့်ရှောက်ပေးရန် နေခဲ့သည်။
"သခင်မလေးဖန်းရဲ့ အမေအရင်းက မိန်းမအစေခံပဲလား"
ကျောက်ရွှမ်ကျင်း ရုတ်တရက်မေးလိုက်သည်။
အဖိုးအိုက ထိုစကားကြားတော့ တုန်ရီသွားသည်။ ပြီးနောက် လျင်မြန်စွာဖြင့် ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ် ကျွန်တော်တို့ သခင်မလေးရဲ့ အမေက မိသားစုကောင်းက မဟုတ်ပါဘူး သခင်ကြီးက သူမကို သဘောမကျပါဘူး အဲဒါကြောင့် သူမကို ကိုယ်လုပ်တော်အဖြစ် မယူခဲ့ဘူး .."
•••••