← Chapters

မှားယွင်းနေသော နောက်ခံ။ 

Vol. 31 Ch. 586

မှားယွင်းနေသော နောက်ခံ။ 

Vol. 31 Ch. 586

ရှဲ့ချောင် မျက်လုံးမှေးထားကာ သူမခေါင်းကိုပါ ပံ့ပိုး‌ပေးပြီး ဂရုတစိုက် နားထောင်လိုက်သည်။ 

အဖိုးအိုက စိတ်လှုပ်ရှားနေပြီး သူ့အသံက တုန်ရီနေလေ၏။ 

"ဒီလူအိုကြီးက .. ရွှင်းပြည်နယ် ပိုင်မိသားစုကပါ ကျွန်တော်တို့မိသားစုက အမွှေးတိုင်လုပ်ကြပါတယ် ဒါပေမယ့် အရင်က မိသားစုခေါင်းဆောင်က ကွယ်လွန်သွားပြီး အခု ကျွန်တော့်သခင်ဖြစ်

တဲ့ သမီးတစ်ယောက်ပဲ ကျန်ခဲ့တာပါ .. 

ပိုင်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်တဲ့ သခင်က တေးဂီတ၊ ချက်စ်၊ လက်ရေးနဲ့ ပန်းချီဆွဲတဲ့နေရာတွေမှာ ထူးချွန်ပါတယ် သူမ ၁၈တုန်းက သူမယောကျာ်းက မိသားစုမျိုးဆက်အတွက် လက်ထပ်ပြီး ပိုင်မိသားစုထဲ ၀င်ရောက်လာခဲ့တယ်"

နောက်တော့ အဖိုးအိုက များစွာပြောပြသည်။ 

ပိုင်မိသားစု၏ သမီးက ပိုင်ချင်ရှန်းဖြစ်သည်။ ပိုင်မိသားစုက အမွှေးတိုင်စီးပွားရေး ပြုလုပ်ကြပြီး မိသားစုစီးပွားရေးဆိုပေမယ့် ရွှင်းပြည်နယ်ထဲတွင် မိသားစုကြီးဖြစ်ပြီး နာမည်ကြီးသည်။ 

ပိုင်မိသားစုက မိသားစုကြီးဖြစ်ပေမယ့်

ခမည်းခမက်ဖြစ်ချင်သူများတော့ မများလှ။ 

အရည်အချင်းရှိသူများက အထက်စီးဆန်ပြီး ရုပ်ရည်ရှိသူများက အရည်အချင်းမရှိပေ။ 

သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ သူတို့တွေ သင့်တော်သောသူအား ရှာမတွေ့နိုင်ခဲ့ပေ။ 

ပိုင်ချင်ရှန်းအဖေ အသက်ရှင်တုန်းက သူက ရှုထောင့်တိုင်းက ပျှမ်းမျှရှိသူတစ်ယောက်အား စီစဉ်ခဲ့သည်။ 

ထိုသားမက်က ရုပ်မဆိုးပေမယ့် အလယ်အလတ်မျှသာဖြစ်သည်။ သူက စာပေ တတ်မြောက်သော်လည်း အများကြီးတော့မသိပေ။ သူက ပိုင်ချင်ရှန်းကိုသာ ကူညီပေးနိုင်သည်။ 

ပိုင်ချင်ရှန်းက သူမငယ်ငယ်လေးတည်းက ဆက်ခံသူတစ်ယောက်အဖြစ် ပျိုးထောင်ခြင်းခံခဲ့ရတာဖြစ်သည်။ သူမ စွမ်းရည်နှင့် အရည်အချင်းက သာမန်ယောကျာ်းတစ်ယောက် ယှဉ်နိုင်တာမျိုး မဟုတ်ပေ။ 

သူမက ဘာမှမလစ်ဟင်းသလို ဘက်ပေါင်းစုံ ‌ထူးချွန်လှသည်။ သို့ပေမယ့် သူမက သူမလောက်ပင် မတော်သောသူတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်။ သူမ ဘယ်လိုလုပ် ဆန္ဒရှိမှာတဲ့လဲ။ 

ထို့ကြောင့် လက်ထပ်ပြီးနောက် သူမ ဖန်းရှီယွမ်နှင့် နီးစပ်ခဲ့သည်။ 

သို့သော်လည်း ပိုင်မိသားစု၏ ဦးစီးတစ်ယောက်အနေနှင့် သူမမှာ အမျိုးသားနှင့် သားတစ်ယောက်ရှိပြီးသားပင်။ ထို့ကြောင့် သူမအနေဖြင့် သူ့

ကိုယ်လုပ်တော်လုပ်ဖို့က မဖြစ်နိုင်ချေ။ 

နှစ်ယောက်သား သီးသန့်သာ အဆက်အသွယ်ပြုကြရင်း သူမကိုယ်၀န်ရှိသွားတော့သည်။ 

သူမနှင့် သူမအမျိုးသားက တစ်ခန်းတည်းမှာ အတူအိပ်တာ ရှားပါးတာကြောင့် ကိုယ်၀န်ရတဲ့အချိန်က အချိန်မကိုက်ပေ။ တခြားသူတွေ သူမအကြောင်း အတင်းပြောကြမှာကို ကြောက်ရွံ့တာကြောင့် သူမ တိတ်တဆိတ်သာ ကလေးမွေးခဲ့သည်။ ပြီးနောက် ဒီကျွန်ဟောင်းအား ကလေးနှင့်အတူ ဖန်းမိသားစုဆီ ‌ပို့ပေးလိုက်သည်။ 

ထို့ကြောင့် သခင်မလေးဖန်းက တရားမဝင်ကလေးဖြစ်သည်။ 

ဒီအစေခံဟောင်းမှာ ပိုင်မိသားစုထဲတွင် သူ၏

သား၊ ချွေးမနှင့် မြေးအထိပါ ရှိနေသည်။ ထို့ကြောင့် သူက ပိုင်မိသားစုသခင်မ တောင်းဆိုတဲ့အတိုင်း လုပ်ရတာဖြစ်သည်။ 

သို့သော် ဖန်းမိသားစု၏ မိသားစု၀င်သေဆုံးမှုများက အလွန်၀မ်းနည်းစရာကောင်းလှသည်။ သူမပါ ပါ၀င်ပတ်သက်သွားမှာကို ပိုင်ချင်ရှန်းက စိုးရိမ်တာကြောင့် သခင်မလေးဖန်းအား အနည်းငယ် အာရုံစိုက်လာသော်လည်း သူမကို သီးသန့် ဂရုမစိုက်ပေ။ ဒီအတိုင်း မသေစေနဲ့လို့သာ ပြောလေသည်။ 

ဒီလူအိုကြီးက အစေခံတစ်ယောက်သာဖြစ်သည်။ 

ထိုအချိန် သူက သူသိသမျှအားလုံးကို အကောင်းဆုံးပြောပြနေ၏။ 

"မြင့်မြတ်သူ ကျွန်တော့်သခင်က မီးလောင်လူသတ်မှုနဲ့ ဘာမှမသက်ဆိုင်ပါဘူး ကျွန်တော့်သခင်က အကြင်နာဆုံးပါ နှစ်တိုင်း ရွှင်းပြည်နယ်ထဲမှာ ပိုင်မိသားစုကပဲ ကောင်းမှုအများဆုံးလုပ်တာပါ အရှင်မင်းသား လိုက်မေးကြည့်လို့ရပါတယ် .."

အဖိုးအိုက ဂရုတစိုက်ဖြင့်ပြောသည်။ 

သူ အနည်းငယ်နောင်တရမိသလိုလည်း ခံစားရသည်။ သူသာ အစောတည်းကသိခဲ့လျှင် 

ကောင်းကောင်းနေပြီး ဘာမှမပြော‌ခဲ့လောက်ပေ။ 

အားလုံးက သခင်မလေးကြောင့်ဖြစ်သည်။ သူက သူ့ကိုထိန်းချုပ်ထားပြီး မီးလောင်လူသတ်မှုအကြောင်း မေးသည်။ နောက်တော့ ထို

အကြောင်းသိသွားတဲ့အခါ ဒီကိုလာပြီး မြင့်မြတ်သူအား သွားပြောခိုင်းသည်။ 

ဒီလူက သူ၏ ကြင်နာမှုအား ကျေးဇူးမတင်သလို ပိုင်မိသားစုအကြောင်းပါ သိသွားမယ်လို့ ဘယ်သူ ထင်မှာလဲ။ 

သူက ဘယ်လိုသိသွားတာလဲ။ 

သခင်မလေးရဲ့ နောက်ခံအကြောင်းမေးရန် မရှင်းပြနိုင်လောက်အောင် ဘယ်လိုလုပ် မှတ်မိနေခဲ့တာလဲ။ 

အဖိုးအိုက အကူအညီမဲ့နေသော မျက်နှာထားဖြင့်။ 

ကျောက်ရွှမ်းကျင်း လူတစ်ယောက်အားခေါ်ပြီး အဖိုးအိုကိုခေါ်သွားခိုင်းကာ အရင်ဆုံး စောင့်ကြပ်ခိုင်းထားလိုက်သည်။ 

"ကြည့်ရတာ နျဲ့ဖေနဲ့ ဖောက်ပြန်ခဲ့တဲ့သူက ပိုင်မိသားစုက ဦးစီး ပိုင်ချင်ရှန်းဖြစ်လိမ့်မယ်ထင်တယ်" 

ကျောက်ရွှမ်ကျင်း ခန့်မှန်းလိုက်သည်။ 

ထိုကဗျာထဲတွင် 'ရှန်း'စကားလုံးက ဆက်တိုက် ဖော်ပြထားသည် ..

ဒါက အရိပ်အမြွက်ပင်။

ရှဲ့ချောင်လည်း ထိုအတိုင်းတွေးသည်။ 

ကျောက်ရွှမ်ကျင်း ချက်ချင်း ပိုင်မိသားစုကိုသွားပြီး စစ်ဆေးရန်အတွက် လှည်းပြင်ခိုင်းလိုက်သည်။ 

ရှဲ့ချောင်လည်း တည်းခိုခန်းထဲမှာ လုပ်စရာမရှိတာကြောင့် သူတို့နဲ့လိုက်သွားလိုက်သည်။ 

ပိုင်မိသားစုသည် ရွှင်းပြည်နယ်တွင် နာမည်ကြီး မိသားစုဖြစ်တာကြောင့် သူတို့၀င်ရောက်ရန် မလွယ်ကူလောက်ပေ။ 

သို့သော် ရှဲ့ဖင်းကန်းက မှုခင်းစီစစ်ရေးဌာနမှ စုံစမ်းစစ်ဆေးမှုတံဆိပ်ပြားအား ကိုင်ဆောင်ထားသည်။ သူက အုပ်ချုပ်ရေးမှူးရုံးထဲအထိတောင် ၀င်ထွက်နိုင်သည်။ ပိုင်င်မိသားစုက စီးပွားရေး မိသားစုဖြစ်တာကြောင့် သူတို့က ရှဲ့ဖ

င်းကန်းနှင့် တခြားသူများအား ရိုသေစွာဖြင့် ဆက်‌ဆံရပေမည်။ 

ထို့ကြောင့် ပိုင်မိသားစု၏ ဦးစီး ပိုင်ချင်ရှန်းကိုယ်တိုင်ပင် သူတို့အားကြိုဆိုရန် ရောက်လာ၏။ 

•••••

All Chapters