အသေဆိုးနှင့် သေတယ်။
Vol. 31 Ch. 588
ပိုင်ချင်ရှန်း ရှက်သလိုခံစားရပေမယ့် သူမ မဖုံးကွယ်နိုင်ဘူးဆိုတာ သိ၏။
လွန်ခဲ့သောနှစ်အနည်းငယ်က သူမ အရာအားလုံးက အဆုံးသတ်သွားပြီး ဘယ်သူမှမသေတော့ဘူးလို့ တွေးခဲ့တာဖြစ်သည်။ သို့ပေမယ့် ထိုတစ်စုံတစ်ယောက်က ဒီနှစ် နန်းတွင်းစာမေးပွဲဖြေဆိုနေရင်း မတော်တဆမှုဖြစ်လိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ပေ။
သိပ်မကြာသေးခင်က သူမ အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေပြီး အမှန်တကယ်ပဲ ကြောက်ရွံ့နေသည်။
"ကျွန်မနဲ့ ကျွန်မအမျိုးသားဆက်ဆံရေးက မကောင်းဘူး အရင်က ကျွန်မ ဖန်းရှီယွမ်နဲ့ရတဲ့ ကလေးမွေးပြီးနောက်ပိုင်း ပိုပိုပြီး .. ကျွန်မယောကျာ်းနဲ့ အဆင်မပြေတော့ဘူး
အဲဒီနှစ်က နန်းတွင်းစာမေးပွဲမတိုင်ခင် ကျွန်မ နျဲ့ဖေကို စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့တယ် ဒီတော့ ကျွန်မ သူ့ကို မြို့အပြင်ဘက်မှာ တွေ့မယ်လို့ စာပို့လိုက်တယ် အဲဒါက လှပတဲ့ညတစ်ညပဲ ဒါပေမယ့် သိပ်မကြာဘူး သူ အဲဒီမှာသေသွားခဲ့တယ် .. ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ တကယ်မသိခဲ့ဘူး သူ့ဘာသာ ကြိုးဆွဲချသတ်သေလို့ ကြားခဲ့တယ် သူတစ်ခုခု မှားယွင်းသွားတာလို့ထင်ပြီး ကျွန်မလည်း အဆင်မပြေခဲ့ဘူး .."
သူက သူမနှစ်သက်သဘောကျသူ တစ်ယောက်ဖြစ်တာကြောင့် တစ်ချိန်လုံး စိတ်မပျော်နိုင်ခဲ့ပေ။
သူမ အစက နျဲ့ဖေမိသားစုသို့ ငွေတစ်ချို့ ပို့ပေးချင်ပေမယ့် အမှုက ရှုပ်ထွေးသွားသည်။ သူမ အပြုအမူက အာရုံစိုက်ခံရမှာစိုးရိမ်တာကြောင့် မသိသလိုဘဲ ဟန်ဆောင်နေခဲ့တာဖြစ်သည်။
"ကျွန်မ ပညာသင်တွေကို လေးစားပါတယ် သူတို့က ကြည့်ကောင်းကြပြီး အရည်အချင်းရှိတယ် ကျွန်မ သူတို့ကို ပိုပြီးအာရုံစိုက်ဖြစ်တယ် သုံးနှစ်ကြာပြီးနောက်ပိုင်း နန်းတွင်းစာမေးပွဲတုန်းက ကျွန်မ ပညာသင်တစ်ယောက်ကို ရှာတွေ့ခဲ့တယ် .. သူနဲ့အတူ တစ်ညတာကုန်ဆုံးခဲ့တယ် ပြီးတော့ သူလည်းပဲ အဲဒီနေရာမှာ သေသွားပြန်ရော .."
ထိုအချိန်တည်းက သူမ ထပ်မလုပ်ရဲတော့တာ
ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမ ဖန်းရှီယွမ်နှင့် အလွန်တူသော လူတစ်ယောက်ဆီက ဆွဲဆောင်ခံလိုက်ရသည်။
အရာအားလုံးက အဆုံးသတ်သွားတာ ကြာပြီလို့ တွေးခဲ့သော်လည်း အရင်လိုပဲ ပြန်ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တကယ်တော့ လွန်ခဲ့သောနှစ်အနည်းငယ်တည်းက သူမ ယောကျာ်းများနှင့်တွေ့တာ လုံး၀မရပ်ခဲ့ပေ။ ရွာထဲမှ ကြည့်ကောင်းကြသော အစောင့်အကြပ်များ ရှိကြသည်။ သူတို့က ကြည့်ကောင်းကြပေမယ့် အရည်အချင်း သိပ်မရှိတာကြောင့် သူမ မကြာခဏတော့ မသွားဖြစ်ပေ။
သူမ အိမ်မှာပျင်းတဲ့အခါမှသာ စိတ်အပန်းဖြေရန် သွားသည်။
ထိုပညာသင်သုံးယောက်ကတော့ အကောင်းဆုံးသာ။
ထိုကဲ့သို့ ကိစ္စဖြစ်ပျက်ပြီးနောက် ပိုင်ချင်ရှန်းက သံသယအရှိဆုံးမဖြစ်လာဘဲ သူမယောကျာ်း ဖြစ်သွားသည်။
"သခင်မပိုင် ခင်ဗျားယောကျာ်း ဘယ်မှာလဲ"
ကျောက်ရွှမ်ကျင်း မေးလိုက်သည်။
"လွန်ခဲ့တဲ့နှစ်နှစ်က ဖျားနာမှုကြောင့် ကွယ်လွန်
သွားခဲ့တယ်"
သခင်မပိုင်၏ မျက်နှာထားက စိတ်မ၀င်စားသောပုံစံဖြင့်။ သူမ ဒီကိစ္စပြောတော့ ၀မ်းနည်းမှု တစ်စုံတစ်ရာတောင် မပြသချေ။
ဒီလူက ပရော်ပရည်လုပ်တတ်ပေမယ့် အကြင်နာကင်းမဲ့လှသည်။
တကယ်တော့ သူမနှင့် ဖန်းရှီယွမ်ကသာ နတ်ဖက်လှသော စုံတွဲဖြစ်ကြသည်။
ပိုင်မိသားစု၏ ထိုသားမက် သေဆုံးသွားတော့ ထိုလူမှာ လူသတ်မှုအတွက် တာ၀န်ရှိသူဆိုတာ မဖြစ်နိုင်တော့ပေ။
ဒီတော့ ဘယ်သူဖြစ်နိုင်ဦးမလဲ။
ရှဲ့ချောင် မျက်မှောင်ကြုတ်ပြီး လေးနက်စွာ တွေးတောလိုက်သည်။ သူမ အပြင်ကိုကြည့်တော့ အသက် ၁၈၊ ၁၉လောက် ရှိသော ယောကျာ်းတစ်ယောက်လျင်မြန်စွာ ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရသည်။
"ရှင့်သား ဘယ်မှာလဲ" ရှဲ့ချောင်မေးလိုက်၏။
ပိုင်ချင်ရှန်း မျက်မှောင်ကြုတ်ကာ "ဘာပြောချင်တာလဲ ဘာလို့ ကျွန်မသားကို ရှာနေတာလဲ"
"သခင်လေးပိုင်ကို ခေါ်လာခဲ့" ကျောက်ရွမ်းက တိုက်ရိုက်ပြောလိုက်သည်။
ဒီလူကို မေးမြန်းရန် သူ့အရှေ့ခေါ်လာရမည်။ ထိုမှသာ ပိုင်ချင်ရှန်း ပြစ်မှုကျူးလွန်ခဲ့လားဆိုတာ သိနိုင်မှာဖြစ်သည်။
ပြစ်မှုဖြစ်သောအချိန်တွင် ပိုင်ချင်ရှန်း ဘယ်မှာရှိနေလဲ၊ မျက်မြင်သက်သေရှိလားဆိုတာ သိရလျှင် အကောင်းဆုံးပင်။
ရှဲ့ဖင်းကန်း ချက်ချင်းလုပ်လိုက်၏။ ခဏအကြာ ခုဏက ရှဲ့ချောင် မြင်လိုက်ရသူကို ခေါ်လာသည်။
ပိုင်ချင်ရှန်းသားက သူမနှင့်မတူဘဲ သူက ကြည့်မကောင်းလှပေ။
သူ့မျက်၀န်းများက ဖောင်းနေပြီး မျက်နှာက မွဲခြောက်နေသည်။ သူ့ကိုကြည့်ရတာ ကလေးမရ
နိုင်သည့် ပုံအတိုင်းပင်။ ဒီလူက .. ကျောက်ကပ်ချီ ချို့တဲ့နေသည်။
ရှဲ့ချောင် ချောင်းဟန့်ပြီး သူ့ကို အကြိမ်အနည်းငယ်လောက် ထပ်ကြည့်ပြီး။
သူမ မျက်မှောင်ကြုတ်လိုက်၏။
ဒီလူက အသွင်အပြင်မှာ နက်မှောင်ပြီး ကြောက်စရာကောင်းသည်။ သူ၏ ၀မ်းဗိုက်က ပိန်ပါးပြီး ကျဉ်းမြောင်းနေကာ အထီးကျန်ဆန်ပြီး အေးစက်လှသည်။ သူ့လည်ပင်းကလည်း ပိန်ပါးပြီးတိုသည်။ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကြားက တွင်းမြောင်းလေးလည်း အလယ်မှာ ကျဉ်းမြောင်းသွားပြီး ထိပ်ဘက်မှာ ကျယ်သွားသည်။ သူ့နှာခေါင်းကသေးပြီး ဝိဉာဉ်က အားနည်းသည်။ သူ၏ အသားအရေက အစိမ်းနှင့် နက်မှောင်ပြီး သူက ဆာလောင်မွတ်သိပ်ပြီး သေမယ်လို့ ထင်ရ၏။
ဒီလူ၏ သွင်ပြင်က သာမန်ပဲဆိုပေမယ့် သူ့အရှိန်အဝါက ဆိုးရွားလှသည်။ သူ့ကို သေသွားသောလူနှင့်တောင် နှိုင်းယှဉ်နိုင်လုနီးနီးပင်။
ဒါ့အပြင် ကြမ်းတမ်းသော ရုပ်ရည်လည်းရှိသည်။
ရှဲ့ချောင် မျက်နှာထားက တည်ကြည်နေကာ။ သူမ ခဏတွေးတောပြီး ပြောလိုက်သည်။
"သခင်လေးပိုင် ကျူးပေါ်ယမ်ကို သတ်ခဲ့လား"
သူမ ထိုသို့ပြောလိုက်တာနဲ့ ကျောက်ရွှမ်ကျင်း အပါအ၀င် အားလုံးက သူမကိုအံ့ဩစွာဖြင့် ကြည့်လာသည်။ သူမ ဒီလိုမျိုး စကားအား အဆုံးသတ်ပြောလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
•••••