← Chapters

ရှင်ရှိနေတာ ဘာအကျိုးရှိလဲ။ 

Vol. 31 Ch. 587

ရှင်ရှိနေတာ ဘာအကျိုးရှိလဲ။ 

Vol. 31 Ch. 587

ယခုတွင် ပိုင်ချင်ရှန်းက ၃၇၊ ၃၈၀န်းကျင်လောက် ရှိနိုင်ပေမယ့် သူမက နှစ်ဆယ်အရွယ်ထဲမှာလိုပင်။ သူမက တိမ်ဖြူရောင် အ၀တ်အစား၀တ်ဆင်ထားပြီး အလှမပြင်ထားပေမယ့် အလွန် လှပနေဆဲဖြစ်သည်။ 

သူမ ခန္ဓာကိုယ်ထက် လန်းဆန်းစေသော ရနံ့လေး

ပါရှိသည်။ 

သူမနာမည်အတိုင်း သူမက တကယ်ပဲ အလှလေးဖြစ်သည်။ 

သူမက စီးပွားရေးသမားဆိုပေမယ့် လောဘကြီးသော အရိပ်အယောင် အမှန်ပင်မရှိ။ သူမ၏ အရှိန်အဝါက အမတအရှင်နှင့်တောင် နှိုင်းယှဉ်နိုင်လုနီးနီးပင်။ 

ရှဲ့ချောင်တောင်မှ ဖန်းရှီယွမ်အား လေးစားမိသည်။ ထိုသူနှင့် နီးစပ်ခဲ့သည့်မိန်းကလေးများက ကြည့်ကောင်းကြပြီး အရည်အချင်းရှိကြသည်။ 

"လူကြီးမင်းတို့ .. ဘာကိစ္စလဲဆိုတာ သိခွင့်ရှိနိုင်မလား" 

သူတို့အထဲ၀င်သွားပြီး လက်ဖက်ရည်ချပေးပြီးနောက် ပိုင်ချင်ရှန်းက တည်ငြိမ်စွာဖြင့်မေးသည်။ 

"အမှုအတွက် ရောက်လာတာ" 

ရှဲ့ဖင်းကန်းမှာ ထိုအမျိုးသမီးအတွက် နူးညံ့သော ခံစားချက်များလည်း ရှိမနေပေ။ 

ပိုင်ချင်ရှန်းက ရှဲ့ဖင်းကန်းအား တွေ့တဲ့အခါ  အနည်းငယ်မျက်မှောင်ကြုတ်လိုက်လိုက်သည်။ 

သူမအကြည့်ထဲ စက်ဆုပ်ရွံရှာခြင်းများဖြင့်။ 

သူမ ရှဲ့ဖင်းကန်းပုံစံမှာ ရိုင်းစိုင်းပြီး မျက်စိကိုမနှစ်မြို့ဖွယ် ဖြစ်စေသည်ဟု တွေးလိုက်မိသည်။ 

"ပိုင်င်မိသားစုထဲမှာ စုံစမ်းစစ်ဆေးစရာ ဘာအမှုမှမရှိပါဘူး"

ပိုင်ချင်ရှန်းက အေးစက်ပြီး စိတ်မ၀င်စားပုံဖြင့်။ "တကယ်လို့ အမှုကိုစုံစမ်းစစ်ဆေးချင်တယ်ဆိုရင် စာရွက်စာတမ်းယူလာပြီး ရှာဖွေဖို့ လူတွေပါ ခေါ်ခဲ့ပါ" 

သူမက မ‌ပျော်သလို ဒေါသမထွက်ပုံရသော်လည်း အလွန်အေးစက်နေပြီး အေးခဲနိုင်စေတဲ့အထိပင်။ 

"သခင်မပိုင် နျဲ့ဖေ၊ ယွီကျောက်ရှီ နဲ့ ကျူးပေါ်ယမ် တို့ကို သိလား" 

ကျောက်ရွှမ်ကျင်း ချက်ချင်း စာအုပ်အားထုတ်

လိုက်သည်။ သူက ပိုင်ချင်ရှန်းအရှေ့မှာထားပြီး ပြောသည်။ 

"သခင်မပိုင် ဒီလူသုံးယောက်က ဘုရားကျောင်းထဲမှာ သေဆုံးသွားခဲ့တယ် ခင်ဗျား သူတို့ကိုမသတ်ခဲ့ပေမယ့် သူတို့နဲ့တော့ ရင်းနှီးမယ်ထင်တယ်" 

ပိုင်ချင်ရှန်း၏ တည်ငြိမ်နေသော မျက်နှာထားက နောက်ဆုံးတော့ ပြောင်းလဲသွားသည်။ 

"ကျွန်မ သူတို့ကိုမမှတ်မိဘူး" သူမ အသံကတုန်ရီနေပေမယ့် သူမက ငြင်းဆန်နေတုန်းပင်။ "ပိုင်မိသားစုက ပညာသင်တွေနဲ့ မိတ်ဆွေ မဖြစ်ချင်ကြဘူး" 

"အနည်းဆုံးတော့ ဖန်းဟန်ဝေကို မှတ်မိတယ်မ

လား" 

ကျောက်ရွှမ်ကျင်း အပြုံးခပ်ဖျော့ဖျော့ဖြင့်ပြောလိုက်သည်။ 

"ကျွန်တော်တို့ကိုအမှန်အတိုင်းပြောပါ မဟုတ်ရင် ခင်ဗျားကို မှုခင်းစီစစ်ရေးဌာနဆီခေါ်သွားပြီး နှိပ်စက်ပြီးမေးရလိမ့်မယ်" 

ရှဲ့ဖင်းကန်း ကွက်တိပင် ကြမ်းတမ်းစွာဖြင့် အော်ဟစ်လိုက်သည်။ 

ထိုလူနှစ်ယောက်က ဘယ်သူ့ကိုမှ သနားနိုင်မယ်လို့ မထင်ရတဲ့ ယောကျာ်းတွေပင်။ တစ်ယောက်က စိတ်လိုက်မာန်ပါလုပ်တတ်ပြီး‌ နောက်တစ်ယောက်က တည်ငြိမ်သည်။ သူတို့က လူတွေကို သေအောင် မောင်းထုတ်နေရုံပင်။ 

သခင်မဖန်း၏ အမှန်တရားကိုတော့ လုံး၀ဖုံးကွယ်ထားလို့မရနိုင်ပေ။ 

၎င်းမှာ ထိုအဖိုးအို၏ ထွက်ဆိုချက်ဖြစ်သည်။ 

ထိုအချိန် ပိုင်ချင်ရှန်း၏ လက်များက တင်းကျပ်စွာဖြင့်ဆုပ်ကိုင်ထားပြီး သူမကိုကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ 

"ဟုတ်တယ် ဖန်းဟန်ဝေက ကျွန်မသမီးပဲ ဒီတော့ ဘာဖြစ်လဲ ဒါက စိတ်လိုက်မာန်ပါလုပ်မိတဲ့ အမှားတစ်ခုပဲ အဲဒါက လူကြီးတွေရဲ့ ပြစ်မှုဆိုရင် .. ကျွန်မ ၀န်ခံတယ်။ဒါပေမယ့် အဲဒါကို ကျွန်မယောကျာ်း အသက်ရှင်နေတုန်းကတောင် သူ စိတ်ထဲမထားခဲ့ဘူး" 

သူမ အပြစ်အတွက် အပြစ်ပေးခံနိုင်သည်။ ထို

အရာက မပြုသင့်မပြုထိုက်သော အရာပင်။ 

သို့သော် ပိုင်မိသားစုမှာ ပိုက်ဆံရှိပြီး သူတို့၏ပြစ်မှုအတွက် ပြေရာပြေကြောင်းအနေဖြင့် ပိုက်ဆံအား အသုံးပြုနိုင်ကြသည်။ 

ထို့ကြောင့် ဒါက ပိုင်ချင်ရှန်းအတွက် ပြဿနာမဟုတ်ပေ။ 

"ဒါက အသက်ရှင်ခြင်းနဲ့ သေခြင်းရဲ့ ကိစ္စတစ်ခုပဲ ခင်ဗျား ငြင်းလို့မရဘူး ခင်ဗျားက မပူးပေါင်းပေးဘူးဆိုတော့ .. တစ်ယောက်လာပြီး သူမကို ခေါ်သွား" 

ကျောက်ရွှမ်ကျင်း တိုက်ရိုက်ပြောလိုက်သည်။ သူ ပြောပြီးနောက် ပိုင်ချင်ရှန်းအနားက လူများအားကြည့်ပြီး 

"တကယ်လို့ ပိုင်ချင်ရှန်းက ပြစ်မှုကျူးလွန်သူဆိုရင် သူ့အစေခံတွေက ကြံရာပါတွေပဲ သူတို့လည်း သေမိန့်ပေးခံရမယ်" 

ထိုသို့ပြောလိုက်တော့ လူနှစ်ယောက်က မျက်နှာ ဖြူဖျော့သွားသည်။ 

သူတို့တွေ ဒူးထောက်လိုက်ကြသည်။ 

"လူကြီးမင်း ကျွန်တော်တို့ရဲ့ သခင်မက ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး သူမက .. အဲဒီလူတွေနဲ့ ဆက်ဆံရေး ရှိခဲ့ရုံပါ" 

သူမဘေးက အဖွားအိုတစ်ယောက်က ချက်ချင်း

အော်ပြောသည်။ 

မှုခင်းစီစစ်ရေးဌာနက ဘယ်လောက်ထိ အာဏာရှိလဲဆိုတာ သူမသိသည်။ 

သူတို့အထဲ၀င်ပြီးနောက် သေသွားကြတယ်လို့လည်း ကြားဖူးသည်။ 

ပိုင်ချင်ရှန်း လက်ဖက်ရည်ခွက်အားကိုင်ပြီး အဖွားအိုခေါင်းထက် ရိုက်ခွဲလိုက်သည်။ "အသုံးမကျဘူး ရှင်ရှိနေတာ ဘာအကျိုးရှိလဲ" 

"သခင်မပိုင် အခုထိ မပြောပြသေးဘူးလား" 

ကျောက်ရွှမ်ကျင်း တည်ငြိမ်စွာဖြင့်မေးလိုက်သည်။ 

ပိုင်ချင်ရှန်း အနည်းငယ် မပြောချင်သော်ငြား တစ်ခဏကြာ ပြောလာသည်။ "ဟုတ်တယ် ကျွန်မ အဲဒီလူသုံး‌ယောက်နဲ့ အိပ်ခဲ့တယ်" 

ထိုသို့ပြောပြီးနောက် သူမမျက်ခွံများက အနည်းငယ် တုန်လှုပ်နေပြီး မျက်လုံးက နီရဲ‌လာသည်။ 

"ကျွန်တော့်ကို အသေးစိတ်ပြောပြပါ" 

ရှဲ့ဖင်းကန်းက အရေထူလှသည်။ သူက ပိုင်ချင်ရှန်း၏ သနားစရာကောင်းသော သွင်ပြင်အားကြည့်နေပေမယ့် လုံး၀ထိရောက်မှုမရှိပေ။ 

တစ်စုံတစ်ယောက်က မှင်နှင့် စာရွက်ယူလာပြီး

ပိုင်ချင်ရှန်း ပြောသမျှစကားတိုင်းအား မှတ်ယူနေသည်။

•••••

All Chapters