ထက်မြက်သောလူ။
Vol. 31 Ch. 590
ဒီသခင်လေးပိုင်က တည့်တိုးအမူအရာဖြင့် သူ့ပြစ်မှုများအား၀န်ခံခဲ့သည်။ သူက သူနှင့် သူ့အဖေဆီမှာ ဖြစ်ပျက်ခဲ့သော ကိစ္စမှန်သမျှအား ရှင်းပြခဲ့သည်။
ထိုမြင်ကွင်းမှာ အေးစက်လွန်းနေသဖြင့် ဘယ်သူမဆို ကြက်သီးထလာစေသည်အထိပင်။
ပိုင်ချင်ရှန်း ရုတ်တရက် ချောင်းဆိုးလာပြီးနောက် ပါးစပ်အပြည့် သွေးအန်ထွက်လာလေသည်။
"သူက ကြည့်မကောင်းဘူး၊ အရည်အချင်းမရှိ၊ ယောကျာ်းမပီသဘူးလို့ ကျွန်တော့်အဖေက ပြောတယ်။ သူက အမေနဲ့ မထိုက်တန်ဘူး ။ဒါပေမယ့် သူက အဲဒီလိုမဖြစ်ချင်ခဲ့ဘူး။ သူသေသွားပြီးရင်
အမေ တစ်ယောက်ယောက်ကိုရှာတွေ့သွားမှာ အထူးသဖြင့် အဲဒီကြည့်ကောင်းတဲ့ ပညာသင်ကို ရှာတွေ့သွားမှာ သူကြောက်နေခဲ့တာ။ ပြီးရင် အမေ့ဘ၀က ပြည့်စုံသွားပြီး သူ့ကိုသေချာပေါက် မေ့သွားလိမ့်မယ်။ အဲဒီလိုသာဆို သူ သနားစရာကောင်းသွားလိမ့်မယ်လေ။ ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရတယ် အဲဒါကြောင့် ကျွန်တော့်အဖေ မပြီးတာကို ဆက်လုပ်ခဲ့တာ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်ကြားခဲ့တယ် အရာရှိတစ်ယောက် အမှုကိုင်တွယ်ဖို့အတွက် ရွှင်းပြည်နယ်ကို လာမယ်လို့ .. ဒီတစ်ခါ ကျွန်တော်မလုပ်နိုင်လောက်ဘူးဆိုတာ သိနေခဲ့တယ် အဲဒါကြောင့် ခုနက အစေခံ အမေ့ကိုပေးတဲ့ လက်ဖက်ရည်ခွက်ထဲ အဆိပ်ထည့်ထားလိုက်တယ်။ အဲဒီလိုသာဆို အမေပဲ ဒီကမ္ဘာမှာ တစ်ယောက်တည်း ကျန်ခဲ့မှာမဟုတ်တော့ဘူးလေဘယ်လောက် ကောင်းလိုက်လဲ" သခင်လေးပိုင်က ပြုံးနေတုန်းပင်။
သူ့အသံက နူညံ့နေပြီး ပိုင်ချင်ရှန်းကတော့ သူမ
ဗိုက်အားဖိကာ နာကျင်မှုကြောင့်လူးလိမ့်နေသည်။
ကျောက်ရွှမ်ကျင်း သမားတော်အား ခေါ်လိုက်သော်လည်း သေချာပေါက် နောက်ကျသွားပြီပင်။
အချိန်တိုအတွင်းပင် သူမသေဆုံးသွားခဲ့သည်။
သူမမျက်လုံးများမှာ ဖွင့်လျက်သားဖြင့်။
သူမခန္ဓာကိုယ်ထဲက ဝိဉာဉ်ထွက်လာပြီး ထိုဝိဉာဉ်ကို ရှဲ့ချောင် သူမကိုယ်တိုင် အဝေးပို့လိုက်သင့်လားလို့ တွေးမိပေမယ့် တိုက်ရိုက်ဖြစ်လွန်းရာကျသွားလိမ့်မည်။ သူ့မှာ စွဲလန်းမှုမရှိတာကြောင့် တိုက်ရိုက် ငရဲသို့ရောက်သွားမှာဖြစ်သည်။ မဆိုးလှပေ။
ပြီးနောက် သခင်လေးပိုင်က ပြုံးကာဖြင့်
"တစ်ရက် ကျွန်တော်နဲ့ အမေမရှိတော့ရင် ပိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံမယ့်သူ မရှိလောက်ဘူးလို့ ထင်ခဲ့တာ ဒါပေမယ့် တွေးကြည့်မှ ဖန်းရှီယွမ် သမီးအကြောင်းကိုမေ့သွားတာပဲ"
သူက သူ့အမေနှင့် ပညာသင်တစ်ယောက်အား ကိုယ်တိုင်သတ်ခဲ့သည်။ သူ့မှာ မိသားစုပိုင်ဆိုင်မှုအား ထိန်းချုပ်ရန် အခွင့်မရှိပေ။
တခြားလူလက်ထဲရောက်သွားမှာကိုသာ သူကြည့်ရတော့မည်။
သူ ဆန္ဒမရှိသေး။
သို့ပေမယ့် သူ့အဖေက သူ့အမေရဲ့ ချမ်းသာမှု
အား ဘယ်တုန်းကမှဂရုမစိုက်ခဲ့ပေ။ သူ့အမေကိုသာ ဂရုစိုက်ခဲ့တာပင်။
ရယ်ရတာက သူ့အမေအမြင်မှာတော့ သူ့အဖေက ငွေအတွက် လောဘကြီးသော အောက်တန်းစားတစ်ယောက်ဖြစ်နေတာပင်။
သူက မရုန်းကန်ဘဲ ရှဲ့ဖင်းကန်းနှင့် ကျို့ဝေကျုံးတို့ သူ့ကိုဖမ်းဆီးမှာကို ခွင့်ပြုလိုက်သည်။
ပိုင်တစ်မိသားစုလုံး ထိတ်လန့်သွားကြ၏။
၎င်းက မှုခင်းစီစစ်ရေးဌာနက ကိုင်တွယ်ရမည့် အရာ မဟုတ်သောကြောင့် သူတို့တွေ ချက်ချင်း သူ့ကိုခေါ်သွားကြလေသည်။
မီးလောင်လူသတ်မှုက ရွှင်းပြည်နယ်တွင် အလွန်နာမည်ကြီး၏။ လူအများစုက ထိုထဲ၌ ရန်လိုသော ဝိဉာဉ်များစွာရှိနေသည်ဟု ခန့်မှန်းခဲ့ကြတာပင်။ ကျောက်ရွှမ်ကျင်း အမှုအား ဖြေရှင်းနိုင်ခဲ့ပြီးနောက် ထိုသတင်းက ပျံ့နှံ့သွားရန် မကြာမြင့်ခဲ့ချေ။
အားလုံး သက်ပြင်းချလိုက်ကြသည်။
သခင်မပိုင်ကို သန့်စင်၊ ရိုးသားသူတစ်ယောက်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူမက လူတကာနှင့် လိင်ဆက်ဆံသော သူတစ်ယောက်ဖြစ်နေတာကို သူတို့မယုံနိုင်ကြသေး။
သူမ ဖန်းရှီယွမ်ကလေးအားမွေးပေးတာ နားလည်သည်။ ဖန်းရှီယွမ်က မိန်းမရှုပ်သူတစ်ယောက်ပင်။
အမျိုးသမီးအနည်းငယ်ကသာ သူ၏ ဆွဲဆောင်မှုမှ ထွက်ပြေးနိုင်ပေလောက်မည်။ သို့ပေမယ့် တခြားပညာသင်တွေအတွက်ကျ ..။
သူတို့က ပိုင်မိသားစု၏ သားမက်ကို ဆိုးဆိုးရွားရွား ပြောကြလျှင်တောင် ထိုသူသည်လည်း သနားစရာကောင်းလှသည်။
ဖမ်းပြီးနောက် သခင်လေးပိုင်အား အုပ်ချုပ်ရေးရုံးဆီ ပို့လိုက်၏။
နောက်တစ်ရက်မနက်တွင် ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်း အောက်ထပ်မှာ ထိုင်ပြီးစားသောက်နေချိန် သခင်မလေးဖန်းက သူတို့အရှေ့ အလျင်စလိုဖြင့် ရောက်လာသည်။
သူက ကျောက်ရွှမ်ကျင်းအား တောက်လောင်နေသော အကြည့်ဖြင့်ကြည့်ပြီး သူမအကြည့်ထဲတွင် အရှက်သည်းမှု၊ နွေးထွေးမှု အရိပ်အယောင်များ ပါရှိနေကာ "ကျေး .. ကျေးဇူးပါ"
"မင်းအမေ သေသွားတာကို မင်းက ငါ့ကိုကျေးဇူးတင်နေသေးတယ်ပေါ့" ကျောက်ရွှမ်ကျင်း ရယ်လိုက်သည်။
တူတစ်စုံကိုင်ထားသော ရှဲ့ချောင် လက်က တုန်ရီသွား၏။
"မဟုတ်ပါဘူး .. သူမက ကျွန်မအမေဆိုပေမယ့် သူမလုပ်ခဲ့တာက ကျွန်မကိုအရှက်ရစေတယ် သူမက အခွင့်အရေးယူလွန်းပြီး မသန့်ရှင်းဘူး သူမကို ကျွန်မအမေအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး"
ဖန်းဟန်ဝေအကြည့်ထဲတွင် စက်ဆုပ်ရွံရှာခြင်းအတိ။
"အဲဒီလိုလား မင်းက မင်းအမေကို အသိအမှတ်မပြုဘူးဆိုပေမယ့် သူ့မိသားစုပိုင်ဆိုင်မှုကိုတော့ အသိအမှတ်ပြုတယ်ပေါ့ မိန်းကလေးဖန်းက ထက်မြတ်တာပဲ" ကျောက်ရွှမ်ကျင်း သူ၏ ထေ့ငေါ့စကားများအား မထိန်းထားဘဲ ထိုနေရာမှာပင် ပြောချလိုက်၏။
ရှဲ့ချောင်တောင်မှ ချီးကျူးမိသွားသည်။
သူတို့ အရင်က သခင်မလေးဖန်းကို တွေ့တုန်းက သူမကရိုးရှင်းပြီး သာမန်အ၀တ်အစားတွေကိုသာ ၀တ်ဆင်ထားတာဖြစ်သည်။ ဒီနေ့ သူမက အလွန်ကောင်းမွန်သော ပစ္စည်းများဖြင့် အဝတ်အစား
အသစ်များအား ၀တ်ဆင်ထားလေသည်။
•••••