← Chapters

ချစ်ကြသောစုံတွဲ။ 

Vol. 31 Ch. 589

ချစ်ကြသောစုံတွဲ။ 

Vol. 31 Ch. 589

သခင်လေးပ်ုင်က အသက်မကြီးသေးတာကြောင့် ထိုစကားကြားတဲ့အခါ သူ အံ့အားသင့်သွားသည်။ ပြီးနောက် ခေါင်းငြိမ့်ပြီးပြောလာ၏။ "ကျွန်တော်ပဲ" 

ရိုးရှင်းသော စကားသုံးခွန်းက အိမ်တစ်အိမ်လုံးကို ထိတ်လန့်သွားစေသည်။ 

ပိုင်ချင်ရှန်း သူမသားအား ပါးရိုက်လိုက်ကာ။ "မင်း ဘာတွေလျှောက်ပြောနေတာလဲ!" 

"အမေ လန့်နေတာလား ဒီတော့ အမေက အမေ့

သားအတွက် စိုးရိမ်နေတာလား ဒါမှမဟုတ် ကျွန်တော်ထွက်သွားပြီးရင် မိသားစုစီးပွားရေးကို အမွေဆက်ခံမယ့်သူ မရှိမှာစိုးရိမ်တာလား" 

"ကျွန်တော် ခုနက တံခါးနားမှာ စကားသံတစ်ချို့ကြားလိုက်တယ် အမေက အမေ့ကိုအဖော်လုပ်ပေးဖို့အတွက် တစ်ယောက်ယောက်ကို ရှာနေတယ်လို့ပဲ ကျွန်တော်ထင်ခဲ့တာ ဒါပေမယ့် 

အမေက အစောပိုင်းမှာ သမီးတစ်ယောက်မွေးပြီး ပေးပစ်လိုက်မယ်လို့တော့ မထင်ထားခဲ့ဘူး ဒီလိုဆိုတော့ ပိုင်မိသားစုမှာ ဆက်ခံသူရှိလာပြီလေ" သခင်လေးပိုင်၏ အသံက စူးရှပြီး အားနည်းနေသည်။ 

ပိုင်ချင်ရှန်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ 

"မင်းမလုပ်ခဲ့တဲ့ ပြစ်မှုအတွက် ၀န်မခံသင့်ဘူး" 

"လူကြီးမင်း ကျွန်မသားက ငယ်သေးပြီး အမျှော်အမြင်မရှိဘူး .." 

သူမစကားတစ်၀က်တွင် သခင်လေးပိုင်က ရယ်ကာ။ 

"ဘာအမျှော်အမြင်ရှိဖို့ လိုလို့လဲ"

လှောင်ပြောင်စွာဖြင့် "ကျွန်တော် ငယ်ငယ်တုန်းက အမေနဲ့ နျဲ့ဖေ ဖောက်ပြန်ပြီး အချင်းချင်း စာတွေပို့ကြတယ်။ အဖေနဲ့ကျွန်တော် တွေ့ခဲ့ပေမယ့် အမေ့ကို မတားခဲ့ဘူး။ အဲဒီလိုတွေလုပ်တာ အမေ့ရဲ့ ပထမဆုံးအကြိမ်မဟုတ်လောက်ဘူးလေ။ ကျွန်တော်တို့ အမေ့ကိုတားခဲ့ရင်တောင် အချည်းနှီးဖြစ်ခဲ့မှာပဲ။ အမေ့နှလုံးသားထဲမှာ အဖေမရှိဘူး အဲဒီအချိန်တုန်းက အဖေက ကျွန်တော့်ကိုခေါ်သွားပြီး တစ်ညလုံး မြို့အပြင်မှာစောင့်နေခဲ့တာ။ အမေတို့နှစ်ယောက်က

မြင်းလှည်းထဲမှာ ချစ်တင်နှီးနှောနေကြတယ်လေ။ အဖေက ကျွန်တော့်ကိုချီထားပြီး ကြည့်နေခဲ့တာ" 

အဲဒီတုန်းကတော့ သူနားမလည်ခဲ့ပေ။ နောက်တော့ သူ့အဖေ့ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားခဲ့သည်။ 

ဒါက ကစားနေတာပဲလို့ သူထင်ခဲ့မိသည်။ 

သုံးနှစ်ကြာပြီးနောက် သူ အသက်နည်းနည်းကြီးလာတော့ သိပ်မသဲကွဲတော့ပေ။ 

သူက သူ့အမေနှင့်အတူ ခရီးထွက်ပြီး တခြားပညာသင်တစ်ယောက်နှင့်တွေ့ခဲ့သည်။ 

ထိုအကြောင်းအား သူ သူ့အဖေကို ပြောပြလိုက်ပြီးနောက် ပညာရှင်လည်း သေသွားခဲ့သည်။ 

သားအဖနှစ်ယောက်က သာမန်အဖြစ်သာ မွေးဖွားလာပြီး အရည်အချင်းမရှိသောကြောင့် သူ့အမေ၏ အာရုံစိုက်မှုကို ရဖို့အတွက် မထိုက်တန်ခဲ့ပေ။ 

ဒီနှစ်တွေထဲ သူ့အမေက သူ့အဖေကို အော်ဟစ်၊ ရိုက်နှက်ခြင်းမရှိခဲ့ပေမယ့် သူမသည် သူ့အဖေအား စက်ဆုပ်စွာဖြင့် အလွန်အေးစက်နေပြီး ထိုသူ၏ နှလုံးသားကိုပါ အေးခဲစေခဲ့သည်။ 

ဖန်းရှီယွမ်အား သူ့အဖေသည်းခံနိုင်ခဲ့ခြင်းက ဖန်းရှီယွမ်မှာ မိသားစုရှိပြီး သူ့အမေလည်း ထိုနည်းတူ မိသားစုရှိနေတာမလို့ပင်။ သူတို့နှစ်ယောက်က လျှို့ဝှက်စွာ ‌ဆက်ဆံကြတာကြောင့် အနာဂတ်မရှိလာနိုင်ပေ။ 

သို့ပေမယ့် ထိုပညာသင်များကတော့ မတူပေ။ 

နောက်တစ်ရက် သူတို့ ထိုနျဲ့ဖေအားတွေ့ချိန် သူက ညစ်ညမ်းကဗျာရေးခဲ့ပြီး သူ့အ‌မေက သူ့အပိုင်ဖြစ်ခဲ့တာကို ကမ္ဘာကြီးအား ပြောပြချင်နေခဲ့သည်။ 

"အချစ်က နဂါးငွေ့တန်းကို ၀န်းရံထားပြီး နှလုံးသားနှစ်ခုကို ရောင်ပြန်ဟပ်စေတယ် .." 

တစ်ညတည်းရှိသေးပေမယ့် ထိုနျဲ့ဖေက သူနဲ့ သူ့အမေ လုပ်နိုင်ခဲ့ပြီး အနာဂတ်မှာ အတူနေနိုင်မယ်လို့တွေးခဲ့သည်။ 

ပိုင်ချင်ရှန်း ထိတ်လန့်စွာဖြင့် ပါးစပ်ဟသွားပြီး

သူမကြားလိုက်ရတာကို မယုံနိုင်ဘဲဖြစ်နေသည်။ 

သူမမျက်နှာက ဖြူဖျော့နေပြီး ခံစားချက်လည်း ပြင်းထန်နေကာ သူတို့ကြားမှာ ဖြစ်ပျက်ခဲ့သည်များအား ခွဲခြားရန် ခက်ခဲနေသည်။ သူမသားကို လက်ညှိုးထိုးရင်းသာ စကားမပြောနိုင်တော့ပေ။ 

"စုံစမ်းစရာမလိုပါဘူး အရင်နှစ်ယောက်ကို ကျွန်တော့်အဖေသတ်ခဲ့တာ သူမသေခင်မှာ ကျွန်တော့်ကို ပြောပြသွားခဲ့တယ်" 

သခင်လေးပိုင်မှာ တည်ငြိမ်နေ၏။ "သူ(သူ့အဖေ)လည်း မြို့ပြင်က ဘုရားကျောင်းမှာ သေမလိုဖြစ်ခဲ့သေးတယ် အဲဒီနေရာက မကောင်းဘူးဆိုတာ သူသိခဲ့တယ် သူက သူ့အမေရဲ့နာမည်ကို အသုံးချပြီး သူတို့ကို စာပို့ခဲ့တယ် သူတို့ကို အဲဒီနေရာဆီ လှည့်စားခေါ်ခဲ့ပြီးတော့ သေသွားအောင် လည်ပင်းညှစ်သတ်ပြီး ကြိုးဆွဲထားခဲ့တာ" 

သို့ပေမယ့် မတော်တဆမှုဖြစ်ခဲ့တာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ တစ်စုံတစ်ယောက်က မှားယွင်းစွာဖြင့် ဖြတ်၀င်ခဲ့သည်။ 

ကံကောင်းစွာဖြင့် သူ့အဖေက လျင်မြန်စွာပုန်းခဲ့ပြီး ထိုနေရာက မကောင်းဆိုးဝါးဝိဉာဉ်၏ မီးတောက်များဖြင့် ပြည့်နှက်နေတာကြောင့် ပညာသင်၏ အာရုံအား ဆွဲဆောင်နိုင်သွားသည်။ 

သူ့အဖေက ထိုက ဗုဒ္ဓရုပ်ပွားတော်အား သဘောကျသည်။ 

ထိုကြည်ညိုစရာကောင်းသော ဗုဒ္ဓရုပ်ပွားတော်နှင့်မတူဘဲ သူတို့က ကမ္ဘာပေါ်က မကောင်းမှုများအား စစ်ဆေးနေပုံရပြီး သူတို့အကြည့်က အမြဲတမ်း ခက်ထန်ပြီး ကြောက်စရာကောင်း

သည်။ 

သူ့အဖေ ဘုရားကျောင်းအား အသက်၀င်လာအောင် ပြုလုပ်ပြီးနောက် သူ၏ ကံဆိုးမှုအား ပယ်ဖျက်ရန် ‌တာအိုကျင့်ကြံသူ ဘုရားကျောင်းဆီသွားခဲ့သည်။ သူက မကောင်းမှုကို တွန်းလှန်နိုင်သော အရာတစ်ခုကို ဝယ်ခဲ့ပြီး ယခု သူနှင့်အတူ ထိုအရာ ရှိနေသည်။ 

သူ မထုတ်ပေမယ့် ရှဲ့ချောင် မြင်ပြီးသားပင်။ 

သူ့ခါးပေါ်က ကျောက်စိမ်းဆွဲသီးက နှင်းဖြူရောင် ဖြစ်ပုံရသည်။ သို့ပေမယ့် ကြောက်စရာကောင်းသော အမှောင်စွမ်းအင် အနည်းငယ် ငြိစွန်းနေတာကြောင့် ထိရောက်မှုမရှိတော့ပေ။ 

••••

All Chapters