ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
Vol. 31 Ch. 592
ရှဲ့ချောင်က ကြက်ပေါက်လေးလို တိတ်နေပြီး သူမဘာသာ အသားတစ်ဖက်အား ဖြည်းညှင်းစွာ ယူလိုက်သည်။
"ဒီသခင်မလေးက လူသားတွေရဲ့ ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမှန်းမသိဘူးဘဲ။ သူမအဖေရဲ့ အုတ်ဂူကို ပြောင်းရွှေ့ပေး၊ အမှုအတွက် အတူလုပ်ပေးပြီး ကူညီပေးခဲ့တယ် သူမမှာ စည်းစိမ်ဥစ္စာတွေအများကြီးရှိတော့ ကျွန်မလည်း မရသင့်ဘူးလား အရင်က သူမက ကျွန်မကို သူမရဲ့ဆရာအဖြစ်တောင် အသိအမှတ်ပြုချင်နေသေးတာ အခုကျမျက်စိတစ်မှိတ်အတွင်း ကျွန်မကို ပြန်ပြောနေပြီ ဟင်း"
ကမ္ဘာကြီးက ကြောက်စရာကောင်းလှသည်။
သခင်မလေးက တအားစိတ်ပြောင်းလဲလွယ်လွန်းသည်။
အိမ်ရှေ့မင်းသားက ကိုယ်လုပ်တော်လက်ခံတာကို စိတ်အနှောင့်အယှက်ဖြစ်မှာကြောက်လို့ ရှဲ့ဖင်းကန်း ဘာမှတော့ မပြောခဲ့ပေ။
သခင်မလေးဆွဲထုတ်ခံလိုက်ရတာကို တွေ့ရတာနှမြောစရာပင်။ ထို့ကြောင့်ပြောလိုက်၏။
"ဒီသခင်မလေးက ချမ်းသာတာကို ဘာလို့ ဒီအတိုင်း သူမဆန္ဒအတိုင်း အရှင့်သားရဲ့ ကိုယ်လုပ်တော်အဖြစ် လက်မခံပေးလိုက်တာလဲ"
ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ချောင် ခေါင်းလှည့်ပြီး တစ်ချိန်တည်း သူ့ကိုကြည့်လိုက်သည်။
"သူမက ကံမကောင်းဘူး" ကျောက်ရွှမ်ကျင်း မျက်နှာမည်းမှောင်နေပြီး မပျော်ရွှင်နေ။
"အကြီးဆုံး .." ရှဲ့ချောင် ထပ်ပြီး နာမည်အမှားကို ခေါ်မိတော့မလိုပင်။ ပြီးနောက် ချက်ချင်း စကားပြောင်းပြောလိုက်သည်။ "ရှဲ့သခင်လေး အိမ်ရှေ့စံမင်းသားက လေးစားစရာကောင်းပါတယ် သူက ပိုက်ဆံအတွက် ကိုယ်လုပ်တော်အဖြစ် တော်ကောက်မယ်ဆိုရင် ဘယ်သူဆုံးရှုံးမှုဖြစ်မှာလဲ ကံကောင်းလို့ အိမ်ရှေ့စံမင်းသားက ရှင်နဲ့စကားမများချင်လို့ မဟုတ်ရင် သူ ရှင့်စကားအတွက် ရှင့်ခေါင်းကိုဖြတ်ပစ်လိမ့်မယ်"
ရှဲ့ချောင် နောက်ဆုံးစကားက သူမ၏ ၀က်ကဲ့သို့ အစ်ကိုကြီးအား ခြောက်လှန့်ချင်လို့ နောက်ပြောလိုက်တာဖြစ်သည်။
အခု သူတို့ကအပြင်မှာဖြစ်တဲ့အတွက် အိမ်ရှေ့စံမင်းသားက ဒေါသထိန်းပြီး ဖန်းဟန်ဝေနှင့် အများကြီး စကားမများပေ။
သူတို့တွေ မြို့တော်ထဲမှာဆို ဖန်းဟန်ဝေက ဘယ်လိုလုပ် အချက်၂၀ပဲ ရိုက်ခံရမှာလဲ။
ထိုသခင်မလေးက အထက်စီးဆန်ပြီး မိုက်မဲတာကြောင့် သူမကို ပြင်းထန်စွာ အပြစ်ပေးရန် သည်းမခံနိုင်ပေ။
"ကျွန်တော် ရှက်မိပါတယ်"
ရှဲ့ဖင်းကန်း တည်ငြိမ်စွာဖြင့် အမှားအား ၀န်ခံလိုက်သည်။ ပြီးနောက် ရှဲ့ချောင်အား ပြောလိုက်သည်။ "ဒီအမျိုးသမီးက ကံမကောင်းဘူးလို့ ဆရာမမော့ပြောလိုက်တယ်မလား ကျွန်တော်တွေ့သလောက်တော့ သူမကံက သိပ်မဆိုးပါဘူး"
သူမက အစက မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့် တစ်ညတည်းနဲ့ ပိုင်မိသားစုရဲ့ ဦးစီးဖြစ်သွား
ပြီး စည်းစိမ်ပုံပေါ်မှာ ထိုင်နေတာလေ .. သူမ ကံကပဲ ပြောင်းလဲသွားတာလား။
ဖန်းဟန်ဝေ အမေကသေသွားပေမယ့် သားအမိနှစ်ယောက်ကြားမှာ ချစ်ခင်မှုတစိုးတစိမှမရှိပေ။
ဖန်းဟန်ဝေအတွက် ကံကောင်းခြင်းက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး သူမခေါင်းတည့်တည့် ရောက်လာသလိုပင်။
"ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းက ဒွန်တွဲနေတာ ရှင် မြင်နေတာနဲ့ ကျွန်မမြင်နေတာက မတူဘူး" ရှဲ့ချောင် စိတ်မပါစွာပင် ပြောလိုက်သည်။
အဝေးကကြည့်လျှင်တောင် .. အဲဒီလိုမဖြစ်နိုင်။
အိမ်ရှေ့စံမင်းသား၏ သရုပ်မှန်က လျှို့ဝှက်ချက်မဟုတ်ပေ။ အခု ရွှင်းပြည်နယ်က ပြည်သူအားလုံး မီးလောင်လူသတ်မှုအား ဖြေရှင်းလိုက်သူက လေးစားစရာကောင်းသော အိမ်ရှေ့စံမင်းသားမှန်း သိသွားကြသည်။
အမှုက သာမန်လူသတ်မှုလို့ ထင်ရပေမယ့် အသတ်ခံရသူများက ပညာသင်များဖြစ်ကြသည်။
ဒီတော့ အခု အိမ်ရှေ့စံမင်းသားက ပညာသင်များစွာ၏ ထောက်ခံပေးခြင်းခံနေရလေပြီ။
တူညီသော တည်းခိုခန်းထဲတွင် ကျောက်ရွှီကျီး အိမ်ရှေ့စံမင်းသား၏ သတင်းအား ကြားသောအခါ ဒေါသထွက်မိပြီး သူ့လည်ပင်းက ပိုပြီးနာကျင်လာသလိုပင်။
သူလည်း အမှုဖြေရှင်းရန် ထိုနေရာသို့ရောက်ခဲ့သည်။
နောက်ဆုံးတော့ သူ့မှာ ကောင်းမွန်သော စတင်ခြင်းပင် မရှိခဲ့သော်လည်း အိမ်ရှေ့စံမင်းသားက ဒီကိစ္စကို လွယ်ကူစွာဖြင့် ကိုင်တွယ်သွားသည်။
သူနဲ့ အိမ်ရှေ့စံမင်းသားကြားက ကွာဟချက်က အဲဒီလောက်တောင် ကြီးမားတာလား။
"အဲဒီသခင်မလေးက အများအရှေ့မှာ အကြိမ်၂၀ ပါးအရိုက်ခံခဲ့ရပါတယ် သူမမျက်နှာက ဖူးရောင်နေပြီး ဆိုးဆိုးရွားရွား ငိုနေတာ သူမ စွပ်စွဲခံခဲ့ရတယ်လေ .."
အစောင့်က ကျောက်ရွှီကျီးအိပ်ရာအရှေ့မှာရပ်
ပြီး ဂရုတစိုက်ဖြင့်ပြောသည်။
ဒီအစောင့်က အတော်လေး အကူအညီမဲ့နေသည်။
အကြီးဆုံးသခင်လေးက သူ့ကို အိမ်ရှေ့စံမင်းသားအကြောင်း စုံစမ်းခိုင်းထားသည်။
သူ ဘယ်လိုလုပ်ရဲမှာလဲ။
ထို့ကြောင့် အဝေးကနေပဲ အိမ်ရှေ့စံမင်းသားအနားက လူတွေအား အာရုံစိုက်ထားခဲ့သည်။
"အိမ်ရှေ့စံမင်းသားက ဆရာမမော့အတွက် ထူးခြားတယ်လို့ ကြားတယ် မင်းလည်း အကြာကြီး သူတို့အနောက် လိုက်ခဲ့တာပဲ တစ်ခုခုသတိထားမိလား" ကျောက်ရွှီကျီး ထပ်မေးသည်။
အစောင့်က အနည်းငယ်ရှုပ်ထွေးနေပြီး ခေါင်းခါပြသည်။ "သတိမထားမိပါဘူး"
အိမ်ရှေ့စံမင်းသား ဆရာမမော့ကိုကြည့်တဲ့အကြည့်က တကယ်ပဲ မျက်နှာသာပေးလွန်းပေမယ့် နှစ်ယောက်သားက စည်းမကျော်ကြပေ။
ဒါ့အပြင် ဆရာမမော့၏ အဆောင်ကြောင့်သာမဟုတ်လျှင် သူတို့အသက်တွေ အန္တရာယ်ကျရောက်သွားနိုင်သည်။
အစောင့်က အလွန်ရှုပ်ထွေးသွားသည်။
"အဲဒီဖန်းဟန်ဝေလက်ထဲမှာ မရေတွက်နိုင်တဲ့ စည်းစိမ်တွေရှိနေတာကို အိမ်ရှေ့စံမင်းသားက
ကြည့်တောင်မကြည့်ဘူး သူ တစ်ယောက်ယောက်ကို သဘောကျနေတာပဲဖြစ်ရမယ် ဒါပေမယ့် သူ့အနားမှာ တခြားဘယ်အမျိုးသမီးမှမရှိဘူး အဲဒီလိုသာဆိုရင် .. ဆရာမမော့မဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်သေးလို့လဲ"
ကျောက်ရွှီကျီး ထေ့ငေါ့စွာဖြင့်ပြုံးလိုက်၏။
••••