← Chapters

မျက်ကွယ်ပြုထားတယ်။ 

Vol. 31 Ch. 593

မျက်ကွယ်ပြုထားတယ်။ 

Vol. 31 Ch. 593

သို့ပေမယ့် ကျောက်ရွှီကျီး ထိတ်လန့်သွားသည်။ အိမ်ရှေ့စံမင်းသား၏ အကြိုက်က ထူးခြားလှသည်။ 

ဒီနှစ်တွေထဲ ရှင်ဘုရင်နှင့် ဘုရင်မတို့က သူ့အတွက် အကြိမ်ပေါင်းများစွာ ‌ကိုယ်လုပ်တော်

များအား ရွေးချယ်ပေးချင်ပေမယ့် တစ်ခါမှ မအောင်မြင်လိုက်ပေ။ 

သူက သစ္စာ‌ရှိသော ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့တာပင်။ 

ကံမကောင်းစွာဖြင့် သူ စိတ်၀င်စားသူက အရာရှိတစ်ဦးဦး၏ သမီးဖြစ်နေလျှင်တော့ ကောင်းသည်။ သို့သော် သူမက ‌တာအိုကျင့်ကြံသူ ဆရာမတစ်ယောက်ဖြစ်နေသည်။ တာအိုကျင့်ကြံသူ ဆရာမကလည်း အဆင်ပြေပေမယ့် သူမက အသက်ကြီးလွန်းပြန်သည်။ ဒါက မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ပင်။ 

ဆရာမမော့တွင် ပြိုင်ဘက်ကင်း အလှမရှိပေမယ့် သူမ၏ စိတ်နေသဘောထားက တကယ်ပင် ကွဲပြားလှသည်။ သူမသည်လည်း လူတွေအား ဆွဲဆောင်နိုင်သူပင်။ သူ့အဖေတောင်မှ ဆရာမမော့

အား လေးစားသည်ဖြစ်သဖြင့် အိမ်ရှေ့စံမင်းသား ဆွဲဆောင်ခံရသည်မှာ ပုံမှန်ပင်။

တကယ်လို့ ဒီကိစ္စက ပျံ့နှံ့သွားလျှင် အိမ်ရှေ့စံမင်းသားမှာ ဂုဏ်သိက္ခာ ဘယ်လိုလုပ် ကျန်တော့မှာလဲ။ 

အိမ်ရှေ့စံမင်းသား၏ ရာထူး၊ တိုင်းပြည်၏ အခြေခံအုတ်မြစ်က နတ်ဆိုး၏ ဆွဲဆောင်ခြင်းအား ခံလိုက်ရသည်။ 

ကျောက်ရွှမ်ကျင်းက ဘယ်လိုလုပ် ဒီရာထူးနှင့် ထိုက်တန်မှာလဲ။ 

ကျောက်ရွှီကျီး ကောက်ကျစ်စွာဖြင့် အံကြိတ်ထားသည်။ 

ချက်ချင်းပင် သူစာတစ်စောင်ရေးပြီး စာပို့ငှက်ဖြင့် ပို့ပေးလိုက်သည်။ 

အားလုံးလုပ်ပြီးနောက် ကျောက်ရွှီကျီး ခဏတွေးတောပြီး သူ့ကိုယ်သူ အတင်းကုန်းထလိုက်သည်။ ပြီးနောက် အဖြူရောင်အ၀တ်အစားအား၀တ်ဆင်ပြီး ပိုင်မိသားစုအတွက် လက်ဆောင်တစ်ချို့ ပြင်ဆင်ထားခိုင်းလိုက်သည်။ 

သူက ကျော့မော့စွာဖြင့် ၀တ်စားထားပြီး အိမ်ရှေ့စံမင်းသား၏‌ ခြေလှမ်းတိုင်းအား လိုက်တုထားသည်။ သူတို့က ၂၀ကနေ ၃၀ရာခိုင်နှုန်းအထိ တူညီမှုရှိသည်။ 

ထိုအချိန် ဖန်းဟန်ဝေက ငိုနေရင်း ဆေးလိမ်းနေသည်။ သူမမျက်နှာက လေဖောင်းငါးကဲ့သို့ ဖူးရောင်နေသည်။ 

ကျို့ဝေကျုံးက ကိုယ်ခံပညာ လေ့ကျင့်သူဖြစ်သည်။ 

အိမ်ရှေ့မင်းသား၏ အမိန့်ကြောင့် ပါးရိုက်ရသောအခါ ဘယ်လိုလုပ် သက်ညှာပေးနိုင်မှာလဲ။ 

သေချာပေါက် သူ့စွမ်းအင်အားလုံး သုံးခဲ့သည်။ 

ရိုက်ချက်တိုင်းက သခင်မလေးဖန်းအား သေသွားဖို့ကိုပါ ဆုတောင်းမိသည်အထိ။ 

"သခင်မလေး ကျောက်မျိုးရိုးနဲ့ လူတစ်ယောက်က သခင်မလေးကို လာရှာပါတယ်" ဖန်းဟန်ဝေဘေးက အဖိုးအိုကပြောသည်။ 

ပိုင်အိမ်တော်မှာ ဖရိုဖရဲဖြစ်နေလေ၏။ 

အိမ်တော်ထဲတွင် သခင်မပိုင်၏နောက် လိုက်ခဲ့ဖူးသည့် ဘဏ္ဍာစိုးဟောင်းနှင့် ဖန်းဟန်ဝေအား ပြုစုပျိုးထောင်ပေးခဲ့သော ဘဏ္ဍာစိုးအသစ် ရှိနေလေသည်။ တစ်ယောက်က မျက်နှာသာပေးခံရပြီး နောက်တစ်ယောက်က အိမ်‌တော်ထဲတွင် အဆက်အသွယ်ရှိပြီး အာဏာရှိသည်။ ဖန်းဟန်ဝေ ပြန်လာသည်မှာ တစ်ရက်တည်းရှိသေးသော်ငြား သူတို့ အချင်းချင်းမှာ လည်ပင်းအား ညှစ်‌ကြတော့မတတ်ပင်။ 

ကံမကောင်းစွာဖြင့် ဖန်းဟန်ဝေက သူမ ဘာမှမဆုံးရှုံးရအောင် သခင်မပိုင်၏ ဘဏ္ဍာစိုးအား မှီခိုစရာ များစွာရှိသေးသည်။ 

"သခင်မလေးက အခု ပိုင်မိသားစုရဲ့ ဦးစီးတစ်ယောက်ပါ ဒီနေ့မှ ပထမရက်ပဲရှိပါသေးတယ်

သခင်မလေး ပါးရိုက်ခံရပြီး လမ်းပေါ် အပစ်ခံလိုက်ရတယ် ဒါက ဆိုးရွားလွန်းပါတယ် အခု ဧည့်သည်တွေနဲ့ တွေ့ဖို့ အချိန်မဟုတ်ပါဘူး သခင်မလေး သူ့ကိုငြင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်" 

ဘဏ္ဍာစိုးဟောင်းက ရိုးသားစွာဖြင့် အကြံပေးလိုက်သည်။ 

အခု ရွှင်းပြည်နယ်တစ်ခုလုံး ပိုင်မိသားစုအား စောင့်ကြည့်နေကြသည်။ 

သို့ပေမယ့် ဒီသခင်အသစ်က ဆိုးရွားလှသည်။ အရင်ဆုံး ပိုင်မိသားစု၏ စီးပွားရေးဖြစ်သော ဆိုင်ခန်းများစွာကို သွားလည်တာထက် သူမက တော်ဝင်မျိုးနွယ်မှလူအား ရန်သွားစသည်။ 

"သခင်မလေး အဲဒီသခင်လေးရဲ့ မျိုးရိုးနာမည်က ကျောက်ပါ" အဖိုးအို သူမကို သတိပေးလိုက်သည်။ 

ကျောက်က တော်၀င်မျိုးရိုးနာမည်ဖြစ်သည်။ 

ဖန်းဟန်ဝေ သူမမျက်နှာအား ထိတွေ့လိုက်သည်။ သူမ အဖိုးအိုစကားနားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ခေါင်းငြိမ့်လိုက်သည်။

"သေချာပေါက် ကျွန်မ သူ့ကိုတွေ့ရမှာပေါ့ ကျွန်‌မတို့ရဲ့ အမွှေးတိုင်စီးပွားရေးက ကျရှုံးမယ်လို့ ဆရာမမော့က ပြောတယ် ကျွန်မ တော်၀င်မိသားစုနဲ့ အဆက်အသွယ်ရနိုင်မယ်ဆိုရင် ကျွန်မတို့မိသားစုက ပိုက်ဆံအကြောင်း စိုးရိမ်စရာ လိုဦးမှာတဲ့လား" 

သူမပြောရင်း ဖန်းဟန်ဝေ ပုဝါစအား မျက်နှာတွင်ဆင်ပြီး ဧည့်သည်အား သွားတွေ့သည်။ 

ကျောက်ရွှီကျီး ခဏစောင့်ပြီး နောက်ဆုံးတော့ သခင်မလေးဖန်း အေးဆေးစွာဖြင့် လမ်းလျှောက်လာတာ တွေ့လိုက်ရသည်။ 

ဖန်းဟန်ဝေ ကျောက်ရွှီကျီးအား တွေ့တဲ့အခါ သူမ

အံ့အားသင့်သွားသည်။ 

သူမ ဒီနေ့ မြင့်မြတ်သူအား သွားတွေ့တော့ ထိုသူက စားသောက်နေသည်။ ခွက်အားကိုင်ပြီး လက်ဖက်ရည်သောက်နေပုံက .. သူမအရှေ့က လူနှင့် တစ်ထပ်တည်းပင်။ 

မဟုတ်မှလွဲရော သူတို့က ညီအစ်ကိုတွေများလား။ 

ထိုလူက အိမ်ရှေ့စံမင်းသားဖြစ်သည်။ ဒီတစ်ယောက်ကရော ဘယ်သူလဲ။ မင်းသားလား။ 

ဖန်းဟန်ဝေ ဒီမင်းသား၏ သရုပ်မှန်အားမသိပါ။ သို့ပေမယ့် သူမ ကျောက်ရွှီကျီး အပြုအမူတွေအား တွေ့ပြီး အိမ်ရှေ့စံမင်းသားနှင့် ဆင်တူနေတဲ့အပြင် ကျောက်မျိုးရိုးနာမည်ချင်းပါ တူနေတာကြောင့် သူမ တိတ်တဆိတ် သံသယဖြစ်မိသည်။ 

တော်၀င်မိသားစုမှာ စတုတ္ထမင်းသားလည်းရှိသည်ဟု သူမ ကြားဖူးသည်။ 

မဟုတ်မှလွဲရော .. 

ဖန်းဟန်ဝေ နှလုံးခုန်မြန်လာပြီး သူမ ရှက်ရွံ့စွာ

ဖြင့် ထိုင်လိုက်သည်။ 

"ရှင်က ဘယ်သူလဲ သခင်လေးလား ကျွန်မ ရှင့်ကိုတစ်ခါမှ မမြင်ဖူးဘူး" 

"ဒီနေ့ သခင်မလေးဖန်းက အိမ်ရှေ့စံမင်းသားဆီကနေ ပါးရိုက်ခံလိုက်ရတယ်လို့ ကျွန်တော် ကြားလိုက်ပါတယ် ကျွန်တော် အပြစ်ရှိစိတ်ဖြစ်မိလို့ အိမ်ရှေ့စံမင်းသား ကိုယ်စား ရောက်လာတာပါ .. ဒီနှစ်တွေထဲ အိမ်ရှေ့စံမင်းသားက သူ့အနားမှာ ဆရာမ‌မော့ ရှိနေတဲ့အတွက် အမျိုးသမီးတွေအပေါ် မမက်မောဘူး အဲဒါကြောင့် သခင်မလေးဖန်းကို မျက်ကွယ်ပြုထားတာပါ သခင်မလေး ဘယ်လောက်ကောင်းလဲဆိုတာ အားလုံးအသိပဲမလား" 

•••••

All Chapters