← Chapters

စေ့စပ်ထားသူ။ 

Vol. 31 Ch. 594

စေ့စပ်ထားသူ။ 

Vol. 31 Ch. 594

ကျောက်ရွှီကျီးမျက်နှာထထက်တွင် ကြင်နာတတ်သော အရိပ်အယောင်ရှိသော်လည်း ခြိမ်းခြောက်နေသလိုပင်။ 

ဖန်းဟန်ဝေ ထိုစကားကြား‌တဲ့အခါ သူမအနည်းငယ် ရှုပ်ထွေးသွားသည်။ "ရှင်ပြောချင်တာက .. အဲဒီဆရာမမော့က အိမ်ရှေ့စံမင်းသားရဲ့ .. သဘောကျတဲ့ ကိုယ်လုပ်တော် ဒါမှမဟုတ် ချစ်သူလား" 

အဲဒါမဖြစ်နိုင်ဘူးမလား။ 

သူမ ဆရာမမော့အား တစ်ခါ အပြစ်တင်စွပ်စွဲဖူးပေမယ့် အဲဒါက ဒေါသထွက်နေလို့သာ။ 

ဒါက ဆိုးရွားလွန်းသည်။ ဆရာမက ၃၀၊ ၄၀အထိတောင် ရောက်နေဖြစ်ကာ အိမ်ရှေ့စံမင်းသားကတော့ ၂၀ထဲ၀င်စသာရှိသေးသည်။ နှစ်ယောက်သားက ၁၀နှစ်ကျော်လောက် အသက်ကွာဟပေသည်။ 

ဖန်းဟန်ဝေ ကျောက်ရွီ‌ကျီးအား ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ သူပြောတာက မှန်နိုင်တယ်လို့ တွေးမိ၏။ 

သူမ ဆရာမမော့နှင့် စကားပြောဖူးသည်။ ဆရာမမော့က တကယ်ပင် အေးစက်ပြီး သူမအပေါ် ဘာခံစားချက်အရိပ်အယောင်မှ မပြပေ။ သို့ပေမယ့် သူမက ရိုင်းစိုင်းတယ်လို့ မထင်ရပေမယ့်  အတော်လေးလည်း လေးနက်သည်။ 

"ဒီကိစ္စကြောင့် ကျွန်တော်လည်း အတော်လေး

အံ့အားသင့်သွားခဲ့တယ် ကျွန်တော် မြို့တော်ဆီကိုတောင် စာပို့ထားပြီးပြီ ဘုရင်မင်းမြတ် ဒီကိစ္စကို သိပ်မကြာခင်မှာ သိသွားလိမ့်မယ်"

ကျောက်ရွှီကျီး ပြုံးလိုက်သည်။ "သခင်မလေးဖန်းအိမ်ရှေ့စံမင်းသားရဲ့ ညာဘက်လက်က မသန်စွမ်းတော့တာ ကြာပါပြီ ဒီလိုလူတစ်ယောက်က အနာဂတ်မှာ ထီးနန်းဆက်ခံနိုင်မှာမဟုတ်ဘူး သခင်မလေးဖန်းက မှီခိုဖို့ တစ်စုံတစ်ယောက်ကို ရှာချင်တာ ကျွန်တော် သိတယ် ကျွန်တော့်ကို ဘယ်လိုမြင်လဲ" 

ကျောက်ရွှီကျီး တိုက်ရိုက်ပြောလိုက်သည်။ 

သူမမျက်၀န်းကိုကြည့်ရသလောက်တော့ ဖန်းဟန်ဝေက ရုပ်မဆိုးနိုင်လောက်ပေ။ 

ဒီလိုလူကို ကိုယ်လုပ်တော်အဖြစ် သူ့အိမ်ကိုခေါ်

သွားတာက ကောင်းပေသည်။ 

ဖန်းဟန်ဝေက အနည်းငယ် ရှက်နေပြီး သူမကမေးသည်။ 

"ရှင်က စတုတ္ထမင်းသားလား" 

လက်ဖက်ရည်ခွက်ကိုင်ထားသော ကျောက်ရွှီကျီးလက်က တုန်ရီသွားပြီး သူက ခေါင်းခါသည်။ 

"မဟုတ်ဘူး ကျွန်တော့်အဖေက မင်းသားကြီးနင်ပေ့ပါ" 

"မင်းသားကြီး နင်ပေ့ .." ဖန်းဟန်ဝေ အနည်းငယ် စိတ်ပျက်သွားသည်။ ရွှင်းပြည်နယ်ထဲတွင် မင်သားများ ရှိနေသည်ဟုတွေးမိသည်။ 

အိမ်ရှေ့စံမင်းသားနှင့် စတုတ္ထမင်းသားတို့ လာကြသည်ဟု။ သူက မင်းသားတစ်ယောက်၏ သားဖြစ်နေမယ်လို့တော့ မထင်ထားပေ။ 

သို့ပေမယ့် မင်းသား၏သားဆိုလည်း ကောင်းပါသည်။ သူမလည်း မှီခိုစရာ‌မရှိခဲ့သော သခင်မတစ်ယောက်၏ သမီးဖြစ်ခဲ့တာပင်။ 

"ကျွန်မမိဘတွေကိုဆုံးရှုံးလိုက်ရပြီး အခု ကျွန်မက ပိုင်မိသားစုရဲ့ ဦးစီးတစ်ယောက်ပဲ တခြားလူတွေက လက်ထပ်ပွဲကို ဆုံးဖြတ်လို့မရဘူး ဒီတော့ ကျွန်မဘာသာပဲ ဆုံးဖြတ်ချက်ချရမယ် ကျွန်မတို့မိသားစုက အမွှေးတိုင်လုပ်ငန်းနဲ့ ဆက်ရှင်သန်နိုင်သွားမှာ မဟုတ်ဘူးလို့ ဆရာမမော့ကပြောတယ် အဲဒါအမှန်ပဲလို့ထင်တယ် ဒါပေမယ့် ကျွန်မ ရှင့်ကိုလက်ထပ်လိုက်ရင် ရှင် ကျွန်မကို ကူညီပေးမယ်မလား အနာဂတ်မှာ ကျွန်မရဲ့ ကံကောင်းခြင်းတွေ

အားလုံးကို ကျွန်မကလေးတွေဆီ ပေးမှာ ကျွန်မပိုပြီး ပိုက်ဆံရှာနိုင်လေလေ ပိုကောင်းလေလေပဲ"

ဖန်းဟန်ဝေက အခု စီစဉ်‌တတ်နေလေပြီ။ 

သူမက အိမ်ရှေ့စံမင်းသားအား ကြည့်ကောင်းသောကြောင့် သဘောကျတာဖြစ်သည်။ တကယ်ပဲ မြင်မြင်ချင်း အချစ်ဖြစ်သည်။ 

သို့သော် အိမ်ရှေ့စံမင်းသားက သူမကို သဘောမကျ။ သူမ၏ ဂုဏ်ပုဒ်က မမြင့်မားဘဲ ပိုက်ဆံတစ်ချို့ပဲရှိတာကို သူမသိပါသည်။ 

အိမ်ရှေ့စံမင်းသားက ပိုက်ဆံကို စိတ်မ၀င်စားဘူးဆိုတော့ သူမမှာ အခွင့်အရေးမရှိပေ။ 

အခု တော်၀င်မင်းသားတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူ၏ စေတနာအား အရင်ဖော်ပြလာ

တာကြောင့် သူမဘက် အခွင့်အရေးအား အရယူရမည်။ 

သူက တော်၀င်မိသားစု၏ ဆွေမျိုးတစ်ယောက်ဖြစ်သည်။ အရင်ကလိုဆို သူမက ဘယ်လိုလုပ် သူ့ကို လိုချင်စိတ်ပြင်းပြရဲမှာလဲ။ 

"ကျွန်တော် စတုတ္ထမင်းသားကို အကူအညီတောင်းပေးနိုင်တယ် ပိုက်ဆံနဲ့ကမ်းလှမ်းမယ်ဆိုရင် ပြဿနာမရှိဘူး" 

ခဏတွေးတောပြီးနောက် ကျောက်ရွှီကျီးပြောလိုက်သည်။ 

စတုတ္ထမင်းသားက အမြဲတမ်း ပညာလေ့လာနေတတ်ပြီး အတန်းလိုက်တတ်သူဖြစ်သည်။ သူက ဒီလိုအသေးအဖွဲကိစ္စများအား များစွာ ဂရုမစိုက်

ပေ။ 

သို့ပေမယ့် မုန့်မိသားစုကတော့ သူမကို ထိုကိစ္စတွေအား ကူညီပေးနိုင်လိမ့်မည်။ ‌စတုတ္ထမင်းသားလက်အောက်တွင် ကူညီပေးနိုင်သူတွေ များစွာရှိတာကြောင့် ပိုင်မိသားစု၏ အမွှေးတိုင်လုပ်ငန်းမှာ ရိုးရှင်းသည်။ 

ဖန်းဟန်ဝေ ထိုစကားအားကြားတော့ သူမ စိတ်အေးသွားသည်။ "ကောင်းပြီ ကျွန်မ သုံးနှစ်စာချုပ်ရပြီဆိုရင် တစ်ယောက်ယောက်နဲ့ ကျွန်မဆီကို တောင်းရမ်းလက်ဖွဲ့ပို့ပေးနိုင်ပါတယ်"

သူမအမေအတွက် ပူဆွေးရမယ် ..? အဲဒါ‌ ဘယ်တော့မှ မဖြစ်နိုင်ပါ။ 

သူမအမေက လူတကာနှင့် လိင်ဆက်ဆံခဲ့သူဖြစ်

တာကြောင့် သူမဂုဏ်ပုဒ်ကလည်း ဆိုးရွားလာသည်။ သူမအမေဆိုသူက သူမကို တစ်ရက်တောင် မပျိုးထောင်ပေးခဲ့တာကြောင့် သူမအတွက် ဝမ်းနည်းပူဆွေးပေးဖို့ကို မေ့ထားသည်။ 

ထို့အပြင် သူမ ဝမ်းနည်းပူဆွေးရလျှင်လည်း ‌သုံးနှစ်တောင် ကြာလိမ့်မည်။ 

[TN/အဲဒီခေတ်တုန်းက မိဘတွေသေရင်သားသမီးတွေက မင်္ဂလာမဆောင် ပျော်ပွဲရွှင်ပွဲမလုပ်ဘဲ ၃နှစ် ဝမ်းနည်းပူဆွေးခြင်းကာလဆိုပြီးအထိမ်းအမှတ်လုပ်ကြပါတယ်]

သုံးနှစ်ကြာပြီးရင် သူမက အိုမသွားဘူးလား။ အဲဒီအခါကျ သူမကို ဘယ်သူလက်ထပ်မှာလဲ။ 

ဒါ့အပြင် လက်ထပ်ဖို့လည်း အလျင်မလိုပါချေ။ သူတို့ စေ့စပ်လိုက်တာနှင့် ခဏလောက် အလုပ်ရှုပ်နေလိမ့်မည်။ ဝမ်းနည်းပူဆွေးကာလပြီးမှ လက်ထပ်တာက ကြီးကြီးမားမားမဖြစ်နိုင်တော့

ပေ။ 

"မင်း ကျွန်‌တော့်ဇနီးဖြစ်ချင်တာလား" ထိုသခင်မလေးရဲ့ အပြုအမူက ထူးဆန်းလာတာကို တွေ့တော့ ကျောက်ရွှီကျီး မျက်မှောင်ကြုတ်လိုက်သည်။ 

"သခင်မလေးဖန်းက ဒီအတိုင်း ကုန်သည်တစ်ယောက်ပါ မသင့်တော်မှာကို စိုးရွံ့မိပါတယ်" 

သူမက ကုန်သည်တစ်ယောက်ဖြစ်ရုံသာမက တရားမ၀င်သမီးလည်း ဖြစ်သည်။ တကယ်လို့ သူက ဒီလိုလူနှင့်လက်ထပ်လိုက်လျှင် သိက္ခာကျသွားနိုင်သည်။ 

ကိုယ်လုပ်တော်အဖြစ်ကတော့ မတူ။ အဆင့်အတန်း မလိုအပ်ပေ။ 

ဖန်းဟန်ဝေ ခဏလောက် အံ့အားသင့်သွားသည်။ ပြီးနောက် သူမ၏ ဖူးယောင်နေသော မျက်နှာ နီရဲသွားသည်။ ရှက်ရွံ့မှုနှင့်အတူ ဒေါသအရိပ်အယောင်ပါ ရှိ‌နေသည်။ 

•••••

All Chapters