သူမကို ကောင်းစွာဆက်ဆံတယ်။
Vol. 31 Ch. 595
ဖန်းဟန်ဝေ အဆင့်အတန်းမြင့်မားသော မိသားစုနှင့် လက်ထပ်ရန် မလွယ်ကူဘူးဆိုတာ သူမသိသည်။
သို့သော် ဒီလူက သူမအိမ်တံခါးအထိ ယဉ်ကျေးစွာ ရောက်လာတာက သူမမိသားစုစည်းစိမ်အား စိတ်၀င်စားပြီး သူမကို ဇနီးအဖြစ် လက်ထပ်ယူချင်နေတယ်လို့ ထင်ခဲ့တာပင်။
သူမ၏ ငွေချောင်း ၅သိန်း ပိုင်ဆိုင်မှုနှင့်ဆိုလျှင်တောင် သူမက ကိုယ်လုပ်တော် ဖြစ်လာနိုင်ရုံပဲလား။
အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်ဆိုလျှင်တော့ သူမ လက်ခံနိုင်သေးသည်။ သို့ပေမယ့် သူက မင်းသားတစ်ယောက်၏ သားဖြစ်သည်။
ဖန်းဟန်ဝေ သူမ၏ လက်ကိုင်ပုဝါကို ဆွဲကိုင်လိုက်သည်။
ကောင်းပြီ .. သူက မင်းသား၏ သားဆိုရင်တောင် သူက လက်လှမ်းမမီသော နေရာမှာရှိနေဆဲပင်။
အခု အခွင့်အရေးက သူမအရှေ့ရောက်လာပြီဆိုတော့ သူမ မယူလျှင် အနာဂတ်မှာ ပိုကောင်းသော ရွေးချယ်စရာရှိလာနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။
မဟုတ်မှလွဲရော သူမက သူမအမေလို သာမန်ယောကျာ်းတစ်ယောက်အား လက်ထပ်ပြီး တစ်နေကုန် သူရဲဘောကြောင်သော မျက်နှာကိုပဲ ရင်ဆိုင်ချင်ရမှာလား။
"ကျွန်မ လေးစားခံရတဲ့ ကိုယ်လုပ်တော် တစ်ယောက်ဖြစ်ချင်ပါတယ်" ဖန်းဟန်ဝေ ချက်ချင်းလက်ခံလိုက်တာထက် သဘောတူလိုက်သည်။
ကျောက်ရွှီကျီး ထိုစကားအားကြားတော့ ပြုံးလိုက်သည်။
"ဒါပေါ့"
ဖန်းဟန်ဝေ သူမဆံပင်အား အနည်းငယ် ပြန်ပြင်ပြီး သူမကို ကိုယ်လုပ်တော်အဖြစ် ခေါ်သွားမယ့် လုပ်ငန်းစဉ်အကြောင်းအား ကျောက်ရွှီကျီးကို ရှင်းပြလိုက်သည်။ ပြီးနောက် သူမ ပျော်ရွှင်စွာဖြင့် သူ့ကို လိုက်ပို့ပေးလေသည်။
ဖန်းဟန်ဝေက ကိုယ်လုပ်တော်တစ်ယောက် ဖြစ်တော့မှာကို ပိုင်အိမ်တော်က ဘဏ္ဍာစိုးဟောင်းကြားတော့ သူ မေ့လဲတော့မလိုပင်။
သူမက ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ချင်နေသည်။ ဘုရင်မင်းမြတ်၏ ကိုယ်လုပ်တော်ဆိုလျှင်တော့ အဖိုးတန်တယ်လို့ မှတ်ယူနိုင်သည်။ တခြားတစ်ယောက်ရဲ့ ကိုယ်လုပ်တော်အဖြစ်ကတော့ .. အဲဒါက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာနှင့် မတူဘူးလား။
ဟုတ်ပါသည် .. မင်းသားတစ်ယောက်၏သားက သူက နန်းတော်ထဲ ပိုင်မိသားစု အမွှေးတိုင် တင်သွင်းနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောခဲ့သည်။ သို့ပေမယ့် ပိုင်မိသားစုက လုံး၀ မပြီးသွားလောက်ဘူးလား။
အရင်သခင် အသက်ရှင်တုန်းက သူက သူ့သမီးအတွက် ဘာလို့ ယောကျာ်းရှာပေးခဲ့သလဲ။
သူက ပိုင်မိသားစုအား ရှေ့ဆက်စေချင်လို့ဖြစ်သည်။
အခု ပိုင်မိသားစုမှာ မျိုးဆက်ရှိလာသည်။ သူမက အမျှော်အမြင်မရှိသလို တကယ်ပဲ ပိုင်မိသားစု၏ နောက်ဆုံးမျိုးဆက်အဖြစ် တကယ်လုပ်မယ်လို့ ဘယ်သူက တွေးထားမှာလဲ။
ပိုင်မိသားစု စီးပွားရေး၏ ဆိုင်ပိုင်ရှင်အများစုက သစ္စာစောင့်သိကြသည်။ သူတို့ကို အရင်သခင် မိသားစုအား တည်ဆောက်ခဲ့ချိန်တွင် လက်သပ်မွေးခဲ့တာဖြစ်သည်။
အစကတော့ ဖန်းဟန်ဝေ၏ မျိုးရိုးနာမည်က ပိုင်မိသားစုက မဟုတ်ပေမယ့် သူမ ပြောင်းလို့ရနိုင်သည်။ သူမခန္ဓာကိုယ်ထဲမှာ ပိုင်မိသားစု သွေးစီးဆင်းနေတဲ့အတွက် လုံလောက်သည်။
သို့သော် သူမက မိသားစု၏အမွေအား လုံး၀ဂရုမစိုက်ဘူးလို့ ဘယ်သူထင်မှာလဲ။
သူမ လက်ထပ်ပြီး ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာတော့မယ့်အကြောင်း ဖန်းဟန်ဝေ သတင်းဖြန့်ပြီးနောက် ဆိုင်ရှင်တွေက တစ်ယောက်ပြီး
တစ်ယောက် သူမအိမ်ဆီရောက်လာသည်။
သူတို့က စိတ်ရင်းဖြင့် သူမကို အကြံပေးကြသည်။
"အရင်က ရွှင်းပြည်နယ်ထဲက လူတိုင်းက ကျွန်မကိုတွေ့ရင် အားလုံး လက်ညှိုးထိုးကြတယ် ကျွန်မက ကံဆိုးပြီး မကောင်းတဲ့နိမိတ်လို့ သူတို့ပြောကြတယ် အခု ကျွန်မကံကောင်းလာပြီး ပိုင်မိသားစုရဲ့ ဦးစီးတစ်ယောက်ဖြစ်လာတော့ ကျွန်မအမေက ကြောက်စရာကောင်းပြီး ကျွန်မက သူမအတိုင်းပဲလို့ ပြောကြတယ် အနာဂတ်မှာ ကျွန်မမှာ ယောကျာ်းရှိလာရင်တောင် အေးအေးချမ်းချမ်းနေနိုင်မှာမဟုတ်ဘူး သူတို့က အမြဲတမ်းရောက်လာပြီး ကျွန်မအတင်းအကြောင်း ပြောကြမှာပဲ အခု ကျွန်မ ကျောက်ရွှီကျီးရဲ့ ကိုယ်လုပ်တော်ဆိုရင် တော်၀င်မိသားစု၀င် တစ်ယောက်လည်း ဖြစ်သွားပြီ အချိန်ကျလာရင် ဘယ်သူက ကျွန်မကို ဘာပြောရဲမှာလဲ" ဖန်းဟန်
ဝေ အနည်းငယ် ခနဲ့လိုက်သည်။
သူမ လိုချင်တာကို သူမသိသည်။
သူမမှာ ငွေများစွာရှိသည်။ ငွေနှင့်ဆို အနာဂတ်တွင် ကျောက်ရွှီကျီးက သူမကို ကောင်းမွန်စွာ ဆက်ဆံရမည်။
အနာဂတ်တွင် သူမ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မွေးခဲ့ရင် သူတို့က ကျောက်မိသားစု၏ သွေးသားပဲဖြစ်နေမှာပင်။ သူမလည်းပဲ သူမနာမည်ကို မျိုးရိုးစဉ်ဆက်စာအုပ်မှာ ရှိလာနိုင်လိမ့်မည်။
တော်၀င်မိသားစု၏ မျိုးဆက်သစ်ပင်တွင် တခြားဘယ်သူမှ တက်နိုင်မှာမဟုတ်ပေ။
ဆိုင်ရှင်တွေက ပြောစရာစကားမရှိဖြစ်သွားကြပြီး သူတို့နှလုံးသားများကလည်း အေးစက်သွားသည်။
သူတို့တွေ သူမကို သံသယရှိနေခဲ့တာဖြစ်ပြီး အခုတော့ ဒုတိယအတွေး တွေးမိလာကြသည်။
ပိုင်မိသားစု၏ စည်းစိမ်ကို တခြားတစ်ယောက်အား ပေးမှာတဲ့လား။
ဒါတွေအားလုံးက သူတို့အလုပ်ကြိုးစားတာရဲ့ ရလဒ်ပင်ဖြစ်သည်။
ဆိုင်ရှင်များက ဘာတွေဖြစ်နေလဲဆိုတာ နားလည်ကြသည်။ သူတို့ ပြန်သွားတော့ ကြီးကြီးမားမား တစ်ခုလုပ်ရန်စီစဥ်လိုက်ကြသည်။
ဖန်းဟန်ဝေသည် စီးပွားရေးကိစ္စများအား နားမလည်ပေ။ အမွှေးတိုင်များအား ပြန်လာပေးသူ အများကြီးရှိလာပြီး စာရွက်စာတမ်းအများစုနှင့် စာချုပ်များကိုလည်း ဖန်းဟန်ဝေ လက်မှတ်ထိုးပေးရသည်။ သူတို့ ဘာမှားယွင်းနေတာကို မမြင်နိုင်ဘဲ တံဆိပ်တုံးထုပေးခဲ့သည်။
ရက်အနည်းငယ်အတွင်း ပိုင်မိသားစု၏ စည်းစိမ်တစ်၀က်လောက် ကုန်သွားတော့သည်။
ထိုပိုင်ဆိုင်မှုများအား ဆိုင်ရှင်များက ယူသွားခြင်းဖြစ်သည်။ ထိုဆိုင်ရှင်များအား ခန့်အပ်ထားတာဖြစ်ပြီး သူတို့က အစေခံမဟုတ်ကြပေ။ အခု သူတို့ ကြမ်းတမ်းလာကာ ဖန်းဟန်ဝေအပေါ် ရိုင်းစိုင်းလာသည်။
သူမ အနည်းငယ် ပြောစရာစကားမရှိအောင် အံ့ဩသွားသည်။ သူမဆိုင်၏ ဆိုင်ပိုင်ရှင်များစွာပြောင်းသွားတာကို သိလိုက်ရတော့ လုံး၀အံ့အားသင့်သွားခဲ့သည်။
သို့ပေမယ့် သူမ ဘာမှမလုပ်ဘဲ ရထားတဲ့ ပစ္စည်းဥစ္စာကို ဘယ်လိုလုပ် တန်ဖိုးထားနိုင်မှာလဲ။
သူမမှာဆိုင်တွေ မရှိတော့ပေမယ့် ပိုင်မိသားစုမှာ လယ်နှင့် ငွေများစွာရှိသေးသည်။ ထိုအရာများက သူမအတွက် တစ်သက်လုံး ပံ့ပိုးပေးရန် လုံလောက်သည်။
•••••