နှစ်ခုထဲက တစ်ခုရွေးတယ်။
Vol. 31 Ch. 596
ပိုင်မိသားစုတွင် ဖြစ်ပျက်ခဲ့သည်များက အတော်လေး ပွက်လောရိုက်သွားပြီး တခြားသူတွေ ထိုအကြောင်း မသိရန် ခက်ခဲလှသည်။
ရှဲ့ချောင် တစ်နေကုန် သူမအခန်းထဲတွင် အဆောင်များပြုလုပ်ပြီး ဘုရားကျောင်းထဲက မကောင်းဆိုးဝါးဝိဉာဉ်များအား အမြစ်ဖြတ် ဖယ်ရှားရန် ပြင်ဆင်နေသည်။ သို့သော်လည်း သူမ ဖန်းဟန်ဝေအကြောင်း များစွာ ကြားရသည်။
သူမ မအံ့ဩပေ။
ဒီအချိန်အတွင်း ဖန်းဟန်ဝေ၏ ကံကောင်းခြင်းက အကောင်းဆုံးအခြေအနေမှာရှိနေတာလို့ ပြောနိုင်သည်။
သို့သော် လူတစ်ယောက်၏ ကံက ဘယ်လောက်ပဲကောင်းကောင်း သူတို့ ငယ်ငယ်လေးတည်းက မြင်ဖူးသောအရာများက အနည်းငယ်သာရှိသေးသည်။
အခွင့်အရေးက သူမအရှေ့မှာရှိနေတာတောင် သူမက အရမယူနိုင်ပေ။
ပိုင်မိသားစုတွင် စည်းစိမ်များစွာရှိသည်။ သူမက ပိုပြီးအမျှော်အမြင်ရှိကာ သူမလက်ထဲမှာရှိနေရန် ပိုကြိုးစားခဲ့မယ်ဆိုလျှင် သူမက ဒီဘ၀မှာ အာဏာရှိသူ တစ်ယောက်မဖြစ်လာနိုင်ရင်တောင် တစ်ရက် ထမင်းသုံးနပ်အတွက် စိတ်ပူစရာမလိုသလို သူမလည်း အမြဲလုံခြုံနေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဒီမိန်းကလေးကို အစေခံတစ်ယောက်က ပျိုးထောင်ခဲ့သည်။
အစေခံက နိမ့်ကျနေတာကြောင့်မဟုတ်ဘဲ အဖိုးအိုက ငယ်ငယ်လေးတည်းက အစေခံတစ်ယောက်ဖြစ်ခဲ့တာကြောင့်ပင်။ သူမ ဒီလိုမျိုးဖြစ်နေတာ နှစ်ပေါင်းများစွာရှိပြီး သူမက အရိုးထဲအထိ သိမ်ငယ်စိတ်များ အမြဲရှိနေတတ်သည်။ ထိုသို့သောသူ ပျိုးထောင်ခဲ့သော ကလေးက ရွှေတောင်၊ ငွေတောင်များအား မဖမ်းဆုပ်နိုင်ပေ။
..
ရှဲ့ချောင် စိတ်တည်ငြိမ်စွာဖြင့် နောက်အဆောင်တစ်ခု ပြုလုပ်လိုက်သည်။
သူမ လုပ်ပြီးနောက် ကျောက်ရွှမ်ကျင်း တံခါးလာခေါက်လေသည်။
"ကျောက်ရွှီကျီး အဲဒီမိမစစ်ဖမစစ်လေးက စတုတ္ထမင်းသားရဲ့လူတွေဆီ စာပို့ပေးလိုက်တယ် ရုံးထဲမှာ ကျွန်တော့်ကိုစုံစမ်းနေတဲ့ ၀န်ကြီးအနည်းငယ်လည်းရှိနေတယ်" အိမ်ရှေ့စံမင်းသား၏ စကားအရ ဒေါသထွက်နေတယ်ထင်ရပေမယ့် သူ့မျက်နှာထက်တွင် စိုးရိမ်မှု တစ်စွန်းတစ်စကိုတောင် ရှဲ့ချောင် မမြင်ရ။
"သူတို့က ဘာကို စုံစမ်းနေတာလဲ အမှုဖြေရှင်းပေးဖို့လား" ရှဲ့ချောင် စနောက်လိုက်သည်။
"ကျွန်တော်တို့က ဆက်ဆံရေးရှိနေတာတဲ့ ဆရာတူအစ်မက အိမ်ရှေ့စံမင်းသားကို ဆွဲဆောင်နေတယ်တဲ့ ပြီးတော့ စုန်းအတတ် ကျင့်ကြံနေတာဆိုပြီး ပြောတယ်" ကျောက်ရွှမ်ကျင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
စတုတ္ထမင်းသားနောက်က ထိုလူများသည် ခွေးရူး
များနှင့်တူပြီး အကြိမ်တိုင်း သူ့အပေါ် တစ်ခုခုလုပ်ဖို့ ရှိနေတာကြောင့် သူတို့ပြောတဲ့စကားများက စိတ်မချမ်းသာစရာပင်။
တရားရုံးတွင် သူ့အပေါ် ရောထွေးနေသော ခံစားချက်ရှိသူများကလွဲပြီး နှစ်ဖက် ရန်ဖြစ်နေကြတာကို ခန့်မှန်းမိသည်။
တစ်ဖက်က သူ့ကိုလေးစားသော သူ့ခမည်းတော်၏ ၀န်ကြီးဟောင်းများဖြစ်ပြီး နောက်တစ်ဖက်က မင်းသား၄နှင့် မင်းသား၅၏ အပြင်ဘက် မိသားစုတွေဖြစ်သည်။
"ကျွန်မက .. စုန်းအတတ် တတ်တယ် .." ရှဲ့ချောင် ဒေါသထွက်သွားသည်။
သူမက တကယ်ပဲ စုန်းမတစ်ယောက်ဆို
လျှင် ကျောက်ရွှီကျီး သေသွားတာ ကြာလေပြီ။ သူက ဘယ်လိုလုပ် အခုထိအသက်ရှင်နေမှာလဲ။
ဖန်းရှီယွမ်နှင့်အတူ လက်ဆော့ခဲ့သော ဖုန်းရွှေဆရာနှင့် လီမိသားစု၏ အုတ်ဂူများအကြောင်း များစွာ စွမ်းဆောင်ခဲ့နိုင်တာပဲ မဟုတ်ဘူးလား။ မိသားစု၀င်များ သေဆုံးသွားအောင် သူမမှာလည်း ထိုစွမ်းရည်များရှိသည်။
"မင်း ဒေါသထွက်နေတာလား" ကျောက်ရွှမ်ကျင်း ရုတ်တရက် ခေါင်းစောင်းပြီး သူမအမူအရာအား ကြည့်လိုက်သည်။
ရှဲ့ချောင် နှာမှုတ်ပြီး ဖြည်းညှင်းစွာပြောဆိုသည်။ "တခြားသူတွေ ဒေါသထွက်နေတဲ့အချိန် ကျွန်မ ဘာမှမဖြစ်ဘူး စိတ်ဆိုးတဲ့အခါ ဘယ်သူက အကြောင်းပြချက်ရှိနိုင်မှာလဲ"
"ဒါက ကြီးကြီးမားမားမဟုတ်ပါဘူးဆရာတူအစ်မအတွက်လိုချင်တယ်ဆိုရင် ကျွန်တော်ဆရာအစ်မနဲ့လက်ထပ်မယ် ပြီးတော့ တရား၀င်။ ဆရာတူအစ်မက ကျွန်တော့်ကို ဆွဲဆောင်ခဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါမှမဟုတ် မလုပ်ချင်ရင် .. ကျွန်တော် အရာရှိတွေထဲကတစ်ယောက်ယောက်ရဲ့ သမီးကို ရွေးလိုက်မယ် ကျွန်တော်သာလက်ထပ်လိုက်ရင် ဆရာတူအစ်မအတွက် အဆင်ပြေသွားတာပေါ့" ကျောက်ရွှမ်ကျင်း အရှက်မရှိပြောလိုက်သည်။
ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်သည်။
သူမ သက်သောင့်သက်သာတော့မရှိလှ။
သူမ ဒီမျက်နှာနှင့် ခန္ဓာကိုယ်အား လိုချင်စိတ်ပြင်းပြသည်။ တကယ်လို့ သူမ၏ ဆရာတူမောင်
လေး လက်ထပ်သွားရင် သူမ သူ့ကိုအမြဲ ကြည့်လို့ရတော့မည်မဟုတ်ပေ။ အနာဂတ်တွင် သူမ ထိုမကောင်းဆိုးဝါးဝိဉာဉ်များဆီက ခြောက်လှန့်ခံရနိုင်ပြီး သူမမျက်လုံးတွေအတွက် ကျေနပ်စရာ တစ်ခုတောင်ရှိမည်မဟုတ်ပေ။
သို့သော်လည်း သူက အရာရှိတစ်ယောက်၏ သမီးကို လက်ထပ်မယ်ပြောတော့ သူမ မပျော်တော့။
"သူမက ဘယ်မိသားစုကလဲ" ရှဲ့ချောင် စိတ်အားငယ်နေပေမယ့် သူမပုံစံက တည်ငြိမ်နေဆဲပင်။
"ကျွန်တော် ခနခန ပြောဖူးပါတယ်။ ရှဲ့ဖင်းကန်းညီမ သခင်မလေး ရှဲ့ချောင်လေ ဆရာတူအစ်မဘယ်လိုထင်လဲ" ကျောက်ရွှမ်ကျင်း တောက်လောင်နေသော အကြည့်ဖြင့် မေးလိုက်သည်။
ထိုစကားကို ရှဲ့ချောင်ကြားတာ ပထမဆုံးအကြိမ်မဟုတ်တော့။
"တခြားတစ်ယောက်ရော မဖြစ်နိုင်ဘူးလား ရှင်ပြောသလိုဆို ဘယ်သူမဆို ဖြစ်နိုင်တာပဲလေ" ရှဲ့ချောင် ထပ်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး ဆရာတူအစ်မနဲ့ သခင်မလေးရှဲ့ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး" ကျောက်ရွှမ်ကျင်း လေးနက်စွာဖြင့် ပြောလိုက်သည်။
ဒီကောင်မလေး ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မှာလဲ။
ထိုသို့ပြောလိုက်တော့ ရှဲ့ချောင် သူနဲ့ထပ်ပြီး
ယှဉ်ပြိုင်ဖို့ အလှည့်ရောက်လာသည်။
ရှဲ့ဖင်းကန်း လာတော့မလို့ပင်။ သူ ခြေချရုံရှိသေး အိမ်ရှေ့စံမင်းသားစကားများအား ကြားလိုက်ရသည်။ သူ့မျက်၀န်းက ချက်ချင်းအရောင်တောက်လောင်လာကာ
"အရှင့်သား အခုပြောလိုက်တာ အမှန်လား။ အခု အရှင့်သားက ဆရာမမော့နဲ့ ကျွန်တော့် ညီမကို ရွေးနေတာလား"
•••••