← Chapters

အဲဒီလိုလုပ်ရတာ ပျော်တယ်။ 

Vol. 31 Ch. 597

အဲဒီလိုလုပ်ရတာ ပျော်တယ်။ 

Vol. 31 Ch. 597

ရှဲ့ဖင်းကန်း၏ ကျယ်လောင်သောအသံက ရှဲ့ချောင်အား ကြောက်ရွံ့သွားစေသည်။ 

သူမအား အာရုံမစိုက်ဘဲ အလျင်စလို အထဲ၀င်လာလေသည်။ 

ပြီးနောက် ခြေတစ်ဖက်ထောက်ပြီး သူ့လက်နှစ်ဖက်လုံးအား လက်သီးဆုပ်ထားပြီး ပူးကပ်ထားသည်။ 

"အရှင်မင်းသားရဲ့ အချစ်အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့ညီမလေးက အမြဲတမ်း အရှင့်သားကို နှစ်သက်နေခဲ့တာပါ ဒါပေမယ့် မိုးနဲ့မြေလို ကွာခြားတာကြောင့် ကျွန်တော် မပြောရဲ‌ခဲ့တာပါ အခု အရှင့်သားလည်း သူမကိုသဘောကျတယ်ဆိုမှတော့ အတတ်နိုင်ဆုံး မြန်မြန်လုပ်လိုက်တာကောင်းပါတယ်"

ကျောက်ရွှမ်ကျင်း နားထင်က တ‌ဒုတ်ဒုတ်ဖြင့်။ 

ရှဲ့ချောင်၏မျက်နှာသေးသေးလေးမှာလည်း အနီ

ရောင်သန်းသွားပြီး မိတ်ကပ်ပြင်ထားတာကြောင့် သိပ်မသိရပေ။ 

သူမက အမြဲတမ်း ... သူ့ကိုနှစ်သက်နေခဲ့တယ်?

သူမက ဒီအတိုင်း သူ့မျက်နှာနှင့် ခန္ဓာကိုယ်ကို သဘောကျရုံပင် ..။ 

"ရှဲ့ဖင်းကန်း ကျေးဇူးပြုပြီး ဣန္ဒြေရရနေစမ်းပါ" ရှဲ့ချောင် ထပ်ပြီးသည်းမခံနိုင်တော့။ 

ဒီလိုမျိုး အလျင်စလို လက်ထပ်ရန်တောင်းဆိုတာက ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ။ 

သူမက ပညာသင်တစ်ယောက်လေ။ သူက သူမကိုတောင် လက်ထပ်ရန် တောင်းဆိုရမှာ

ဖြစ်သည်။ 

"ဆရာမမော့ ပြောတာကို ကျွန်တော်နားလည်ပါတယ် အိမ်ရှေ့စံမင်းသားက ဆရာမကို နှစ်သက်ပြီး ကျွန်တော့်ညီမအတွက် ခံစားချက်အများကြီးမရှိပါဘူး ကျွန်တော်တို့ ရှဲ့မိသားစုမှာ လိုအပ်ချက်တွေလည်း ရှိပါတယ် ပြီးတော့ ဆရာမမော့က ကြင်နာတတ်သူပါ တကယ်လို့ ကြင်ရာတော် မင်းသမီးဖြစ်ချင်ရင် ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ ဆန္ဒရှိပါတယ် ကြင်ရာတော်မင်းသမီးနဲ့ ကိုယ်လုပ်တော် .. ဘယ်လောက် ပြည့်စုံလိုက်လဲ ကျွန်တော့်ညီမလေးရဲ့ ကျန်းမာရေးက သိပ်မကောင်းလှဘူး အဲဒါကြောင့် ဆရာမလေးက နည်းနည်းလေး ပိုနေရာပေးမှရမှာပေါ့ဗျာ .." ရှဲ့ဖင်းကန်း အားလုံးပြောလိုက်နေပြီပင် ...

ထိန်းချုပ်ထားဖို့က ဘာအရေးလဲ။ 

သူ့ညီမ၏ ဆန္ဒလေးက ပြည့်မြောက်တော့မည်။ 

အိမ်ရှေ့စံမင်းသားက ဘယ်လိုကြည့်ကြည့် ကြည့်ကောင်းတယ်လို့ သူမက သူ့မဘာသာ ရေရွတ်နေကြဖြစ်သည်။ 

တစ်ရက် သူဓားရေးလေ့ကျင့်နေတော့ အိမ်ရှေ့စံမင်းသားက သူ့ခါးကြားထဲမှာ ဓားထည့်ထားရင် ကြည့်ကောင်းမှာပဲဆိုပြီး ရှဲ့ချောင်ပြောနေတာ ကြားလိုက်သေးသည်။ 

သူမက သူ့ခါးအကြောင်းတောင် ပြောနေသေးသည်။ တည်ကြည်နေစရာလိုသေးလို့လား။ 

ထိုအကြောင်းတွေးမိတော့ ရှဲ့ဖင်းကန်း တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။ 

အိမ်ရှေ့စံမင်းသား၏ ခါးက တကယ်ပဲ ဖြောင့်မတ်ကာ ပြည့်ပြီး မထူထဲပေ။ 

အမှန်ပင်။ 

သူ့ညီမလေးသဘောကျတာ မဆန်းပါ။ သူသာ အမျိုးသမီးတစ်ယောက်ဆိုရင်လည်း သဘောကျမိမှာပင်။ 

"မင်း ဘယ်ကို‌ လာကြည့်နေတာလဲ" ကျောက်ရွှမ်ကျင်းအသံမြှင့်ပြီး မျက်မှောင်ကြုတ်ထားသည်မှာ ခြင်ကိုပါ ဖိသတ်နိုင်တဲ့အထိပင်။

ရှဲ့ဖင်းကန်း ရယ်လိုက်ပြီး "အရှင့်သားက ကြီးမြတ်လှပါတယ် ကျွန်တော့်ညီမလေးက တကယ်ပဲ ကောင်းချီးပေးခံရတယ်လို့ တွေးမိပါတယ်" 

အိမ်ရှေ့စံမင်းသားအား ထိုကဲ့သို့ မျက်နှာလုပ်နေတဲ့အတွက် ရှဲ့ချောင် လက်မြှောက်ပြီး သူ့ကို ရိုက်နှက်ချင်သည်။ 

ဒီ၀က်က သူမကို ဒီလို ရောင်းစားလိုက်သည်။ အဲ့ဒါအသာထား။ သူမက သူ့ရဲ့ ညီမအရင်းဖြစ်သည်။ ကိုယ့်ညီမအတွက်ကိုယ် ကြင်ရာတော်မင်းသမီးနေရာကို ဘာလို့ မတိုက်ခိုက်ပေးရတာတုန်း!

သူမ ဘ၀ကတိုတောင်းလှသည်။ အဲဒါကြောင့် ဇနီးတစ်ယောက်ဖြစ်ဖို့က မထိုက်တန်ဘူးလား။ 

ရှဲ့ချောင်အတွေးများက အရိုင်းဆန်ပြီး ဖရိုဖရဲဖြစ်လှသည်။ သို့ပေမယ့် သူမမျက်နှာက တည်ငြိမ်နေပြီး ထင်းရှူးပင်ဟောင်းအတိုင်းပင်။ 

ရှဲ့ဖင်းကန်းအကြည့်အား ကျောက်ရွှမ်ကျင်း ကြည့်မရဖြစ်သွားပြီး လုံး၀အဆင်မပြေတော့။ "၀န်ကြီးရှဲ့ မင်း လက်ထပ်ပွဲအတွက်လည်း မကြာခင် စီစဉ်သင့်တယ်။ အခုလိုမျိုး ငါ့ကို နောက်တစ်ခါ ထပ်ကြည့်မယ်ဆိုရင် မင်းမျက်လုံးကို ဆွဲထုတ်မခံရအောင် ဂရုစိုက်နေ" 

ရှဲ့ဖင်းကန်း ရယ်လိုက်သည်။ 

ဒီအတိုင်း ချောင်းကြည့်တာလေးဖြစ်ပြီး သူ မရိုးမဖြောင့် လုပ်ခြင်းမဟုတ် .. 

"ဟုတ်ကဲ့ အနာဂတ်မှာ ကျွန်တော့်မျက်လုံး ဆွဲထုတ်မခံရအောင် သေချာလုပ်ထားလိုက်ပါမယ်" ရှဲ့ဖင်းကန်းက အလွန်လေးစားမှုရှိလှသည်။ 

သူက လေးစားမှုရှိပေမယ့် .. နည်းနည်းလေးတော့ ဒေါသထွက်စရာပင်။ 

ကျောက်ရွှမ်ကျင်း ရှဲ့ဖင်းကန်းအားကြည့်ပြီး အနာဂတ်အကြောင်း တွေးမိသည် .. ဒီလိုမျိုး ယောက်ဖနှင့် သူ မကြာခဏ ဒေါသထွက်နေရနိုင်သည်။ 

"ဆရာမမော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို တိကျတဲ့ အဖြေပေးပါ" ရှဲ့ဖင်းကန်းက ထိုအကြောင်းမမေ့သေး။ သူ့မျက်လုံးက စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေသည်။ 

ရှဲ့ချောင် အကူအညီမဲ့သွားသလို ခံစားရပြီး "ရှင့်ညီမက ဒီလိုမျိုး လက်ထပ်ချင်တာရော ဖြစ်နိုင်ပါ့မလား" 

"ဘာလို့မဖြစ်နိုင်ရမှာလဲ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ" ကျောက်ရွှမ်ကျင်းနှင့် ရှဲ့ဖင်းကန်းက တစ်ချိန်တည်းမှာ မေးလိုက်သည်။ 

ရှဲ့ချောင် နှလုံးခုန်မြန်သွားသည်။ ပြီးနောက် အလွန်လေးနက်သော အမူအရာဖြင့်ပြောလိုက်သည်။ "ကျွန်မ မြင်ရသလောက်ဆိုရင် ရှဲ့မိသားစုက သမီးအကြီးဆုံးက တော်ဝင်မျိုးနွယ် .." 

သူမ စကားမဆုံးခင်မှာ ရှဲ့ဖင်းကန်းက လှောင်ရယ်သည်။ 

"အဲဒါ ဆရာမ ကျွန်တော့်ညီမအကြောင်း မသိလို့ပါ အဲဒီကောင်မလေးက .. အချိန်အကြာကြီး တာအို ဘုရားကျောင်းမှာနေခဲ့တာ သူမက အပြင်ပိုင်း

မှာ တည်ကြည်လေးနက်ပေမယ့် တကယ်တော့ လုံး၀ချေးမများဘူး သူမ သဘောထားကြီးပြီး ချစ်ခင်တတ်တယ် .. သူမလည်း ဒီလိုဖြစ်လာရင် ပျော်မှာပါ"

•••••

All Chapters