← Chapters

ငါပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး။ 

Vol. 31 Ch. 600

ငါပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး။ 

Vol. 31 Ch. 600

အကြီးအကဲလီက ဘာလို့ ရှဲ့ချောင်အပေါ် အလွန်ယဉ်ကျေးပြီး လေးစားမှုရှိရတာလဲဆို ဒီလူကြီးက ကျင့်ဝတ်တွေအား ကောင်းစွာသိလို့ပင်။ 

သူမ၏ စွမ်းရည်ကို တစ်ခါမှသံသယမဖြစ်ခဲ့သလို ပြဿနာမဖြစ်စေဘဲ သူမ တောင်းဆိုချက်အား လိုက်နာပေသည်။ 

ထိုနည်းလမ်းဖြင့် သူမ အားတစ်၀က်တည်းသာ စိုက်ထုတ်ပြီး ရလဒ်နှစ်ဆ ရလာနိုင်သည်။ 

"ကျွန်တော်ကရော .."

ကျောက်ရွှမ်ကျင်း မှီလိုက်ပြီး "ကျွန်တော်ကရော အသုံး၀င်ရဲ့လား" 

"အင်း ရှင့်ရဲ့အသုံး၀င်မှုက လီချင်းယွီနီးနီးပဲ" ရှဲ့ချောင် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ 

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်လိုက်၏။ သူ 'နီးနီးပဲ' ဆိုတဲ့စကားအား သဘောမကျပါ။ 

သူက လီမိသားစုက ဒီကလေးထက် အများကြီးသာသည်။ 

"ပြီးတော့ ပိုသာတယ်" ရှဲ့ချောင် ခဏတွေးတောပြီး အလေးအနက် အကဲဖြတ်ပေးလိုက်သည်။ ပြီးနောက် သူ့ကိုဆွဲခေါ်ပြီး နူးညံ့စွာဖြင့် "အရှင့်သား

ရှင်က မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဆင့်ခေါ်ပေးနိုင်တယ် ဒါပေမယ့် ဝိဉာဉ်တွေက ရှင်အနားမှာရှိ‌နေရင် အနံ့ခံနိုင်ကြတယ် သူတို့ ရှင့်ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး ဒီတော့ ရှင်သွားရင် အဲဒီနေရာက မကောင်းဆိုးဝါးဝိဉာဉ်တွေက သူတို့ဘာသာ ပုန်းကွယ်နေမှာမဟုတ်ဘူး 

ဒါပေမယ့် ဘာမှမသေချာဘူး ရှင်မေ့လဲသွားရင် ရန်လိုတတ်တဲ့ ဝိဉာဉ်တွေက ရှင့်ကို အခွင့်ကောင်းယူနိုင်တယ် ပြီးတော့ ရှင် မြွေ၊ ပိုးကောင်၊ ကြွက်‌နဲ့ ပုရွက်ဆိတ်မျိုးကို ပိုဂရုစိုက်ဖို့လိုအပ်တယ်" ရှဲ့ချောင် ထပ်ပြောလိုက်သည်။ 

ကျောက်ရွှီကျီးအခြေအနေအား သုံးသပ်ရ‌သလောက် ရန်လိုတတ်သော ဝိဉာဉ်များက မြေအောက်ကအရာများကိုပင် သက်ရောက်စေနိုင်သည်။ 

အိမ်ရှေ့စံမင်းသားကို မကောင်းဆိုးဝါးဝိဉာဉ်များက  မထိတွေ့နိုင်ပေမယ့် မြွေ၊ ပိုးကောင်၊ ကြွက်တွေနဲ့ ပုရွက်ဆိတ်တွေကတော့ ထိတွေ့နိုင်တယ်မလား။ 

သူ ဂရုစိုက်ရန်လိုအပ်သေးသည်။ 

"ကျွန်တော်တို့တွေ ဒီရက်အနည်းငယ်ထဲမှာ ဆေးအများကြီး ပြင်ဆင်ထားတာပဲမလား အဆင်ပြေသွားမှာပါ ကျွန်တော် စိတ်အေးနိုင်အောင် ဆရာတူအစ်မနဲ့အတူ လိုက်ခဲ့မှရမယ်" အိမ်ရှေ့စံမင်းသား ဆက်ပြောသည်။ 

ရှဲ့ချောင် ခေါင်းညိတ်ပြသည်။ "ရှင့်အနောက်ကိုလိုက်လာတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေက .. အချိန်ကျလာရင် ရှင်နဲ့အတူ သူတို့ကိုခေါ်လာလို့ရတယ် တကယ်လို့ ကျွန်မ သူတို့ကို တစ်ယောက်တည်း မတိုက်ခိုက်နိုင်ရင် မကောင်းမှု

စွမ်းအင်မရှိတဲ့ တခြားမကောင်းဆိုးဝါးဝိဉာဉ်တွေကို အဆောင်သုံးပြီး ထိန်းချုပ်ထားနိုင်တယ် သေချာပေါက် ကျွန်မ မလိုအပ်ဘဲ သုံးမှာမဟုတ်ဘူး သူတို့အတွက် တစ်ချို့အရာတွေကို အလကား လောင်ကျွမ်းပေးနိုင်တယ်" 

ထို့အတွက်တော့ အကြီးအကဲလီက သူမကို ထပ်ပေးရမည်။ 

သူမက သူ့မိသားစု ‌ဘိုးဘေးသင်္ချိုင်းအတွက် အများကြီး အားစိုက်ထုတ်ထားတာဖြစ်သည်။ 

ဘိုးဘေးသင်္ချိုင်းအား ချက်ချင်း ဖယ်လို့မရနိုင်သေးပေ။ မကောင်းမှုစွမ်းအင်က နှစ်ပေါင်း ၂၀ တည်ရှိနေခဲ့တာဖြစ်သည်။ သူတို့တွေ ဘုရားကျောင်းအား သေချာ မဖြေရှင်းလျှင်လည်း သင်္ချိုင်းအား ချက်ချင်း ပြောင်းရွှေ့နိုင်သည်။ သို့သော် ထိုအရာက လက္ခဏာများအား အပေါ်ယံ

သာဖယ်ရှားနိုင်တာဖြစ်ပြီး အမြစ်တွယ်နေသော ဖြစ်တည်မှုအား မဟုတ်ပေ။ 

နှစ်ယောက်သား သီးသန့် ဆွေးနွေးဖူးကြသည်။ အိမ်ရှေ့စံမင်းသားပါ သွားမှာကို အကြီးအကဲလီသိသည်။ 

လီချင်းယွီကိုပါ သူတို့အနောက် လိုက်သွားခိုင်းရမည်။ 

အိမ်ရှေ့စံမင်းသားဖြစ်သော်လည်း ဒီမှာ သူ့အဆင့်အတန်းကို အမြတ်ထုတ်ခြင်းမရှိပေ။ သူက ဘယ်လိုလုပ် သူ့အတွက် အိမ်ရှေ့စံမင်းသားကို ဦးဆောင်‌ခွင့်ပေးရမှာလဲ။ 

ထပ်ပြောရလျှင် .. အကြီးအကဲလီ စိတ်လှုပ်ရှားနေသည်။ 

အိမ်ရှေ့စံမင်းသားဆီမှာ တစ်ခုခုဖြစ်သွားလျှင် ရှင်ဘုရင်၏ အချစ်နှင့် အိမ်ရှေ့စံမင်းသား၏ အကာအကွယ်အတွက် သူ့ရဲ့ လီမိသားစုတစ်စုလုံးက သူတို့အသက်ဖြင့် ပေးဆပ်ရနိုင်သည်။ 

အကြီးအကဲလီတောင်မှ အလွန်စိတ်လှုပ်ရှားနေသည်။ သူ ချွေးထွက်တာ မရပ်ဘဲ တစက်စက်ကျနေ၏။ 

ဒီလူတွေအားလုံး ကြံ့ခိုင်ကြသည်။ 

သူတို့က အိမ်ရှေ့စံမင်းသားကို စိုးရိမ်တာကြောင့် အားလုံးက သူ့အနောက် လိုက်ကြသည်။ 

ညနေတွင် သူတို့တွေ ဘုရားကျောင်းအပြင်ဘက်

ကို ရောက်သွား၏။ 

ရှဲ့ချောင်က မှိုလိုက်ကောက်သည့် မိန်းကလေးနှင့် တူသည်။ သူမက ဝါးခြင်းတောင်းအသေးအား ကျောပေါ်တွင်တင်ကာ ကိုင်ထားပြီး လက်တစ်ဖက်ဖြင့် ထီးကိုင်ထားသည်။ ပြီးနောက် ဘုရားကျောင်းအား ၀န်းရံပြီး တရားဓမ္မတူရိယာများအား မြှုပ်နှံရန် တွင်းတူးနေသည်။ 

သူမက မကောင်းသော ဝိဉာဉ်များအား အမြစ်ဖြတ် ဖြေရှင်းမည့်သူလို့ မထင်ရပေ။ 

သူမအနောက်တွင် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက် .. လူရှစ်ယောက် အားလုံးက ပြောစရာစကားမရှိတော့တဲ့အထိ အံ့ဩနေပြီး ဘာလုပ်ရမလဲဆိုတာလည်း မသိပေ။ 

လီချင်းယွီ အိမ်ရှေ့စံမင်းသားအား တိတ်တဆိတ်ကြည့်လိုက်သည်။ 

အိမ်ရှေ့စံမင်းသားက တည်ငြိမ်နေသည်။ အားလုံးက တန်းတူ ရှက်နေကြပေမယ့် အိမ်‌ရှေ့စံမင်းသားနှင့် အကြောက်အလန့်မရှိသော အရေထူ ရှဲ့ဖင်းကန်းတို့သာ တည်ငြိမ်နေသည်။ 

သူတို့နဲ့မတူဘဲ ကျန်သူများကတော့ ကြောက်ရွံ့ပြီး ‌ရှက်နေကြသည်။ 

ဆရာမမော့လို အမျိုးသမီးတစ်ယောက်က အချိန်ကြာကြာ အလုပ်လုပ်နေပြီး သူတို့ကတော့ .. သူမဘာလုပ်နေလဲဆိုတာကို နားမလည်နိုင်ပဲ ကြောက်၍ ရပ်နေကြရသည်လေ။ 

လီချင်းယွီမှာလည်း အလွန်ကြောက်လန့်နေ၏။

ထိုအချိန် သူ သတိကြီးကြီးဖြင့် ရှဲ့ချောင်အား မေးလိုက်သည်။ "ဆရာမ ဘာလုပ်နေတာလဲ ကျွန်တော့်ကိုပြောပြပေးလို့ရမလား ဆရာမပြောပြမယ်ဆို ကျွန်တော့်စိတ်ပိုပြီး အဆင်ပြေသွားလောက်မှာ" 

"ငါမင်းကိုပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး ဟုတ်တယ်မလား မင်း ပိုပြီးတောင် ကြောက်သွားနိုင်တယ်" ရှဲ့ချောင် သူ့ကိုတမင်စနောက်လိုက်၏။ 

လီချင်းယွီမှာတော့ သူ့သွားများပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ 

••••

All Chapters