← Chapters

သူမ ဘယ်တော့မှ စိတ်မပျက်စေရဘူး။ 

Vol. 31 Ch. 598

သူမ ဘယ်တော့မှ စိတ်မပျက်စေရဘူး။ 

Vol. 31 Ch. 598

ရှဲ့ဖင်းကန်းစကားကြောင့် ရှဲ့ချောင် အနည်းငယ် ပျာယာခတ်သွားသည်။ 

ပြီးသွားပြီ .. သူမ ဂုဏ်သိက္ခာအားလုံး သွားပြီပင်။ 

သူက သူမရဲ့အစ်ကိုအရင်းဖြစ်ပြီး တကယ်ပဲ သူမရဲ့ အစ်ကိုကပဲ သူမကို ဒီလို ဒုက္ခပေးနိုင်တာဖြစ်သည်။ 

ရှဲ့ချောင် အနည်းငယ် နှုတ်ခမ်းစေ့ထားပြီး သူမ ငိုတော့မယ့်အတိုင်းပင်။ ကျောက်ရွှမ်ကျင်း သူမ ပုံစံအားကြည့်ပြီး လျင်မြန်စွာပြောလိုက်သည်။ "၀န်ကြီးရှဲ့ မင်းက မိန်းကလေးရှဲ့အကြောင်းကို အပြင်လူတွေဆီ ဒီလိုမျိုး အတင်းပြောတာပဲလား အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်ပုဒ်က ဘယ်လောက်ထိ အရေးပါလဲဆိုတာသိရဲ့လား မင်း ဒီလိုလုပ်လို့မရဘူးလေ" 

"အရှင့်သားက အပြင်လူမှမဟုတ်ဘဲ ..." ရှဲ့ဖင်းကန်း ရိုးသားသည်။ 

သူ တကယ်ပဲ သူ့ညီမရဲ့ မကောင်းကြောင်းအား မပြောချင်ပေ။ 

သူက သူ့ညီမအတွက် စိုးရိမ်နေတာဖြစ်သည်။ အိမ်ရှေ့စံမင်းသားက နှစ်ယောက်ထဲက တစ်

ယောက်ကို ရွေးချယ်မှာမလို့ပင်။ 

သူ့ညီမက မနာလိုသ၀န်တိုသူ မဟုတ်တဲ့အကြောင်း အိမ်ရှေ့စံမင်းသား သိအောင် လုပ်ရမည်။ 

အိမ်ရှေ့စံမင်းသားက သစ်ပင်ကြီးဖြစ်သည်။ သူ့အကိုင်းအခက်များ နိမ့်ပေးသော်လည်း သူ့ဆီကို တက်သွားဖို့က သူ့ညီမအတွက် မလွယ်ကူပေ။ သူ သေချာပေါက် ဒီအခွင့်အရေးကို အလွတ်မပေးနိုင်ပေ။ 

ဖန်းမျိုးရိုးနဲ့ ကောင်မလေးကိုပဲ ကြည့် .. သူမလည်း အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်ဖြစ်ချင်တယ်လို့ သူ့ကိုယ်သူ ဆန္ဒပြုခဲ့တာပဲမလား။ 

ထို့ကြောင့် သူ့ဘက်က စပြောရမည်။ 

ရှဲ့ချောင် ရှဲ့ဖင်းကန်းအား အလွန်ဒေါသထွက်နေပြီး သူမ ‌အသည်းတောင် နာကျင်လာသည်။ 

"ရှဲ့မိသားစုက နာမည်ကြီးမိသားစုမဟုတ်ပေမယ့် စစ်သူကြီးရှဲ့က ချင်းယွမ်မင်းဆက်အတွက် အများကြီးကူညီပေးခဲ့တယ် လုပ်ခဲ့တယ် ရှဲ့သခင်လေး .. မင်းလည်း အချိန်တိုင်း ကူညီပေးခဲ့တယ် ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးတစ်ယောက်အနေနဲ့ ရှဲ့မိန်းကလေးက ကြင်နာပြီး လှပတယ် သူမကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ချက်ရှိရင် တော်ဝင်အမိန့်စာပေးဖို့ ငါ့အဖေကို တောင်းဆိုလို့ရတယ် ဗေဒင်ဟောသူက နေ့ရက်ကောင်းကို သတ်မှတ်ပေးပြီး အရေးပေးလိမ့်မယ် ၀န်ကြီးရှဲ့ မင်း ဒီလိုမျိုး ငါ့ကို မဆင်မခြင် မဟုတ်မမှန်မပြောနဲ့" ကျောက်ရွှမ်ကျင်းက ကျိုးကြောင်းဆီလျော်ရသည်။ 

ရှဲ့ချောင် ထိုအခါမှ အဆင်ပြေသွားသည်။ 

အဲဒါက ပိုကောင်းသည်။ 

ရှဲ့ဖင်းကန်းက နားထောင်ပြီး ခဏတွေးတော်သည်။ အရှင်မင်းသား ပြောလိုက်တာက အဓိပ္ပါယ်ရှိတယ်လို့လည်း တွေးမိသည်။ 

သူက အရင်က ဓားပြတောင်ရဲတိုက်က လာခဲ့တာဖြစ်တာကြောင့် စည်းမျဉ်းများစွာကို မသိပေ။ 

ထိုအချိန် သူ့မျက်နှာထက်တွင် ရှားပါးလှသော အပြစ်ရှိစိတ် ဖြစ်ပေါ်လာသည်။ "ဒါဆို အခု ကျွန်တော်တို့ ဘာအကြောင်းပြောသင့်လဲ" 

"ဒါက လေးစားမှုကို ပြသရမှာ ငါတို့တွေအရင်ဆုံး မိန်းကလေးရှဲ့ရဲ့ အမြင်ကိုမေးရမှာ သူမ သဘောတူရင် ငါ့ခမည်းတော်ရဲ့ ခွင့်ပြုချက်တောင်းဖို့က မကြာဘူး" 

ကျောက်ရွှမ်ကျင်းက ပွင့်လင်းပြီး ယဉ်ကျေးသည်။ ထိုအရာက ရှဲ့ဖင်းကန်းကို သူ အလွန်အောက်တန်းကျတယ်လို့ ခံစားရစေသည်။ 

သို့ပေမယ့် သူနားမလည်နိုင်ပေ။ 

သူက အလွန်လေးစားမှုရှိတော့ ဘာလို့ နှစ်မျိုးကိုရွေးနေတာလဲ။ 

အိမ်ရှေ့စံမင်းသားက အလွန်ရှုပ်ထွေးတယ်လို့ ရှဲ့ဖင်းကန်း ထင်မိသည်။ သူ့ညီမလိုပဲ သူတို့‌က တွက်ချက်တတ်ဝာာကြောင့် သူတို့ကို သူ မ

ကိုင်တွယ်နိုင်ပေ။ 

"ငါတို့ဆရာက ဆရာတူအစ်မမော့နဲ့ ငါ့ကြားက လက်ထပ်ပွဲကို စီစဉ်ပေးခဲ့တယ် ငါတို့တွေ အဲဒါကို လေးစားသင့်တယ် တကယ်လို့ ဆရာတူအစ်မက မလုပ်ချင်ရင် ငါတို့တွေ စေ့စပ်ပွဲကို ဖျက်နိုင်ပြီး ကိုယ့်ဘာသာသက်သက်စီ လက်ထပ်လို့ရပါတယ်" ကျောက်ရွှမ်ကျင်း ထပ်ပြောသည်။ 

"အဲဒီလိုလား" ရှဲ့ချောင် သူ့စကားကြောင့် အနည်းငယ် မူးနောက်သွားသည်။ 

သူမက အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားတာကို တကယ်မသိခဲ့ပေ။ 

သူမဆရာက ခရီးထွက်သွားသည်။ သူ ဘယ်မှာလဲဆိုတာ သူမ မသိတာကြောင့် စာရေးပြီးလည်း

မေးလို့မရပေ။ 

"ဒါဆို .. ကျွန်မ မလုပ်ချင်ဘူး" ရှဲ့ချောင် လျင်မြန်စွာ ပြောလိုက်သည်။ 

သူမက မော့ချူးရှန်း ပုံစံဖြင့် တရား၀င် စီးပွားရေးလုပ်ချင်တာဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ရင်ခုန်စရာဆက်ဆံရေး ရှိနိုင်မှာလဲ။ 

သူမ၏ ကုသိုလ်ကောင်းမှုအား စုဆောင်းရန် နှောင့်နှေးစေလိမ့်မည်။ 

ကျောက်ရွှမ်ကျင်းလည်း သဘာ၀ကျကျပင်။ "ကောင်းတယ် အခု တရားရုံးမှာ အတင်းအဖျင်းပြောနေကြမှာ ကြင်ရာတော်မင်းသမီးနေရာအတွက် ရွေးထားတာက မသေချာသေးဘူး

တိုင်းပြည်ရဲ့ တည်မြဲမှုအတွက် တကယ်ဆိုးရွားစေတယ် ဒီတော့ .. ငါပြန်တဲ့အခါ မိန်းကလေးရှဲ့ကို ငါ့ခံစားချက်အကြောင်း ပြောပြမယ် ဒါပေမယ့် .. ဆရာတူအစ်မမော့ သခင်မလေးရှဲ့က သဘောတူမယ်လို့ထင်လား" 

ရှဲ့ချောင် နှုတ်ခမ်းအားစေ့ထားသည်။ 

သူမ မသိဘူး .. လာမမေးနဲ့။ 

အိမ်ရှေ့စံမင်းသားလည်း မငယ်တော့ပေ။ သူ ဘယ်တော့မှ လက်မထပ်ဖို့က မဖြစ်နိုင်ပေ။ 

ရှဲ့ချောင် အိမ်ရှေ့စံမင်းသားမျက်နှာအား ကြည့်ပြီး ခဏတွေးတောလိုက်သည်။ သူမ အံကြိတ်ကာဖြင့် ပြောသည်။ "သူမ လက်ခံမှာပါ" 

သူမ ထိုသို့ပြောတော့ ကျောက်ရွှမ်ကျင်း၏ လေးလံနေသော မျက်နှာထားက ချက်ချင်း ရေခဲလို အရည်ပျော်သွားသည်။ သူက နွေဦး လေပြည်လေညှင်းထဲ ရေချိုးရသလိုမျိုးပင်။ သူ့မျက်၀န်းထဲက နွေးထွေးသော အပြုံးက ဖုံးကွယ်လို့မရနိုင်ပေ။ "အဲဒီလိုသာဆိုရင် ကောင်းတာပေါ့ ကျွန်တော် သူမကိုရရင် တစ်သက်လုံး သူမကို စိတ်မပျက်စေရဘူး" 

ရှဲ့ချောင် ခေါင်းငုံ့ပြီး သူမနှလုံးသားက လှုပ်ခတ်သွား၏။ 

ရှဲ့ဖင်းကန်း တစ်ခုခုထပ်ပြောချင်သေးသည်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားဆီက စိုက်ကြည့်ခြင်းခံလိုက်ရလေသည်။ 

ဒီတစ်ခါတော့ အခု သူ့ယောက်ဖ ပါးစပ်ပိတ်ထား

လိုက်တာ ပိုကောင်းမည်။ 

မဟုတ်လျှင် အကျင့်စာရိတ္တကောင်းသော သခင်မလေး ရှဲ့ချောင်အား ဖန်းမိသားစုမှ မိန်းကလေးနှင့် နှိုင်းယှဉ်ကြည့်ဖို့က တကယ်ပဲ ဆိုးရွားလွန်းသည်။ 

•••••

All Chapters