အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေခြင်း
Vol. 62 Ch. 918
စိတ်ဝိညာဥ်ယာဥ်ပျံပေါ်တွင် တည်ငြိမ်နေနိုင်သော တစ်ဦးတည်းသောသူမှာ ဆူဇီမိုသာ ဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ ဘဝတစ်လျှောက် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး အဆင့်တူခြင်းကြားမှာ ပြိုင်ဘက်ကင်းလေသည်။
သူက ရှုံးနိမ့်မှုကို တစ်ခါမှ မကြုံရဖူးပဲ ပြိုင်ဘက်ကင်းအော်ရာတစ်ခုကို စုဆောင်းလာနိုင်လေသည်။ ဤသို့ဖြင့် သူ၏စိတ်ပိုင်းဆိုင်ရာက မာကြော၍ ကိုင်လှုပ်လို့မရနိုင်ပေ။
ဒါ့အပြင် သားရဲတစ်ထောင်တောင်ကြားမှာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအတွက် တိုက်ခိုက်ခဲ့စဥ်က သူသည် အရှင်သခင်များစွာနဲ့ ထိပ်တန်းအဆင့် ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ကို တိုက်ခိုက်ခဲ့ရလေသည်။
ထိုစဥ်က တာအိုအရှင်အဆုံးစွန်မီးသည် သူ၏ ခန္ဓာကိုယ်ကို အငှားယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်လေသည်။ သို့သော်လည်း ထိုအတွေ့အကြုံနှင့် ဆူဇီမိုသည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတော့ပေ။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က နှစ်ပေါင်းနှစ်ရာကျော် ရှင်သန်ခဲ့ကြသော်လည်း သူတို့က ထိုကဲ့သို့သော တစ်စုံတစ်ရာကို တွေ့ကြုံခံစားဖူးခြင်းမရှိပေ။
ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် မျှော်လင့်ချက်ကုန်ဆုံးမှုကိုခံစားရပြီး ငရဲမီးစံအိမ်မှ အဖိုးအို၏ စကားလုံးများတွင် ကြောင်အမှင်တက်သွားခဲ့ကြလေသည်။
သူတို့သုံးယောက်က ထိတ်လန့်ချောက်ချားနေပြီး သူတို့၏ စိတ်ဓာတ်များက ပြိုလဲသွားခဲ့လေသည်။
ငရဲမီးစံအိမ်မှ အဖိုးအိုက စိတ်ဝိညာဥ်ယာဥ်ပျံပေါ်တွင် ဆူဇီမိုကို မြင်သောအခါ သူ၏မျက်လုံးကိုမှေးကျဥ်း၍ ရယ်မောလိုက်လေသည်။
“ကောင်လေး... မင်းက ရှင်သန်နေထိုင်ခဲ့တာ အသက်တစ်ရာကျော်ကျော်ပဲ ရှိသေးတယ်.. အခုလိုမျိုး ထီမမြင်ပုံစံမျိုးနဲ့နေနိုင်တာ တစ်ကယ့်ကို ရှားရှားပါးပါးပဲ”
ငရဲမီးစံအိမ်မှ အဖိုးအိုက ထူးဆန်းစွာရယ်မော၍ စကားလမ်းကြောင်းပြောင်းလိုက်လေသည်။
“မင်းက အခုလိုတည်ငြိမ်နေနိုင်တယ်ဆိုတာ အသွန်းတစ်ရာဂိုဏ်းက ပညာရှင်တွေက မင်းတို့ကိုလာပြီး ကယ်တင်လိမ့်မယ်လို့ ထင်နေလို့ မဟုတ်လား...”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
သူတို့လေးယောက်က တစ်ရက်ကြာအောင်ပြန်ရောက်မလာသည့်အခါ အသွန်းတစ်ရာဂိုဏ်းက သေချာပေါက် ထိတ်လန့်၍သတိဝင်လာမည်ဖြစ်ကြောင်း သူကယုံကြည်လေသည်။
ဂိုဏ်းမှပညာရှင်အချို့က သူတို့ကိုကယ်တင်ဖို့အတွက် လမ်းမှာပင် ရောက်နေလောက်လေပြီ။
ငရဲမီးစံအိမ်မှ အဖိုးအိုကသွားဖြီးလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်းက အဲ့ဒါကို တုံ့ပြန်နိုင်တယ်ဆိုရင်တောင် သူတို့က နောက်ကျသွားပြီဆိုတာ မင်းပြောနိုင်မယ်လို့ ငါထင်ပါတယ်”
နန်းကုန်လင်းနှင့်အခြာနှစ်ယောက်က မျှော်လင့်ချက်ကုန်ဆုံးသည့်ပုံပေါက်သွားလေသည်။
အဲ့ဒါသည် အရာရာတိုင်းက ငရဲမီးစံအိမ်မှ အဖိုးအို၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေသည့်အလား သူတို့က ထွက်ပြေးလွတ်မြောက်ဖို့အတွက် မည်သည့်အခွင့်အရေးမှမရှိတော့ပေ။
လျှိုဟန်ယန်နှင့်ရူရွှမ်က လုံးဝလှုပ်ရှားခြင်းမရှိကြပေ။
သူမတို့က တိတ်တဆိတ်ငိုကြွေးနေပြီး သူမတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေလေသည်။
“အဖိုးကြီး... ခင်ဗျားကိုကြည့်ရတာလည်း နေရမယ့်အချိန် သိပ်ကျန်တော့တဲ့ပုံ မပေါက်ပါဘူး... ခင်ဗျားက ဘဝသက်တမ်း သိပ်မကျန်တော့တာ မဟုတ်ဘူး.. ခင်ဗျားက သေခါနီးဆဲဆဲအချိန်ကို ရောက်နေပြီပဲ”
ဆူဇီမိုက ငရဲမီးစံအိမ်မှ အဖိုးအိုကို ကြည့်ပြီး လှောင်ရယ်လိုက်လေသည်။
“ဟီးဟီး... ကျုပ်တို့က သေရမယ်ဆိုရင်တောင် ခင်ဗျားကရော ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာမို့လဲ... နှစ်သုံးဆယ်လား... နှစ်တစ်ရာလား...”
ဆူဇီမို၏ လှောင်ပြောင်သရော်မှုကို ကြားရသောအခါ နန်းကုန်လင်းက ဘေးတိုက်တစ်ချက်လှမ်းကြည့်ပြီး သူ့ဘာသာသူ တွေးလိုက်လေသည်။
‘ဆရာဦးလေးအသေးလေးက တကယ်ပဲ အကြောက်အလန့်ကင်းမဲ့တာပဲ... ဒီလိုအခြေအနေမှာတောင် သူက ပြုံးနေနိုင်သေးတယ်’
‘သေခြင်းတရားနဲ့ရင်ဆိုင်ရချိန်မှာ သူ့ရဲ့ရဲဝံ့မှုကို ငါက မယှဥ်နိုင်ဘူးပဲ’
ထိုသို့အတွေးနှင့် နန်းကုန်လင်းက အံကိုကြိတ်ပြီး သူ့ဘာသာသူတွေးရင်း စိတ်လှုပ်ရှား တက်ကြွလာလေသည်။
‘ငါက ဘာပဲဖြစ်ဖြစ် သေရတော့မယ်ဆိုမှတော့ ငါမသေခင် ကျေနပ်အားရတဲ့အထိ ဆဲဆိုသွားမယ်ကွာ’
ထိုသို့အတွေးဖြင့် နန်းကုန်လင်းက ထိတ်လန့်ကြောက်ရွံ့မနေတော့ပဲ စတင်ကျိန်ဆဲလိုက်လေသည်။
“အဖိုးကြီး... ခင်ဗျားက ဓမ္မဝိသေသအဆင့်ကို ရောက်အောင်ကျင့်ကြံထားနိုင်တယ်ဆိုတော့ရော ဘာသုံးစားလို့ရလဲ... ခင်ဗျားကလည်း သိပ်မကြာခင်သေရတော့မှာပဲ ဟားဟားဟားဟား... ခင်ဗျားလို အီးဘောလော အဖိုးကြီးတစ်ယောက် ဘယ်အချိန်လဲကျပြီး သေသွားမလဲ ကျုပ်စောင့်ကြည့်ဦးမယ်”
ငရဲမီးစံအိမ်မှ အဖိုးအိုက ဒေါသဖြင့် တုန်ယင်လာလေသည်။ ဆူဇီမိုနှင့် နန်းကုန်လင်း၏စကားများက သူ၏အရှိုက်ကို ထိသွားခဲ့လေသည်။
သူ၏ ကျင့်ကြံမှုအဆင့်က ဘယ်လိုပင်မြင့်မားပါစေ သူက အချိန်၏တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပေ။
သုန်မှုန်နေသောအမူအရာနှင့် အေးစက်စက်အကြည့်တို့နှင့်အတူ ငရဲမီးစံအိမ်မှ အဖိုးအိုက အေးစက်ခက်ထန်စွာပြောလိုက်လေသည်။
“ငါက နှစ် ၈၀ ပဲနေရတော့မယ်ဆိုရင်တောင် မင်းတို့ကောင်စုတ်တွေထက်တော့ ပိုပြီးတော့ကြာကြာနေရဦးမှာပဲ”
ထိုသည်ကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်လိုက်လေသည်။
ငရဲမီးစံအိမ်မှ အဖိုးအိုက အံကိုတင်းတင်းကြိတ်လိုက်လေသည်။
“ဘာမှပူမနေနဲ့... ငါမသေခင် မင်းတို့တွေကို သေချာပေါက်သတ်သွားဦးမှာ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ငရဲမီးစံအိမ်မှ အဖိုးအို၏ နဖူးက ဖျတ်ကနဲလက်သွားပြီး အလွန်တရာကြောက်စရာကောင်းပြီး ခံ့ညားသည့်စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။ အဲ့ဒါက ဝုန်းကနဲဆင်းသက်လာပြီး ဆူဇီမိုနှင့် အခြားသုံးယောက်၏ အသိစိတ်များထဲသို့ ဝင်ရောက်ရိုက်ခတ်လိုက်လေသည်။
“အား....”
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ဆတ်ကနဲတုန်ယင်သွားလေသည်။ သူတို့၏အမြုတေစိတ်ဝိညာဥ်များက အဖိုးအို၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ရိုက်ခတ်ခြင်းခံရချိန်တွင် သိသိသာသာ အရောင်မှိန်ကျသွားပြီး နေရာမှာပင်သတိလစ်သွားကြလေသည်။
ဆူဇီမိုကလည်း ပျော့ခွေ၍လဲကျသွားခဲ့လေသည်။
“သွားမယ်ဟေ့...”
သူ၏ဝတ်ရုံကိုဝေ့ယမ်းပြီး ငရဲမီးစံအိမ်မှ အဖိုးအိုက ဆူဇီမိုတို့လေးယောက်ကို နက်မှောင်နေသော တိမ်စိုင်တစ်ခုပေါ်သို့ ပစ်တင်လိုက်လေသည်။ သူက မူလနတ္ထိ ၇ ယောက်နှင့်အတူ နေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။
ဆူဇီမိုတို့လေးယောက်အုပ်စု စီးနင်းရသော စိတ်ဝိညာဥ်ယာဥ်ပျံက ဓမ္မစွမ်းအားများထောက်ပံ့မှုမရှိသောအခါ ခဏမျှရပ်တန့်ပြီးနောက် အောက်သို့ဆင်းသက်သွားခဲ့လေသည်။
ညက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
ဆူဇီမိုနှင့်အခြားသူများကို သယ်ဆောင်လာသော နက်မှောင်နေသည့်တိမ်စိုင်က အလွန်တရာလျင်မြန်စွာ ရွေ့လျားနေလေသည်။
“ငါတို့က ဒီတစ်ခေါက် တစ်ကယ့်ကိုအကျိုးဆောင်နိုင်ခဲ့တာပဲ... သူတို့သုံးယောက်ကို ဖမ်းဆီးလိုက်တာက တာအိုအရှင်ကြယ်သွေးနီရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားလိုက်နိုင်တာနဲ့ အတူတူပဲ”
“အမှန်ပဲ... အဲ့ဒါတွေအားလုံးက စီနီယာယွီကို ကျေးဇူးတင်ရမှာပဲ”
“ဟုတ်တာပေါ့... စီနီယာယွီကြောင့် ငါတို့ကပါ အကျိုးအမြတ်ရရှိတာပဲ”
မူလနတ္ထိ ၇ ယောက်က သူ့ကို မြှောက်ပင့်ပြောဆိုလိုက်လေသည်။
ငရဲမီးစံအိမ်မှ အဖိုးအိုက သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒီနိုးထဝိညာဥ် ကောင်စုတ်လေးကောင်ကိုတောင် ငါကမကိုင်တွယ်နိုင်ဘူးဆိုရင် နှစ်တစ်သောင်းကြာ ရှင်သန်နေထိုင်လာခဲ့တဲ့ ငါ့ရဲ့အချိန်တွေက အလကားဖြစ်သွားမှာပေါ့”
ဆူဇီမိုသည် ဘေးနားမှာလဲကျနေရင်း သူ၏ဘေးပတ်လည်မှ အသံများကို ကြားနေရလေသည်။ သူက သတိရနေသော်လည်း လှုပ်ရှားခြင်းမရှိပဲ သူ၏စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ကြိုးစားလိုက်လေသည်။
သူ၏နှလုံးခုန်သံနှင့် သွေးစီးဆင်းမှုကိုပင် သူက ပုံသေအခြေအနေတစ်ခုမှာ ထိန်းသိမ်းထားလိုက်လေသည်။
အဲ့ဒါက မူလနတ္ထိများသာဆိုလျှင် သူက အဲ့လောက်ထိသတိထားနေစရာမလိုပေ။ သို့သော်လည်း ငရဲမီးစံအိမ်မှ အဖိုးအိုက ဓမ္မဝိသေသတာအိုအရှင်များတစ်ယောက် ဖြစ်လေသည်။
သူက ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဆူဇီမိုက နမော်နမဲ့မလုပ်ရဲပေ။
သူက သတိရှိနေရသေးသည့်အကြောင်းရင်းမှာ ငရဲမီးစံအိမ်မှ အဖိုးအိုက သူ့ကိုကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့သောကြောင့်မဟုတ်ပေ။
သူ၏စိတ်ထဲတွင် အနက်ရောင်ဆံပင်နှင့်အမြုတေစိတ်ဝိညာဥ်က တစ်ကယ်ပင်သတိလစ်နေခဲ့လေသည်။
ဖန်တီးခြင်းကြာပုဒုမ္မာ၏ ကာကွယ်မှုဖြင့်တောင်မှ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က အဖိုးအို၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိပေ။
သို့သော်လည်း ဆူဇီမို၏ အသိစိတ်ထဲမှာ နောက်ထပ်အမြုတေစိတ်ဝိညာဥ်တစ်ခု ရှိနေသေးလေသည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံခြင်းမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က သူ၏အသိစိတ်ထောင့်တစ်နေရာမှာ တည်ငြိမ်သောအမူအရာတစ်ခုဖြင့် ပုန်းကွယ်နေလေသည်။ သူက တိုက်ခိုက်ဖို့အခွင့်အလမ်းတစ်ခုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်းဖြစ်လေသည်။
သူက ထိုအခွင့်အလမ်းကို ဖမ်းဆုပ်မိသည်နှင့်အမျှ ငရဲမီးစံအိမ်မှ အဖိုးအိုကို သတ်ဖြတ်ဖို့ မဖြစ်နိုင်သည်မဟုတ်ပေ။
တစ်ကယ်တော့ သူလုပ်စရာရှိသည်များကို ငရဲမီးစံအိမ်သို့ ပြန်မရောက်ခင် ပြုလုပ်ဖို့တော့လိုအပ်လေသည်။
သူတို့က ငရဲမီးစံအိမ်၏ ပိုင်နက်အတွင်းသို့ဝင်ရောက်သွားမည်ဆိုလျှင် သူက အဖိုးအိုနှင့် မူလနတ္ထိ ၇ ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် ထိုတိုက်ခိုက်မှုက ငရဲမီးစံအိမ်မှ အခြားသောပညာရှင်များကို သတိဝင်သွားစေပြီး သူက တစ်ဖန်ပြန်လည်အဖမ်းခံမည် ဖြစ်လေသည်။
သူတို့က ခရီးနှင်လာခဲ့သည်မှာ နှစ်နာရီကျော် ကြာသွားခဲ့လေပြီ။
ဆူဇီမိုသည် ငရဲမီးစံအိမ်၏ တည်နေရာကို အကြမ်းဖျင်းခန့်မှန်းလိုက်လေသည်။ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ ထိန်းချုပ်မှုဖြင့် ခရီးပြင်းနှင်မည်ဆိုလျှင် သူတို့က အဲ့ဒီကိုလေးနာရီအတွင်း ရောက်ရှိပေလိမ့်မည်။
အချိန်များက ပြေးလွှားကုန်ဆုံးနေဆဲ ဖြစ်လေသည်။
သူတို့က ငရဲမီးစံအိမ်သို့ ဝင်ရောက်သွားသည်နှင့် သူက မည်သို့သောနည်းလမ်းများကို ကြံဆပါစေ သေခြင်းတရားကနေ ရှောင်လွှဲလို့ရနိုင်တော့မည်မဟုတ်ပေ။
ဆူဇီမိုက အနည်ငယ်စိတ်သောကများလာခဲ့လေသည်။
တစ်ကယ်ဆိုသူက အခုချက်ချင်းလက်ငင်းထပြီး တိုက်ခိုက်တော့မည်ဟုပင် စဥ်းစားမိလာလေသည်။
သို့သော်လည်း မကြာခင် သူက ထိုအတွေးကို လက်လျှော့လိုက်လေသည်။
နက်မှောင်နေသောတိမ်စိုင်က ကြီးမားပြီး ဆူဇီမိုတို့လေးယောက်အုပ်စုက အလယ်မှာရှိနေလေသည်။ မူလနတ္ထိ ၇ယောက်က သူတို့နှင့်နီးကပ်စွာရှိနေသော်လည်း ငရဲမီးစံအိမ်မှ အဖိုးအိုက နက်မှောင်နေသော တိမ်စိုင်၏ ရှေ့ဆုံးမှာရပ်နေလေသည်။ သူတို့နှစ်ယောက်က ပေတစ်ရာလောက် ကွာဝေးနေလေသည်။
ဆူဇီမိုက ထူးဆန်းသည့်လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်မည်ဆိုလျှင် ငရဲမီးစံအိမ်မှ အဖိုးအိုက အဲ့ဒါကို သတိထားမိသွားပေလိမ့်မည်။
အဲ့ဒီအခါ သူ၏အစီအစဥ်က ကျရှုံးဖို့ ကိုးဆယ်ရာခိုင်နှုန်း အခွင့်ရှိလေသည်။
ဆူဇီမိုသည် သူ့ကိုယ်သူ ထိန်းချုပ်၍ ဆက်လက်စောင့်ဆိုင်းနေလေသည်။
ဤတိုင်းသာ ဆက်လက်ကြန့်ကြာနေလျှင် သူ့အတွက် အခွင့်အရေးက ပို၍နည်းလာပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်ထိတော့သူက စောင့်ဆိုင်းဖို့အချိန်အနည်းငယ် ကျန်ရှိနေသေးလေသည်။
သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ဒုတိယအခွင့်အရေးဆိုတာမရှိပေ။
သူ၏တွက်ချက်မှု လွဲမှားသွားမည်ဆိုလျှင် နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ချက်ချင်းလက်ငင်း သတ်ဖြတ်ခံရပေလိမ့်မည်။
ထိုစဥ်မှာပင် ရှေ့ဆုံးမှာရှိနေသော ငရဲမီးစံအိမ်မှ အဖိုးအိုက ရုတ်တရက် ဆူဇီမိုဘက်သို့လှည့်ပြီး လျှောက်လှမ်းလာခဲ့လေသည်။
“စီနီယာယွီ...”
မူလနတ္ထိ ၇ ယောက်က အလျင်အမြန်ဦးညွတ်လိုက်လေသည််။
ငရဲမီးစံအိမ်မှ အဖိုးအိုက ခေါင်းညိတ်လိုက်ပြီး ဆူဇီမိုတို့ လေးယောက်အုပ်စုကို ငုံ့ကြည့်ကာ တစ်ခုခုကို စဥ်းစားတွေးတောနေပုံရလေသည်။
“စီနီယာ... အဲ့ဒီမှာပြဿနာတစ်ခုခုရှိလို့လား”
မူလနတ္ထိ တစ်ယောက်က တိုးတိတ်စွာမေးလိုက်လေသည်။
“ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်တစ်ခုကို တွေ့ရတဲ့အချိန်မှာ ငါ့ရဲ့ဘဝသက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့တာ နှမြောစရာပဲ”
ငရဲမီးစံအိမ်မှ အဖိုးအိုက သူ၏ခေါင်းကိုခါပြီး သက်ပြင်းချလိုက်လေသည်။ သူက ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သူ၏ ပိန်လှီနေသောလက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ ဆူဇီမို၏လက်ကို ဆွဲဆိတ်လိုက်လေသည်။ သူက နှုတ်ခမ်းကို ရှာဖြင့်သပ်ပြီး ပြောလိုက်လေသည်။
“ငါက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က သူ့ကိုတွေ့ရှိနိုင်ခဲ့မယ်ဆိုရင်... ငါ့ရဲ့ခန္ဓာကိုယ်ကို လက်လျှော့ပြီး သူ့ကိုပူးကပ်သိမ်းပိုင်နိုင်လောက်တယ်”
“ဟုတ်ပါ့မလား...”
အစကတော့ ငရဲမီးစံအိမ်မှ အဖိုးအိုသည် သူ့ဘာသာသူ တစ်ယောက်တည်းရေရွတ်နေခြင်းဖြစ်လေသည်။ အံ့အားသင့်ဖို့ကောင်းစွာပင် သူက အေးစက်၍ ကြမ်းကြုတ်ခက်ထန်သော ပြန်ဖြေစကားသံတစ်သံကို ကြားလိုက်ရလေသည်။