← Chapters

တာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 62 Ch. 919

တာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 62 Ch. 919

“ဟမ်...”

အဖိုးအိုက တုန်လှုပ်သွားရလေသည်။

ထိုအသံသည် မူလနတ္ထိ တာအိုသက်ရှိ ၇ ယောက်ထံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ၏ ခြေထောက်ဘေးမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။

ဒီနိုးထဝိညာဥ်ကောင်လေးက သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် သတိလစ်နေခြင်း မရှိဘူးလား။

အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...

အဖိုးအိုက မျက်မှောင်ကြုတ်လိုက်လေသည်။

ရုတ်တရက်သူက သေခြင်းအော်ရာကို ခံစားမိလိုက်လေသည်။

အဲ့ဒါသည် သူက နောက်ခဏ၌ သေဆုံးရတော့မည့်အလားပင်။

နိုးထဝိညာဥ်တစ်ယောက်က သူ့ကို ဘယ်လိုတောင်ခြိမ်းခြောက်နိုင်တာလဲ။

အဲ့ဒီမှာ စဥ်းစားနေဖို့အချိန်မရပေ။ ငရဲမီးစံအိမ်မှ အဖိုးအိုသည် ချက်ချင်းကျုံးထပြီး အန္တရာယ်ရှိသော ဤနေရာကနေ ဆုတ်ခွာချင်မိလေသည်။

ရုတ်တရက်ဆိုသလို...

ဖြူဖွေး၍ သန်မာသောလက်ဖဝါးနှစ်ဖက်က အဖိုးအို၏ ပိန်လှီနေသော လက်ကောက်ဝတ်နှစ်ဖက်ပေါ်တွင် ပေါ်ထွက်လာပြီး သူ့ကို သံမဏိညှပ်နှစ်ခုကဲ့သို့ တင်းကျပ်စွာ ဖမ်းဆုပ်လိုက်လေသည်။

သူက အလိုလိုရုန်းကန်ဖို့ကြိုးစားလိုက်သော်လည်း အချည်းနှီးဖြစ်ရလေသည်။

အဖိုးအို၏ အမူအရာက ပြောင်းလဲသွားပြီး သူက တစ်ချက်ဝှေ့ကြည့်လိုက်လေသည်။

သူ၏လက်ကောက်ဝတ်နှစ်ဖက်ကို ဆုပ်ကိုင်ထားသော လက်များပေါ်တွင် သွေးကြောများက ဖောင်းကြွနေလေသည်။

အရိုးများက ပြောင်းလဲသွားပြီး ၎င်း၏လက်ချောင်းထိပ်များမှ ထက်ရှသောလက်သည်းများက ပြူထွက်လာခဲ့လေသည်။ ၎င်း၏ လက်ဖျံပေါ်တွင် အလွန်တရာ ချောက်ချားဖွယ်ရာကောင်းသော သွေးနီရောင်ကြေးခွံများကိုပင် မြင်လာရလေသည်။

ငရဲမီးစံအိမ်မှ အဖိုးအိုက အလိုလိုလှမ်းကြည့်ပြီးနောက် သူ၏သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။

သတိလစ်နေသင့်သော အစိမ်းရောင်ဝတ်လူက ထထိုင်နေခဲ့လေသည်။ သူ၏ အနက်ရောင်ဆံပင်များကို မတွေ့ရတော့ပဲ အဲ့ဒီနေရာမှ သွေးနီရောင်ဆံပင်များက အစားထိုးဝင်ရောက်လာခဲ့လေသည်။

အစိမ်းရောင်ဝတ်လူ၏မျက်လုံးများက သားရဲဆန်ဆန်အလင်းတစ်ခုဖြင့် တောက်ပနေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

“မင်းက သားရဲတစ်ကောင်...”

အဖိုးအို၏ စကားမဆုံးသေးခင်မှာပင် နောက်ထပ်အသံတစ်သံက သူ့ကိုဖြတ်အော်လိုက်လေသည်။

အဲ့ဒါက စကားလုံးသုံးလုံးသာ ဖြစ်သော်လည်း သူ့ကိုကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေဖို့ လုံလောက်လေသည်။

“ကျက်တီး​မြေ...”

ထိုစကားမဆုံးသေးခင်မှာပင် အလွန်တရာထူးဆန်းသော ဓမ္မစွမ်းအားအတက်အကျတစ်ခုက လေထဲမှာပေါ်ထွက်လာခဲ့လေသည်။

အစိမ်းရောင်ဝတ်လူကို ဗဟိုပြု၍ မီးခိုးရောင်စွမ်းအင်တစ်ခုက ငရဲမီးစံအိမ်မှ အဖိုးအို၏ ခြေထောက်အောက်ကနေ ပေါ်ထွက်လာပြီး ရေလှိုင်းဂယက်များကဲ့သို့ သူ့ကိုလွှမ်းခြုံသွားခဲ့လေသည်။

အစကတော့ ငရဲမီးစံအိမ်မှ အဖိုးအိုသည် မီးခိုးရောင်လှိုင်းဂယက်များ၏ သက်ရောက်မှုဧရိယာကနေ ရုန်းထွက်နိုင်စွမ်းရှိခဲ့လေသည်။ သို့သော်လည်း ယခုအခါ သူ၏လက်ကောက်ဝတ်နှစ်ဖက်ကို အစိမ်းရောင်ဝတ်လူက တင်းကျပ်စွာ ဖမ်းဆုပ်ထားလေသည်။

အနည်းငယ် ကြန့်ကြာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးရောင်လှိုင်းဂယက်များ၏ လွှမ်းခြုံခြင်းကို ခံခိုက်ရလေသည်။

အဲ့ဒါက ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်လေသည်။

သူက ရွှံ့ညွန်ထဲသို့ ကျဆင်းသွားသည့်အလား သူ၏ခန္ဓာကိုယ်က လေးကန်လာခဲ့လေသည်။

ထို့နောက်ချက်ချင်းပင် ငရဲမီးစံအိမ်မှ အဖိုးအိုသည် တစ်စုံတစ်ရာကို မှတ်မိသွားပုံရပြီး သူ၏မျက်လုံးနှစ်ဖက်က တုန်လှုပ်မှုဖြင့်ပြူးကျယ်၍ သူ၏ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်လာခဲ့လေသည်။

“ဘဝ... သက်.. တမ်း.....”

ငရဲမီးစံအိမ်မှ အဖိုးအိုသည် ကြောက်မက်ဖွယ်ရာအမူအရာတစ်ခုနှင့် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ပြင်းထန်သည့် ကြောက်ရွံ့မှုတစ်ခုကို တွေ့ကြုံခံစားနေသည့်အလား တုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ ဘဝသက်တမ်းက ကုန်ခမ်းလုနီးပါးဖြစ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သွေးချီများက လျင်မြန်စွာ ခမ်းခြောက်လာခဲ့လေသည်။ သူက အလွန်တရာချိနဲ့သွားခဲ့လေသည်။

သူ၏ခန္ဓာကိုယ်တွင် ကျန်ရှိနေသောအသားများက မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် လျင်မြန်စွာ လမ်းခြောက်လာခဲ့လေသည်။ တစ်ခဏအတွင်းမှာပင် အရိုးနှင့်အရည်တို့က လွဲ၍ သူ့မှာဘာမှမကျန်ရှိတော့ပေ။

“ငါ့ရဲ့... ဘဝသက်တမ်း...”

ငရဲမီးစံအိမ်မှ အဖိုးအိုသည် သံကုန်ခြစ်၍အော်ဟစ်ချင်ပုံရသော်လည်း သူ၏အသံက ခြောက်ကပ်အက်ကွဲလာပြီး နောက်ဆုံးတိမ်ဝင်သွားခဲ့လေသည်။

သူ၏ ပြူးကျယ်နေသော မျက်လုံးနှစ်ဖက်က ထိုင်းမှိုင်းလာခဲ့ပြီး သူ၏မျက်ဆံများက ကျုံ့ဝင်သွားခဲ့လေသည်။

ငရဲမီးစံအိမ်မှ အဖိုးအို၏ နဖူးသည် တဖျတ်ဖျတ်လက်သွားပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဥ်က နောက်ဆုံးအကြိမ်ရုန်းကန်လိုက်သည့်အလား စိတ်ဝိညာဥ်အသိစိတ်ဝဲဂယက်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

သို့သော်လည်း ရုန်းကန်လှုပ်ရှားမှုများက ဘယ်လောက်မှ မကြာလိုက်ပေ။

အဖိုးအို၏ ဘဝသက်တမ်းက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ ငရဲမီးစံအိမ်မှ အဖိုးအိုသည် အသက်တစ်ရှိုက်စာအတွင်း သူ၏ အသက်ဓာတ်အားလုံးက ခမ်းခြောက်သွားပြီး အသက်ဓာတ်ကင်းမဲ့သော အရေ-အရိုးစုတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်ကို မူလနတ္ထိ တာအိုသက်ရှိ ၇ ယောက်က ကူကယ်ရာမဲ့စွာကြည့်နေရလေသည်။

သူတို့ ၇ ယောက်လုံးသည် မယုံကြည်နိုင်မှုဖြင့် ကြောင်အမှင်တက်နေလေသည်။

ဖြစ်ပျက်သမျှအရာအားလုံးက အလွန်တရာမြန်ဆန်ပြီး မူလနတ္ထိ တာအိုသက်ရှိ ၇ ယောက်က သူတို့၏တုန်လှုပ်မှုဿနေ သတိပြန်မကပ်နိုင်သည့်အလား ကြောင်အနေလေသည်။

မီးခိုးရောင်ဝဲဂယက်များက သူတို့ထံရောက်ရှိလာခဲ့လေပြီ။

မူလနတ္ထိ ၇ယောက်သည် အစက မည်သည့်ပြောင်းလဲမှုကိုမှ မခံစားရပေ။

သို့သော်လည်း မကြာခင်သူတို့၏ အမူအရာများက ပြောင်းလဲသွားခဲ့လေသည်။

သူတို့၏ ဘဝသက်တမ်းများက ကျဆင်းလာခဲ့လေသည်။

အဲ့ဒါက သိပ်ပြီးမမြန်ဆန်သော်လည်း ထိုကျဆင်းမှုက ပြန်လည် အစားထိုးလို့မရပေ။

ထိုစဥ်မှာပင် အစကထိုင်နေခဲ့သော အစိမ်းရောင်ဝတ်လူက ခုန်ထလာခဲ့လေသည်။ သူ၏အရပ်က မြင့်မားလာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်ကြေးခွံများက ပေါ်ထွက်လာကာ သူ၏အဝတ်များကို စုတ်ပြဲသွားစေလေသည်။

သူ၏သွေးနီရောင်ဆံပင်က ကခုန်နေပြီး သတ်ဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ သားရဲချီများက ရုန်းကြွလာခဲ့လေသည်။ သူက သက်ရှိအားလုံးကိုသုတ်သင်ဖို့ ကမ္ဘာမြေသို့ရောက်ရှိလာသည့် ရှေးဟောင်းနတ်ဆိုးတစ်ကောင်နှင့် တူနေလေသည်။

“မင်း.. မင်းဘယ်သူလဲ”

မူလနတ္ထိ တာအိုသက်ရှိ တစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးလိုက်လေသည်။

သွေးနီရောင်ဆံပင်နှင့်သားရဲက ဆူဇီမိုပင်ဖြစ်လေသည်။

ငရဲမီးစံအိမ်မှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်းဖြစ်စဥ်က ရိုးရှင်းသည်ဟု ထင်ရသော်လည်း သူက အဲ့ဒါကို အချိန်အတန်ကြာကတည်းက ကြိုတင်စီစဥ်ထားခဲ့ခြင်းဖြစ်လေသည်။

ငရဲမီးစံအိမ်မှ အဖိုးအိုက ပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမိုသည် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို မည်သို့မည်ပုံ ကယ်ထုတ်ရမလဲ စဥ်းစားတွေးတောနေခဲ့ပြီးဖြစ်လေသည်။

သူက အဲ့ဒါကို မည်သို့ပင် စဥ်းစားပါစေ လုံခြုံစိတ်ချရသည့် အစီအစဥ်တစ်ခုကို မထုတ်ဖော်နိုင်ခဲ့ပေ။

နောက်ပိုင်းမှာတော့ သူက တစ်စုံတစ်ရာကို သတိထားမိခဲ့လေသည်။

ငရဲမီးစံအိမ်မှ အဖိုးအိုသည် မကြာခင် သေဆုံးရတော့မည့်အလား အိုမင်းရင့်ရော်သည့်အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ထို့ကြောင့်ပင် ဆူဇီမိုက ငရဲမီးစံအိမ်မှ အဖိုးအိုကို သူက နေရဖို့အချိန် သိပ်မကျန်တော့ဘူးဟု တမင်သက်သက် ရန်စပြောဆိုခဲ့ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် သေရတော့မည်ကို မကြောက်ရွံ့သည့်အတွက် မသေခင်တွင် ကျေနပ်အားရအောင် ဆဲဆိုနေခြင်းဖြစ်မည်ဟု နန်းကုန်လင်းက တွေးထင်ခဲ့ပြီး သူကပါ လိုက်ပါ၍ ဆဲဆိုခဲ့လေသည်။

ဆူဇီမိုသည် ငရဲမီးစံအိမ်မှ အဖိုးအိုကို ထောက်လှမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း နန်းကုန်လင်းကမသိခဲ့ပေ။

ငရဲမီးစံအိမ်မှ အဖိုးအိုသည် တစ်ကယ်တမ်းမှာလည်း လှည့်စားခံခဲ့ရပြီး သူက နေရဖို့ အသက် ၈၀ ကျန်ရှိနေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့မိလေသည်။

အဲ့ဒါက ငရဲမီးစံအိမ်မှ အဖိုးအို၏ အမှားတော့လည်း မဟုတ်ပေ။

သူက နှစ်တစ်သောင်းကြာအောင် ရှင်သန်နေထိုင်လာခဲ့သော်လည်း ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်အပေါ် သက်ရောက်နိုင်စွမ်းရှိသည့် စွမ်းအားတစ်မျိုးကို နိုးထဝိညာဥ်တစ်ယောက်က ထိန်းချုပ်နိုင်သည်ဟု သူကတစ်ခါမှ မကြားဖူးခဲ့ပေ။

ဒါ့အပြင် အဲ့ဒါက လူတစ်ယောက်၏ဘဝသက်တမ်းကို ပြန်လည်အစားထိုးမရအောင် လျော့ကျစေသော စွမ်းအားတစ်မျိုးဖြစ်လေသည်။

အဲ့ဒါက သူသာလျှင် မဟုတ်ပေ။ ထိုကဲ့သို့သော စွမ်းအားမျိုးကို နိုးထဝိညာဥ်တစ်ယောက်က ထိန်းချုပ်နိုင်မည်ဟု ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ မည်သူကမှ ယုံကြည်လိမ့်မည်မဟုတ်ပေ။

အဲ့ဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဥ်၏ ကြောက်စရာကာင်းမှုလည်း ဖြစ်ပေသည်။

တစ်ကယ်တော့ ဆူဇီမိုသည် ကျက်တီးမြေဓမ္မပညာရပ်မှာပါရှိသည့် ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများစွာကို အခုချိန်ထိနားမလည်နိုင်သေးပေ။

ဒါ့အပြင် သူ၏ကျင့်ကြံမှုအဆင့်က အကန့်သတ်ရှိပြီး သူက ကျက်တီးမြေ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ကျက်တီးမြေမှ ဖြန့်ကြက်ထွက်ပေါ်လာသော မီးခိုးရောင် ဝဲဂယက်များသည် ၎င်း၏အလယ်ဗဟိုနှင့် နီးကပ်လေလေ လူတစ်ယောက်၏ ဘဝသက်တမ်းကို ပို၍လျင်မြန်စွာ ကုန်ဆုံးစေလေဖြစ်လေသည်။

ထို့ကြောင့်ပင် ဆူဇီမိုက အရမ်းကာရော မလှုပ်ရှားခဲ့ခြင်းဖြစ်လေသည်။ သူက အခွင့်လမ်းတစ်ခုကို စောင့်ဆိုင်းနေခဲ့ရလေသည်။

သူက ငရဲမီးစံအိမ်မှ အဖိုးအိုကို ထွက်ပြေးဖို့အခွင့်လမ်း မရနိုင်လောက်တော့သည်ထိ သူနှင့်နီးကပ်လာအောင် စောင့်ဆိုင်းခဲ့ရလေသည်။

ဆူဇီမို မျှော်လင့်ထားသည့်အတိုင်းပင် ​ကျက်တီးမြေကို ထုတ်ဖော်ပြီးနောက် ငရဲမီးစံအိမ်မှ အဖိုးအို၏ ပထမဆုံးတုံ့ပြန်မှုမှာ နောက်သို့ဆုတ်ခွာဖို့ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုက အဖိုးအို၏ လက်နှစ်ဖက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့ပြီး ထိုသူက ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။

တကယ်တော့ မီးခိုးရောင်ဝဲဂယက်များ၏ အလယ်ဗဟိုမှာတောင် ဘဝသက်တမ်း၏ လျော့ကျမှုနှုန်းက အသက်တစ်ရှိုက်စာမှာ နှစ်တစ်ရာသာလျှင်ဖြစ်လေသည်။

သာမန်ဓမ္မဝိသေသတာအိုအရှင်များအတွက်တော့ အသက်တစ်ရှိုက်စာသည် သူတို့အတွက် တုံ့ပြန်မှပြုလုပ်ဖို့ သို့မဟုတ် ပြန်လည်တိုက်ခိုက်ဖို့ လုံလောက်လေသည်။

ဓမ္မဝိသေသတာအိုအရှင်များတစ်ယောက်ထံမှ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတစ်ခုကပင် ဆူဇီမိုကို ကောင်းကောင်းသတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း ငရဲမီးစံအိမ်မှ အဖိုးအိုကတော့ ကွဲပြားခြားနားမှုရှိလေသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် သူ့ဘဝသက်တမ်း၏ ကျန်ရှိနေသော အနှစ် ၈၀ က ကုန်ဆုံးသွားခဲ့လေသည်။

ဖြစ်စဥ်တစ်ခုလုံးက တိုတောင်းသည်ဟု ထင်ရသော်လည်း စုံစမ်းစစ်ဆေးခြင်း၊ စောင်ဆိုင်းခြင်းနှင့် နောက်ဆုံးအကြိမ်တိုက်ခိုက်ခြင်းတို့ ပါဝင်လေသည်။ အဲ့ဒီမှာ တစ်ချက်မှားသွားသည်နှင့် ထွက်ပေါ်လာသော ရလဒ်က လုံးဝကွဲပြားခြားနားနေပေလိမ့်မည်။

ကျက်တီးမြေသားရဲအတတ်၏ အစစ်အမှန်စွမ်းအားက ထွက်ပေါ်လာခြင်းမရှိသေးပဲ အဲ့ဒါကို အထူးသီးသန့်တိုက်ခိုက်မှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်လေသည်။

ဥပမာအားဖြင့် တာအိုအရှင်တစ်ယောက်က မီးခိုးရောင်ဝဲဂယက်၏ သက်ရောက်မှုအတွင်းမှာ သေဆုံးခဲ့ရသော်လည်း မူလနတ္ထိ တာအိုသက်ရှိ ၇ ယောက်အပေါ်မှာတော့ အဲ့ဒါက အကျိုးသက်ရောက်မှု ကြီးကြီးမားမားမရှိပေ။

ပထမအချက်အနေဖြင့် မူလနတ္ထိ ၇ ယောက်က ၎င်း၏ အလယ်ဗဟိုနှင့် အနည်းငယ်ကွာဝေးပြီး သူတို့၏ ဘဝသက်တမ်းက အသက်တစ်ရှိုက်စာမှာ နှစ်ငါးဆယ်မှ နှစ်ရှစ်ဆယ်အတွင်းသာ ကျဆင်းပေလိမ့်မည်။

ဒုတိယတစ်ချက်မှာ သူတို့ ၇ ယောက်သည် သူတို့၏ အသက်များက နှစ်နှစ်ထောင်မှ နှစ်သုံးထောင်အတွင်း ရှိလေသည်။ ဘဝသက်တမ်း နှစ်ငါးထောင်နှင့်နှိုင်းယှဥ်လျင် သူတို့၏ အရွယ်ကောင်းမှာ ရှိနေကြသည်ဟု သတ်မှတ်နိုင်လေသည်။

အသက်တစ်ရှိုက်စာ နှစ်ရှိုက်စာအတွင်း သူတို့ဘဝသက်တမ်း၏ လျော့ကျသွားသော အကျိုးသက်ရောက်မှုက မပြောပလောက်အောင် နည်းပါးလေသည်။

တကယ်တော့ ငရဲမီးစံအိမ်မှ အဖိုးအို သေဆုံးသွားပြီးနောက် ဆူဇီမိုက ကျန်ရှိနေသော ထိုလူ ၇ ယောက်ကို ကြောက်ရွံ့နေခြင်းမရှိတော့ပေ။

All Chapters