← Chapters

ဘယ်သူကဂျူနီယာလဲ

Vol. 62 Ch. 922

ဘယ်သူကဂျူနီယာလဲ

Vol. 62 Ch. 922

ဂိုဏ်းအပြင်ဘက်ကနေ အသွန်းတစ်ရာဂိုဏ်း မဟာခန်းမဝင်ပေါက်ဝထိ.. နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် တစ်လမ်းလုံး တာအိုအရှင်ကြယ်သွေးနီ၏ ဆူပူခြင်းကို ခံလာရလေသည်။ သူတို့က ပယ်ပယ်နယ်နယ်ပြောဆိုခံနေရပြီး သူတို့၏ မျက်နှာတွင် တံတွေးများစိုနေသော်လည်း မည်သူကမှ အဲ့ဒါကို သုတ်မပစ်ရဲပေ။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က သူ့ကို နားပူနားဆာ လုပ်နိုင်ခြင်းမရှိတော့သည့်အခါ ဆူဇီမိုသည် စိတ်လက်ပေါ့ပါးသွားလေသည်။

တာအိုအရှင်ကြယ်သွေးနီက ဖြစ်စဥ်တစ်ခုလုံးနှင့်ပက်သက်၍ သူ့ကိုလ​ည်းမေးမြန်းပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုက သူသည် ဘာကိုမှမသိရပဲ သူနိုးလာသည့်အခါ စိတ်ဝိညာဥ်ယာဥ်ပျံပေါ်မှာ ရောက်နေကြောင်း ပြောဆိုမည်သာဖြစ်လေသည်။

တာအိုအရှင်ကြယ်သွေးနီသည် ဆူဇီမိုတို့လေးယောက်အုပ်စုကို အသွန်းတစ်ရာဂိုဏ်း မဟာခန်းမဝင်ပေါက်ဝဆီသို့ ခေါ်ဆောင်သွားပြီးနောက် သူ၏ ဆုံးမဩဝါဒပေးခြင်းကို ရပ်တန့်လိုက်လေသည်။

“ဆရာ... ဆရာက တော်တော်မောနေရောပေါ့... ကျွန်မတို့လည်း အမှားကိုသိနေပါပြီ.. ရေလေးဘာလေး မြန်မြန်သောက်လိုက်ပါဦး”

ရူရွှမ်က တာအိုအရှင်ကြယ်သွေးနီကို ဖျောင်းဖျဖို့အတတ်နိုင်ဆုံး ကြိုးစားလိုက်လေသည်။ သူမက ရှေသို့ ကပျာကယာတက်သွားပြီး အငွေ့တစ်ထောင်းထောင်းထနေသော လက်ဖက်ရည်တစ်ခွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက နှာတစ်ချက်မှုတ်ပြီး လက်ဖက်ရည်ကိုခွက်ကိုယူကာ တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်လေသည်။ သူက မကျေနပ်သေးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“မင်းတို့တွေကို နောက်မှ သင်ခန်းစာကောင်းကောင်းထပ်ပေးရဦးမယ်”

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ဤကိစ္စက လောလောဆယ် အဆုံးသတ်သွားပြီဖြစ်ကြောင်း သူတို့ကသိရှိလိုက်လေသည်။

သူတို့သုံးယောက်က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး သူတို့၏ အင်္ကျီလက်များကို ပင့်တင်၍ သူတို့မျက်နှာပေါ်မှ တံတွေးများကို သုတ်လိုက်လေသည်။

“မင်းတို့တွေ... အဆင်ပြေတာ ကောင်းတာပေါ့... နောက်တစ်လနေရင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက စတော့မှာ.. အဲ့ဒီအခါကျရင် မင်းတို့ကိုယ်မင်းတို့ ပြန်အဖတ်ဆယ်ဖို့ အခွင့်အရေးတစ်ခုရလာလိမ့်မယ်”

တာအိုအရှင်အဖြူရောင်မီးတောက်က ရယ်မော၍ ကိစ္စများကို.အဆင်ပြေချောမွေ့သွားစေဖို့ ကြိုးစားလိုက်လေသည်။

ခဏမျှ တွေးတောပြီးနောက် တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုဘက်သို့လှည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

“ဂျူနီယာညီလေး မင်းက အသက်ငယ်တယ်ဆိုပေမယ့်လို့ သူတို့ရဲ့ စီနီယာပဲလေ...”

“မင်းက သူတို့ပေါက်တက်ကရလုပ်နေတာကို ဘာဖြစ်လို့ အလိုတူအလိုပါ လိုက်သွားခဲ့တာလဲ... သူတို့ကို တားရမယ်ဆိုတာ မင်းကမသိဘူးလား”

ဆူဇီမိုသည် အခုတင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကိုထုတ်ယူပြီး ဆက်လက်၍ နားလည်ဆင်ခြင်ဖို့ ပြင်ဆင်လိုက်လေသည်။ မမျှော်လင့်စွာနှင့်ပင် တာအိုအရှင်ကြယ်သွေးနီက သူ့ဘက်သို့လှည့်လာပြီး သူ့ကိုစတင်၍ ဩဝါဒခြွေလာခဲ့လေသည်။

“တစ်နေ့လုံး မင်းလုပ်မှာက အဲ့ဒီပေါကြောင်ကြောင်စာအုပ်ကို ဖတ်နေဖို့ပဲ... မင်းက အဲ့ဒါအပြင် တခြားဘာများလုပ်တတ်သေးလဲ”

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ကို ဆူပူကြိမ်းမောင်းပြီးနောက် တာအိုအရှင်ကြယ်သွေးနီက ဒေါသမပြေသေးသည်မှာ သိသာလေသည်။ သူက ဆက်ပြောလိုက်လေသည်။

“သူတို့ရဲ့ ဆရာဦးလေးတစ်ယောက်အနေနဲ့ မင်းက ကြိုးစားရမယ် ပြီးရင် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရမယ်... မင်းက ဒီတိုင်း လက်ယားလက်ယား လျှောက်သွားနေပြီး အဲ့ဒီသုံးစားမရတဲ့စာအုပ်ကို တစ်နေကုန် ဖတ်နေလို့မရဘူး”

“အမ်....”

ဆူဇီမိုက လုံးဝကြောင်အသွားလေသည်။

တစ်စုံတစ်ယောက်က ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို သုံးစားမရသော စာအုပ်ဟုပြောဆိုခြင်းကို သူကပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။

တာအိုအရှင်ကြယ်သွေးနီက နန်းကုန်လင်းနှင့်အခြာနှစ်ယောက်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်သည်ကို ဆူဇီမိုက နားလည်ထားလေသည်။ ထို့ကြောင့်ပင် ထိုသူက ဆုံးမဩဝါဒခြွေဖို့ ဆူဇီမိုကို ပစ်မှတ်ထားလာခြင်း ဖြစ်လေသည်။ သူ့မှာ မလိုမုန်းထားစိတ်ရှိမနေပေ။

ဆူဇီမိုက အဲ့ဒါကို စိတ်ထဲမှာထားမနေပဲ ပြုံးရုံသာပြုံးနေလိုက်လေသည်။

သို့သော်လည်း နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

လျှိုဟန်ယန်က ရှေ့သို့ကပျာကယာတက်ပြီး ပြောလိုက်လေသည်။

“ဆရာ... အဲ့ဒီကိစ္စမှာ ဆရာဦးလေးကို ဆရာက အပြစ်တင်လို့မရဘူး.. ကျွန်မက လေတိမ်အစုအဝေးကိုသွားချင်ခဲ့တာ... စီနီယာအစ်ကိုနန်းကုန်နဲ့ ဂျူနီယာညီမရူရွှမ်ကလည်း ကျွန်မကို အဖော်လိုက်ပေးခဲ့တာ.. ဆရာဦးလေးက ကျွန်မတို့ကို အတတ်နိုင်ဆုံးတားဖို ကြိုးစားတာပဲ ဒါပေမယ့် ကျွန်မကိုက ခေါင်းမာလွန်းနေတာ”

“အဲ့ဒါက နင့်အမှားတော့လည်း မဟုတ်ပါဘူး ဂျူနီယာညီမလေး ...”

နန်းကုန်လင်းက ထပ်ပြောလိုက်လေသည်။

“ဂျူနီယာညီမလေးက နောက်တစ်လနေရင် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ ပါဝင်ရတော့မှာ... သူမက ဖိအားတွေအများကြီးအောက်မှာရောက်နေပြီးတော့ စိတ်ပြေလက်ပျောက် ဖြစ်ချင်နေခဲ့တာ”

“နောက်ပြီး ဒီကိစ္စမှာ ဆရာဦးလေးအသေးလေးက ကျွန်တော်တို့ကိုတားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ... သူ့ကို ထေ့ငေါ့ပြီးပြောဆိုခဲ့တဲ့သူက ကျွန်တော်ပဲ.. သူက ကျွန်တော်တို့ အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်လို့ ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ရတာ”

လေတိမ်မြို့တော်မှာတုန်းက ဆူဇီမိုသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၅ ဖြစ်သော ချန်ဖန်းကို ဒုက္ခိတဖြစ်စေခဲ့လေသည်။

အဲ့ဒီနောက် သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယဖြစ်သော ကျန့်ဝူကျုံးကို ဖိနှိမ်ခဲ့ပြီး ထိုသူက သူ့ဓားကိုပင် မထုတ်နိုင်ခဲ့ပေ။ ဆူဇီမိုအပေါ် နန်းကုန်လင်း၏ အထင်အမြင်က သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။

ဒီကိစ္စတွင် သူက ဆူဇီမိုအတွက် ထွက်ရပ်ပြီးစကားပင်ပြောဆိုလာခဲ့လေသည်။

တာအိုအရှင်ကြယ်သွေးနီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။

သူ၏တပည့်များသည် သူ့ပေါ်မှာအမြဲတမ်း ရိုသေလေးစားမှုရှိပြီး သူ့စကားကို မနာခံခြင်း ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

သူသည် စောစောက သူတို့ကို ဆူပူကြိမ်းမောင်းခဲ့စဥ်ကတောင် မည်သူကမှ ခွန်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

ယခုသူက မိုလင်းကို စကားအနည်းငယ်​ပြောဆိုလိုက်စဥ်မှာပင် သူတို့က သည်းမခံနိုင်ကြတော့ပေ။

တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုကို အဓိပ္ပါယ်ပါပါကြည့်ပြီး သူ့ဘာသာသူ တွေးလိုက်လေသည်။

‘ကြည့်ရတာ ငါ့ရဲ့ဂျူနီယာညီလေးက အတော်လေး အစွမ်းအစရှိတဲ့ပုံပဲ’

သူက သူ့တပည့်သုံးယောက်အကြောင်းကို ကောင်းကောင်းသိထားလေသည်။

သူတို့က မာန်မာနကိုယ်စီရှိကြလေသည်။

သူတို့သည် ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ထက်အသက်ငယ်သော ဆရာဦးလေးတစ်ယောက်ကို ရိုသေလေးစားမှု ရှိကြလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် ထိုသူ၏ ကျင့်ကြံမှုအဆင့်က သူတို့နှင့် မတိမ်းမယိမ်းမှာ ရှိနေလေသည်။

ယခုနှစ်လသာ ကြာသေးသည့်အချိန်မှာပင်... သူ့တပည့်သုံးယောက်က သူတို့၏ ဆရာဦးလေးဘက်ကနေ စတင်၍ ခုခံပြောဆိုလာခဲ့လေပြီ။

ရူရွှမ်ကလည်း ရှေ့သို့ခုန်ထွက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။

“ဆရာ... ဆရာဦးလေးအသေးလေးကို စွပ်စွဲပြောဆိုတာမျိုး ခွင့်မပြုနိုင်ဘူး... သူ့ကြောင့်သာမဟုတ်ရင် ကျွန်မတို့သုံးယောက်က လေတိမ်မြို့တော်မှာတည်းက သေလောက်အောင် အနိုင်ကျင့်ခံနေရမယ်ဆိုတာ ဆရာသိလား”

ထိုနေရာအရောက်၌ ရူရွှမ်၏မျက်လုံးများက နီရဲလာပြီး မျက်ရည်များစီးကျမတတ် ဖြစ်လာလေသည်။

တာအိုအရှင်ကြယ်သွေးနီက လေတိမ်မြို့တော်ကို ရောက်ခဲ့သေးလေသည်။ သို့သော်လည်း သူက ကိစ္စများကို အကြမ်းဖျင်းသာစုံစမ်းခဲ့ပြီး အသေးစိတ်အချက်အလက်များကို မသိရှိထားပေ။

သူက မမေးနိုင်ခင်မှာပင် ရူရွှမ်က လေတိမ်မြို့တော်ထဲတွင် ဖြစ်ပျက်ခဲ့သော တိုက်ပွဲများကို မျက်ရည်အရွှဲသားဖြင့် ပြန်ပြောင်းပြောဆိုလိုက်လေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားနှစ်ယောက်က ရှုံးနိမ့်သွားပြီး လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသူနှစ်ယောက်က ဖမ်းဆီး၍ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။

ဓားဂိုဏ်းမှကျင့်ကြံသူ ဆယ်ယောက်ကျော်က ခုတ်ချက်တစ်ချက်တည်းဖြင့် ပြိုလဲကျသွားခဲ့လေသည်။ ထိုတိုက်ပွဲက ဒီတိုင်းပြန်ပြောပြလျှင်တောင် တုန်လှုပ်စရာကောင်းနေပြီးသား ဖြစ်လေသည်။

ရူရွှမ်၏ ချဲ့ကားပြောဆိုမှုများဖြင့် ပေါင်းစပ်လိုက်သည့်အခါ တာအိုအရှင်ကြယ်သွေးနီနှင့် တာအိုအရှင်အဖြူရောင်မီးတောက်ပင်လျှင် စိတ်လှုပ်ရှားမှုဖြင့် သူတို့၏သွေးများက ဆူပွက်လာသည်ဟု ခံစားရလေသည်။

တာအိုအရှင်ကြယ်သွေးနီ၏ မျက်ခုံးနှစ်ဖက်က တဖြည်းဖြည်းပြေလျော့သွားပြီး ဆူဇီမိုအပေါ် သူ၏အကြည့်က နူးညံ့ပျော့ပြောင်းလာခဲ့လေသည်။

လျှိုဟန်ယန်က သူမ၏သိုလှောင်အိတ်ထဲကနေ အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်၍ကမ်းပေးလိုက်လေသည်။

“ဆရာ... ဒါက အဲ့ဒီကျောက်တုံးပဲ”

တာအိုအရှင်ကြယ်သွေးနီက အဲ့ဒါကို လက်ခံယူလိုက်လေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူက အဲ့ဒါကို ထောက်လှမ်းကြည့်ရှုနိုင်လေသည်။

“ဒါက တစ်ကယ့်ကို ချော်ခဲသလင်းကျောက်ပဲ... “

တာအိုအရှင်ကြယ်သွေးနီနှင့် တာအိုအရှင်အဖြူရောင်မီးတောက်က အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြလေသည်။

လျှိုဟန်ယန်က ဆက်ပြောလိုက်လေသည်။

“ဆရာတို့တွေက အဲ့ဒီထိပ်တန်းအဆင့် ရတနာပစ္စည်းတွေကို ဘာလို့အလောတကြီး စုဆောင်းနေတယ်ဆိုတာကို ကျွန်မ,မသိပေမယ့်လို့ ဆရာဦးလေးအသေးလေးသာ မပါလာဘူးဆိုရင် အဲ့ဒီကျောက်တုန်းက လုယူခံသွားရတာ ကြာနေလောက်ပြီ”

“အင်း... မိုလင်းက ဒီကိစ္စမှာ အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ”

သူ၏အဆင့်အတန်းအရ တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုကိုပြန်လည်တောင်းပန်လိမ့်မည်မဟုတ်ပေ။ အဲ့ဒါကြောင့်ရယ်မောပြီး ပြောဆိုလိုက်လေသည်။

“အဟမ်း... ငါ့ရဲ့ဂျူနီယာညီလေးဆိုတဲ့အတိုင်းပဲ... မင်းက ဂိုဏ်းအတွက်တစ်ကယ်ပဲ ဂုဏ်ယူရအောင်လုပ်ဆောင်ခဲ့တာပဲ”

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က နောက်ဆုံးမှာ ပြုံးရွှင်သွားကြလေသည်။

မမျှော်လင့်ထားစွာပင် တာအိုအရှင်ကြယ်သွေးနီက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် သူတို့ဘက်သို့လှည့်လာလေသည်။ သူက ရူရွှမ်နှင့် အခြားနှစ်ယောက်ကိုစိုက်ကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်လေသည်။

“ဆရာဦးလေးဆိုလည်း ဆရာဦးလေးပေါ့... ဘာလဲ ဆရာဦးလေးအသေးလေးဆိုတာ...သူက ဘယ်နေရာမှာသေးနေလို့လဲ”

“မင်းတို့သုံးယောက် သတိထားနေ... မင်းတို့က ယဥ်ကျေးမှုလုံးဝမရှိတော့ဘူးပဲ.. မင်းတို့ရဲ့ အပြောအဆိုကို အခုကစပြီး ဆင်ခြင်ထားလိုက်... ငါပြောတာ ကြားလား...”

“ဟုတ်ကဲ့...”

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ခွန်းတုံ့ပြန်ရဲခြင်းမရှိပဲ တိုးတိတ်စွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။

ချော်ခဲသလင်းကျောက်ကို ဆုပ်ကိုင်ပြီး တာအိုအရှင်ကြယ်သွေးနီက ခန်းမထဲသို့လှည့်ဝင်ကာ အဲ့ဒါကို တာအိုအရှင်အဆုံးစွန်မီးဆီ သွားပို့ဖို့ ရည်ရွယ်လိုက်လေသည်။

ခန်းမ၏အနက်ပိုင်းထဲတွင် အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေသောစိတ်ဝိညာဥ်ရေကန်ကြီးထဲမှာ နီရဲတောက်ပနေသော အမြုတေစိတ်ဝိညာဥ်တစ်ခုက မတ်မတ်ထိုင်နေလေသည်။

တာအိုအရှင်ကြယ်သွေးနီက ချော်ခဲသလင်းကျောက်ကို ဘေးနားမှာချပေးလိုက်စဥ်မှာပင် သူက တာအိုအရှင်အဆုံးစွန်မီး၏ မှင်သေသေဖြင့် ပြောဆိုသံကို ကြားလိုက်ရလေသည်။

“စောစောက မင်းရဲ့ပုံစံက တစ်ကယ့်ကိုဆရာကြီးပုံစံပဲ...”

“အာ...”

တာအိုအရှင်ကြယ်သွေးနီက တာအိုအရှင်အဆုံးစွန်မီးထံမှ မူမမှန်သောလေသံကို ကြားလိုက်ရသောအခါ သူက ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။

“ ဆရာဘိုးဘိုး ခင်ဗျားက နောက်နေတာပဲ... ကျုပ်က ဂျူနီယာလေးတွေကို ဩဝါဒပေးနေရုံပါ”

“ဘယ်သူက မင်းရဲ့ဂျူနီယာတွေလဲ”

တာအိုအရှင်အဆုံးစွန်မီးက တစ်ဖန်ထပ်မေးလိုက်လေသည်။

“သူ..သူတို့အကုန်လုံးပေါ့”

တာအိုအရှင်ကြယ်သွေးနီက ယုံကြည်မှုသိပ်မရှိတော့ပဲ ကျောရိုးတစ်လျှောက်ချမ်းစိမ့်သွားပြီး သူ၏အကြည့်က ဂနာမငြိမ်ဖြစ်လာခဲ့လေသည်။

တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်က စိတ်ဝိညာဥ်ရေကန်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“မိုလင်းက ငါ့ရဲ့တပည့်ပဲ... သူက မင်းရဲ့ဆရာထျန်ရှင်းနဲ့ မျိုးဆက်အတူတူပဲ မင်းက သူ့ကို မင်းရဲ့ဂျူနီယာညီလေးလို့ ခေါ်ရဲတယ်ပေါ့လေ”

“အား...”

တာအိုအရှင်ကြယ်သွေးနီက တုန်လှုပ်ချောက်ချားသွားခဲ့လေသည်။

ထိုသို့ဆိုလျှင် သူက မိုလင်းကိုဆရာဦးလေးဟု တရိုတသေခေါ်ဆိုရမည် မဟုတ်ပါလား...

“မင်းက မင်းရဲ့ဆရာဦးလေး မိုလင်းကိုတောင် ဆုံးမဩဝါဒပေးရဲတယ်ပေါ့လေ... မင်းက ဝါစဥ်အနိမ့်အမြင့်ကို သွေဖယ်ပြီးတော့ ဘိုးဘေးတွေကို ဆန့်ကျင်ဖို့ကြိုးစားနေတာလား”

တာအိုအရှင်အဆုံးစွန်မီး ငေါက်ငမ်းလိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက ကြောက်ရွံ့မှုဖြင့် ကြမ်းပြင်ပေါ်ကို ဒူးထောက်ချလိုက်ပြီး အော်ဟစ်ငိုချင်မိလေသည်။

သူက တစ်ကယ့်ကိုကံဆိုးလှလေသည်။ သူက ဤကျောက်တုံးကို ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သော်လည်း မည်သည့်ချီးကျူးစကားကိုမှ မကြားရသည့်အပြင် ပြစ်တင်ရှုတ်ချခံနေရပြီး ဆရာဦးလေးတစ်ယောက်ကိုပင် ရရှိလာခဲ့လေသည်။

All Chapters