← Chapters

အကြံအစည်

Vol. 62 Ch. 927

အကြံအစည်

Vol. 62 Ch. 927

အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဟန်ချိုးယွီသည် ဆူဇီမိုကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့လေသည်။

လွန်ခဲ့သည့် နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ဟန်ချိုးယွီသည် တူကူကျန့်ကိုပင် မယှဉ်နိုင်ဘဲ အဆင့် ၈ နေရာကို ရရှိခဲ့လေသည်။ သူနှင့်ဆူဇီမိုအကြား ကွာဟချက်က ပို၍ပင် ကြီးမားလာခဲ့လေသည်။

သို့သော်လည်း.. ကပ်ဘေးတစ်ခုကနေ ရှင်သန်လွတ်မြောက်လာသော မည်သည့်ကျင့်ကြံသူမဆို မမျှော်မှန်းနိုင်သော အသွင်ပြောင်းလဲမှုကို တွေ့ကြုံခံစားရပေလိမ့်မည်။

အဲဒါက ဟန်ချိုးယွီအတွက်လည်း ထို့အတူပင်။

ကျန့်ဝူကျုံးက ဆူဇီမိုကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တာတောင် ဓားဂိုဏ်းက ဟန်ချိုးယွီကို စေလွှတ်ရဲခြင်းမှာ သူတို့က ထိုသူအပေါ် ဘယ်လောက်တောင် ယုံကြည်မှုထားသလဲ သိမြင်နိုင်လေသည်။

သို့သော်လည်း ဓားဂိုဏ်းဖြစ်စေ.. ဟန်ချိုးယွီဖြစ်စေ.. သူတို့က ဘယ်သူ့ကို စိန်ခေါ်ဖို့ ကြိုးစားနေသလဲ မသိကြသေးပေ။

“ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ ပကတိအရှင်ဖန်းလန်ကလည်း ဒီကိုရောက်နေပြီ”

“ဖန်းလန်လား.. အဲဒီအသံက ရင်းနှီးနေသလိုပဲ”

“သူက လွန်ခဲ့တဲ့နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်ပဲ.. ငါကြားတာ သူက မူလနတ္ထိအဆင့်ကို ဝင်ရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ်.. သူ့ရဲ့ လက်ရှိခွန်အားကို ဘယ်သူမှ မသိကြဘူး”

“ဟီးဟီး.. အသွန်းတစ်ရာဂိုဏ်းက အဲဒီနိုးထဝိညာဉ်ကတော့ သွားရှာပြီပဲ”

“အဲဒါက ဘာထူးဆန်းလို့လဲ.. အသွန်းတစ်ရာဂိုဏ်းက တစ်သီးပုဂ္ဂလ လေးအုပ်စုထဲကနေ ဖယ်ထုတ်ခံရတော့မှာပဲ.. ဘယ်သူက သူတို့ကို ဂရုစိုက်နေမှာလဲ”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် ဆူဇီမိုကိုကြည့်ပြီး တိတ်တဆိတ် စိုးရိမ်ပူပန်သွားကြလေသည်။

ဘေးနားပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၊ ဆွေးနွေးနေကြသော ပုဂ္ဂိုလ်များသည် အချိန်အတန်ကြာသည်အထိ နာမည်ကြီးကျော်ကြားခဲ့သော ကြမ်းတမ်းသည့် ပညာရှင်များ ဖြစ်ကြလေသည်။

လွန်ခဲ့သည် နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်တောင်မှ ပေါ်ထွက်လာခဲ့လေပြီ။ သူတို့အားလုံးက ဆူဇီမိုအတွက် စိုးရိမ်ပူပန်နေကြလေသည်။

သူတို့ ၃ယောက် အံ့အားသင့်သွားရသည်မှာ ဆူဇီမိုသည် ထိုဆွေးနွေးသံများကို ကြားရတာတောင် တစ်ချိန်လုံး မျက်နှာပျက်သွားခြင်း မရှိပေ။ သူ၏မျက်လုံးများက မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်နေလေသည်။

ဟန်ချိုးယွီလား..။ လွန်ခဲ့တဲ့ နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်လား..။ သူတို့အားလုံးက သူ၏စိတ်ခံစားချက်ကို နည်းနည်းလေးမှ လှုပ်ခတ်စေပုံ မရပေ။

နန်းကုန်လင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်လေသည်။

“ဆရာဘိုးဘိုး အသေးလေးက အရမ်းကို ငယ်ရွယ်သေးပြီးတော့ အဲဒီပညာရှင်တွေကို ကြားတောင်ကြားဖူးမှာ မဟုတ်လောက်ဘူး.. အာ.. သူက ဘာမှမသိတတ်တဲ့ ကလေးတစ်ယောက်လိုပဲ”

ရူရွှမ်ကလည်း သူမ၏မျက်လုံးကို ပုတ်ခတ်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။

“ဆရာဘိုးဘိုး အသေးလေးက နည်းနည်းတော့ ရူးကြောင်ကြောင်မနိုင်ဘူးလား.. သူက ဘာလို့ တုံ့ပြန်မှု မရှိရတာလဲ”

အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများသည် ကြိုးကြာတစ်ထောင်ဂိုဏ်း အမျိုးသမီးကျင့်ကြံသူများ၏ ဦးဆောင်မှုနှင့် သူတို့ နားခိုရမည့် နေရာသို့ ဦးတည်လိုက်ကြလေသည်။

လမ်းတစ်လျှောက်တွင် များစွာသော ကျင့်ကြံသူများက စိတ်လှုပ်ရှားထက်သန်စွာ ဆွေးနွေးနေကြလေသည်။

“မင်းတို့တွေက အခုအချိန်ထိ အဓိကကျတဲ့ ပွဲစဉ်တစ်ခုအကြောင်းကို မပြောရသေးဘူးနော်”

ထိုစဉ်မှာပင် ကျင့်ကြံသူတစ်ယောက်က ဟိတ်နှင့်ဟန်နှင့် ပြောဆိုလိုက်လေသည်။

“ပြောစမ်းပါဦး.. အဲဒီမှာ တခြားဘာရှိသေးလို့လဲ”

တစ်စုံတစ်ယောက်က အလောတကြီး မေးလိုက်လေသည်။

စကားပလ္လင် အနည်းငယ်ခံပြီးနောက်.. ထိုကျင့်ကြံသူက ညင်သာစွာ ချောင်းဟန့်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကစဉ့်ကလျားအမြုတေဂိုဏ်းနဲ့ ကြိုးကြာတစ်ထောင်ဂိုဏ်းက ပူးပေါင်းခြင်း လက်ထပ်မင်္ဂလာပွဲတစ်ခုကို ကျင်းပကြလိမ့်မယ်လို့ ငါကြားတယ်”

“အား.. အဲဒါက ဘယ်သူနဲ့ ဘယ်သူလဲ”

“ယဲ့ထန်းချန်နဲ့ နတ်မိမယ် လမ့်ရိုပေါ့.. ငါကြားတာတော့ ယဲ့ထန်းချန်က အဲဒါကို အများသူငါရှေ့မှာ လက်ထပ်ခွင့်တောင်းလိမ့်မယ်”

“အားရား.. “

သက်ပြင်းချသံများနှင့် ခြေဆောင့်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး လှည့်မေးလိုက်လေသည်။

“ယဲ့ထန်းချန်က ဘယ်သူလဲ.. သူ့နာမည်က နည်းနည်းတော့ ရင်းနှီးနေသလိုပဲ”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် မွန်းစတားတစ်ကောင်ကို မြင်လိုက်ရသည့်အလား.. ဆူဇီမိုကို ကြည့်လိုက်ကြလေသည်။

ရူရွှမ်က ပြောလိုက်လေသည်။

“ဆရာဘိုးလေး အသေးလေး.. ရှင့်ရဲ့မှတ်ဉာဏ်က တစ်ခုခုဖြစ်နေတာလား.. သူက ဒီတစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နံပါတ်တစ်ပဲ.. သူက အံ့မခန်း ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးထားတဲ့သူပဲ.. ရှင်က ဘယ်လိုဖြစ်ပြီး သူ့နာမည်ကို မမှတ်မိရတာလဲ”

“အို.. အဲဒါ သူလား..”

ဆူဇီမိုက သာမန်ကာလျှံကာ ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

“အဲဒါကြောင့်မို့လို့ သူ့နာမည်က နည်းနည်းရင်းနှီးသလို ရှိနေတာကိုး”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ပြောစရာစကား မဲ့သွားရလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ လွှမ်းမိုးမှုက ကြီးမားလေသည်။

လက်ရှိကျင့်ကြံသူများ အားလုံးသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်ကို မပြောနှင့်၊ ထိုအဆင့်သတ်မှတ်ချက်ပေါ်ရှိ မည်သည့်ကျင့်ကြံသူ၏ နာမည်ကိုမဆို လက်တန်းရွတ်ပြနိုင်လေသည်။

အချို့သော ကျင့်ကြံသူများသည် လွန်ခဲ့သည့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် ၁၀ခုပေါ်ရှိ နာမည်များကိုပင် မှတ်မိနိုင်ကြလေသည်။

ဒါ့အပြင် ယဲ့ထန်းချန်က မကြာသေးခင်ကမှ ပြီးဆုံးသွားသည့် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုသည် သူတို့၏နာမည်များကို မှတ်မိဖို့နေနေသာ၊ ထိုအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်နှင့် နိုးထဝိညာဉ်ပြိုင်စံရှားများကို နည်းနည်းလေးမျှ အရေးလုပ်ခြင်း မရှိသည်ကို သူတို့သုံးယောက်က မသိနိုင်ပေ။

သူ စိတ်ဝင်စားသည့် တစ်ဦးတည်းသောသူမှာ သီယင်းသာလျှင် ဖြစ်လေသည်။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေဆဲဖြစ်သည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ပြုံးလိုက်လေသည်။

“ပြိုင်စံရှားတွေက ဒီလောက်များတာ.. သူတို့အားလုံးကို မမှတ်မိနိုင်တာ ပုံမှန်ပါပဲ”

“ဒါပေမဲ့လို့ ယဲ့ထန်းချန်ကတော့ မတူဘူးလေ”

ရူရွှမ်က ပြောလိုက်လေသည်။

“သူက တကယ့်ကို သန်မာတယ်.. သူက အသေင်္ချနယ်မြေတောင်ထွတ်ပေါ်ကို တက်ရောက်တဲ့ လမ်းတစ်လျှောက်မှာ သူ့ရဲ့ပြိုင်ဘက်တွေကို အပြတ်အသတ် ဖိနှိမ်နိုင်ခဲ့တယ်.. သူက အံ့မခန်း ရွှေအမြုတေနယ်မြေတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်.. ဆရာဘိုးလေး အသေးလေး.. ရှင်က သူ့ရဲ့လှုပ်ရှားမှုကို တစ်ခါမှ မတွေ့မြင်ဖူးတဲ့အတွက် သူ ဘယ်လောက်သန်မာလဲဆိုတာ သိမှာမဟုတ်ဘူး”

နန်းကုန်လင်းကလည်း ခေါင်းညိတ်လိုက်လေသည်။

“သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က ဒုတိယဖြစ်သူထက် တစ်ဆင့်သာ ပိုမြင့်တယ် ဆိုပေမဲ့လို့ သူတို့ရဲ့ တိုက်ခိုက်ရေးခွန်အား ကွာဟချက်က အရမ်းကိုကြီးမားတယ်လို့ ကျုပ်ခံစားမိတယ်”

လျှိုဟန်ယန်က ပြောလိုက်လေသည်။

“လမ့်ရိုနဲ့ ထိုက်တန်တဲ့သူက ယဲ့ထန်းချန်ပဲ ရှိတော့မယ်ထင်တယ်”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လမ့်ရိုက သူမ နှစ်သက်သဘောကျသည့် တာအိုလက်တွဲဖော်တစ်ယောက်ကို ရှာဖွေနိုင်မည်ဆိုလျှင် ဆူဇီမိုက သူမအတွက် တကယ်ပဲ ဝမ်းသာပျော်ရွှင်ရပေမည်။

သို့သော်လည်း.. ဘာကြောင့်ရယ်မသိ ဆူဇီမိုက ဤကိစ္စမှာ တစ်ခုခုလွဲမှားနေသည်ဟု ခံစားမိလေသည်။

“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်နဲ့ နတ်မိမယ်လမ့်ရို.. သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ”

ဘေးနားက ကျင့်ကြံသူတစ်ယောက်က ပြောလိုက်လေသည်။

“ဟီးဟီး”

ပထမဆုံး စကားပြောသည့်လူက လှောင်ရယ်လိုက်လေသည်။

“ငါကတော့ အဲ့လိုဖြစ်မယ် မထင်ပါဘူး”

လူတစ်အုပ်စုက သူ့ထံသို့ ဝိုင်းအုံလာပြီး မေးမြန်းလိုက်ကြလေသည်။

“ဟမ်.. အဲဒါက ဘာဖြစ်လို့လဲ.. အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေသေးတာလား”

ထိုလူက ဘေးပတ်လည်သို့ လှည့်ကြည့်ပြီးနောက် သူ၏အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

“သတင်းရင်းမြစ် တချို့ကနေ ငါကြားရတာတော့ လမ့်ရိုက အဲဒီလက်ထပ်မင်္ဂလာပွဲကို လုံးဝသဘောမတူဘူး.. အဲဒါကို သဘောတူခဲ့တဲ့သူက သူမရဲ့ဆရာ ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ်ပဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

“ဘာများလဲလို့ကွာ.. ကျင့်ကြံရေးလမ်းကြောင်းက အရှည်ကြီးပဲကို.. သူတို့နှစ်ယောက်က အတူတူနေထိုင်ကြပြီးရင် ချစ်ခင်စုံမက်သွားဖို့က မဖြစ်နိုင်တာမှ မဟုတ်တာ”

တစ်စုံတစ်ယောက်က အထင်သေးဟန်ဖြင့် သူ၏နှုတ်ခမ်းကို ကွေးညွတ်လိုက်လေသည်။

“ကျွတ်..”

ပထမကျင့်ကြံသူက လှောင်ရယ်လိုက်လေသည်။

“မင်းက ဘာသိလို့လဲ.. ယဲ့ထန်းချန်က နတ်မိမယ်လမ့်ရိုနဲ့ တာအိုလက်တွဲဖော်ဖြစ်လာဖို့ ဒီကိုလာရတဲ့ နောက်ကွယ်မှာ အကြံအစည်တစ်ခု ရှိနေတယ်လို့ ငါကြားမိတယ်”

“အဲဒါ ဘာအကြံအစည်လဲ”

လူတိုင်းက မေးလိုက်ကြလေသည်။

“ယဲ့ထန်းချန်က သီယင်းရဲ့ ဂျူနီယာညီဖြစ်ပြီးတော့ သူတို့နှစ်ယောက်က ကစဉ့်ကလျား အမြွှာပြိုင်စံရှားဆိုပြီး နာမည်ကြီးနေကြတာကို မမေ့လိုက်နဲ့.. ဒါပေမဲ့လို့ သီယင်းနဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်က ကမ္ဘာ့ရန်သူတွေပဲ”

ထိုကျင့်ကြံသူက ဆက်ပြောလိုက်လေသည်။

“ဇီမိုဆိုလား.. ဘာဆိုလား.. သူက အခုလောက်ဆို သေသွားလောက်ပြီထင်တယ်.. ဒါပေမဲ့လို့ သူ့ရဲ့မိတ်ဆွေတွေကတော့ အသက်ရှင်နေသေးတယ်.. နတ်မိမယ်လမ့်ရိုကလည်း သူနဲ့ မိတ်ဆွေကောင်းတွေပဲ.. ဟီးဟီး”

ထိုကျင့်ကြံသူက ဆက်မပြောသော်လည်း များစွာသော ကျင့်ကြံသူများက ငြိမ်သက်၍ စဉ်းစားတွေးတောလိုက်ကြလေသည်။

ဆူဇီမို၏ အမူအရာက တဖြည်းဖြည်း အေးစက်ခက်ထန်လာခဲ့လေသည်။

“ငါသိပြီ”

နန်းကုန်လင်းက ရုတ်တရက် ပြောလိုက်လေသည်။

“တစ်ခါတုန်းက သီယင်းဟာ အဲဒီလူတွေကို သတ်ဖြတ်ချင်တယ်လို့ ကြေညာခဲ့ပေမဲ့လို့ သူက မအောင်မြင်ခဲ့ဘူး.. နောက်ပိုင်းမှာ အုတ်ဂူဂိုဏ်းနဲ့ ရုပ်သေးဂိုဏ်းက အရိုက်အရာဆက်ခံသူတွေက သူတို့ဂိုဏ်းမှာပဲ အသီးသီး ပုန်းကွယ်နေကြပြီးတော့ အပြင်ကို ထွက်မလာကြတော့ဘူး.. အဲဒါကြောင့် သီယင်းကလည်း သူတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမရတော့ဘူး”

“ယဲ့ထန်းချန်က နတ်မိမယ်လမ့်ရိုကို လက်ထပ်ထိမ်းမြားရတဲ့ အကြောင်းရင်းက အဲဒီလူတွေကို ထွက်ပေါ်လာစေဖို့ပဲ ထင်တယ်”

လျှိုဟန်ယန်ကလည်း ခေါင်းညိတ်လိုက်လေသည်။

“ယဲ့ထန်းချန်က သူ့ရဲ့ စီနီယာအစ်ကိုကို ကူညီပြီးတော့ သူတို့ကို ထွက်ပေါ်လာအောင် လုပ်နေတာပဲလို့ ထင်မိတယ်”

“အဲ့လိုသာဆိုရင် နတ်မိမယ်လမ့်ရိုက တကယ့်ကို သနားစရာပဲ”

ရူရွှမ်က သက်ပြင်းချပြီး မကျေမချမ်းဖြင့် ပြောလိုက်လေသည်။

“အဲဒါတွေ အားလုံးက ဇီမိုဆိုတဲ့လူ အမှားပဲ.. သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နဲ့ သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဆိုတဲ့ ဘွဲ့ကိုလည်း ခံယူထားသေးတယ်”

“ငါ့အထင်တော့ သူက သမိုင်းတစ်လျှောက် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်မှာ အားအနည်းဆုံး နံပါတ်တစ်ပဲ”

သူမက ပြောရင်းနှင့် ပို၍ဒေါသထွက်လာလေသည်။ သူမက ဆူဇီမို၏ လက်ကိုဆွဲပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။

“ငါထင်တာတော့ အဲဒီ ဇီမိုဆိုတဲ့လူက ဆရာဘိုးလေး အသေးလေးထက်တောင် ပိုပြီးအားနည်းလိမ့်မယ်”

လျှိုဟန်ယန်က ပြောလိုက်လေသည်။

“နင် အဲ့လိုတော့ ပြောလို့ မရဘူးလေ.. ငါတို့က အခု အပြင်လူတွေ ပြောတာကိုပဲ ကြားရတာ.. ယဲ့ထန်းချန်နဲ့ နတ်မိမယ်လမ့်ရိုက အမှန်တကယ် ချစ်ခင်စုံမက်တာလည်း ဖြစ်နိုင်တာပဲ”

ထိုစဉ်မှာပင် ကျင့်ကြံသူတစ်ယောက်က မေးလိုက်လေသည်။

“ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အဲဒီလက်ထပ်မင်္ဂလာပွဲကို ဘာကြောင့် သဘောတူခဲ့တာလဲလို့ မင်းတို့ထင်လဲ”

“သူမက ကစဉ့်ကလျားအမြုတေဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်တာကြောင့် နေမှာပေါ့.. တစ်သီးပုဂ္ဂလ လေးအုပ်စုရဲ့ တိုက်ခိုက်ရေးခွန်အားက သာမန်ပဲ.. အင်မော်တယ်ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ နောက်ခံမရှိဘူးဆိုရင် သူတို့က ဖယ်ရှားရှင်းလင်းခံရဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး”

“ဥပမာ အသွန်းတစ်ရာဂိုဏ်းကိုပဲ ကြည့်လေ.. သူတို့က သိပ်မကြာခင် တစ်သီးပုဂ္ဂလ လေအုပ်စုကနေ ဖယ်ထုတ်ခံရတော့မှာ မဟုတ်ဘူးလား”

All Chapters